၆၃၆ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ရရှိပြီးသူမှာ သင်ဖြစ်သလောကျူး

၁ သင် လိုက်စားသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းပြီးသည့်နောက် သိမ်းပိုက်ခံရရန် ဖြစ်သလော သို့မဟုတ် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းပြီးသည့်နောက် သန့်ရှင်းစေခြင်းခံရရန်၊ ကွယ်ကာခြင်း ခံရရန်နှင့် စောင့်ရှောက်ခံရရန် ဖြစ်သလော။ ဤအရာများထဲမှ မည်သည့်အရာကို သင် လိုက်စားသနည်း။ သင်၏အသက်တာသည် အဓိပ္ပာယ်ရှိသော အသက်တာတစ်ခု ဖြစ်သလော သို့မဟုတ် ယင်းသည် အဓိပ္ပာယ်မဲ့ကာ တန်ဖိုးမရှိလေသလော။ သင်သည် ဇာတိပကတိကို လိုချင်သလော သို့မဟုတ် သမ္မာတရားကို လိုချင်သလော။ တရားစီရင်ခြင်းကို သင်ဆန္ဒ ရှိသလော သို့မဟုတ် သက်သောင့်သက်သာ ဖြစ်ခြင်းကို သင် ဆန္ဒရှိသလော။ ဘုရားသခင်၏အမှုကို အလွန်များစွာ တွေ့ကြုံပြီးသည့်နောက်၊ ပြီးလျှင် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ရှုမြင်ရပြီးသည့်နောက်၊ သင်သည် မည်သို့ လိုက်စားသင့်သနည်း။ ဤလမ်းကြောင်းကို သင်မည်သို့ လျှောက်လှမ်းသင့်သနည်း။ သင်၏ ဘုရားသခင်ကို ချစ်ခြင်းအား မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်အထဲ၌ သက်ရောက်မှု တစ်ခုတစ်လေ စွမ်းဆောင်ရရှိပြီးပြီလော။

၂ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်ဆိုင်သည့် အသိပညာ သင် ရှိခြင်း၊ မရှိခြင်းသည် သင်အသက်ရှင်နေထိုင်သည့်အရာနှင့် ဘုရားသခင်အား သင်ချစ်သည့် အတိုင်းအတာအပေါ် မှီတည်နေသည်။ သင့်နှုတ်ခမ်းများက ဘုရားသခင်အား ချစ်သည်ဟုဆိုသော်လည်း၊ သင် အသက်ရှင်နေထိုင်သည်မှာ အိုဟောင်းသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သည်။ သင်သည် အသိတရား ရှိဖို့မဆိုထားနှင့်၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းပင် မရှိပေ။ ထိုသို့သော လူများသည် ဘုရားသခင်ကို ချစ်သလော။ ထိုသို့သော လူများသည် ဘုရားသခင်ကို သစ္စာစောင့်သိသလော။ ၎င်းတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံသူများ ဟုတ်ပါသလော။ သင်က ဘုရားသခင်ကို ချစ်ကာ သူ့ကို ယုံကြည်ပါသည်ဟု ပြောသော်လည်း သင်၏ အယူအဆများကို သင် လက်မလွှတ်ပေ။ သင်၏ အလုပ်၊ ဝင်ရောက်မှု၊ သင်ပြောသောစကားများနှင့် သင့်အသက်တာထဲတွင်၊ ဘုရားသခင်အား သင်၏ချစ်ခြင်းနှင့်ဆိုင်သည့် သရုပ်သကန်များ မရှိသကဲ့သို့၊ ဘုရားသခင်ကို ရိုသေလေးမြတ်ခြင်း မရှိပေ။ ဤသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ရရှိပြီးသောသူ တစ်ဦးဖြစ်သလော။

၃ ဤကဲ့သို့သော တစ်စုံတစ်ဦးသည် ပေတရု ဖြစ်နိုင်မည်လော။ ပေတရုကဲ့သို့သော သူများသည် အသိပညာသာရှိပြီး အသက်ရှင်နေထိုင်ခြင်း မရှိသလော။ ပေတရုသည် ဆုတောင်းရုံသာ ဆုတောင်းပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့သလော။ သင်လိုက်စားမှုမှာ မည်သူ့အတွက်နည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအတွင်းတွင် သင်သည် ကွယ်ကာမှုနှင့် သန့်ရှင်းစေခြင်းတို့ကို မိမိကိုယ်ကိုယ် မည်သို့ ရရှိစေသင့်သနည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် လူသားအဖို့ အကျိုးမရှိပါသလော။ လူသည် တရားစီရင်ခြင်း အသက်တာ မရှိဘဲ၊ သာယာပြီး သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်တွင်နေထိုင်ပါက၊ သူသည် သန့်ရှင်းစေခြင်း ခံရနိုင်မည်လော။ လူသည် ပြောင်းလဲပြီး သန့်ရှင်းစေခြင်းခံရရန် ဆန္ဒရှိပါက၊ စုံလင်အောင်ပြုခြင်းကို သူ မည်သို့လက်ခံသင့်သနည်း။ ယနေ့ မည်သည့်လမ်းကြောင်းကို သင်ရွေးချယ်သင့်သနည်း။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၃၅ စာတန်၏လွှမ်းမိုးမှုကို ဖယ်ရှားရန် ဘုရား၏တရားစီရင်ခြင်းကို တွေ့ကြုံလော့

နောက်တစ်ခုသို့- ၆၃၇ ကမ္ဘာကြီးသည် သင်နားခိုရာနေရာလောကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇၄၉ ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

၁ယောဘဟာ သူလက်ထဲပိုင်သမျှသူ့ ကြိုးပမ်းမှုမဟုတ်ဘဲ ဘုရားပေးခဲ့တာကိုယုံခဲ့တယ်။ကောင်းချီးတွေကို အခွင့်ကောင်းယူစရာလို့ မမြင်ဘဲသူ လိုက်နာရမယ့်...

၈၈၉ ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်

၁ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ် ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

ရှာဖွေလိုသည့် အဓိက စကားလုံးများကို ရေးသွင်းပါ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
မာတိကာ
ဆက်တင်
စာအုပ်များ
ရှာဖွေမည်
ဗီဒီယိုများ