အရာရာ၌ ဘုရား၏စုံလင်စေခြင်းကို ခံရရန် သင်ကြိုးစားသင့်၏ကျူး
၁ လက်ရှိအချိန်တွင် သင်တို့ အဓိကအားဖြင့် ရှာဖွေသင့်သည့်အရာမှာ အရာရာ၌ ဘုရားသခင်၏ စုံလင်အောင်ပြုပေးခြင်းကို ခံရရန်ဖြစ်ပြီး လူအပေါင်းတို့အားဖြင့်၊ အမှုကိစ္စဟူသမျှနှင့် တွေ့ကြုံရသည့် အရာခပ်သိမ်းအားဖြင့် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရရန်ဖြစ်သည်။ ထိုသို့အားဖြင့် သာ၍များပြားသော ဘုရားသခင်၏ဖြစ်ခြင်းသည် သင်တို့အတွင်းသို့ ပေါင်းစည်းလာရန်ဖြစ်သည်။ ဘုရားသခင်ထံမှ သာ၍များပြားပြီး သာ၍ကြီးမားသော ကောင်းချီးမင်္ဂလာများကို အမွေခံရရန် အရည်အချင်းမပြည့်စုံမီ သင်တို့သည် ဘုရားသခင်၏ အမွေဥစ္စာကို မြေကြီးပေါ်တွင် အရင်ရရှိရမည်။ ထိုအရာများအားလုံးသည် သင်တို့အနေဖြင့် ရှေးဦးစွာ ရှာဖွေသင့်သည့်အရာများ ဖြစ်ကြပြီး ရှေးဦးစွာ နားလည်သင့်သည့် အရာများဖြစ်ကြသည်။ ဘုရားသခင်အားဖြင့် အရာရာ၌ ပြီးပြည့်စုံလင်ခြင်းကို သင်ကရှာလေ၊ အရာရာ၌ ဘုရားသခင်၏လက်ရာကို သင်ကမြင်လေဖြစ်မည်။ ဤနည်းဖြင့် နှုတ်ကပတ်တော်၏ ဖြစ်ခြင်းနှင့် သူ့နှုတ်ကပတ်တော်၏ အဖြစ်မှန်သို့ ဝင်နိုင်ရန် ရှုထောင့်အမျိုးမျိုး၊ အကြောင်းအရာအမျိုးမျိုး မှတစ်ဆင့် အားတက်သရော သင်ရှာဖွေလာသည်။ ဒုစရိုက်အပြစ်များ မကျူးလွန်ခြင်း၊ သို့မဟုတ် အယူအဆများ မရှိဘဲနေခြင်း၊ လူ့ဘဝဒဿန မရှိခြင်းနှင့် လူ့အလိုဆန္ဒ မရှိဘဲနေခြင်းစသည့် အနုတ်ဆောင်သော အရာသက်သက်နှင့် သင်သည် ကျေနပ်နေ၍ မရပါ။
၂ ဘုရားသခင်က လူကို နည်းလမ်းမျိုးစုံဖြင့် ပြီးပြည့်စုံလင်စေကာ၊ ရလဒ်အနေနှင့် ခပ်သိမ်းသော ကိစ္စရပ်များသည် သင့်အတွက် ပြီးပြည့်စုံစေသည့် အရာများ ဖြစ်နိုင်ပေသည်။ အပေါင်းလက္ခဏာ ဆောင်ခြင်း၌သာမက၊ အနုတ်လက္ခဏာ ဆောင်ခြင်း၌ပင်လျှင် သင့် ရရှိသည့်အရာကို ကြွယ်ဝစေနိုင်သည့်တိုင် ပြီးပြည့်စုံလင်စေနိုင်သည်။ နေ့ရက်စဉ်တိုင်း ပြီးပြည့်စုံလင်ရာ အခွင့်ရှိပြီး၊ ဘုရားသခင်၏ ရရှိခြင်းခံရန် အချိန်လည်းရှိသည်။ ထိုသို့သောအရာကို ကြုံတွေ့သည့် ကာလနောက်တွင် သင်၌ ကြီးမားစွာ ပြောင်းလဲခြင်း ရှိလာလိမ့်မည်။ ယခုတွင်တော့ သင်သည် ယခင်က နားမလည်ခဲ့သော အရာများစွာကို အားစိုက်မထုတ်ရဘဲနှင့် ထိုးထွင်းသိမြင်ခြင်း ရရှိလာနိုင်မည် ဖြစ်သည်၊ သူတစ်ပါးက သင့်ကို သင်ပေးနေစရာမလိုဘဲ၊ မသိလိုက်ဘဲနှင့်၊ သင်သည် ဘုရားသခင်၏ အသိဉာဏ် ပွင့်လင်းစေခြင်းကို ခံရလိမ့်မည်၊ ထိုသို့အားဖြင့် အရာရာ၌ အသိဉာဏ် ပွင့်လင်းခြင်း ရှိလာကာ၊ သင်၏ အတွေ့အကြုံ အားလုံးသည်လည်း အသေးစိတ်ကျပေလိမ့်မည်။ ဘုရားသခင်က သင့်ကိုလမ်းပြ၍ သင်သည် မည်သည့်ဘက်သို့မှ သွေဖည်မသွားရ။ ထို့နောက် သင်သည် ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်ခြင်း လမ်းပေါ်တွင် ရပ်တည်ရလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပြီးပြည့်စုံလင်စေခြင်း ခံရပြီးသော သူတို့ဆီသို့ ကတိတော်များ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။