၇၄၁ ဘုရားသခင်၏ ကွယ်ကာခြင်း ရရှိဖို့ သူ့ကို ကြောက်ရွံ့လော့

၁ သင့်အပြုအမူနှင့် လုပ်ရပ်များတွင် လက်တွေ့ကျခြင်း၊ သင်လုပ်ဆောင်သမျှတွင် ဆုတောင်းခြင်းမှ မသွေဖည်ခြင်း၊ ဘုရားသခင်ရှေ့တော်မှောက်သို့ မကြာခဏ လာရောက်ခြင်းနှင့် ဘုရားသခင်ထံမှ မည်သည့်အခါမျှ လမ်းမလွဲခြင်း- ဤသည်တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ပတ်သက်သည့် အခြေခံအုတ်မြစ်များပင်။ သင်၏ အသက်တာ မည်မျှ ကြီးမြတ်ပါစေ၊ သင်၏ ဝိညာဉ်အသက်တာ မည်မျှ ကြီးမားပါစေ၊ သို့မဟုတ် သမ္မာတရား၏စစ်မှန်မှုအတွင်း သင် မည်မျှ ဝင်ရောက်ပြီးဖြစ်ပါစေ၊ သင့်စိတ်နှလုံးထဲတွင် ဘုရားသခင်ကို သင်မစွန့်ပစ်ရပေ။ ဘုရားသခင်ထံမှ သင်မည်သည့်အခါမျှ လမ်းမလွဲရပေ။ သင်က “ငါဟာ ဘုရားသခင်ဆီကနေ အဝေးကြီး လမ်းလွဲသွားမှာ မဟုတ်ဘူး။ ခဏလောက်ပဲ စွန့်ခွာသွားမှာပါ၊ ဟုတ်ပြီလား” ဟု ပြောနိုင်သည်။ ဤသည်တို့မှာ မည်သို့သော စကားများနည်း။ ဤသည်မှာ နီးခြင်း သို့မဟုတ် ဝေးခြင်းနှင့် ပတ်သက်သည့် အရေးကိစ္စမဟုတ်ပါ။ သင် စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိဘဲ ဖြစ်ဖူးပါက၊ သင်သည် ဘုရားသခင်နှင့် ဝေးရာသို့ လမ်းလွဲပြီးဖြစ်သည်။ ဘုရားသခင်ထံမှ မကြာခဏ လမ်းလွဲသူများသည် သူ့ကို ကြောက်ရွံ့ခြင်း မရှိကြပေ။

၂ လူများသည် ဘုရားသခင်ထံမှ ဝေးရာသို့ လမ်းလွဲသည့်အခါတွင်၊ အကျိုးဆက်များမှာ အဘယ်နည်း။ သူတို့ လမ်းလွဲလျှင်လွဲချင်း၊ စာတန်၏ အကျဉ်းသားအဖြစ် အချိန်မရွေး ကျရောက်နိုင်ဖွယ် ရှိလာသည်။ ထို့နောက်တွင် သူတို့သည် သူတို့၏ စကားများနှင့် လုပ်ရပ်များမှတစ်ဆင့် သူတို့၏ စာတန်ဆန်သော စိတ်သဘောထားကို ထုတ်ဖော်လာမည် ဖြစ်သည်။ သူတို့က မကြာခဏ အမှားများပြု လုပ်လိမ့်မည်၊ ဘုရားသခင်ကို မကြာခဏ ပုန်ကန်လိမ့်မည်၊ ပြီးလျှင် အသင်းတော်အသက်တာကို နှောင့်ယှက်၍ အစီအစဉ်ပျက်စေလိမ့်မည်။ အချိန်မရွေးပင်၊ သူတို့က စာတန်၏ အသုံးပြုခံရခြင်းနှင့် ချုပ်နှောင်ခံ ရခြင်း အန္တရာယ်ရှိနေသည်- ယင်းမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။ ထို့ကြောင့် သင်၏ စိတ်နှလုံးများတွင် ဘုရားသခင်ထံမှ လမ်းမလွဲဘဲ၊ ဘုရားသခင် ရှေ့တော်မှောက်တွင် တစ်ချိန်လုံး အသက်ရှင်နေထိုင်နိုင်မှသာလျှင်၊ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော လူတစ်ယောက် ဖြစ်နိုင်ပြီး၊ ဤစိတ်နေသဘောထားကို သင်ပိုင်ဆိုင်ကြမှသာလျှင်၊ လမ်းမှားလျှောက်ခြင်းမှ သင့်ကို ဘုရားသခင် ကယ်တင်နိုင်သည်။

“ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၄၀ ဘုရားကို ကြောက်ရွံ့သူတို့သာ စမ်းသပ်မှုများတွင် သက်သေရပ်တည်နိုင်၏ကျူး

နောက်တစ်ခုသို့- ၇၄၂ ဘုရားကို ကြောက်ရွံ့ရိုသေသူတို့သာ ပျော်ရွှင်ကြ၏ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၈၉၉ ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်

၁ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော...

၄၆၇ ဘုရား စကားသည်လူသားတို့ လိုက်လျှောက်သင့်သောလမ်းခရီး

၁ခေတ်အဆက်ဆက် ဘုရား လောကတွင် အမှုတော်ဆောင်ရွက်စဉ်ခါလူတွေကို စကားတချို့ သူအမြဲမိန့်မှာ သမ္မာတရားများ ဟောကြားဤသမ္မာတရားများ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။