၁၆၀ လက်တွေ့ကျသော ဘုရားသခင်ကို သိနည်းကျူး

၁ လက်တွေ့ကျသော ဘုရားသခင်အကြောင်း သင် မည်သည့်အရာကို သိသင့်သနည်း။ ဝိညာဉ်တော်၊ ဇာတိအဖြစ်တော်နှင့် နှုတ်ကပတ်တော်တို့က လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်ကို ဖြစ်စေပြီး၊ ဤသည်မှာ လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ လက်တွေ့ကျသော ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာတွင် သူ၏ နှုတ်ကပတ်တော်များကို သိခြင်းနှင့် တွေ့ကြုံခြင်း၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ စည်းမျဉ်းများနှင့် အခြေခံသဘောတရားများ၊ ဘုရားသခင်၏ ဝိညာဉ်တော်က လူ့ဇာတိ၌ မည်သို့အမှုပြုသည်ကို သဘောပေါက်ခြင်းတို့ ပါဝင်သည်။ ယင်းမှာ လူ့ဇာတိ၌ ဘုရားသခင်၏ လုပ်ရပ်တိုင်းကို ဝိညာဉ်တော်က အုပ်စိုးကြောင်းနှင့် သူပြောကြားသည့် နှုတ်ကပတ်တော်များသည် ဝိညာဉ်တော်၏ တိုက်ရိုက် ဖော်ပြချက်ဖြစ်ကြောင်းတို့ကို သိရှိခြင်းလည်း ပါဝင်ပေသည်။ ထို့ကြောင့် လက်တွေ့ကျသော ဘုရားသခင်ကို သိရှိရန်၊ လူ့သဘာဝနှင့် ဘုရားသဘောသဘာဝ၌ မည်သို့ ဘုရားသခင် အမှုပြုသည်ကို သိရှိဖို့သည် ပဓာနဖြစ်သည်။ ထိုအကြောင်းကြောင့် ဤသည်မှာ လူအားလုံး ပါဝင်ပတ်သက်သည့် ဝိညာဉ်တော်၏ ဖော်ပြချက်များနှင့်လည်း သက်ဆိုင်ပေသည်။

၂ ဝိညာဉ်တော်၏ ဖော်ပြချက်များနှင့်ဆိုင်သည့် ရှုထောင့်များမှာ မည်သည့်အရာများ ဖြစ်သနည်း။ တစ်ခါတစ်ရံ ဘုရားသခင်သည် လူ့သဘာဝ၌ အမှုပြုပြီး၊ တစ်ခါတစ်ရံ ဘုရားသဘောသဘာဝ၌ အမှုပြုသည်- သို့သော် ကိစ္စရပ် နှစ်ခုလုံးတွင် ဝိညာဉ်တော်က ကွပ်ကဲအုပ်ချုပ်ပေသည်။ ဝိညာဉ်တော်အားဖြင့် သူ၏ ဦးတည်ချက် နှစ်ပိုင်းရှိသည်- တစ်ပိုင်းမှာ လူ့သဘာဝ၌ သူ၏ အမှုဖြစ်ပြီး အခြားတစ်ပိုင်းမှာ ဘုရားသဘောသဘာဝမှတစ်ဆင့် သူ၏ အမှုဖြစ်သည်။ ဤအရာကို သင် ရှင်းရှင်းလင်းလင်း သိသင့်သည်။ ဝိညာဉ်တော်၏ အလုပ်သည် အခြေအနေများအရ ကွဲပြားသည်။ သူ၏ လူသားအမှုကို လိုအပ်သောအခါ၊ ဝိညာဉ်တော်သည် ဤလူသားအမှုကို လမ်းညွှန်ပြီး၊ သူ၏ ဘုရားသဘောသဘာဝ အမှု လိုအပ်သောအခါ၊ ဘုရားသဘောသဘာဝက ယင်းကို ဆောင်ရွက်ရန် တိုက်ရိုက် ပေါ်ထွန်းလေသည်။ ဘုရားသခင်သည် လူ့ဇာတိ၌ အမှုပြုပြီး လူ့ဇာတိ၌ ပေါ်ထွန်းသောကြောင့်၊ သူသည် လူ့သဘာဝနှင့် ဘုရားသဘောသဘာဝ နှစ်ခုလုံးဖြင့် အမှုပြုလေသည်။

၃ လူ့ဇာတိ၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းဆိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်၏ အမှုနှင့် နှုတ်ကပတ်တော်များအားလုံးကို သူ၏ ပုံမှန်လူ့သဘာဝနှင့် သူ၏ လူ့ဇာတိခံ ခန္ဓာမှတစ်ဆင့် လုပ်ဆောင်သည်ဟု ဆိုလိုပေသည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ၏ လူသားအမှုကို လမ်းညွှန်ပြီး လူ့ဇာတိ၌ ဘုရားသဘောသဘာဝ၏ အမှုကို တစ်ပြိုင်နက် ဆောင်ရွက်ပေသည်၊ လူ့ဇာတိခံ ဘုရားသခင်၌ သင်သည် လူ့သဘာဝထဲရှိ ဘုရားသခင်၏ အမှုနှင့် သူ၏ လုံးဝ ဘုရားသဘောသဘာဝ အမှု နှစ်ခုလုံးကို တွေ့နိုင်ပေသည်။ ဤသည်မှာ လက်တွေ့ကျသော ဘုရားသခင်၏ လူ့ဇာတိ၌ ပေါ်ထွန်းခြင်း၏ တကယ့် အရေးပါမှုဖြစ်သည်။ လက်တွေ့ကျသော ဘုရားသခင်၏ အဓိပ္ပာယ်မှာ လူတို့က သူသည် အထင်းသားဖြစ်ပြီး အသက်ပါသည်၊ စစ်မှန်ပြီး မှန်ကန်သည်ကို မြင်တွေ့နိုင်ကြဖို့အလို့ငှာ၊ ဝိညာဉ်တော်က လမ်းညွှန်ပေးသည်နှင့်အမျှ သူ၏ လူ့သဘာဝ အမှုနှင့် ဘုရား သဘောသဘာဝ အမှုတို့ကို သူ၏ လူ့ဇာတိမှတစ်ဆင့် ဖော်ပြခြင်း ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့ကျသော ဘုရားသခင်သည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၁၅၉ ခရစ်တော်၏လူ့သဘာဝကို ဘုရားသခင်၏ ဘုရားသဘာဝက စီမံ၏ကျူး

နောက်တစ်ခုသို့- ၁၆၁ ခရစ်တော်ကို လူတို့ဆန့်ကျင်ရခြင်းနှင့် မနာခံရခြင်း၏ အကြောင်းအရင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၀၀ ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

၁ သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့်...

၇၄၉ ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

၁ယောဘဟာ သူလက်ထဲပိုင်သမျှသူ့ ကြိုးပမ်းမှုမဟုတ်ဘဲ ဘုရားပေးခဲ့တာကိုယုံခဲ့တယ်။ကောင်းချီးတွေကို အခွင့်ကောင်းယူစရာလို့ မမြင်ဘဲသူ လိုက်နာရမယ့်...

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။