၁၀၁၇ လူသားအပေါ် ထားသော ဘုရား၏နောက်ဆုံးကတိတော်
၁
လောကမှာ စစ်မှန်တဲ့ဘဝ လူသားများ ရရှိပိုင်ဆိုင်ချိန်
စာတန်၏တန်ခိုးရှိသမျှသည် ထိန်းချုပ်ခံရသည်
လူဟာ ကမ္ဘာမြေပေါ် ငြိမ်းအေးစွာ အသက်ရှင်လိမ့်မည်
ခက်ခဲရှုပ်ထွေးမှုများ ရှိလိမ့်မည်မဟုတ်
ယခုတွင် လူမှုဆက်ဆံရေး၊ ပြဿနာများသည်
စိတ်ဝေဒနာများပေးသော်လည်း
လူကို လုံးလုံး ရယူပြီးသောအခါ
သူ၏စိတ်နှလုံးသား ပြောင်းလဲလိမ့်မည်
လူကို လုံးလုံး ရယူပြီးသောအခါ
သူ၏စိတ်နှလုံးသား ပြောင်းလဲလိမ့်မည်
လူသည် ဘုရားကို ချစ်ကြောက်သော နှလုံးသား ရှိလာမည်
ဘုရားကို ချစ် မြတ်နိုးသောနှလုံးသားကို ပိုင်ဆိုင်လာမည်
၂
ဘုရားကို ကြိုးစား၍ချစ်ကြသော
စကြဝဠာတွင်းရှိ လူများကို ရယူကယ်တင်ပြီး
စာတန်သည် ကျရှုံးကာ
မှောင်မိုက်၏တန်ခိုးများ ထိန်းချုပ်ပြီးသည်နှင့်
လောကသားများ၏ဘဝအသက်တာ အေးချမ်းလိမ့်မည်
ဇာတိစိတ်၏ရှုပ်ထွေးမှုများမရှိဘဲ
မြေကြီးပေါ် လွတ်လပ်စွာ အသက်ရှင်လိမ့်မည်
လူသားတွင် ဇာတိစိတ်နှင့်ရှုပ်ထွေးသောဆက်နွယ်မှုများ ရှိခြင်းသည်
သူသည် စာတန်၏အုပ်စိုးမှုနဲ့ မကင်းလွှတ်သေးကြောင်း သက်သေဖြစ်သည်
လူကို လုံးလုံး ရယူပြီးသောအခါ
သူ၏စိတ်နှလုံးသား ပြောင်းလဲလိမ့်မည်
လူသည် ဘုရားကို ချစ်ကြောက်သော နှလုံးသား ရှိလာမည်
ဘုရားကို ချစ် မြတ်နိုးသောနှလုံးသားကို ပိုင်ဆိုင်လာမည်
၃
ကိုယ့်မိသားစု၊ ယုံကြည်သူမိတ်ဆွေများနှင့်အလားတူ ဆက်နွယ်မှုရှိပါက
ပူပန်စရာမလိုပါ
သင့်ဒုက္ခအခက်အခဲများ တစ်ဝက် လျော့သွားလိမ့်မည်
လူသည် ပုံမှန်လူ့ဘဝ၌ အသက်ရှင်လိမ့်မည်
အသွေးအသားဖြင့်နေရသော်လည်း
ကောင်းကင်တံမန်ကဲ့သို့ဖြစ်လိမ့်မည်
ထိုအချက်သည် ဘုရား လူသားအပေါ် ထားသော
နောက်ဆုံးကတိတော် နောက်ဆုံးကတိတော် ဖြစ်သည်
လူကို လုံးလုံး ရယူပြီးသောအခါ
သူ၏စိတ်နှလုံးသား ပြောင်းလဲလိမ့်မည်
လူသည် ဘုရားကို ချစ်ကြောက်သော နှလုံးသား ရှိလာမည်
ဘုရားကို ချစ် မြတ်နိုးသောနှလုံးသားကို ပိုင်ဆိုင်လာမည်
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်