၇၄၀ ဘုရားကို ကြောက်ရွံ့ရိုသေသူတို့သာ စမ်းသပ်မှုများတွင် သက်သေရပ်တည်နိုင်၏ကျူး
၁ ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် နာခံခြင်းသည် လူသားမျိုးနွယ်အဖို့ ပုံသက်သေတစ်ခု ဖြစ်ပြီး သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့သည် လူသား ပိုင်ဆိုင်သင့်သည့် လူ့သဘာဝ၏ အထွတ်အထိပ် ဖြစ်ခဲ့သည်။ သူသည် ဘုရားသခင်ကို မမြင်ခဲ့သော်လည်း၊ ဘုရားသခင် အမှန်တကယ် တည်ရှိသည်ကို သူ နားလည်ခဲ့ပြီး၊ ဤနားလည်ခြင်းကြောင့် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ခဲ့သည်၊ ဘုရားသခင်ကို သူ၏ ကြောက်ရွံ့ခြင်းကြောင့် ဘုရားသခင်ကို သူနာခံနိုင်ခဲ့ပေသည်။ သူ၌ ရှိခဲ့သည့် မည်သည့်အရာကိုမဆို ယူဆောင်ရန် ဘုရားသခင်အား လွတ်လပ်စွာ လုပ်ပိုင်ခွင့် သူပေးခဲ့သော်လည်း၊ သူသည် ညည်းညူခြင်း မရှိခဲ့သကဲ့သို့၊ ဘုရားသခင် ရှေ့တွင် ပျပ်ဝပ်ကာ ဤအခိုက်အတန့်တွင်ပင် ဘုရားသခင်သည် သူ၏ ခန္ဓာကိုပင် နုတ်ယူခဲ့လျှင်ပင်၊ သူသည် ညည်းညူခြင်းမရှိဘဲ၊ ဝမ်းမြောက်ဝမ်းသာ ထိုသို့ သူ့ကို လုပ်ခွင့်ပေးမည်ဟု ဘုရားသခင်အား ပြောခဲ့လေသည်။ သူ၏ အပြုအမူတစ်ခုလုံးသည် သူ၏ စုံလင်ကာ ဖြောင့်မတ်သော လူ့သဘာဝကြောင့် ဖြစ်ခဲ့သည်။
၂ သူ၏ အပြစ်ကင်းစင်မှု၊ ရိုးသားမှုနှင့် ကြင်နာမှု အကျိုးဆက်တစ်ခုအနေဖြင့်၊ ယောဘသည် ဘုရားသခင်၏ တည်ရှိခြင်းနှင့် သက်ဆိုင်သည့် သူ၏ သဘောပေါက်ခြင်းနှင့် အတွေ့အကြုံတို့တွင် မဆုတ်မနှစ်ဖြစ်ခဲ့ပြီး၊ ဤအခြေခံအုတ်မြစ်ပေါ်တွင် သူသည် သူ့ကိုယ်သူ လိုအပ်ချက်များကို သတ်မှတ်ခြင်းနှင့် သူ၏ အတွေးအခေါ်၊ အပြုအမူ၊ လုပ်ဆောင်မှုနှင့် ဘုရားသခင် ရှေ့တွင် ပြုမူလုပ်ဆောင်မှု အခြေခံသဘောတရားများကို သူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ လမ်းပြမှုနှင့် အရာခပ်သိမ်းအလယ် သူမြင်ခဲ့ပြီးသော ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့်အညီ စံသတ်မှတ်ခဲ့သည်။ အချိန်လွန်လာသည်နှင့်အမျှ၊ သူ၏ အတွေ့အကြုံများသည် သူ့အထဲ၌ ဘုရားသခင်အပေါ် စစ်မှန်သည့် အမှန်တကယ် ကြောက်ရွံ့မှုတစ်ခုကို ဖြစ်စေခဲ့ပြီး သူ့အား မကောင်းမှုကို ရှောင်ရှားစေခဲ့သည်။ ဤသည်မှာ ယောဘက မြဲမြံစွာ ထိန်းသိမ်းခဲ့သည့် တည်ကြည်မှု၏ အရင်းအမြစ် ဖြစ်ခဲ့သည်။
၃ ယောဘသည် ရိုးသားသော၊ အပြစ်ကင်းပြီး ကြင်နာတတ်သော လူ့သဘာဝကို ပိုင်ဆိုင်ခဲ့ပြီး သူသည် ဘုရားသခင်အား ကြောက်ရွံ့ခြင်း၊ ဘုရားသခင်အား နာခံခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းအပြင်၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင်ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊” ဟူသော အသိပညာနှင့် သက်ဆိုင်သည့် တကယ့်အတွေ့အကြုံ ရှိခဲ့သည်။ ဤအရာများကြောင့်သာ သူသည် စာတန်၏ ထိုသို့သော ရက်စက်သည့် တိုက်ခိုက်မှုများကြားတွင် သူ၏ သက်သေခံချက်၌ အခိုင်အမာ ရပ်တည်နိုင်ခဲ့ပြီး၊ ၎င်းတို့ကြောင့်သာလျှင် သူသည် ဘုရားသခင်၏ စမ်းသပ်မှုများ သူ့အပေါ် ရောက်လာသည့်အခါ၊ ဘုရားသခင်အား စိတ်မပျက်စေနိုင်ခဲ့သကဲ့သို့ အားရကျေနပ်ဖွယ် အဖြေတစ်ခုကို ဘုရားသခင်အား ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်