၈၉၂ ဘုရားကယ်တင်မည့်သူတို့သည် သူ့နှလုံးသားထဲတွင် အရေးပါဆုံး
၁
အရေးပါလှသည့်ဘုရားသခင်၏ ကယ်နုတ်ခြင်း အမှုတော်
ဘုရားအတွက် အရာအားလုံးထက် ပိုမိုအဖိုးတန်လှ။
အတွေးနှင့်အပြော သက်သက်မဟုတ်၊ ရည်ရွယ်ချက်ရှိရှိ စီစဉ်ထား
လူသားတိုင်းအတွက် အရာရာ ဖြည့်ဆည်းပေးနေ။
ဘုရားသခင်၏ ကယ်နုတ်ခြင်း အမှုတော်
သူနှင့် လူသားတိုင်းအတွက် အရေးပါလှပေ၏
ဘုရား အလုပ်များ များလှပေစွ၊
အားသွန်ခွန်စိုက် ဆောင်ရွက်ပေး လျက်နေ
ဘုရားသခင်သည် သူ၏အမှုတော်ကို စီမံခန့်ခွဲပြီး၊
လူသားတိုင်းနှင့် အရာအားလုံးကို အုပ်စိုးလျက်ရှိ
ဤအရာသည် တစ်ခါ မှ မကြုံဖူးပေ၊
သူပေးရသောအဖိုးအခ ကြီးမားလှပေစွ။
ဘုရားသခင်သည် သူ၏အမှုတော်မြတ်တရား၌ လူသားတို့အား
အရာအားလုံးနှင့် ဖြစ်ခြင်း၊ ပေးဆပ်မှု၊ ဉာဏ်ပညာ၊ သူ၏ တန်ခိုး၊
စိတ်သဘောထား အလုံးစုံ တို့ ကိုတစ်ခုပြီး တစ်ခု ဖော်ပြလျက်ရှိ
၂
စကြာဝဠာအတွင်း၌
သူစီမံဆောင်ရွက်ပြီး ကယ်တင်ရန် ရည်ရွယ်ထားသူမှအပ
ဘယ်လို ဖန်ဆင်းခြင်းခံသတ္တဝါမှ ဘုရားနှင့်နီးကပ်ကာ
အကျွမ်းတဝင် ရင်းနှီးမှု ဘယ်တုန်းမှ မရှိခဲ့ဖူး
မည်မျှပင် ခက်ခဲကြမ်းတမ်းပြီး အနှောင့်အယှက်ရှိပါစေ။
လူသားများ မည်မျှ ဆိုးသွမ်းနေပါစေ၊
ဘယ်အရာမှ ဘုရားကို မတားဆီးနိုင်၊ သူ့အတွက် က မခက်ခဲ။
နောင်တ မရ၊ မညည်းညူစွာ၊
မမောမပန်း ဘုရားသခင် ဆောင်ရွက်နေဆဲ
သူ၏နှုတ်ကပတ်တော်ဖြင့် လူတွေကို
တစ်နေ့လှုံ့ဆော်နိုင်မည် ဖြစ်ကြောင်း သိရှိထားပြီး
လူတို့သည် သူ့ခေါ်သံကြောင့် နိုးထလာမည်
သူသည်ဖန်ဆင်းရှင်သခင်အဖြစ် အသိမှတ်ပြုပြီး
အထံတော်သို့ ပြန်လှည့်လာကြမည်
သူသည်ဖန်ဆင်းရှင်သခင်အဖြစ် အသိမှတ်ပြုပြီး ပြန်လှည့်လာကြမည်
“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်