၄၀၁ ဘုရားသခင်၌ ယုံကြည်ခြင်း၏ အဓိပ္ပာယ်မှာ အလွန်လေးနက်သည်

၁ သင်တို့သည် ဘုရားသခင်ကိုယုံကြည်ခြင်း၏အဓိပ္ပာယ်ကို အကုန်အစင် နားလည်ခြင်းမရှိသေးချေ။ အမှန်မှာ ဘုရားသခင်ကိုယုံကြည်ခြင်း၏ အဓိပ္ပာယ်မှာ အလွန့်အလွန်နက်နဲလွန်းသဖြင့် လူတို့သည် ၎င်းအကြောင်းကို စေ့စေ့စပ်စပ် နားလည်သဘောပေါက်နိုင်ခြင်း မရှိကြပေ။ နောက်ဆုံးတွင် လူတို့အထဲမှ စာတန်နှင့်ဆိုင်သောအရာများနှင့် ၎င်းတို့၏ဗီဇနှင့်ဆိုင်သောအရာများ ပြောင်းလဲ၍ သမ္မာတရား၏သတ်မှတ်ချက်များနှင့် ကိုက်ညီလာရမည်၊ ဤနည်းဖြင့်သာ ကယ်တင်ခြင်းကို အမှန်တကယ် ရရှိနိုင်မည် ဖြစ်၏။ အကယ်၍ သင်သည် ဘာသာရေးထဲ၌ ရှိခဲ့ဖူးသည့်အချိန်ကကဲ့သို့ သြဝါဒစကားအချို့ ရွတ်ဆိုခြင်းသာ သို့မဟုတ် ဆောင်ပုဒ်အချို့ကို ဟစ်အော်ခြင်းသာ ပြုခြင်း၊ ထို့နောက် ကောင်းသောအကျင့် အနည်းငယ်ကို လုပ်ဆောင်ခြင်း၊ ကောင်းသောအပြုအမူ အနည်းငယ် ထပ်မံပြသခြင်းနှင့် အပြစ်တစ်ချို့၊ သိသာထင်ရှားသော အပြစ်တစ်ချို့ကို ကျူးလွန်မှုမှ ရှောင်ကြဉ်ပါက၊ သင်သည် ဘုရားသခင်ကိုယုံကြည်သောလမ်းမှန်သို့ ခြေချခဲ့ပြီးဖြစ်ကြောင်း မဆိုလိုသေးပေ။

၂ စည်းကမ်းများကို သင်လိုက်နာနိုင်ခြင်းက သင်သည် မှန်သောလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေသည်ဟု ဆိုလိုသလော။ အကယ်၍ သင်၏ဗီဇအတွင်းမှ အရာများ မပြောင်းလဲသေးဘဲ၊ အဆုံးတွင် သင်သည် ဘုရားသခင်ကို ခုခံပြီး ပြစ်မှားနေသေးပါက၊ ဤအရာမှာ ပြဿနာများထဲတွင် အကြီးမားဆုံးပြဿနာဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကိုယုံကြည်သော်လည်း ဤပြဿနာကို မဖြေရှင်းပါက၊ သင်သည် ကယ်တင်ခြင်းကို ခံရပြီဟု ယူဆနိုင်သလော။ ဤအရာကို ငါပြောနေခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းမှာ ဘုရားသခင်ကို ယုံကြည်မှုကို ဘုရားသခင်၏နှုတ်ကပတ်တော်များ၊ ဘုရားသခင် သို့မဟုတ် သမ္မာတရားမှ ခွဲခြား၍မရနိုင်ကြောင်း သင်တို့အားလုံး သင်တို့၏စိတ်နှလုံးများထဲတွင် နားလည်စေရန်ဖြစ်သည်။ သင်သည် သင်၏လမ်းကြောင်းကို ကောင်းစွာရွေးချယ်ပြီး သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် လုံ့လစိုက်ထုတ်ရမည်။ မပြည့်စုံသောအသိ သို့မဟုတ် မနည်းမများ နားလည်မှုကိုသာ ရယူပြီး သင့်ကိုယ်သင် လုပ်ဆောင်ပြီးမြောက်ပြီဟု မယူဆလေနှင့်၊ အကယ်၍ သင်သည် မိမိကိုယ်ကိုယ် လှည့်စားပါက သင့်ကိုယ်သာ သင် ထိခိုက်စေလိမ့်မည်။

၃ လူတို့သည် ဘုရားသခင်ကို သူတို့၏ ယုံကြည်ခြင်းမှ မသွေဖည်သင့်ပါ၊ နောက်ဆုံးတွင်၊ သူတို့၏စိတ်နှလုံးများထဲ၌ ဘုရားသခင် မရှိဘဲ၊ စာအုပ်တစ်အုပ်ကို ကိုင်ရုံမျှ ကိုင်ကြပြီး ယင်းကို လျှပ်တစ်ပြက် ကြည့်သော်လည်း၊ သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်အတွက် နေရာမချန်လျှင် သူတို့ အဆုံးသတ်ပြီဖြစ်သည်။ “ဘုရားသခင်၌ လူ၏ ယုံကြည်ခြင်းကို ဘုရားနှုတ်ကပတ်တော်များမှ သီးခြားခွဲထား၍ မရနိုင်ပါ”ဟူသည့် စကားများ၏ အဓိပ္ပါယ်မှာ အဘယ်နည်း။ သင်တို့ နားလည်သလော။ ၎င်းတို့က “ဘုရားသခင်၌ု ယုံကြည်ခြင်းတစ်ခုကို ဘုရားသခင်ထံမှ သီးခြားခွဲထား၍မရ”ဟူသည့် စကားများနှင့် ကွဲလွဲဆန့်ကျင်သလော။ သင့်စိတ်နှလုံးထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမရှိဘဲ သင့်စိတ်နှလုံးထဲတွင် သင် ဘုရားသခင်ကို မည်သို့ ထားရှိနိုင်သနည်း။ ဘုရားသခင်ကို သင် ယုံကြည်သော်လည်း သင့် စိတ်နှလုံးက ဘုရားသခင်ကို ဖြစ်စေ သူ၏ နှုတ်ကပတ်တော်များကို ဖြစ်စေ မသိုထား သည်သာမကဘဲ၊ သူ၏ လမ်းပြမှုကိုလည်း မသိုထားလျှင်၊ သင်သည် လုံးဝ အဆုံးသတ်ပြီဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၌ မှန်ကန်သော လမ်းခရီးကို ရွေးချယ်ခြင်းသည် အရေးပါဆုံးဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၄၀၀ ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

နောက်တစ်ခုသို့- ၄၀၂ စစ်မှန်တဲ့ ယုံကြည်ခြင်းရှိသူတို့သာ ဘုရားရဲ့ထောက်ခံမှု ရရှိနိုင်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

၁၈၃ လူ့ဇာတိခံဘုရားတွင် ထင်ရှားနေသည့် ဘုရား၏ သြဇာအာဏာနှင့် တန်ခိုး

၁ဘုရားသည် နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ကမ္ဘာပေါ်သို့ကြွလာပြီ နှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံသည်သူ၏လူ့ဇာတိအားဖြင့် နှုတ်ကပတ်တော်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

ရှာဖွေလိုသည့် အဓိက စကားလုံးများကို ရေးသွင်းပါ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
မာတိကာ
ဆက်တင်
စာအုပ်များ
ရှာဖွေမည်
ဗီဒီယိုများ