၈၄၁ ဘုရား၏စုံလင်စေခြင်းကို ခံရမည့်နည်းကျူး

၁ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော သင်၏ သိနားလည်မှု ကြီးမားလေလေနှင့် ၎င်းတို့ကို သင် လက်တွေ့ လုပ်ဆောင်လေလေ၊ စုံလင်ခြင်း လမ်းကြောင်းပေါ်သို့ သင် ခြေချနိုင်ရန် လျင်မြန်လေလေ ဖြစ်သည်။ ဆုတောင်းခြင်းမှတစ်ဆင့်၊ ဆုတောင်းခြင်း နယ်ပယ်တွင် သင်သည် စုံလင်စေခြင်း ခံရနိုင်၏။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ၎င်းတို့၏ အနှစ်သာရကို သဘောပေါက်ခြင်းနှင့် ၎င်းတို့၏ လက်တွေ့ အရှိတရားကို အသက်ရှင်နေထိုင်ခြင်းအားဖြင့်လည်း သင်သည် စုံလင်စေခြင်း ခံရနိုင်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ်နှင့်အမျှ တွေ့ကြုံခြင်းအားဖြင့်၊ သင်သည် မိမိ၌ မည်သည့်အရာ ချို့တဲ့သည်ကို သိရှိလာသင့်သည်၊ ထို့အပြင် သင်၏ သေစေနိုင်သော အပြစ်အနာအဆာနှင့် သင်၏အားနည်းချက်များကို သတိပြုမိသင့်ပြီး၊ ဘုရားသခင်ထံ ဆုတောင်းကာ အသနားခံသင့်ပေသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ သင်သည် တဖြည်းဖြည်း စုံလင်စေခြင်း ခံရလိမ့်မည်။

၂ စုံလင်စေခြင်းခံရသည့် လမ်းကြောင်းမှာ- ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ အနှစ်သာရကို သဘောပေါက်ခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အတွေ့အကြုံထဲ ဝင်ရောက်ခြင်းကို ရရှိခြင်း၊ မိမိ၌ မည်သည့်အရာ ချို့တဲ့သည်ကို သိရှိလာခြင်း၊ ဘုရားသခင်၏အမှုတော်ကို နာခံခြင်း၊ ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိခြင်းနှင့်၊ ဘုရားသခင်အပေါ် သင်၏ ချစ်ခြင်းမေတ္တာအားဖြင့် ဇာတိပကတိကို စွန့်လွှတ်ခြင်းနှင့် သင့်အတွေ့အကြုံများကို ကြွယ်ဝစေနိုင်သည့် သင်၏ညီအစ်ကို မောင်နှမများနှင့် မကြာခဏမိတ်သဟာယပြုခြင်းတွင် ပါဝင်ခြင်းတို့ ဖြစ်သည်။ အများနှင့်ဆိုင်သော အသက်တာဖြစ်စေ သင်၏ ကိုယ်ရေးကိုယ်တာနှင့်ဆိုင်သည့် အသက်တာဖြစ်စေ၊ ကြီးမားသော စုဝေးခြင်းများဖြစ်စေ‌ သေးငယ်သော စုဝေးခြင်းများဖြစ်စေ၊ ထိုအရာအားလုံးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စေနိုင်ပြီး သူ့ထံ ပြန်လာနိုင်ဖို့အလို့ငှာ သင့်ကို အတွေ့အကြုံ ဆည်းပူးခွင့်ပေးပြီး လေ့ကျင့်မှုကို ရရှိခွင့်ပေးသည်။ ဤအရာအားလုံးသည် စုံလင်စေခြင်းဖြစ်စဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပေသည်။

၃ ယခင်က ပြောဆိုထားသည့်အတိုင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းဆိုသည်မှာ သင့်အနေဖြင့် ဘုရားသခင်အပေါ် သာ၍ ကြီးမားသော ယုံကြည်ခြင်းနှင့် ချစ်ခြင်း ရရှိဖို့အလို့ငှာ ထိုနှုတ်ကပတ်တော်များကို အမှန်တကယ် မြည်းစမ်းပြီး ၎င်းတို့ကို အသက်ရှင်နေထိုင်ဖို့ မိမိကိုယ်ကိုယ် အခွင့်ပေးခြင်း ဖြစ်သည်ဟု ဆိုလိုပေသည်။ ဤပုံစံဖြင့်၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သည့် စိတ်သဘောထားကို တဖြည်းဖြည်း ခွာချလိမ့်မည်၊ မိမိထံမှ မသင့်လျော်သော ကြံရွယ်မှုများ ကင်းမဲ့စေလိမ့်မည်ဖြစ်ပြီး၊ ပုံမှန်လူတစ်ဦး၏ ပုံသဏ္ဌာန်အတိုင်း အသက်ရှင် နေထိုင်လိမ့်မည် ဖြစ်သည်။ သင့်အတွင်း၌ ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ ကြီးမားလေလေ- ဆိုလိုသည်မှာ၊ ဘုရားသခင်၏ စုံလင်စေခြင်းကို သင် ခံရလေလေ- စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း၏ လွှမ်းမိုးခံရမှု နည်းလေလေ ဖြစ်သည်။ သင်၏ လက်တွေ့ကျသော အတွေ့အကြုံများမှတစ်ဆင့်၊ စုံလင်စေခြင်း လမ်းကြောင်းပေါ်သို့ သင်သည် တဖြည်းဖြည် ခြေချလိမ့်မည် ဖြစ်သည်။ သို့ဖြစ်၍၊ သင့်အနေဖြင့် စုံလင်စေခြင်းခံရရန် ဆန္ဒရှိပါက၊ ဘုရားသခင်၏ အလိုတော်ကို သတိရှိဖို့နှင့် သူ၏နှုတ်ကပတ်တော်များကို တွေ့ကြုံဖို့မှာ အထူးသဖြင့် အရေးကြီးပေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၈၄၀ စုံလင်စေခြင်းကိုခံရန် သင်၌ သန္နိဋ္ဌာန်နှင့် ရဲရင့်ခြင်းရှိရမည်ကျူး

နောက်တစ်ခုသို့- ၈၄၂ အရာရာ၌ ဘုရား၏စုံလင်စေခြင်းကို ခံရရန် သင်ကြိုးစားသင့်၏ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၆၇ ဘုရား စကားသည်လူသားတို့ လိုက်လျှောက်သင့်သောလမ်းခရီး

၁ခေတ်အဆက်ဆက် ဘုရား လောကတွင် အမှုတော်ဆောင်ရွက်စဉ်ခါလူတွေကို စကားတချို့ သူအမြဲမိန့်မှာ သမ္မာတရားများ ဟောကြားဤသမ္မာတရားများ...

၇၄၉ ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

၁ယောဘဟာ သူလက်ထဲပိုင်သမျှသူ့ ကြိုးပမ်းမှုမဟုတ်ဘဲ ဘုရားပေးခဲ့တာကိုယုံခဲ့တယ်။ကောင်းချီးတွေကို အခွင့်ကောင်းယူစရာလို့ မမြင်ဘဲသူ လိုက်နာရမယ့်...

၈၈၉ ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်

၁ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ် ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို...

၁၈၃ လူ့ဇာတိခံဘုရားတွင် ထင်ရှားနေသည့် ဘုရား၏ သြဇာအာဏာနှင့် တန်ခိုး

၁ဘုရားသည် နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ကမ္ဘာပေါ်သို့ကြွလာပြီ နှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံသည်သူ၏လူ့ဇာတိအားဖြင့် နှုတ်ကပတ်တော်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။