၈၄၃ သင်သည် ဘုရားသခင် စုံလင်စေရန် ရည်ရွယ်ထားသူလား
၁
သင်ဟာ စုံလင်ခြင်းရဖို့ ကြိုးစားနေသူတစ်ယောက် ဆိုရင်
သင် သက်သေခံရမယ် ဒီအတိုင်း ဆိုရ မယ်
ဘုရားရဲ့အမှုတော် ခြေလှမ်းတိုင်းမှာ
ဤစစ်ကြောစီရင်ခြင်းအမှုကို ငါလက်ခံပြီ
ဒုက္ခဆင်းရဲ ကြီးစွာ ခံစားရလည်း
ဘုရားကိုယ်တိုင်ပြုသောအမှုကို ရရှိခဲ့ပြီ
သူ့ရဲ့ဖြောင့်မတ်ခြင်းနှင့် လူသားတို့ကို ကိုယ်တော် ဘယ်လို
စုံလင်စေလဲ ငါသိလိုက်ပြီ
၂
ဖြောင့်မတ်သော ဘုရားရဲ့စိတ်သဘောထား ငါ့အပေါ် သက်ရောက်ကာ
ကောင်းကြီးများနှင့်ကျေးဇူးတော်ကို ဆောင်ယူ၍
သူ့ရဲ့စီရင်ခြင်းက ငါ့ကို ကယ်တင်ခဲ့ပြီး
စင်ကြယ်စေ၍ ကွယ်ကာပေးခဲ့ တဲ့
ဘုရားရဲ့ခက်ထန်သော စကားများ
စစ်ကြောစီရင်ခြင်းအားဖြင့်
ငါ ကယ်တင်ခြင်းရရှိကာ ကိုယ်တော်ကို သိလာ
ဒါဟာ စုံလင်ခြင်းသို့ ရောက်နေသူများ သွားရာလမ်း
သူတို့ သိနားလည်မှုတွေပဲ
ထိုသူတို့ အသက်ကို ရရှိသူများ
ပေတရုကဲ့သို့သော သူများ
ဘုရားရဲ့သမ္မာတရားကို ပိုင်ဆိုင် သော သူတွေပဲ
ဒီလမ်းဆုံးထိ သူတို့ လျှောက်လှမ်းသောအခါ
စစ်ကြောစီရင်ခြင်းဖြင့် သူတို့ သန့်ရှင်းမယ်
စာတန်ရဲ့အုပ်စိုးမှုကို လုံးဝဖယ်ရှားနိုင်ကြလိမ့်မယ်
ထိုအခါ ဘုရား သူတို့ကို ရရှိလိမ့်မယ်
၃
သင်ဟာ စုံလင်ခြင်းရဖို့ ကြိုးစားနေသူတစ်ယောက် ဆိုရင်
သင် သက်သေခံရမယ် ဒီအတိုင်း ဆိုရ မယ်
ယနေ့ ငါတွေ့ ရ ပြီ ဘုရားရဲ့ ဖန်ဆင်းခံအဖြစ်
ဖန်ဆင်းသော အရာများ၌ မွေ့လျော်ရုံသာမက
ပိုအရေးကြီးတာက
ဘုရားသခင်၏ ဖန်ဆင်းခံများ
သူ၏ဖြောင့်မတ်သောသဘောနှင့်
စစ်ကြောခြင်း၌ ပျော်မွေ့သင့် သည်
ဘုရားရဲ့စိတ်သဘောထား၌
လူသားအားလုံး မွေ့လျော်ထိုက်တာမို့
ဖောက်ပြန်သော ဖန်ဆင်းခံများ
ကိုယ်တော်ရဲ့ဖြောင့်မတ်ခြင်း၌ မွေ့လျော်သင့်သည်
စစ်ကြောစီရင်ခြင်းလည်းရှိသလို
ကြီးမားသော ချစ်ခြင်းလည်း ရှိတယ်
ဘုရားရဲ့မေတ္တာကို ကျွန်ုပ် အပြည့်အဝ မရရှိနိုင်ပေမဲ့
မြင်တွေ့ရတာ ကောင်းချီးပင်
ဒါဟာ စုံလင်ခြင်းသို့ ရောက်နေသူများ သွားရာလမ်း
သူတို့ သိနားလည်မှုတွေပဲ
ထိုသူတို့ အသက်ကို ရရှိသူများ
ပေတရုကဲ့သို့သော သူများ
ဘုရားရဲ့သမ္မာတရားကို ပိုင်ဆိုင် သော သူတွေပဲ
ဒီလမ်းဆုံးထိ သူတို့ လျှောက်လှမ်းသောအခါ
စစ်ကြောစီရင်ခြင်းဖြင့် သူတို့ သန့်ရှင်းမယ်
စာတန်ရဲ့အုပ်စိုးမှုကို လုံးဝဖယ်ရှားနိုင်ကြလိမ့်မယ်
ထိုအခါ ဘုရား သူတို့ကို ရရှိလိမ့်မယ်
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်