၉၅၀ ဘုရား၏သဘောသဘာဝ ဂုဏ်အသရေနှင့်ပြည့်ဝနေ၏
၁
ချစ်ခြင်းမေတ္တာသည် ဘုရားသဘောသဘာဝ၏ အစိတ်အပိုင်းဖြစ်၏၊
ကရုဏာတော် လူသားတိုင်းအပေါ် သက်ရောက်
သို့သော် ဘုရားသဘောသဘာဝသည်
ဂုဏ်အသရေလည်း ဖြစ်ကြောင်း လူတို့မေ့လျော့နေကြ၊
ဘုရား၏ချစ်ခြင်းမေတ္တာသည်
မည်သည့်ခံစားချက်၊ တုံ့ပြန်မှုမရှိဘဲ
ဆန့်ကျင်စော်ကားခံနိုင်ရန် မဟုတ်
လူ့စိတ်ကူးစိတ်သန်းများဖြင့် ဘုရားကို ကန့်သတ်၍ မမြင်နဲ့၊
သင့်စိတ်အလိုတိုင်းလည်း ပုံမသွင်းပါနဲ့၊
ဘုရားသည် လူနှင့် ဆက်ဆံပြုမူ ရာတွင် သူ့ကို လူတို့၏အတွေးနှင့်
အမူအကျင့်အတိုင်း တွေးတောပြုမူရန် မမျှော်လင့်ပါနဲ့
ထိုသို့ပြုလျှင် ဘုရားကို ဒေါသဖြစ်စေကာ၊
အမျက်တော်ကို နှိုးဆွနေပေလိမ့်မည်။
ဘုရား၏ဂုဏ်အသရေကို ထိပါးနေပေလိမ့်မည်
၂
ဘုရားသခင် သည် လူနှင့် ဆက်ဆံရာတွင်
ကရုဏာတော်ကြောင့် မူစည်းမျဉ်းများ မထားရှိဟု မထင်နှင့်၊
ဘုရားသခင် အသက်ရှင်သည်၊
ဟုတ်သည်၊ သူ အမှန်ပင် တည်ရှိ၊
သူဟာ ရုပ်သေးရုပ် မဟုတ်ဘူး၊တခြားအရာလည်း မဟုတ်ဘူး
ဘုရားရှိနေသည့်အတွက် တို့တွေ သူ၏
နှလုံးသားအသံကို နားစွင့်ရမည်၊
သူ့စိတ်သဘောကို သတိမူလို့၊
သူ့စိတ်ခံစားချက်များကို နားလည်ရမည်၊
လူ့စိတ်ကူးစိတ်သန်းများဖြင့် ဘုရားကို ကန့်သတ်၍ မမြင်နဲ့၊
သင့်စိတ်အလိုတိုင်းလည်း ပုံမသွင်းပါနဲ့၊
ဘုရားသည် လူနှင့် ဆက်ဆံ ပြုမူရာတွင် သူ့ကို လူတို့၏အတွေးနှင့်
အမူအကျင့်အတိုင်း တွေးတောပြုမူရန် မမျှော်လင့်ပါနဲ့၊
ထိုသို့ပြုလျှင် ဘုရား ကို ဒေါသဖြစ်စေကာ၊
အမျက်တော်ကို နှိုးဆွနေပေလိမ့်မည်၊
ဘုရား၏ဂုဏ်အသရေကို ထိပါးနေပေလိမ့်မည်၊
“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်