၈၉၇ ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်
၁
ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ်
သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊
ကယ်တင်နိုင်သမျှသောသူတို့အား ကယ်တင်တော်မူသည်။
မည်သူကိုမျှပစ်ပယ်မည်မဟုတ်ပေ။
သို့သော် မိမိစိတ်သဘောထားကို ပြောင်းလဲနိုင်စွမ်းမရှိသောသူများ
သို့မဟုတ် ဘုရားသခင်အား အကြွင်းမဲ့မနာခံနိုင်သောသူများမှာ
ဒဏ်ခတ်ခြင်းခံကြရမည်။
နှုတ်ကပတ်တော်၏ လွှမ်းမိုးမှုကို လက်ခံသောသူများအားလုံး
ကယ်တင်ခြင်းအခွင့်လမ်းများစွာရရှိကြမည်။
ဘုရားသခင်၏ ကယ်တင်ခြင်းက သူ၏အဆုံးစွန်
ညှာတာထောက်ထားခြင်း၊ သည်းခံခြင်းတို့ကို ဖော်ပြမည်။
လူတို့သည်လမ်းမှားမှပြန်လည့်လာလျှင်၊
နောင်တရလျှင်၊ ဘုရားသည်ကယ်တင်ခြင်းရဖို့ အခွင့်ပေးတော်မူမည်။
၂
နှုတ်ကပတ်တော်လုပ်ဆောင်မှုအဆင့်သည်
လူတို့နားမလည်နိုင်သော လမ်းခရီးများနှင့်
နက်နဲသောအရာများအား လမ်းဖွင့်ပြသည်။
ဤအရာက လူတို့အား ဘုရားသခင်၏အလိုတော်နှင့် ဘုရား၏
လူတို့ထံမှ တောင်းဆိုမှုများကို နားလည်သဘောပေါက်စေသည်။
သို့ဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို
လက်တွေ့ကျင့်သုံးလုပ်ဆောင်နိုင်ကာ
သူတို့၏စိတ်နေသဘောထားလည်း ပြောင်းလဲနိုင်မည်ဖြစ်သည်။
နှုတ်ကပတ်တော်၏ လွှမ်းမိုးမှုကို လက်ခံသောသူများအားလုံး
ကယ်တင်ခြင်းအခွင့်လမ်းများစွာရရှိကြမည်။
ဘုရားသခင်၏ ကယ်တင်ခြင်းက သူ၏အဆုံးစွန်
ညှာတာထောက်ထားခြင်း၊ သည်းခံခြင်းတို့ကို ဖော်ပြမည်။
လူတို့သည်လမ်းမှားမှပြန်လည့်လာလျှင်၊
နောင်တရလျှင်၊ ဘုရားသည်ကယ်တင်ခြင်းရဖို့ အခွင့်ပေးတော်မူမည်။
၃
ဘုရားသခင် သည် နှုတ်ကပတ်တော်ကို အသုံးပြုကာ
သူ၏ အမှုတော်ကိုလုပ်ဆောင်သည်။
ယခုကာလသည်ကယ်တင်ရာနေ့ရက်ဖြစ်
သောကြောင့် သူ့အားပုန်ကန် သူများကို ပြစ်ဒဏ်ပေးတော်မမူ
ပုန်ကန်သူများအားလုံးကို ဒဏ်ခတ်လျှင်၊
မည်သူမျှကယ်တင်ခြင်းရမည်မဟုတ်
အားလုံးဒဏ်ခတ်ခြင်းခံပြီး ငရဲကျမည်
ဘုရား စကားအားဖြင့်ကိုယ့်ကိုနားလည်ရန်နှင့်
ဘုရားကိုနာခံတတ်ဖို့ ဖြစ်ပြီး ပြစ်ဒဏ်ခတ်ဖို့မဟုတ်ပါ။
နှုတ်ကပတ်တော်၏လွှမ်းမိုးမှုကို လက်ခံသောသူများအားလုံး
ကယ်တင်ခြင်းအခွင့်လမ်းများစွာရရှိကြမည်။
ဘုရားသခင်၏ ကယ်တင်ခြင်းက သူ၏အဆုံးစွန်
ညှာတာထောက်ထားခြင်း၊ သည်းခံခြင်းတို့ကို ဖော်ပြမည်။
လူတို့သည်လမ်းမှားမှပြန်လည့်လာလျှင်၊
နောင်တရလျှင်၊ ဘုရားသည်ကယ်တင်ခြင်းရဖို့ အခွင့်ပေးတော်မူမည်။
၎
ကနဦးတွင် ဘုရားအား လူတို့ပုန်ကန်သောအခါ
သူတို့ကို သေခြင်းရောက် ဖို့အလိုမရှိ
သူတို့ကို ကယ်တင်ဖို့ သူတတ်နိုင်သလောက်လုပ် ပေးသည်။
ဘုရားသခင်သည် ကယ်တင်ခြင်းမျှော်လင့်ချက်မရှိသူတို့ကို ပယ်ရှားမည်။
လူသားအားလုံးကယ်တင်လိုသော
ဘုရားသခင်ဖြစ်တော်မူသည့်အတိုင်း
ဒဏ်ခတ်ရန်လက်နှေးတော်မူသည်။
နှုတ်ကပတ်တော်၏လွှမ်းမိုးမှုကို လက်ခံသောသူများအားလုံး
ကယ်တင်ခြင်းအခွင့်လမ်းများစွာရရှိကြမည်။
ဘုရားသခင်၏ ကယ်တင်ခြင်းက သူ၏အဆုံးစွန်
ညှာတာထောက်ထားခြင်း၊ သည်းခံခြင်းတို့ကို ဖော်ပြမည်။
လူတို့သည်လမ်းမှားမှပြန် လှည့်လာလျှင်၊
နောင်တရလျှင်၊ ဘုရားသည်ကယ်တင်ခြင်းရဖို့ အခွင့်ပေးတော်မူမည်။
နှုတ်တော်ထွက်စကားဖြင့်သာ တရားစီရင်၊
အသိဉာဏ်ပွင့်လင်းစေပြီး လမ်းပြပဲ့ပြင်
သူတို့အားရိုက်နှက်တော်မူခြင်းမပြုပေ။
နှုတ်တော်ထွက်စကားအားဖြင့် ကယ်တင်ခြင်းသည်
နောက်ဆုံးအဆင့်ပြုသောအမှု၏ရည်ရွယ်ချက်နှင့် အနက်ဓိပ္ပာယ်ဖြစ်သည်။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်