ဘုရားကို ကြောက်ရွံ့ရိုသေသူတို့သာ ပျော်ရွှင်ကြ၏ကျူး
၁ ယောဘက သူအသက်ရှင်နေစဉ်အတွင်း ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည်ကို လူတိုင်း သိပါသည်။ ဘုရားသခင်သည် သူ၏ဖြောင့်မတ်သည့် လုပ်ဆောင်ချက်များကို ချီးကျူးသည်။ လူတွေက ဒါတွေကို သတိရကြသည်။ လူအားလုံးထက် သူ့ဘဝသည် တန်ဖိုးရှိပြီး အရေးပါခဲ့သည်။ ယောဘသည် ဘုရားသခင်၏ ကောင်းကြီးများကို ခံစားခဲ့ရပြီး ကမ္ဘာမြေကြီးပေါ်တွင် ဖြောင့်မတ်သူ အဖြစ် ဘုရားသခင်၏ ခေါ်ဆိုခြင်းကို ခံခဲ့ရသည်။ သူသည် ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် စာတန်၏ စမ်းသပ်ခြင်းကိုလည်း ခံခဲ့ရသည်။ သူသည် ဘုရားသခင်အတွက် သက်သေအဖြစ် ရပ်တည်ခဲ့ပြီး ဖြောင့်မတ်သည့်သူအဖြစ် ခေါ်ဖို့ ထိုက်တန်ပါသည်။ ဘုရားသခင်က သူ့ကို စစ်ဆေးပြီးနောက် ဆယ်စုနှစ်အချိန်များအတွင်း သူသည် ယခင် ကထက် ပိုပြီး တန်ဖိုးရှိသည့်၊ အဓိပ္ပါယ်ရှိသည့်၊ ညီညွတ်မျှတသည့်၊ ငြိမ်းချမ်းသည့်ဘဝကို နေထိုင်ခဲ့သည်။ ယောဘက ကိုယ်ပိုင် ကြိုးစား အားထုတ်သည့် ယုံကြည်မှု၊ အသိအမှတ်ပြုမှုနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို နာခံမှုတို့နှင့် သူ့ဘဝကို အသက်ရှင်ခဲ့ပြီး ဘဝတွင် အရေးကြီးသည့် ဆုံမှတ် များတွင်မှာ ဤယုံကြည်မှု၊ အသိအမှတ်ပြုမှု၊ နာခံမှုတို့နှင့် ဖြတ်သန်းခဲ့သည်၊ သူ၏ နောက်ဆုံးသော နှစ်များတွင် ရှင်သန်ခဲ့သည်။ သူ့ဘဝ၏ နောက်ဆုံးဆုံမှတ်ကို တွေ့ဆုံခဲ့သည်။
၂ ယောဘက မည်သည်တို့ကို တွေ့ကြုံခဲ့ရသည်ဖြစ်စေ၊ ဘဝ တွင် သူ၏ ကြိုးစားအားထုတ်မှုနှင့် ပန်းတိုင်က ပျော်ရွှင်ခဲ့ပြီး မနာကျင်ခဲ့ရပါ။ ဖန်ဆင်းရှင်က သူ့ကို ချပေးသနားခဲ့သည့် ကောင်းချီးနှင့် ချီးမြှောက်ခြင်း တို့ကြောင့်သာမဟုတ်ဘဲ ပိုအရေးကြီးသည့် သူ၏ ကြိုးစားအားထုတ်မှုနှင့် ဘဝပန်းတိုင်များကြောင့်၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့မှတစ်ဆင့် သူရယူခဲ့သည့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို တဖြည်းဖြည်း အမှန်တကယ် နားလည်ခြင်းနှင့် သိမြင်ခြင်းတို့ကြောင့် ဖြစ်သည့်အပြင် ဖန်ဆင်းရှင်၏ သက်ရောက်မှုတစ်ခုအနေနှင့် သူ့အချိန်ကာလအတွင်းတွင် ယောဘကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် အံ့သြစရာကောင်းသည့် လုပ်ဆောင်ချက်များနှင့် လူသားနှင့် ဘုရားသခင်ကြားမှာရှိသည့် အပြန်အလှန်နားလည်မှု၊ အကျွမ်းဝင်မှု၊ ယှဉ်တွဲရပ်တည်မှုတို့၏ နွေးထွေးပြီး မမေ့နိုင်သည့် အတွေ့အကြုံနှင့် အမှတ်ရစရာ အချိန်များကြောင့်၊ ဖန်ဆင်းရှင်၏ အလိုကိုသိခြင်းကနေ လာသည့် စိတ်သက်သာရာရခြင်းနှင့် ပျော်ရွှင်မှုများကြောင့်၊ ဘုရားသခင်သည် ကြီးမြတ်သည်၊ အံ့သြစရာကောင်းသည်၊ ချစ်ခင်စရာကောင်းပြီး တည်ကြည်ဖြောင့်မတ်သည် ဆိုတာတွေကို တွေ့မြင်ပြီးနောက် ဖြစ်ပေါ်လာသည့် ကြည်ညိုမှုများကြောင့် ဖြစ်ပါသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။