ခရစ်တော်ကို လူ၏ဆန့်ကျင်မှုနှင့် မနာခံမှုတို့၏ အကြောင်းရင်းကျူး
၁ ခရစ်တော်၏ ဘုရားသဘောသဘာဝမှာ လူသားအားလုံးတို့ အထက်၌ရှိသည်၊ ထို့ကြောင့် သူသည် ဖန်ဆင်းခံ အရာအားလုံးအထဲ၌ သြဇာအာဏာ အမြင့်ဆုံး ဖြစ်သည်။ ယင်းသြဇာအာဏာမှာ သူ၏ဘုရားသဘောသဘာဝဖြစ်ပြီး ယင်းမှာ သူ၏ကိုယ်ပိုင်လက္ခဏာကို ဆုံးဖြတ်ပေးသည့် ဘုရားကိုယ်တိုင်၏ စိတ်သဘောထားနှင့် ဖြစ်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၏ သာမန်လူ့သဘာဝက မည်သို့ပင်ဖြစ်စေကာမူ၊ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်ကို ငြင်း၍မရပေ၊ မည်သည့်ရပ်တည်ချက်မှမဆို သူပြောဆိုသည်ဖြစ်စေ၊ ဘုရားသခင်၏ အလိုတော်ကို မည်ကဲ့သို့ပင် သူနာခံသည်ဖြစ်စေ၊ ခရစ်တော်သည် ဘုရားသခင် ကိုယ်တော်တိုင်မဟုတ်ဟု မပြောနိုင်ပါ။
၂ မိုက်မဲသူနှင့် အသိဉာဏ်နည်းသောသူတို့က ခရစ်တော်၏ သာမန်လူ့သဘာဝကို အပြစ်အနာအဆာ တစ်ခုကဲ့သို့ မကြာခဏ သဘောထားတတ်ကြသည်။ ခရစ်တော်သည် သူ၏ဘုရားသဘောသဘာဝကို မည်မျှပင်ဖော်ပြပြီး ဖွင့်ပြနေစေကာမူ လူသားတို့က သူသည် ခရစ်တော်ဖြစ်ကြောင်းကို အသိအမှတ် မပြုနိုင်ကြပါ။ ထို့ပြင် ခရစ်တော်သည် သူ၏နာခံခြင်းနှင့် နှိမ့်ချခြင်းတို့ကို သာ၍ဖော်ပြလေလေ၊ မိုက်မဲသူတို့က ခရစ်တော်ကို ပေါ့ပေါ့တန်တန် သဘောထားလေဖြစ်သည်။ သူ့ကို ပထုတ်ပြီး သူ့ကို အထင်သေးသည့် သဘောထားများ မွေးယူကြကာ ထို “ကြီးမြတ်သော လူသားများ” ၏ မြင့်မားသောပုံများကို စားပွဲပေါ်တွင် နေရာပေး၍ ဝတ်ပြု ကိုးကွယ်ကြသောသူ အချို့ပင်ရှိသည်။ လူသားတို့၏ ဘုရားသခင်ကို ဆန့်ကျင်မှုနှင့် မနာခံမှုတို့သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ ဂုဏ်ဒြပ်မှာ ဘုရားသခင်၏ အလိုတော်ကို နာခံသည့်အချက်နှင့် ခရစ်တော်၏ သာမန် လူ့သဘာဝမှတစ်ဆင့် လာသည်၊ ဤနေရာ၌ လူသား၏ ဘုရားသခင်ကို ဆန့်ကျင်ခုခံမှုနှင့် မနာခံမှုတို့၏ အရင်းအမြစ်တို့ တည်ရှိသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ခြင်းဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။