ဘုရားရဲ့ အမှုတော်ကို နာခံရန် ကျွန်ုပ် ဆန္ဒရှိသည်
၁
အိုး ဘုရားသခင် ကျွန်ုပ်၌ သခင့်အမှုတော်လုပ်ဆောင်ပါ
ကျွန်ုပ်အား တရားစီရင်၊သန့်စင်ကာ ပြောင်းလဲစေပါ
သို့မှသာ အရာရာ၌ သခင့်ဆန္ဒတွေသိ၍ နာခံနိုင်မည်
ကျွန်ုပ်အား ကယ်တင်ရာတွင် ကြီးမြတ်သော သခင့်မေတ္တာနှင့် ဆန္ဒပါရှိသည်
ကျွန်ုပ်သည် ပုန်ကန်တတ်ပြီး ဖောက်ပြန်သော်လည်း၊
ကျွန်ုပ်တွင် သစ္စာမဲ့သောသဘောရှိသော်လည်း
လူသားကို ကယ်တင်ရန် သခင့်ဆန္ဒကို ကျွန်ုပ် ယနေ့ နားလည်ပါပြီ
ကျွန်ုပ်တွင် လိုအပ်နေသည်များကို ဖြည့်ဆည်းပေးဖို့ သခင့်အား တောင်းဆိုပါသည်
သို့မှသာ ဘာစုံစမ်းခြင်းပဲ ကြုံကြုံ
ဘယ်လောက်ခံစားရပါ စေ သခင့်ဆန္ဒကို ကျွန်ုပ် နားလည်လာမည်
ပုန်ကန်ကာ စောဒကတက်တော့မည်မဟုတ်၊ သခင့်အား ကျေနပ်စေပါမည်
ကျွန်ုပ် လုံးလုံးနာခံပါမည်၊ လုံးလုံးနာခံပါမည်
၂
အိုး ဘုရားသခင်၊ ကျွန်ုပ်အား
ပတ်ဝန်းကျင်တွေ၊ စုံစမ်းခြင်း၊ ဒုက္ခဝေဒနာတွေ ပို၍ပေးစေပါ
ကျွန်ုပ်နာကျင်ရသောအချိန် သခင့်လက်အား ကိုင်ဆွဲခွင့် ပြုပါ
သောကတွေအလယ် သခင့်လုပ်ဆောင်မှုတွေ မြင်စေပါ
ကျွန်ုပ်တွင် လိုအပ်နေသည်များကို ဖြည့်ဆည်းပေးဖို့ သခင့်အား တောင်းဆိုပါသည်
သို့မှသာ စုံစမ်းခြင်းကို ကြုံကြုံ
ဘယ်လိုခံစားရရ သခင့်ဆန္ဒကို ကျွန်ုပ် နားလည်လာမည်
ပုန်ကန်ကာ စောဒကတက်တော့မည်မဟုတ်၊ သခင့်အား ကျေနပ်စေပါမည်
ကျွန်ုပ် လုံးလုံးနာခံပါမည်၊ လုံးလုံးနာခံပါမည်
၃
ကျွန်ုပ်အား များစွာသော စုံစမ်းခြင်းကိုပေးသော်လည်း အဲဒါ သခင့်အချစ်ဆိုတာ ကျွန်ုပ်သိသည်
ကျွန်ုပ်အား လွန်စွာဆုံးမပြုပြင်သော်လည်း အဲဒါ သခင့်အချစ်ဆိုတာ ကျွန်ုပ်သိသည်