၄၀၂ စစ်မှန်တဲ့ ယုံကြည်ခြင်းရှိသူတို့သာ ဘုရားရဲ့ထောက်ခံမှု ရရှိနိုင်
၁
မောရှေ ကျောက်ဆောင်ကို ရိုက်ပြီး
ယေဟောဝါပေးတဲ့ ရေ စီးထွက်ခဲ့တာ
သူ့ရဲ့ယုံကြည်ခြင်းကြောင့်ပဲလေ
စိတ်နှလုံးရွှင်လန်းခြင်းအပြည့်နဲ့ ဒါဝိဒ်ဟာ
စောင်းကိုတီးရင်း ယေဟောဝါကို ချီးမွမ်းခဲ့တာ
ဒါ သူ့ရဲ့ယုံကြည်ခြင်းကြောင့်ပဲလေ
သူ့ရဲ့ယုံကြည်ခြင်းကြောင့်ပဲလေ
ယောဘသည် တောင်များပြည့်စေသော သူ့တိရိစ္ဆာန်တွေနှင့်
မရေတွက်နိုင်တဲ့ ကြွယ်ဝမှုများ ဆုံးရှုံး၍
သူ့ခန္ဓာကိုယ်၌ အနာစိမ်းတွေ ဖုံးခဲ့
သူ့ရဲ့ယုံကြည်ခြင်းကြောင့်ပဲလေ
ယေဟောဝါရဲ့အသံတော်တွေကို ကြားပြီး
ယေဟောဝါရဲ့ဘုန်းတော်ကို မြင်နိုင်တာ
သူ့ရဲ့ယုံကြည်ခြင်းကြောင့်ပဲလေ
၂
ယေရှုခရစ်နောက်သို့ ပေတရု လိုက်နိုင်တာ
သူ့ယုံကြည်ခြင်းကြောင့်ပဲလေ
ဘုရားအတွက် ကားတိုင်ပေါ် သံမှိုရိုက်ခြင်းခံပြီး
ကြီးမြတ်တဲ့ သက်သေ ခံနိုင်တာလည်း
ယုံကြည်ခြင်းကြောင့်ပဲလေ
ကြီးမြတ်တဲ့ လူသားပုံသဏ္ဌာန်ကို ယောဟန် မြင်ခဲ့တာ
သူ့ရဲ့ယုံကြည်ခြင်းကြောင့်ပဲလေ
နောက်ဆုံးသောကာလ ရူပါရုံ မြင်ခဲ့တာ
သူ့ရဲ့ ယုံကြည်ခြင်းကြောင့်ပဲလေ
အခြားတပါးအမျိုးသားဟု ခေါ်ဆိုသူ မြောက်မြားစွာတွေ
ဘုရားဗျာဒိတ်တော် ရရှိခဲ့ပြီး
ဘုရားဗျာဒိတ်တော် ရရှိခဲ့ပြီး
လူတို့အထဲ အမှုပြုဖို့ လူ့ဇာတိနဲ့ ကြွလာသည်ကို သိရတာလည်း
သူတို့ရဲ့ယုံကြည်ခြင်းကြောင့်ပဲလေ
သူတို့ယုံကြည်ခြင်းကြောင့်ပဲလေ
ဘုရားရဲ့ ကြမ်းတမ်းသော စကားများ ထိုးနက်လည်း
နှစ်သိမ့်ခြင်း ရရှိကာ ကယ်တင်ခံရသူအားလုံး
ယုံကြည်ခြင်းကြောင့်ပဲ မဟုတ်လား
အားလုံးယုံကြည်ခြင်းကြောင့်ပဲ မဟုတ်လား
ဘုရားရဲ့ ကြမ်းတမ်းသော စကားများ ထိုးနက်လည်း
နှစ်သိမ့်ခြင်း ရရှိကာ ကယ်တင်ခံရသူအားလုံး
ယုံကြည်ခြင်းကြောင့်ပဲ မဟုတ်လား
ယုံကြည်ခြင်းကြောင့်ပဲ မဟုတ်လား
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်