၂၀၈ ဘုရားသခင်၏ တရားစီရင်ခြင်းက ကောင်းချီးမင်္ဂလာတစ်ပါးပေ

၁ အို ဘုရားသခင်။ ကိုယ်တော်၏ မေတ္တာကို ထုတ်ဖော်ပြရင်း၊ လူသားမျိုးနွယ်ကို တရားစီရင်ကာ သန့်စင်စေဖို့ သမ္မာတရားကို ကိုယ်တော် ဖော်ပြပေ။ လူသား သဘာဝကို ကိုယ်တော်၏နှုတ်ကပတ်တော်များက တရားစီရင်ပြီး ဖော်ထုတ်သည်။ ကျွန်ုပ် မည်မျှ ဖောက်ပြန်ပျက်စီးသည်ကို နောက်ဆုံးတွင် ကျွန်ုပ် တွေ့မြင်ခဲ့။ ကျွန်ုပ်၏ ဆိုးယုတ်သော စိတ်သဘောထားများ ပြောင်းလဲနိုင်ဖို့အလို့ငှာ၊ ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းတို့ကို လက်ခံဖို့ ကျွန်ုပ် ဆန္ဒရှိ။ စမ်းသပ်မှုများမှ ကြီးစွာသော မချိတင်ကဲဝေဒနာကို ကျွန်ုပ်ခံစားရသော်လည်း၊ ကိုယ်တော်၏နှုတ်ကပတ်တော်များက ကျွန်ုပ်အား လမ်းညွှန်လျက်၊ ကျွန်ုပ်နှင့် အစဉ်ရှိနေသည်။ ကျွန်ုပ် အားနည်းကာ အပျက်သဘော ခံစားရသည့် အကြိမ်များစွာတွင်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို ယုံကြည်ခြင်းနှင့် ခွန်အားပေးခဲ့။ ကျွန်ုပ် ကျရှုံးကာ ခလုတ်တိုက်လဲသည့် အကြိမ်များစွာတွင်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို ချီမခဲ့။ ကျွန်ုပ် မာနထောင်လွှားကာ မနာခံခဲ့သည့် အကြိမ်များစွာတွင်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်၏ စိတ်နှလုံးကို တရားစီရင်ကာ နိုးထစေခဲ့။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက တန်ဖိုးရှိပြီး ယင်းတို့သည် ကျွန်ုပ် ဘဝ၏ အထောက်အပံ့ဖြစ်သည်ကို ယခုတွင်မှ ကျွန်ုပ် မြင်ရပေ။

၂ လူသားမျိုးနွယ်ကို သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို နှင်းအပ်ရင်း နှုတ်ကပတ်တော်များကို ကိုယ်တော် မိန့်မြွက်သည်။ လူတို့ကို အသက်ရဖို့အခွင့်ပေးရင်း၊ လူသားမျိုးနွယ်ကို ကိုယ်တော် တရားစီရင်ကာ သန့်စင်စေသည်၊ ဤအရာအားလုံးက ကိုယ်တော်၏ ကောင်းချီးမင်္ဂလာဖြစ်ပေ။ သမ္မာတရားကို နားလည်ကာ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးမှုကို စွန့်ပစ်ရင်း၊ အလင်းတွင် ကျွန်ုပ်တို့ အသက်ရှင်နိုင်ကြပေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်များအပေါ် မှီခိုရင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ ဆင်းရဲဒုက္ခများ၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုများတစ်လျှောက် ကျွန်ုပ်တို့ ခိုင်ခိုင်မာမာ ရပ်တည်။ ကျွန်ုပ်တို့ ကျရှုံးကာ ခလုတ်တိုက်လဲချိန် ကျွန်ုပ်တို့ ငိုကြွေးကြသော်လည်း ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို နှစ်သိမ့်ကာ လမ်းပြသည်။ ကိုယ်တော့်နောက်လိုက်ရင်း၊ ဆင်းရဲဒုက္ခများနှင့် စမ်းသပ်မှုများကို ကြုံရင်း၊ ကျွန်ုပ်တို့ ဒုက္ခခံစားရသော်လည်း သမ္မာတရားကို ရရှိကြလေပြီ။ ကျွန်ုပ်တို့ စိတ်သဘောထား အနည်းငယ် ပြောင်းလဲပြီ၊ ကိုယ်တော်၏ ကျေးဇူးတော် သက်သက်ကြောင့် လူသားပုံသဏ္ဍာန်အနည်းငယ် ကျွန်ုပ်တို့ အသက်ရှင်နေထိုင်ကြပေ။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သန့်စင်ခြင်းအတွက် ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကျွန်ုပ် ကျေးဇူးတင်မိ။

၃ ကိုယ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ပေ။ လူ့ဇာတိခံသည် လက်တွေ့ကျသည့် ဘုရားသခင် ဖြစ်ပေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်များအားလုံး သမ္မာတရား ဖြစ်ပေ၊ ယင်းတို့အားလုံးသည် ကျွန်ုပ်တို့ အသက်တာများတွင် လိုအပ်လေ။ ကျွန်ုပ်တို့ကို သန့်စင်ကာ စုံလင်စေဖို့ မည်သည့်အဖိုးအခကိုမဆို ကိုယ်တော်ပေးသည်။ နှိမ့်ချကာ ကွယ်ဝှက်လျက် လူတို့ကြား ကိုယ်တော် အမှုပြုသည်၊ လူသားမျိုးနွယ်အတွက် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာ အလွန်နက်နဲလှပေ။ ကိုယ်တော်၏ တရားစီရင်ခြင်းက ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်ပေ၊ ဤအရာကို ကျွန်ုပ်တို့ နက်ရှိုင်းစွာ မြည်းစမ်းပြီးလေပြီ။ ကျွန်ုပ်တို့ ဘယ်သောအခါမျှ ပြန်ပေးဆပ်နိုင်မည်မဟုတ်သည့် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့ ပျော်မွေ့ကြလေပြီ။ ကိုယ်တော့်နောက်လိုက်ရာတွင် ဆင်းရဲဒုက္ခခံခြင်းရှိသော်လည်း၊ ကျွန်ုပ်တို့ အလွန်များစွာ ရရှိကြပေပြီ။ ကိုယ်တော့်ထံမှ သမ္မာတရားနှင့် အသက်ကို ကျွန်ုပ်တို့ ရရှိပြီ၊ ကိုယ်တော့်ကို ထာဝရ ကျွန်ုပ်တို့ ချစ်ကာ သက်သေခံကြမည်။

အရှေ့သို့- ၂၀၇ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် သိမ်းပိုက်ခြင်းခံရသည်

နောက်တစ်ခုသို့- ၂၀၉ တရားစီရင်ခြင်းကို ကြုံရခြင်းမှ နောင်တ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။