၈၈၀ ဒဏ်ချက်များနဲ့ လူသားကို ဘုရားသခင် ချစ်တော်မူ
၁
လူ့ဇာတိခံယူသော ဘုရားမှာ ဝေဖန်ရှုတ်ချကာ ပြက်ရယ်ပြုခြင်းခံရ။
နတ်ဆိုးများ၏ လိုက်ဖမ်းခြင်းခံရ။
သူ့ကို ဘာသာရေးလောကက ငြင်းပယ်။
သူ့စိတ်ဒဏ်ရာကို မည်သူမျှ မဖာ ထေး ပေးနိုင်။
လူတို့၏ ရက်စက်သော ခုခံခြင်း၊
အပြစ်ရှာပုတ်ခတ်ခြင်းနှင့် မှားယွင်းသောအပြစ်ဖို့ခြင်းများ
ဘုရား၏ လူ့ဇာတိကို ကြီးစွာသော ဘေးများ ရင်ဆိုင်ရစေ။
သူ့စိတ်ဒဏ်ရာကို အဘယ်သူ နားလည်ကာ သက်သာစေနိုင်သနည်း။
ဖောက်ပြန် သော လူသားကို သည်းခံခြင်းဖြင့် ဘုရားကယ်တင်
ဒဏ်ချက်များနဲ့ လူသားကို ဘုရား ချစ်ခင်။
စိတ်မချမ်းမြေ့ရဆုံး၊ စိတ်မချမ်းမြေ့ရဆုံး အမှုပါပေ။
လူ့ဇာတိ၌ ဘုရားရဲ့အမှုတော်စတင်ချိန်မှစ
ချစ်မေတ္တာသာ ထုတ်ဖော်ပြခဲ့။
လူသားကို သူ၌ရှိသမျှ ပုံပေးအပ်။
အမှုတော်ဂုဏ်ဒြပ်မှာ ချစ်မေတ္တာပင်။
၂
သုံးဆယ့်သုံးနှစ်ခွဲကြာ
ကမ္ဘာမြေပေါ် ယေရှုအသက်ရှင်ခဲ့၊ ကားစင်တင်ခံ၊
ပြန်ထမြောက်ကာ လူတို့ကို ရက်လေးဆယ် ထင်ရှားပြချိန်ထိ ဒုက္ခနဲ့ မကင်းခဲ့ပြီ
လူတို့နှင့် နေရသည့် ခဲယဉ်းသောနှစ်ကာလ ကုန်ဆုံးသွားလည်း
ဘုရားရဲ့ စိတ်နှလုံးရင်မှာ နာကျင်မှု ခံစားရဆဲ
လူ့လမ်းဆုံးကို ပူပန်ရဆဲ။
ဘယ်သူမသိ မခံစားနိုင်သော စိတ်ဒုက္ခပေ။
လူ့ဇာတိ၌ ဘုရားရဲ့အမှုတော်စတင်ချိန်မှစ
ချစ်မေတ္တာသာ ထုတ်ဖော်ပြခဲ့။
လူသားကို သူ၌ရှိသမျှ ပုံပေးအပ်။
အမှုတော်ဂုဏ်ဒြပ်မှာ ချစ်မေတ္တာပင်။
လူ့ဇာတိ၌ ဘုရားရဲ့အမှုတော်စတင်ချိန်မှစ
ချစ်မေတ္တာသာ ထုတ်ဖော်ပြခဲ့။
လူသားကို သူ၌ရှိသမျှ ပုံပေးအပ်။
အမှုတော်ဂုဏ်ဒြပ်မှာ ချစ်မေတ္တာပင်။
ချစ်မေတ္တာပင်။ ချစ်မေတ္တာပင်။
“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ခရစ်တော်၏ အနှစ်သာရသည် ချစ်ခြင်းမေတ္တာတည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်