၉၁၁ ဖန်ဆင်းရှင်၏သြဇာအာဏာသည် မပြောင်းလဲပေ
၁
ဘုရားသည် ကြီးမားတဲ့တန်ခိုးပိုင်ဆိုင်သော်လည်း
သူ၌ မူများရှိပြီး၊ ခရေစေ့တွင်းကျကာ ကတိတည်ပေတာ။
ဤအရာသည် ဖန်ဆင်းရှင်အား ပြစ်မှား၍မရ၊
သူ၏အာဏာအား ကျော်လွန်၍မရကြောင်း ပြသ၏
အရာအားလုံးသူ့လက်အောက်၌ရှိကာ
သူ့တန်ခိုးတော်သည် အမြင့်ဆုံးဖြစ်တာ
အရာအားလုံးအပေါ်သူအုပ်စိုးသော်လည်း
သူ့အစီအစဉ်အား ဘယ်တော့မှမထိခိုက်
သူ့တန်ခိုးတော်သူပြသည့်အခါ သူ၏မူများနှင့်ကိုက်ညီပြီး
သူ့အစီအစဉ်ကို သူပြောသည့်အတိုင်း လုပ်ဆောင်
ကောင်းကင်၊ မြေကြီးပြောင်းလဲကာ
အရာအားလုံးအဆုံးသတ်နိုင်သော်လည်း
သူ၏သြဇာသည် တည်ပြီး ပျောက်ကွယ်မည်မဟုတ်
ဤအရာသည် ဘုရားသြဇာ၏ စစ်မှန်သောအနှစ်သာရပဲ
ဘုရားသြဇာသည် စော်ကားမခံ၊ ပြောင်းလဲမှုမရှိ
၂
အရာအားလုံး ဘုရားအုပ်စိုးပေ
သူ့စည်းမျဉ်းကို သူတို့လိုက်နာကြ၏
သူ့စည်းမျဉ်းများဖြင့် သူ၏တန်ခိုးတော်ကို အသုံးချ။
ထို့ကြောင့် မည်သူမှ ဖန်ဆင်းရှင်၏အစီစဉ်မှ မလွတ်ကင်းပါ
သူ့မူအား မည်သည့်လူသား၊ ဘယ်အရာကမှ မပြောင်းလဲနိုင်။
ထိုမူဖြင့် သူ့သြဇာအာဏာစိုးစံ
ကောင်းကင်၊ မြေကြီးပြောင်းလဲကာ
အရာအားလုံးအဆုံးသတ်နိုင်သော်လည်း
သူ၏သြဇာသည်တည်ပြီး ပျောက်ကွယ်မည်မဟုတ်
ဤအရာသည် ဘုရားသြဇာ၏ စစ်မှန်သောအနှစ်သာရပဲ
ဘုရားသြဇာသည် စော်ကားမခံ၊ ပြောင်းလဲမှုမရှိ
၃
ဘုရား၏အခွင့်အာဏာဖြင့်
မင်္ဂလာရှိသူထံ ကြွယ်ဝမှုကျရောက်
၎င်းတို့အား ဘုရားသခင် ကျရောက်စေ
ကျိန်ခြင်းခံရသူများ ပြစ်ဒဏ်ခံရ။
ဘုရား၏အခွင့်အာဏာမှ ဘယ်သူမှမလွတ်ကင်းနိုင်
အာဏာစွဲကိုင်ရာ ဥပဒေသများကိုလည်း မပြောင်းလဲနိုင်
အပြောင်းအလဲကြောင့်
ဘုရား၏သြဇာအာဏာသည် မပြောင်းလဲ။
ဘယ်အရာ ထိုသြဇာအသုံးချပုံကို မပြောင်းလဲစေနိုင်။
ကောင်းကင်၊ မြေကြီးပြောင်းလဲကာ
အရာအားလုံးအဆုံးသတ်နိုင်သော်လည်း
သူ၏သြဇာသည်တည်ပြီး ပျောက်ကွယ်မည်မဟုတ်
ဤအရာသည် ဘုရားသြဇာ၏ စစ်မှန်သောအနှစ်သာရပဲ
ဘုရားသြဇာသည် စော်ကားမခံ၊ ပြောင်းလဲမှုမရှိ
ဖန်ဆင်းရှင်သည် ဤမျှလောက်ထူးခြားပေ
“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်