၈၅၁ လူအပေါ် ဘုရားအချစ် ကြီးမြတ်တော်မူ
၁
သမ္မာကျမ်းစာထဲက ဖော်ပြချက် “အာဒံသို့ ဘုရား၏ပညတ်”
စိတ်လှုပ်ရှား ကြည်နူးဖွယ်လည်းဖြစ်ပေ
ဖော်ပြရေးသားချက်တွင် ပါဝင်တဲ့ လူနဲ့ဘုရားတို့ရဲ့
အလွန်ပြေပြစ်နက်ရှိုင်းလွန်းတဲ့ ဤနှစ်ကိုယ်ကြား ဆက်ဆံရေးတို့လည်း
လေးစားအံ့ဖွယ် ကျွန်ုပ်တို့စတင်ခံစားစေတယ်...
၂
ဘုရား၏ပြည့်လျှံသောအချစ်ကို လူအား အခမဲ့ပေးအပ်
ကိုယ်တော့်မေတ္တာတော်ဖြင့် ရစ်ပတ်
လူသည် အပြစ်နဲ့ လုံးဝကင်းစင် ပူပင်ကြောင့်ကြမှုမရှိ စိုးရိမ်စိတ်မရှိ
ချမ်းမြေ့စွာအသက်ရှင်သည် ဘုရားရှေ့တွင်
လူကိုစောင့်ရှောက်ထားပြီး သူ့အတောင်တော်အောက်တွင် နေစေ
အို...လူတွေရဲ့ ပြောဆိုသမျှ ပြုလေသမျှ
ဘုရားနှင့်ပေါင်းစပ်နွယ် ခွဲခြားမရ...
၃
လူသားအား ဘုရား ဖန်ဆင်းချိန် အစဦး၌ လူသားအား
ဘုရားရှင် ကွယ်ကာစောင့်ရှောက် အတောင်တော်ရိပ်ရဲ့အောက်၌
ဘယ်လိုတာဝန်ယူစောင့်ရှောက်ခဲ့သလဲ
ကွယ်ကာလို့ စောင့်ကြည့်ပေးတယ် လူအပေါ်ဘုရား၏လုပ်ရပ်
လူတွေ ကိုးစားယုံကြည်ပြီး သူ့စကားအား နာခံဖို့ ဘုရားမျှော်လင့်
ဒီအရာတွေဟာ ဘုရားက လူအား တောင်းတဲ့ ပထမဦးဆုံးအရာ...
၎
ထိုသို့မျှော်လင့်ချက်နဲ့ ဤသို့မိန့်မြွက်ခဲ့သည့်စကား
ဥယျာဉ်ထဲ၌ ရှိသမျှအပင်သီးကို သင်တို့စိတ်ကြိုက်စားနိုင်သည်
သို့သော် ကောင်းမကောင်းသိကျွမ်းရာအသီးကို
အဆိုးနဲ့အကောင်းကို သိကျွမ်းမယ့်အသီးကို သင်သည် လုံးဝမစားရ
ထိုသို့ စားသောနေ့မှာပင် သင်သည် အမှန်ပင်သေလိမ့်မည်
ဤစကားတို့က ဘုရား၏အလိုဆောင်စကား
လူအတွက် သူ့ရဲ့နှလုံးသားမှာ အပူအပင်ရှိကြောင်း သိမြင်စေ
၅
ဤစကားတို့၌ ဘုရားရှင်၏စိတ်ကို ကျွန်ုပ်တို့တွေ့မြင်
သူ့စိတ်အတွင်း ချစ်၍ ဂရုစိုက်မှုနှင့် စိုးရိမ်မှုများ ရှိပါ့မလား
ဘုရား၏ချစ်ခြင်းနှင့် ဂရုစိုက်မှုသည် သိမြင်ခံစားနိုင်သောအရာ
သင် စာနာစိတ်နဲ့အသိတရား ရှိသူဖြစ်နေလျှင်
သင်သည် နွေးထွေးတဲ့အချစ်နှင့် ဂရုစိုက်မှုခံစား မင်္ဂလာကောင်းချီးများခံစား
၆
ဤအရာတွေကို သင်သိသည့်အချိန်၌
ဘုရားမြတ်ပေါ် ဘယ်လိုပြုမူမည်နည်း
သူ့အား ဖက်တွယ်မှာလား
သင်၏ လေးစားသမှုအချစ်နဲ့ သင့်နှလုံးသားထဲက
ပေါက်ဖွားလာသော လေးစားသမှုတွေနဲ့
သင်သည် သူနှင့်နီးစပ်မည်လား
ဤအချက်ကြောင့် ကျွန်ုပ်မြင်
ဘယ်မျှကြီးမြတ် ဘုရားအချစ်က လူသားအပေါ်
ထိုအရေးကြီးဆုံးအရာထက် ပိုအရေးကြီးတာ
လူတွေ ဘုရား၏အချစ်ကို ခံစားသိရှိရနိုင်ခြင်းပင်
“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်