၁၀၇ အလင်းလမ်းကြောင်းတစ်လျှောက် ခရစ်တော်နောက်လိုက်ပါ

၁ ကျွန်ုပ်တို့၏ ဤမျိုးဆက်သည် အလွန်ကံကောင်းပေသည်။ ခရစ်တော်နှင့် ဆုံတွေ့ဖို့နှင့် ဘုရားသခင်၏ အိမ်တော်ဆီသို့ ပြန်သွားရန် ကျွန်ုပ်တို့ အခွင့်အလမ်းကောင်း ရှိကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ် ကျွန်ုပ်တို့ စားသောက်ပြီး၊ ထိုသို့ဖြင့် သမ္မာတရားကို သိနားလည်လာကြကာ ချင့်ချိန်နိုင်စွမ်း ရရှိကြလေပြီ။ ဆိုးယုတ်မှု ရေလှိုင်းမှ ကျွန်ုပ်တို့ ကင်းအောင်နေကြပြီ၊ ကျွန်ုပ်တို့သည် နာမည်ကျော်များကို မစွဲလမ်းကြတော့၊ မရေရာသော အိပ်မက်များနောက် လိုက်ခြင်းအား ကျွန်ုပ်တို့ ရပ်တန့်ကြလေပြီ၊ ကျွန်ုပ်တို့သည် စာတန်၏ အတွေးအခေါ်များဖြင့် နောက်ထပ် အဆိပ်ခတ်မခံရသကဲ့သို့ ကျွန်ုပ်တို့၏ စိုးရိမ်ပူပန်မှုများနှင့် ဆင်းရဲဒုက္ခသည် တဖြည်းဖြည်း လွင့်ပြယ်လေပြီ။ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ စာကြောင်းတိုင်းသည် သမ္မာတရားဖြစ်သည်။ ထိုနှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ သာ၍ ဖတ်ရှုလေလေ၊ ကျွန်ုပ်တို့ တိုး၍ အသိဉာဏ်ပွင့်လင်းခံရလေဖြစ်သည်။ ကျွန်ုပ်တို့ကို ရေလောင်းရန်၊ ထောက်ပံ့ရန်နှင့် ဦးဆောင်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကျွန်ုပ်တို့ ရှိကြသည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်ရန် ကျွန်ုပ်တို့ ပျော်ရွှင်လှသည်တကား။ ကျွန်ုပ်တို့သည် ချစ်ခင်ဖွယ်သော ဘုရားသခင်ထံ သူ့ကို ထာဝရကာလအထိ ချီးမွမ်းရင်း၊ အလှပဆုံးသော ဓမ္မတေးသီချင်းကို ဆက်ကပ်ကြသည်။

၂ ခရစ်တော်အားဖြင့် ကိုယ်တိုင်ကိုယ်ကျ ထိန်းကျောင်းခံရလျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ကျွန်ုပ်တို့ အသက်ရှင်ကာ ကျွန်ုပ်တို့ အသက်တာများ တဖြည်းဖြည်း ကြီးထွားကြသည်။ နေ့စဉ်၊ ဘုရားသခင့် မိန့်မြွက်ချက်များ၏ တရားစီရင်ခြင်းက ကျွန်ုပ်တို့အား ဖောက်ပြန်ပျက်စီးခြင်းမှ သန့်ရှင်းစေသည်။ ကျွန်ုပ်တို့ကို ဆင်းရဲဒုက္ခခံစေသာ်လည်း၊ ကျွန်ုပ်တို့၏ စိတ်နှလုံးများထဲတွင် ချိုမြိန်မှု ရှိသည်။ နောက်ဆုံးတွင်၊ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးခြင်း သန့်စင်ခံရလေပြီ၊ ယခု ကျွန်ုပ်တို့သည် မုသားနှင့် ဟန်ဆောင်မှုတို့ မရှိ၊ ကျွန်ုပ်တို့ မာနထောင်လွှားခြင်း မရှိတော့သကဲ့သို့ စိတ်လိုက်မာန်ပါ မလုပ်တော့ပေ၊ စိတ်ထဲတွင် ဘုရားသခင်ကို ကျွန်ုပ်တို့ ချစ်ကာ ကျိုးနွံနာခံနိုင်ကြသည်။ နောက်ဆုံးသော ကာလ၏ ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ သန့်ရှင်းစေခြင်းခံရပြီးဖြစ်ကာ စာတန်၏ စွမ်းအားများမှ ကျွန်ုပ်တို့ လွတ်မြောက်လေပြီ။ ကျွန်ုပ်တို့ကို ရေလောင်းရန်၊ ထောက်ပံ့ရန်နှင့် ဦးဆောင်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကျွန်ုပ်တို့ ရှိကြသည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်ရန် ကျွန်ုပ်တို့ ပျော်ရွှင်လှသည်တကား။ ကျွန်ုပ်တို့သည် ချစ်ခင်ဖွယ်သော ဘုရားသခင်ထံ သူ့ကို ထာဝရကာလအထိ ချီးမွမ်းရင်း၊ အလှပဆုံးသော ဓမ္မတေးသီချင်းကို ဆက်ကပ်ကြသည်။

၃ ခြေလှမ်းတိုင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူလားမြောက်သောအရွယ်အထိ ကျွန်ုပ်တို့ကို လမ်းပြပြီးဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းခံရသည့် ရိုးသားသော လူများ ဖြစ်လာကြဖို့ လှည့်ဖြားမှုနှင့် သစ္စာဖောက်ခြင်းတို့ကို ကျွန်ုပ်တို့ ခါချလေပြီ။ ဘုရားသခင်၏ အလွန်များလှသော ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့ အရသာခံပြီးဖြစ်ကာ ကျွန်ုပ်တို့၏ စိတ်နှလုံးများတွင်၊ သူ့ကို သာ၍ ကြီးမားသော တွယ်တာမှုတစ်ခု ကျွန်ုပ်တို့ ခံစားရသည်။ သမ္မာတရားကို ရှာဖွေရန်၊ ကျွန်ုပ်တို့၏ တာဝန်များကို ဖြည့်ဆည်းရန်နှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပေးဆပ်ရန် ကျွန်ုပ်တို့ ဆုံးဖြတ်သည်။ နောက်ဆုံးသော ကာလ၏ ခရစ်တော်နောက် လိုက်နေရန်မှာ ကျွန်ုပ်တို့၏ ကြီးမားသော အခွင့်အလမ်းဖြစ်ပေ။ ရှေ့သို့ ဦးတည်နေသော လမ်းကြောင်းသည် အစဉ် တောက်ပနေသည်။ လမ်းခရီးတစ်လျှောက်တွင် အနိမ့်အမြင့်များ မည်မျှ ရှိပါစေ ဘုရားသခင်၏ စေခိုင်းချက်ကို ပြည့်စုံအောင် ပြုလုပ်ရာတွင် သေသည်အထိ ယုံကြည်မှုရှိဖို့ ကျွန်ုပ်တို့ သစ္စာဆိုသည်။ ကျွန်ုပ်တို့အားလုံး တညီတညွှတ်တည်း ရှိကြသည်။ နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ဝေဖို့အတွက် ကျွန်ုပ်တို့ အစွမ်းကုန် ပေးဆပ်ကြမည်။ လမ်းခရီးတစ်လျှောက်တွင် အနိမ့်အမြင့်များ မည်မျှ ရှိပါစေ ဘုရားသခင်၏ စေခိုင်းချက်ကို ပြည့်စုံအောင် ပြုလုပ်ရာတွင် သေသည်အထိ ယုံကြည်မှုရှိဖို့ ကျွန်ုပ်တို့ သစ္စာဆိုသည်။

အရှေ့သို့- ၁၀၆ ဘုရားသခင်၏မေတ္တာရခြင်းသည် ပျော်ရွှင်မှုကို အမှန်တကယ် ဆောင်ကြဉ်းပေးသည်

နောက်တစ်ခုသို့- ၁၀၈ ဘုရားသခင်၌ ဝမ်းမြောက်ဖွယ် ယုံကြည်ခြင်း ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇၅၈ ဘုရားသခင်ကို ချစ်သောသူတို့သည် မင်္ဂလာရှိ၏

ဘုရားကိုချစ်သောသူ ဘုရားရဲ့သက်သေခံနိုင်သူဘုရားရဲ့ကောင်းချီးနဲ့ ကတိတော်များရှိဘုရားကိုချစ်သောသူ ဘုရားရဲ့သားသမီး ယုံကြည်သူဘုရားရဲ့ကောင်းချီး...

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

၂၁၇ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်သစ်အတိုင်းလိုက်နာ၍ ဘုရားရဲ့ချီးမွမ်းခြင်း ရယူပါ

၁ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို လိုက်နာတာ လူတွေ ယနေ့ဘုရားအလိုတော်ကို နားလည်၊ ဘုရားရဲ့တောင်းဆိုချက်အတိုင်း ပြုမူ၊ ဘုရားကို နာခံ၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။