၆၃၅ စာတန်၏လွှမ်းမိုးမှုကို ဖယ်ရှားရန် ဘုရား၏တရားစီရင်ခြင်းကို တွေ့ကြုံလော့
၁
လူ့ဘ၀က စာတန် အုပ်စိုးမှုအောက် အသက်ရှင်
အားလုံးဟာ ဖောက်ပြန်ပျက်စီးမှုထဲ အသက်ရှင်
စာတန်ရဲ့စွမ်းအားမှ မိမိဘာသာ လွတ်မြောက်နိုင်သည့် လူ တစ်ဦးမျှမရှိ
အားလုံးဟာ အဓိပ္ပာယ်နှင့် တန်ဖိုးမရှိဘဲ၊ ဇာတိပကတိ၊ တပ်မက်ခြင်းနှင့်
စာတန်အတွက် အပူပင်မဲ့ ဘဝများ ရှင်သန်ရင်း
ညစ်ညူးသော လောကမှာ အသက်ရှင်ကြတာ။
စာတန်ထံမှလွတ်မြောက်စေသည့် သမ္မာတရားကို လူဟာ ရှာမတွေ့နိုင်
ဘုရားကို သူ ယုံကြည်ကာသမ္မာကျမ်းစာ ဖတ်သော်လည်း၊
ခေတ်ကာလများတစ်လျှောက်၊ လူအနည်းစုသာ
အဲဒီလျှို့ဝှက်ချက်ကို သဘောပေါက်ကြသည်၊
လူက စာတန်နှင့် ဇာတိပကတိကို မုန်းသော်လည်း၊
ကိုယ့်ကိုကိုယ် ထိုချုပ်နှောင်ခြင်းမှ မရုန်းထွက်နိုင်ပါ
လူဟာ စာတန်ရဲ့ ထောင်ချောက်မှာ မိနေဆဲ
သင်ဟာ စုံလင်စေခြင်းခံရဖို့ ဆန္ဒရှိရင်၊ ဘုရားသခင်ရဲ့အမှုနှင့်
လူအပေါ် သူ့တရားစီရင်ခြင်း အရေးပါမှုကို နားလည်ရမှာပါ
ဘုရား ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း သင် လက်ခံနိုင်စွမ်းရှိသလား။
သင်ဟာ ပေတရုရဲ့ အသိနှင့် အတွေ့အကြုံတို့ကို စွမ်းဆောင်ရရှိနိုင်သလား။
တကယ်လို့ သင်ဟာ ဘုရားနှင့် သန့်ရှင်းသော
ဝိညာဉ်တော်ရဲ့အလုပ်ကို သိဖို့ လိုက်စားရင်၊
သင့် စိတ်သဘောထားကို ပြောင်းလဲဖို့ ကြိုးစားရင်
စုံလင်ခြင်းခံရဖို့ သင့်မှာ အခွင့်အရေးရှိပေတာ။
၂
တကယ်လို့ လူဟာ သန့်စင်ခြင်း မခံရရင်၊ သူဟာ အညစ်အ ကြေးပါ။
တကယ်လို့ သူဟာ ဘုရားရဲ့ ကွယ်ကာပေးမှုအောက်၌ မနေရင်
သူဟာ စာတန်ရဲ့ အကျဉ်းသားပါ
တကယ်လို့ သူဟာ ပြစ်တင်ဆုံးမခဲ့ခြင်းနှင့် စီရင်ခြင်းမခံရရင်၊
သူဟာ စာတန်ရဲ့ စိုးမိုးခြယ်လှယ်ခြင်းမှ မလွတ်နိုင်ပါ။
ဘုရား ကွယ်ကာမှုကို လူလိုအပ်တာ
သင့်စိတ်နှင့် အတွေးများ သန့်ရှင်းစေခြင်းမခံရသေးရင်
အဲဒါတွေကို စာတန်ရဲ့လက်များက ထိန်းချုပ်ထားတာ
တကယ်လို့ သင့်စိတ်နှင့် အတွေးများ သန့်ရှင်းစေခြင်းမခံရသေးရင်
စိတ်နေသဘောထားမှာ တရားစီရင်ခြင်းမခံရရင်
သင့်ဖြစ်တည်မှုတစ်ခုလုံး စာတန်ရဲ့ ခြယ်လှယ်မှုကို ခံရမှာပါ။
သင်ဟာ စုံလင်စေခြင်းခံရဖို့ ဆန္ဒရှိရင်၊ ဘုရားသခင်ရဲ့အမှုနှင့်
လူအပေါ် သူ့တရားစီရင်ခြင်း အရေးပါမှုကို နားလည်ရမှာပါ
ဘုရားရဲ့ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း သင် လက်ခံနိုင်စွမ်းရှိသလား။
သင်ဟာ ပေတရုရဲ့ အသိနှင့် အတွေ့အကြုံတို့ကို စွမ်းဆောင်ရရှိနိုင်သလား။
တကယ်လို့ သင်ဟာ ဘုရားနှင့် သန့်ရှင်းသော
ဝိညာဉ်တော်ရဲ့အလုပ်ကို သိဖို့ လိုက်စားရင်၊
သင့် စိတ်သဘောထားကို ပြောင်းလဲဖို့ ကြိုးစားရင်
စုံလင်ခြင်းခံရဖို့ သင့်မှာ အခွင့်အရေးရှိပေတာ။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်