၂၅၉ လူကို ကယ်တင်ဖို့ ဘုရားရဲ့ပြင်းပြဆန္ဒကို ဘယ်သူမှ နားမလည်
၁
ဘုရား ဒီလောကကို ဖန်ဆင်းပြီး သူအသက်ပေးထားသော
သက်ရှိသတ္တဝါ လူ(သား)ကို ဆောင်ကျဉ်းခဲ့
ထို့နောက် လူသည် မိဘဆွေမျိုးများရှိလာ၊
တစ်ယောက်တည်း မဟုတ်တော့။
လူသည် ဒီရုပ်ဝတ္ထုကမ္ဘာကို မြင်ပြီးကတည်းက
ဘုရားစီမံမှုအတွင်း ရှင်သန်ရန် သတ်မှတ်ခံခဲ့ရ။
ဘုရားထံမှ ဇီဝအသက်သည် သက်ရှိတစ်ဦးစီတိုင်းကို
အရွယ်ရောက်သူအဖြစ် ကြီးထွားရန် ပံ့ပိုးကူညီ။
ဒီဖြစ်စဉ်အားလုံးတွင် မိဘများ၏ ချစ်ခြင်းနှင့်
စောင့်ရှောက်မှုကြောင့်သာ ဖြစ်သည်ဟု သူတို့ ယုံကြည်။
နေ့ရောညပါ ဘုရား စောင့်ရှောက်သော လူတစ်ယောက်မှ
မိမိကိုယ်ပိုင်အသိစိတ်နှင့် ဘုရားကို မကိုးကွယ်ကြ။
ဘာမျှော်လင့်ချက်မှ မရှိသည့် လူသားတို့အပေါ်
သူ၏စီစဉ်ထားသည့်အတိုင်း ဘုရား လုပ်ဆောင်လျက်ရှိ။
သူမျှော်လင့်သည်မှာ တစ်နေ့ လူသည် အိပ်မက်မှ နိုးထရန်၊
ဘဝ၏ တန်ဖိုးနှင့် ရည်ရွယ်ချက်ကို သိမြင်ရန်၊
လူတို့အား အရာရာပေးဆောင်ဖို့ ဘုရားပေးဆပ်သည့် အဖိုးအခ၊
လူတို့ သူ့ထံပြန်လာဖို့ သူ ဘယ်လောက်တောင့်တသည်ကို နားလည်ဖို့
ဟုတ်တယ်၊ လူတို့ သူ့ထံပြန်လာဖို့ သူတောင့်တနေသည်
၂
လူသည် ဘုရား၏ စောင့်ရှောက်မှုအောက်တွင်
ရှင်သန်ကြီးထွားသည်ဟု ဘယ်သူမှ မယုံကြည်။
လူ၏ ကြီးထွားမှုမှာ အလိုအလျောက်ဖြစ်သည်ဟု လူတို့ယုံကြည်
အကြောင်းမှာ အသက်ပေးသူ၊ ထိုအသက်လာသည့်အရပ်၊
ပင်ကိုသဘာဝမှ အံ့ဖွယ်များ ဖြစ်စေပုံကို မသိကြ။
အို...သူတို့ စားသော အစာဟာ အသက်ဆက် စေသည်
ဇွဲရှိလို့သာ လူတို့ အသက်ရှင်သည်၊
ယုံကြည်မှုများဖြင့် ရှင်သန်သည်ဟု သူတို့ ထင်မှတ်။
ဘုရား၏ထောက်မမှုကို သတိမပြုမိကြ။
ထို့နောက် ဘုရားပေးသည့် အသက်ကို ဖြုန်းတီးကြသည်။
နေ့ရောညပါ ဘုရား စောင့်ရှောက်သော လူတစ်ယောက်မှ
မိမိကိုယ်ပိုင်အသိစိတ်နှင့် ဘုရားကို မကိုးကွယ်ကြ။
ဘာမျှော်လင့်ချက်မှ မရှိသည့် လူသားတို့အပေါ်
သူ၏စီစဉ်ထားသည့်အတိုင်း ဘုရား လုပ်ဆောင်လျက်ရှိ။
သူမျှော်လင့်သည်မှာ တစ်နေ့ လူသည် အိပ်မက်မှ နိုးထရန်၊
ဘဝ၏ တန်ဖိုးနှင့် ရည်ရွယ်ချက်ကို သိမြင်ရန်၊
လူတို့အား အရာရာပေးဆောင်ဖို့ ဘုရားပေးဆပ်သည့် အဖိုးအခ၊
လူတို့ သူ့ထံပြန်လာဖို့ သူ ဘယ်လောက်တောင့်တသည်ကို နားလည်ဖို့
ဟုတ်တယ်၊ လူတို့ သူ့ထံပြန်လာဖို့ သူတောင့်တ နေသည်။
နေ့ရောညပါ ဘုရား စောင့်ရှောက်သော လူတစ်ယောက်မှ
မိမိကိုယ်ပိုင်အသိစိတ်နှင့် ဘုရားကို မကိုးကွယ်ကြ။
ဘာမျှော်လင့်ချက်မှ မရှိသည့် လူသားတို့အပေါ်
သူ၏စီစဉ်ထားသည့်အတိုင်း ဘုရား လုပ်ဆောင်လျက်ရှိ။
သူမျှော်လင့်သည်မှာ တစ်နေ့ လူသည် အိပ်မက်မှ နိုးထရန်၊
ဘဝ၏ တန်ဖိုးနှင့် ရည်ရွယ်ချက်ကို သိမြင်ရန်၊
လူတို့အား အရာရာပေးဆောင်ဖို့ ဘုရားပေးဆပ်သည့် အဖိုးအခ၊
လူတို့ သူ့ထံပြန်လာဖို့ သူ ဘယ်လောက်တောင့်တသည်ကို နားလည်ဖို့
ဟုတ်တယ်၊ လူတို့ သူ့ထံပြန်လာဖို့ သူတောင့်တနေသည်
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်