ကျွန်ုပ်၏ စိတ်နှလုံးကို ခံစားချက်က လွှမ်းမိုးထားသည်

12.03.2023

၂၀၁၇ ခုနှစ် မေလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုဆော်ကို ကျွန်မ လက်ခံခဲ့တယ်။ ဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာ ကျွန်မ နာမကျန်းဖြစ်ခြင်းကနေ သက်သာလာပြီး ဘုရားရဲ့ ကျေးဇူးတော် မွေ့လျော်ခံစားပုံကို ကျွန်မယောက်ျားက မြင်တော့ သူလည်း ဘုရားရဲ့အမှုတော်ကို လက်ခံပြီး သူ့တာဝန်ကို စဖြည့်ဆည်းခဲ့တယ်။ နောက်ပိုင်းမှာ သူခံစားနေရတဲ့ ပြင်းထန်တဲ့ ခါးနာရောဂါက တဖြည်းဖြည်း ပျောက်သွားပြီး၊ သူ့တာဝန်မှာ အားအင်အများကြီး ရင်းနှီးမြှုပ်နှံနိုင်ခဲ့တယ်။ အသင်းတော်က သူ့ကို ဘာပဲခိုင်းပါစေ၊ ပြီးစီးအောင် သူ အစွမ်းကုန်လုပ်တတ်ပြီး၊ ညီအစ်ကို မောင်နှမတွေကို မကြာခဏ စိတ်ထက်ထက်သန်သန် ကူညီတတ်တယ်။ ကျွန်မယောက်ျားက စစ်မှန်တဲ့ ရှာဖွေသူပဲလို့ ကျွန်မ တွေးခဲ့ပြီး၊ အတူတူ ယုံကြည်ခြင်းကို လက်တွေ့လုပ်၊ ဘုရားနောက် အဆုံးထိလိုက်ပြီး၊ နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ ဘယ်လောက်များ ကောင်းလိုက်မလဲလို့ စိတ်ကူးယဉ်မိတယ်။

ဒါပေမဲ့ ကိစ္စတွေက ယုံကြည်သလောက် အကောင်းဆုံး မဖြစ်ခဲ့ဘူး။ ၂၀၂၁ ခုနှစ် မတ်လမှာ ဘဝအတွေ့အကြုံ မရှိသလို လက်တွေ့အလုပ်ကို ကျွန်မ မလုပ်နိုင်ခဲ့လို့၊ တရားဟောဆရာဆိုတဲ့ ရာထူးကနေ အထုတ်ခံခဲ့ရတယ်။ အံ့ဩစရာကောင်းတာက ကျွန်မ အထုတ်ခံရတာကို ယောက်ျားက အရမ်းဗြောင်ကျတဲ့ အယူအဆတွေ ရှိခဲ့တာပဲ။ သူက ပြောတယ်။ “ဒီနှစ်နှစ်မှာ နင်က ကိုယ့်တာဝန်မှာ ဆက်ကပ်ခဲ့သလို၊ အိမ်ကိစ္စတွေကို ကိုယ့်ဘာသာ ငါ ဂရုစိုက်ခဲ့ရတယ်။ နင်တောင် ဒီလောက်ပေးဆပ်ပြီး ထုတ်ခံရတာ၊ ငါတော့ ယုံကြည်သူအဖြစ် သေချာပေါက် အောင်မြင်မှာ မဟုတ်ဘူး။ ငါ့ယုံကြည်ခြင်းကို ငါ စွန့်တယ်”တဲ့။ ကျွန်မကို အသင်းတော်က စည်းမျဉ်းတွေအတိုင်း ထုတ်ပယ်ခဲ့ပုံနဲ့ ဒီအရာအပေါ် မှန်ကန်တဲ့ သဘောထားရှိသင့်ပြီး ဘုရားကို အထင်မလွဲသင့်ပုံကို ကျွန်မ သူ့ကို မိတ်သဟာယပြုခဲ့တယ်။ အထုတ်ခံရတာက ကယ်တင်ခံရဖို့ အခွင့်အရေး ကျွန်မ ဆုံးရှုံးသွားခဲ့တဲ့ သဘောမဟုတ်သလို၊ သမ္မာတရားကို ရှာဖွေသရွေ့ မျှော်လင့်ချက်ရှိနေတုန်းပဲ ဆိုတာကိုလည်း သူ့ကို အသိပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မ ဘာကိုပြောပါစေ၊ သူ နားမထောင်သလို လျစ်လျူရှုခဲ့တယ်။ နောက်လမှာ သူ စုဝေးပွဲတွေ မတက်ဘူး၊ သူ့တာဝန်ကို မလုပ်တော့ဘူး။ ဘုရားနှုတ်ကပတ်တော်ကိုတောင် မဖတ်ဘူး၊ ဘုရားဆီ ဆုမတောင်းဘူး။ အဲဒီအချိန်အတောအတွင်းမှာ၊ သူ့ကို ခေါင်းဆောင်က အကြိမ်တော်တော်များများ မိတ်သဟာယပြုခဲ့ပေမဲ့ သူက ဒီအတိုင်း လျစ်လျူရှုလိုက်တယ်။ နောက်ပိုင်းမှာ၊ ဘုရားအမှုတော် ပြီးစီးခါနီးတဲ့ပုံ၊ ဘေးဒုက္ခမျိုးစုံ ပြင်းထန်လာနေပြီး ယုံကြည်ခြင်းကို လက်တွေ့လုပ်ပြီး ကိုယ့်တာဝန်ကို လုပ်ဆောင်ဖို့ အခွင့်အရေးကို ချစ်ခင်မြတ်နိုးခြင်း မရှိရင်၊ ကပ်ဘေးတွေ ကျွန်မတို့ပေါ် ရောက်နှင့်ချိန်မှာ နောင်တရဖို့ အရမ်းနောက်ကျသွားမယ်လို့ ခေါင်းဆောင်က မိတ်သဟာယပြုခဲ့တာကို သူ ကြားတယ်။ အဲဒီအခါမှ သူ့ကိုယ်သူ ပြောင်းလဲပြီး စုဝေးပွဲတွေ စတက်လာသလို သူ့တာဝန်ကို လုပ်ခဲ့တယ်။ ကျွန်မ အရမ်းစိတ်သက်သာရာရသွားတယ်။ စုဝေးပွဲတွေ သူ တက်သရွေ့၊ သူ့တာဝန်ကို လုပ်ပြီး သမ္မာတရား ရှာသရွေ့၊ သူကယ်တင်ခံရဖို့ မျှော်လင့်ချက်ရှိတယ်လို့ တွေးမိတယ်။

ပထမတော့၊ သူ့မှာ စိတ်ထက်သန်မှုတချို့ ရှိတုန်းပဲဖြစ်ပြီး သူ့တာဝန်မှာ အတော်အတန် တက်ကြွခဲ့တယ်။ အဲဒီတုန်းက ရေလောင်း သင်းထောက်တစ်ယောက်ဖြစ်ခဲ့ပြီး တခြားလူတွေနဲ့ စုဝေးပွဲတွေကို အချိန်မှန်မှန် တက်ခဲ့တယ်။ ရံဖန်ရံခါ၊ အသင်းတော်က အထွေထွေ ကိစ္စတွေ ကူကိုင်တွယ်ပေးဖို့ လိုတဲ့အခါ၊ အခက်အခဲတွေကို သူခံနိုင်ပြီး အလုပ်မှာ စတေးတာတွေ လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဒါက ကြာရှည်မခံခဲ့ဘူး။ လအနည်းငယ်ကြာပြီးနောက်မှာ၊ ကျွန်မယောက်ျားရဲ့ တူက ရှားပါးတဲ့ နာမကျန်းမှုကို ရုတ်တရက် ခံစားရတယ်၊ ကူညီပေးဖို့ သူ့အစ်ကိုရဲ့ အိမ်ဆီသွားတော့၊ သူ့တာဝန်တွေကို ခေါင်းရှောင်ပြီး စုဝေးပွဲ တချို့ကို သူ ပျက်ကွက်ခဲ့တယ်။ အဲဒါက အဖွဲ့တချို့က ညီအစ်ကို မောင်နှမတွေမှာ သူတို့ကို ရေလောင်းပေးဖို့ ဘယ်သူမှ မရှိကြတဲ့သဘောပဲ။ ကိုယ့်တာဝန်ကို ဘယ်လို ဦးစားပေးရမယ်ဆိုတာနဲ့ ဇာတိ ကိစ္စတွေက ကျွန်မတို့ တာဝန်တွေကို လွှမ်းမိုးပြီး အသက်ဝင်ရောက်မှုကို နှောင့်နှေးစေမှာဖြစ်တာနဲ့အမျှ ဒီအရာအပေါ် အချိန်သိပ်မကုန်စေဖို့ ကျွန်မ မိတ်သဟာယပြုခဲ့တယ်။ သူ့ကို ညီအစ်ကို မောင်နှမတွေက မိတ်သဟာယပြုခဲ့ပေမဲ့ သူက နားကိုမထောင်ခဲ့ဘူး။ အဲဒါနဲ့ တစ်နေ့မှာ ဒေါသထွက်လျက်နဲ့ အိမ်ရောက်လာပြီး ပြောတယ်။ သူလမ်းမှာလျှောက်နေတုန်း ကားတစ်စီးရဲ့ တိုက်သတ်တာခံရလုနီးနီးဖြစ်ပြီး၊ သူ့ကို ကွယ်ကာခဲ့တာက ဘုရားပဲတဲ့။ အဲဒီနောက် စုဝေးပွဲတွေကို သူ ပြန်စတက်လာခဲ့တယ်။ ဒါပေမဲ့ အဲဒါက ခဏတာပဲ။ သူ့အစ်ကို သူ့ကို ထပ်ကူညီခိုင်းလိုက်တာနဲ့၊ စုဝေးပွဲတက်တာနဲ့ သူ့တာဝန် သူလုပ်တာကို ရပ်လိုက်တယ်။ သူ့တာဝန်မှာ သူ တာဝန်ယူမနေခဲ့သလို၊ မိတ်သဟာယ အများကြီးအပြီးမှာ သူ့အပြုအမူကို မပြင်ခဲ့တာကို မြင်တော့ သူ့ရဲ့ ယေဘုယျ စွမ်းဆောင်ရည်ပေါ် အခြေခံပြီး သူ့ရာထူးကနေ သူ့ကို အထက်ခေါင်းဆောင်က ထုတ်လိုက်တယ်။ အထုတ်ခံရပြီးတဲ့နောက်မှာ၊ စုဝေးပွဲတက်တာကို သူ ရပ်လိုက်ပြီး နေ့တိုင်း သူ့အစ်ကိုကို သွားကူညီတယ်။ အချိန်တော်တော်များများမှာ ညီအစ်ကို မောင်နှမတွေက သူ့ကို မိတ်သဟာယပြုခဲ့ပေမဲ့၊ စကားနဲ့ သူ သဘောတူပေမဲ့၊ နောက်ဆုံးမှာ စုဝေးပွဲတွေကို မတက်ခဲ့ဘူး။ သူ့ကို ဒီလို့မြင်ရတဲ့အခါ ကျွန်မ စိတ်မကောင်းဖြစ်မိတယ်။ ယုံကြည်ခြင်းကို သူ လက်တွေ့မလုပ်ရင်၊ ကပ်ဘေးတွေထဲမှာ ပိတ်မိပြီး အပြစ်ပေးခံရမှာကို ကျွန်မ စိုးရိမ်မိခဲ့တယ်။ စုဝေးပွဲတွေ ဘာလို့မတက်လဲလို့ သူ့ကို ကျွန်မ မေးခဲ့ပြီး၊ အံ့ဩစရာကောင်းတာက၊ “ငါတို့ မိသားစုဝင်တချို့က ဘုရားကို ယုံကြည်ကြပေမဲ့၊ ဘုရားက ငါ့တူလေးကို ဒီဆိုးရွားတဲ့ ရောဂါကနေ မကာကွယ်ခဲ့ဘူး...”တဲ့။ အဲဒီအခါမှပဲ ကျွန်မ ရုတ်တရက် သဘောပေါက်သွားတယ်၊ သူ့တူလေးရဲ့ ကျန်းမာရေးကို မကာကွယ်ပေးတဲ့အတွက် ဘုရားကို အပြစ်တင်နေခဲ့တာပဲပေါ့။ ကျွန်မယောက်ျားက သူ့ယုံကြည်ခြင်းမှာ လွဲမှားတဲ့ အယူအဆရှိခဲ့ပြီး ကျေးဇူးတော်ကိုပဲ ရယူလိုတာကို မြင်တော့၊ သူ့ကို ကျွန်မ မိတ်သဟာယပြုခဲ့တယ်။ “ကောင်းချီးတွေနဲ့ ကျေးဇူးတော် ရဖို့အတွက်ပဲ ဘုရားကို ကျွန်မတို့ မယုံကြည်သင့်ဘူး။ သမ္မာတရားကို ရှာပြီး ဘုရားရဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံသင့်တယ်”လို့ပေါ့။ သူ့ကို အကြိမ်တချို့ ကျွန်မ မိတ်သဟာယပြုပေးခဲ့ပေမဲ့ သူက အမြဲ ခုခံပြီး စိတ်အနှောင့်အယှက်ဖြစ်ခဲ့တယ်။ ကိုယ့်ဘာသာ တွေးမိတယ်၊ “သူက သမ္မာတရားကို လက်မခံသလို၊ မယုံကြည်သူလို စကားပြောတယ်”လို့ပေါ့။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်၊ “သူက ယုံကြည်ခြင်းနဲ့ စိမ်းနေသေးပြီး သမ္မာတရားကို နားမလည်လို့ ဖြစ်မယ်။ သူ့ကို ငါ ကူညီပေးဖို့ ပိုကြိုးစားသင့်တယ်” လို့ပေါ့။ ဒါပေမဲ့ သူ့ကို ဘယ်လိုပဲ မိတ်သဟာယပြုပါစေ၊ သူက နားကို မထောင်ခဲ့တာ။ ရက်နည်းနည်း အကြာမှာ၊ ဖယ်ရှားခြင်းအလုပ်ကို ဆောင်ရွက်ဖို့ အထက်ခေါင်းဆောင် ရောက်လာတယ်။ မယုံကြည်သူတွေ၊ အန္တိခရစ်တွေနဲ့ ဆိုးယုတ်တဲ့ လူတွေကို ကျွန်မတို့ ပိုင်းခြားဖို့၊ သူတို့ရဲ့ အကဲဖြတ်ချက်တွေကို စုဆောင်းပြီးတဲ့နောက်၊ သူတို့ကို ရှင်းပစ်ဖို့ ဒါမှမဟုတ် နှင်ထုတ်ဖို့ လိုတယ်။ ဒီဖော်ထုတ်ထားသူတွေကြာမှား ကျွန်မယောက်ျားပါတယ်။ သူ့ရဲ့ယေဘုယျ အပြုအမူနဲ့ စပ်လျဉ်းပြီး၊ ဘုရားအပေါ် သူ့ရဲ့ယုံကြည်မှုမှာ ကောင်းချီးတွေပဲ ရှာသလို၊ ဘုရားအပေါ် အယူအဆတွေ ဖြစ်ပေါ်ပြီး ကိစ္စတွေက သူ့သဘောအတိုင်း မဖြစ်တဲ့အခါ၊ ဘုရားရဲ့ ကျေးဇူးတော်ကို မရရှိတဲ့အခါ စုဝေးပွဲတွေတက်ပြီး သူ့တာဝန်ကို လုပ်ဖို့ ငြင်းတာ တွေ့ရတယ်။ “မုန့်တွေစားပြီး ဗိုက်ပြည့်ဖို့” ကြိုးစားတဲ့ မယုံကြည်သူအဖြစ် သူ တရားစီရင်ခံခဲ့ရတယ်။ ကျွန်မ စလန့်လာတယ်။ “ဒါက ငါ့ယောက်ျားကို သူတို့ ထုတ်ပယ်တော့မဲ့ သဘော မဟုတ်လား။ အဲဒါဆို ကယ်တင်ခံရမဲ့ အခွင့်အရေးကို သူ ဆုံးရှုံးသွားမှာ မဟုတ်လား”ပေါ့။ အမှန်တရားတွေကို လက်မခံနိုင်ခဲ့သလို၊ တန်ပြန်ငြင်းဆိုဖို့ ကျွန်မ တွေးခဲ့တယ်၊ “ရှင်တို့ မှားသွားတာ မဟုတ်လား။ သူက ယုံကြည်ခြင်းကို စိမ်းနေသေးသလို၊ သမ္မာတရားကို နားလည်တာ မဟုတ်ဘူး။ အရင်က သူ တာဝန်တွေ ဖြည့်ဆည်းခဲ့တယ်၊ ကျွန်မတို့မိသားစုမှာ တစ်ခုခုဖြစ်သွားပြီး သူ ခဏ အားနည်းလာတာပဲ ရှိတာပါ။ သူ့ကို ကျွန်မတို့ အားပေး၊ ကူညီသင့်တယ်။ သူ့အခြေအနေ တိုးတက်တာနဲ့၊ စုဝေးပွဲတွေကို ပုံမှန် စတက်မှာပါ”လို့ပေါ့။ ဒါပေမဲ့ သန့်စင်တဲ့အလုပ်က ဘုရားအိမ်တော်အတွက် အရမ်းအရေးကြီးမှန်း ကျွန်မ သိခဲ့တယ်။ အဲဒီတုန်းက ကျွန်မက အသင်းတော် ခေါင်းဆောင်ဖြစ်ပြီး အဲဒါကို အကောင်အထည်ဖော်ဖို့က ကျွန်မတာဝန်ဖြစ်လို့ သတင်းအချက်အလက် ပံ့ပိုးပေးဖို့ သဘောတူခဲ့တယ်။ ဒါပေမဲ့ သူ့ကို ကူညီဖို့ ကျွန်မ စီစဉ်တုန်းပဲ။ ဘုရားနှုတ်ကပတ်တော်ဖတ်ပြီး စုဝေးဖို့ တိုက်တွန်းရင်းနဲ့ သူ့ကို ကျွန်မ မကြာခဏ မိတ်သဟာယပြုခဲ့ပေမဲ့၊ ကျွန်မကို သူ နားမထောင်ခဲ့ဘူး။ တစ်ခါတလေ ကျွန်မကို ဒေါသထွက်ပြီး တိတ်တိတ်နေဖို့ ပြောတယ်။ တစ်ခါတလေ၊ အသင်းတော်အလုပ်နဲ့ ကျွန်မ အလုပ်များပြီး အိမ်ရဲ့ အရေးကိစ္စတွေ အာရုံမစိုက်နိုင်ခဲ့ရင်၊ သူက အပြစ်ဖော်ဆုံးမပြီး အော်တယ်။ သူ့ကို ကျွန်မ အရမ်းစိတ်ပျက်မိတယ်။ သူ့ကို တကယ် ကယ်တင်လို့ မရတော့တဲ့ ပုံပဲ။ သူ့ကို ကူညီဖို့ ကျွန်မ ကြိုးစားသလောက်၊ သူက မတိုးမတက် ရှိနေတုန်းပဲ။

တစ်နေ့မှာ၊ မယုံကြည်သူတွေရဲ့ အပြုအမူကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို တွေ့ခဲ့တယ်။ အဲဒါက ပြောတယ်။ “မယုံကြည်သူများ၏ ဝိသေသလက္ခဏာများသည် အဘယ်နည်း။ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုသည် အခွင့်အရေးရှာခြင်းမျိုးဖြစ်သည်။ အသင်းတော်မှ အကျိုးအမြတ်ရရန်၊ ဘေးဒုက္ခကို ရှောင်ရန်၊ ထောက်ပံ့မှုနှင့် တည်မြဲသော ထမင်းစားလက်မှတ်ရရန် နည်းလမ်းတစ်ခုဖြစ်သည်။ လူအချို့မှာ နိုင်ငံရေးရည်မှန်းချက်များပင်ရှိသည်။ အစိုးရနှင့် ပူးပေါင်းပြီး တရားဝင် ရာထူးတစ်ခုကို ရရှိလိုကြသည်။ ဤသို့သောလူ တစ်ယောက်ချင်းစီတိုင်းက မယုံကြည်သူများဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းတွင် ဤအကြောင်းရင်းနဲ့ ရည်ရွယ်ချက်များပါဝင်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်ရှိသည်ဟု တစ်ရာရာခိုင်နှုန်း သေချာမှုဖြင့် ယုံကြည်ခြင်းမရှိပေ။ ၎င်းတို့ကိုင်စွဲသည့် အမြင်ရှုထောင့်က ဘုရားမဲ့ဝါဒဆန်သည့်အတွက် ၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်ပြုသော်လည်း သံသယရှိကြသည်။ ရုပ်ဝတ္ထုကမ္ဘာတွင် ၎င်းတို့မြင်နိုင်သည့်အရာများကိုသာ ယုံကြည်ကြသည်။...ယင်းမှာ ၎င်းတို့၏ကိုယ်ပိုင်ရည်ရွယ်ချက်များ၊ ဦးတည်ချက်များဖြင့် ၎င်းတို့သည် အသင်းတော်ကို ရဲတင်းစွာ၊ သိက္ခာစောင့်ထိန်းခြင်းမရှိစွာနှင့် ထိုးဖောက်ဝင်ရောက်နိုင်ကြသဖြင့် အရာအားလုံးကို ဘုရားသခင် အုပ်စိုးသည်ဟု မယုံကြည်သောကြောင့်ပင် အတိအကျဖြစ်သည်။ အသင်းတော်တွင် ၎င်းတို့၏ ပင်ကိုစွမ်းရည်များကို ဖော်ပြလိုကြသည်၊ ၎င်းတို့အိပ်မက်များကို၊ သို့မဟုတ် ထိုကဲ့သို့သောအရာအချို့ကို အကောင်အထည်ဖော်လိုကြသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အသင်းတော်ကို ထိုးဖောက်ဝင်ရောက်ပြီး အသင်းတော်တွင် ဂုဏ်သိက္ခာနှင့် အဆင့်အတန်း ရရှိလိုကြသည်။ ကောင်းချီးများရရန်ဖြစ်သည့် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဆန္ဒကို ဖြည့်ဆည်းလိုကြသည်။ ဤသို့အားဖြင့် ၎င်းတို့၏ ထမင်းစားလက်မှတ်ကို ရရှိလိုကြသည်။ ဘုရားသခင်ကို ယုံကြည်ရာတွင် ၎င်းတို့၏ ပန်းတိုင်များ၊ အကြောင်းရင်းများနှင့် ရည်ရွယ်ချက်များသည် မှန်ကန်ခြင်းမရှိသည်ကို ၎င်းတို့၏ အပြုအမူနှင့် ၎င်းတို့၏ သဘာဝ၊ အနှစ်သာရတို့ကတစ်ဆင့် မြင်နိုင်သည်။ ၎င်းတို့ထဲမှ မည်သူကမျှ သမ္မာတရားကို လက်ခံသူများမဟုတ်ပေ။ ၎င်းတို့သည် အသင်းတော်ထဲသို့ ရောက်ရှိလာလျှင်ပင် အသင်းတော်က လက်ခံသင့်သည့်လူများ မဟုတ်ပေ။ ဤအရာ၏ သွယ်ဝိုက်ညွှန်းဆိုသော အဓိပ္ပာယ်မှာ ၎င်းတို့သည် အသင်းတော်ကို ထိုးဖောက်ဝင်ရောက်နိုင်သော်လည်း ဘုရားသခင်ရွေးချယ်သောလူများမဟုတ်ကြခြင်း ဖြစ်သည်။ ‘ဘုရားသခင်ရွေးချယ်သောလူများမဟုတ်’ ဟူသည့် ဤစကားစုကို မည်သို့ အနက်အဓိပ္ပာယ်ကောက်ရမည်နည်း။ ဤသည်မှာ ဘုရားသခင်က ၎င်းတို့ကို ကြိုတင်သတ်မှတ်ပြီး ရွေးချယ်မှု မရှိခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့ကို သူ၏အမှုတော်နှင့် ကယ်တင်ခြင်းကို လက်ခံသူများအဖြစ် မမြင်သကဲ့သို့ သူကယ်တင်မည့် လူသားများအဖြစ်လည်း ကြိုတင်သတ်မှတ်ခြင်းမရှိပေ။ ၎င်းတို့သည် အသင်းတော်သို့ ဝင်ရောက်ပြီးသည်နှင့် ၎င်းတို့ကို ကျွန်ုပ်တို့၏ ညီအစ်ကိုမောင်နှမများအဖြစ် အလိုအလျောက် ဆက်ဆံ၍ မရပေ။ အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို အမှန်တကယ် လက်ခံသောလူများ၊ သို့မဟုတ် ဘုရားသခင်၏ အမှုတော်ကို နာခံသောသူများမဟုတ်သောကြောင့်ဖြစ်သည်။ အချို့က ‘သူတို့တွေက ဘုရားကို တကယ်ယုံကြည်တဲ့ ညီအစ်ကိုမောင်နှမတွေ မဟုတ်တာထောက်ဆရင်၊ အသင်းတော်က ဘာလို့ သူတို့ကို ရှင်းလင်းပြီး နှင်ထုတ်မပစ်တာလဲ’ ဟူ၍ မေးနိုင်သည်။ ဘုရားသခင်၏ အလိုတော်မှာ သူရွေးချယ်ထားသောလူများသည် ဤလူများထံမှတစ်ဆင့် ချင့်ချိန်နိုင်စွမ်းကို သင်ယူပြီး ဤသို့အားဖြင့် စာတန်၏ အကြံအစည်များကို ရိပ်စားမိကာ စာတန်ကို ငြင်းဆန်နိုင်ဖို့ရန်ဖြစ်သည်။ ဘုရားသခင်ရွေးချယ်ထားသောသူများက ပိုင်းခြားသိမြင်သည်နှင့် ဤမယုံကြည်သူများကို ရှင်းထုတ်ပစ်ရန် အချိန်ကျလိမ့်မည်။ ချင့်ချိန်နိုင်စွမ်း၏ ပန်းတိုင်မှာ ၎င်းတို့၏ ရည်မှန်းချက်များ၊ ဆန္ဒများနှင့် ဘုရားအိမ်တော်သို့ ဝင်ရောက်ထိုးဖောက်ခဲ့သော ထိုမယုံကြည်သူများကို ဖော်ထုတ်ပြီး အသင်းတော်မှ ရှင်းလင်းပစ်ရန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို လက်ခံပြီး လိုက်စားသည့်သူများဖြစ်ဖို့ မဆိုထားနှင့်။ ဘုရားသခင်အား အမှန်တကယ် ယုံကြည်သူများပင်မဟုတ်သောကြောင့် ဖြစ်သည်။ ၎င်းတို့က အသင်းတော်တွင် ရှိနေခြင်းအားဖြင့် မည်သည့်ကောင်းသည့်အရာမျှ ထွက်ပေါ်လာမည်မဟုတ်ဘဲ မကောင်းသောအရာများစွာသာ ထွက်ပေါ်လာလိမ့်မည်။ ရှေးဦးစွာ အသင်းတော်ကို ထိုးဖောက်ဝင်ရောက်ပြီးသောအခါတွင် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို မစားသောက်သကဲ့သို့၊ သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံကြပေ။ ၎င်းတို့လုပ်သမျှသည် အသင်းတော်အလုပ်ကို နှောင့်ယှက်ဖျက်ဆီးခြင်းသာဖြစ်သည်။ ဘုရားသခင်ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကို ထိခိုက်သည်အထိဖြစ်သည်။ ဒုတိယအနေဖြင့် ၎င်းတို့သည် အသင်းတော်မှာ ဆက်လက်ရှိနေလျှင် မယုံကြည်သူများလုပ်ဆောင်သကဲ့သို့ပင် ဆူပူအုံကြွကြလိမ့်မည်ဖြစ်သည်။ ဤအရာက အသင်းတော်အလုပ်ကို နှောင့်ယှက်ဖျက်ဆီးလိမ့်မည်ဖြစ်ပြီး၊ အသင်းတော်သည် ကွယ်ဝှက်နေသော အန္တရာယ်များစွာကို ခံရလိမ့်မည်။ တတိယအနေဖြင့် ၎င်းတို့သည် အသင်းတော်တွင် ဆက်လက်ရှိနေလျှင် အစေခံသူများအဖြစ် လိုလိုလားလား လုပ်ဆောင်ကြလိမ့်မည်မဟုတ်ပေ။ အစေခံခြင်းအနည်းငယ်ကို လုပ််ကောင်းလုပ်ဆောင်နိုင်သော်လည်း ယင်းမှာ ကောင်းချီးများရဖို့အတွက်သာ ဖြစ်လိမ့်မည်။ ၎င်းတို့က ကောင်းချီးများကို မရနိုင်ဆိုသည်ကို သိသောအချိန်ရောက်လာသည့်အခါ ဒေါသထွက်ကြမည်ဖြစ်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး ထိခိုက်စေကြလိမ့်မည်။ ထိုကဲ့သို့မဖြစ်မီတွင် အသင်းတော်မှ ၎င်းတို့ကို ရှင်းထုတ်ခြင်းက ပို၍ ကောင်းလိမ့်မည်။ စတုတ္ထအနေဖြင့် မယုံကြည်သူများသည်လည်း အသင်းတော်တွင် ဂိုဏ်းများ၊ အုပ်စုများ ဖွဲ့တတ်ကြသည်။ ၎င်းတို့သည် အန္တိခရစ်များကို လက်ခံယုံကြည်ပြီး နာခံနိုင်ခြေရှိသည်။ အသင်းတော်အလုပ်ကို အလွန်ခြိမ်းခြောက်သည့် မကောင်းသော အင်အားစုကို ဖွဲ့စည်းနိုင်ခြေရှိသည်။ ဤထည့်သွင်းစဉ်းစားရမည့် အချက်လေးချက်ကိုကြည့်လျှင် အသင်းတော်ကို ထိုးဖောက်ဝင်ရောက်သော မယုံကြည်သူများကို ပိုင်းခြားသိမြင်၊ ဖော်ထုတ်ပြီးနောက် ၎င်းတို့ကို ရှင်းလင်းပစ်ဖို့ လိုအပ်သည်။ ဤသည်မှာ အသင်းတော်အလုပ်၏ သာမန်လည်ပတ်မှုများကို ထိန်းသိမ်းရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ ဘုရားသခင်ရွေးချယ်ထားသောလူများက ဘုရားနှုတ်ကပတ်တော်များကို ပုံမှန် စားသောက်လျက်ရှိစဉ်၊ သာမန်အသင်းတော်အသက်တာများကို ရှင်သန်လျက်ရှိစဉ်တွင် ၎င်းတို့ကို ခုခံကာကွယ်ရန် တစ်ခုတည်းသော ထိရောက်မှုရှိသည့်နည်းလမ်းဖြစ်သည်။ ထိုသို့အားဖြင့် ၎င်းတို့သည် ဘုရားသခင်အပေါ် မှန်ကန်သည့် ယုံကြည်ခြင်းလမ်းကြောင်းကို စတင်နိုင်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤမယုံကြည်သူများက အသင်းတော်ကို ထိုးဖောက်ဝင်ရောက်ခြင်းသည် ဘုရားသခင်ရွေးချယ်ထားသောလူများကို အလွန်ထိခိုက်စေသောကြောင့်ဖြစ်သည်။ ၎င်းတို့ကို မခွဲခြားနိုင်ဘဲ ညီအစ်ကိုမောင်နှမများကဲ့သို့ဆက်ဆံသော လူများစွာရှိသည်။ ၎င်းတို့က ဆုကျေးဇူး၊ သို့မဟုတ် အားသာချက်အနည်းငယ်ရှိသည်ကို မြင်ပြီး ၎င်းတို့ကို ခေါင်းဆောင်များ၊ အမှုဆောင်များအဖြစ် အစေခံရန် လူအချို့က ရွေးချယ်ကြသည်။ ဤသည်မှာ အသင်းတော်တွင် အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များ ဖြစ်ပေါ်လာသည့်ပုံစံဖြစ်သည်။ ၎င်းတို့၏ အနှစ်သာရကို ကြည့်လျှင် ၎င်းတို့သည် ဘုရားသခင်ရှိသည်ဟု မယုံကြည်သကဲ့သို့ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်၊ ဘုရားသခင်က အရာအားလုံးကို အုပ်စိုးသည်တို့ကိုလည်း မယုံကြည်ကြောင်းကို မြင်ရသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမြင်တွင် မယုံကြည်သူများဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့ကို လုံးဝ အရေးမစိုက်သကဲ့သို့၊ သန့်ရှင်းသောဝိညာဉ်တော်က ထိုသူတို့အပေါ်တွင် အလုပ်လုပ်မည်မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့၏ အနှစ်သာရအရ၊ ၎င်းတို့သည် ဘုရားသခင် ကယ်တင်မည့်သူများမဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်က ကြိုတင်သတ်မှတ်ထားသောသူများ၊ သို့မဟုတ် ရွေးချယ်ထားသောသူများ သေချာပေါက်မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့ကို ကယ်တင်ရန် မဖြစ်နိုင်ပေ။ ဤအရာကို မည်သို့ကြည့်ပါစေ ဤလူတို့သည် အသင်းတော်တွင် ဆက်လက်ရှိမနေသင့်ပေ။ ၎င်းတို့ကို ချက်ချင်း၊ တိကျစွာ ခွဲခြားဖော်ထုတ်ပြီးနောက်၊ လိုအပ်သလို ကိုင်တွယ်သင့်သည်။ ၎င်းတို့ကို အသင်းတော်တွင် နေခွင့်ပေးပြီး သူတစ်ပါးတို့ကို နှောင့်ယှက်ခွင့်ပေးခြင်းကို မလုပ်ဆောင်နှင့်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားနှုတ်ကပတ်တော်ကနေ သဘောပေါက်လိုက်တယ်၊ မယုံကြည်သူတွေရဲ့ အနှစ်သာရက ဘုရားရှိတယ်ဆိုတာကို မယုံကြည်တာပဲ။ ဘုရားကို ယုံကြည်ခြင်းအတွက် သူတို့ရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေနဲ့ အရင်းခံအကြောင်း အားလုံး မစင်ကြယ်ဘူး။ သူတို့ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်တွေ ပြီးမြောက်ဖို့ပဲ အသင်းတော်ထဲ ဝင်ကြတယ်၊ သူတို့မှာ ဘုရားကို စစ်မှန်တဲ့ ယုံကြည်ခြင်း မရှိကြဘူး။ ဘုရားနှုတ်ကပတ်တော်ကို မယုံကြည်သလို သမ္မာတရားကို လက်မခံကြဘူး။ သူတို့အဖို့ အကျိုးရှိတဲ့အခါမှာ၊ စိတ်ထက်သန်မှုတချို့ ပြကောင်းပြမယ်၊ ဒါပေမဲ့ ဘာကိုမှ မရတာနဲ့၊ ကပ်ဘေးနဲ့ တွေ့တာနဲ့၊ ချက်ချင်း ဘုရားကို သစ္စာဖောက်ကြတော့တာ။ ဒီလူတွေက အသင်းတော်အပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုရှိတယ်၊ ဘုရားရဲ့ ကယ်တင်ခြင်းခံရမဲ့သူတွေ မဟုတ်သလို၊ ဖယ်ထုတ်ပြီး နှင်ထုတ်ခံရသင့်တယ်။ ကိုယ့်အတွေးတွေကို ငြိမ်အောင်လုပ်ပြီး ကိုယ့်ယောက်ျားရဲ့ အပြုအမူတွေကို ကျွန်မ သုံးသပ်ကြည့်တယ်။ ပထမတော့၊ ဘုရားကို ယုံကြည်ပြီးနောက် ကျွန်မရဲ့ ရောဂါ သက်သာလာပုံကို မြင်တော့၊ ယုံကြည်ခြင်းကို လက်တွေ့လုပ်ခြင်းအားဖြင့် ဘုရားရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေ ရနိုင်တယ်လို့ တွေးမိလို့ ယုံကြည်သူ ဖြစ်လာခဲ့တယ်။ ဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာ၊ သူ့ရဲ့နာတာရှည်ခါးနာရောဂါ ပျောက်သွားလို့၊ သူ့တာဝန်ကို ဖြည့်ဆည်းဖို့ လိုလားနေခဲ့တယ်၊ ထက်ထက်သန်သန်နဲ့ ညီအစ်ကို မောင်နှမတွေကို ကူညီနေခဲ့တယ်။ ယုံကြည်ခြင်းကို လက်တွေ့လုပ်ခြင်းအတွက် ကျွန်မယောက်ျားရဲ့ ရည်ရွယ်ချက်တွေ အစကတည်းက မှားမှန်း တွေ့ခဲ့ရတယ်။ ကောင်းချီးတွေနဲ့ ကျေးဇူးတော်ကိုပဲ သူလိုချင်ခဲ့တာ။ ကျွန်မ အထုတ်ခံရပြီးနောက်မှာ၊ သူ့ထက် ကျွန်မက ပိုစိတ်ထက်သန်ခဲ့တာတောင် အထုတ်ခံရသေးတဲ့အတွက်၊ သူ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ ကောင်းချီးတွေ လုံးဝ ရမှာမဟုတ်လို့ ယုံကြည်ခြင်းကို သူ လက်တွေ့မလုပ်ချင်တော့ဘူး။ နောက်ပိုင်းမှာ စုဝေးပွဲတွေ တက်ပြီး သူ့တာဝန်ကို လုပ်ခဲ့တာက ကပ်ဘေးတွေလာတဲ့အခါ ကောင်းချီးတွေရဖို့ဆိုတဲ့ ပူပန်မှုတွေကြောင့်ပဲ။ အဲဒီနောက် သူ့တူလေး နေမကောင်း ဖြစ်တော့ မကာကွယ်တဲ့အတွက် ဘုရားကို အပြစ်တင်ပြီး၊ စုဝေးပွဲတက်တာနဲ့ သူ့တာဝန်လုပ်တာကို ပြန်ရပ်လိုက်တယ်။ နောက်ဆုံးမှာ၊ ရေလောင်း သင်းထောက်အနေနဲ့ သူ့ရာထူးကနေ အထုတ်ခံရတော့၊ ယုံကြည်ခြင်း လက်တွေ့လုပ်တာကို လုံးဝ ရပ်လိုက်တယ်။ အဲဒီအခါမှ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မယောက်ျားက ကောင်းချီးတွေ ရဖို့အတွက်ပဲ အသင်းတော်ထဲ ဝင်ခဲ့တဲ့ မယုံကြည်သူတစ်ယောက် ဆိုတာပေါ့။ အရင်တုန်းက ကောင်းတာတချို့ လုပ်ခဲ့ပေမဲ့၊ ကောင်းချီးတွေနဲ့ အကျိုးကျေးဇူးတွေ ရဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ အဲဒီလိုလုပ်ခဲ့တာ။ သူလိုချင်တာ မရတာနဲ့၊ လေသံ ပြောင်းလိုက်တယ်။ အရင်တုန်းက သမ္မာတရားကို နားမလည်သလို ခဏတာ အားနည်းမှုကို ကြုံနေရလို့ သူ မစုဝေးခဲ့သလို ကိုယ့်တာဝန်ကို မလုပ်ခဲ့တာလို့ ကျွန်မ အမြဲတွေးခဲ့တယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်အရ သူ့ကို ပိုင်းခြားကြည့်တဲ့အခါ၊ သူက သမ္မာတရားကို သဘောမပေါက်ခဲ့တာ မဟုတ်ဘဲ သဘာဝအားဖြင့် သမ္မာတရားကို ငြီးငွေ့နေခဲ့တာဖြစ်မှန်း ရှင်းရှင်း တွေ့ခဲ့ရတယ်။ ဒါကြောင့် သူ့ကို ကျွန်မ ဘယ်လိုပဲ မိတ်သဟာယပြုပါစေ၊ သမ္မာတရားကို သူ လုံးဝ လက်ခံမှာ မဟုတ်ဘူး။ တကယ်ကို မယုံကြည်သူတစ်ယောက်ပဲ။ ဒီအရာအားလုံးကို သဘောပေါက်ရင်းနဲ့ ကိုယ့်ယောက်ျားရဲ့ မယုံကြည်ခြင်း အနှစ်သာရအပေါ် ချင့်ချိန်နိုင်စွမ်း ရခဲ့ပြီး၊ အသင်းတော်က သူ့ကို ဖယ်ထုတ်ပစ်တာ မှန်တယ်လို့ ရင်ထဲ လက်ခံမိတယ်။

အဲဒီတုန်းက၊ ကျွန်မယောက်ျားအပေါ် ချင့်ချိန်နိုင်စွမ်းတချို့ ရခဲ့ပေမဲ့၊ သူ့ကို ဖော်ထုတ်ပြီး သူ့ရဲ့ မယုံကြည်ခြင်း အပြုအမူကို အသေးစိတ်ပြောရင် သူ ကျွန်မကို မုန်းပြီး၊ ကျွန်မတို့အိမ်ထောင်ကို အလေးမထားဘူးလို့ ပြောမှာကို စိုးရိမ်မိတုန်းပဲ။ ကျွန်မက သစ္စာမရှိတဲ့ သစ္စာဖောက်လို့ သူပြောမလား။ အထူးသဖြင့် တစ်နေကုန်အလုပ်လုပ်ပြီးနောက် သူ အရမ်း ပင်ပန်းနွမ်းနယ်နေပုံကို မြင်လိုက်ရတဲ့အခါ၊ အထူးသဖြင့် ကျွန်မ ပူပန်မိတယ်။ ကျွန်မယောက်ျား ဖယ်ထုတ်ပစ်တာ ခံရရင်၊ ကပ်ဘေးတွေ ရောက်တဲ့အခါ သူ့မှာ သေချာပေါက် ဘုရားရဲ့ ကွယ်ကာမှု ရှိမှာမဟုတ်ဘူး။ ဒါကို သဘောပေါက်တော့ ဆိုးဆိုးရွားရွား ခံစားရပြီး၊ သူဖယ်ထုတ်မခံရအောင် ကျွန်မ တားနိုင်မဲ့ နည်းလမ်းတချို့ ရှိချင်မိတယ်။ နောက်ပိုင်းမှာ၊ သူ့ဖုန်းထဲက ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်နေခဲ့တာ ကျွန်မတွေ့တယ်။ ဒါကြောင့် သူ့ရဲ့ မယုံကြည်ခြင်း အပြုအမူနဲ့ ပတ်သက်လို့ ခေါင်းဆောင်က အသေးစိတ်ပြောခိုင်းတဲ့အခါ၊ ဘုရားနှုတ်ကပတ်တော်ကို သူ မကြာခဏ ဖတ်တယ်လို့ ပြောပြီး သူ့ကို ချက်ချင်း ကာကွယ်ပြောဆိုပြီးတော့ ခံခေါင်းဆောင်ကို သူ့ဖုန်းထဲက သက်သေကို ပြလိုက်တယ်။ ကျွန်မယောက်ျားအတွက် ခံစားချက်ကြောင့် သူ့ကို ကျွန်မ ကာကွယ်ပေးနေမှန်း ခေါင်းဆောင်က မြင်နိုင်ခဲ့လို့ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြတယ်။ “အနှစ်သာရအရ စိတ်ခံစားချက်များသည် မည်သည့်အရာနည်း။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအမျိုးအစားတစ်ခုဖြစ်သည်။ စိတ်ခံစားချက်များ၏ သရုပ်သကန်များကို စကားလုံးအချို့ကို အသုံးပြုခြင်းအားဖြင့် ဖော်ပြနိုင်သည်။ မျက်နှာသာပေးခြင်း၊ အလွန်အကျွံ ကာကွယ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများကို ထိန်းသိမ်းခြင်း၊ ဘက်လိုက်ခြင်း၊ ဤအရာတို့သည် စိတ်ခံစားချက်များဖြစ်သည်။ လူတို့၏ စိတ်ခံစားချက်များရှိခြင်းနှင့် ယင်းတို့ဖြင့် အသက်ရှင်ခြင်း၏ ဖြစ်နိုင်သည့် အကျိုးဆက်များမှာ အဘယ်နည်း။ ဘုရားသခင်သည် အဘယ်ကြောင့် လူတို့၏ စိတ်ခံစားချက်များကို အစက်ဆုပ်ဆုံး ဖြစ်သနည်း။ လူအချို့သည် မိမိတို့၏ စိတ်ခံစားချက်များဖြင့် အမြဲ စိုးမိုးခံရလျက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိသကဲ့သို့ ဘုရားသခင်ကို ၎င်းတို့ နာခံရန် ဆန္ဒရှိသော်လည်း မနာခံနိုင်ကြချေ။ ထို့ကြောင့် ၎င်းတို့သည် စိတ်ခံစားမှုအရ ဆင်းရဲဒုက္ခခံကြသည်။ သမ္မာတရားကို နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်နိုင်သည့် လူများစွာရှိသည်။ ဤအရာသည်လည်း စိတ်ခံစားချက်များဖြင့် ၎င်းတို့ စိုးမိုးခံရသောကြောင့် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရား၏စစ်မှန်မှုဆိုသည်မှာ အဘယ်နည်း။)အဘယ်ပြဿနာများက စိတ်ခံစားချက်များနှင့် ဆက်နွှယ်သနည်း။ နံပါတ်တစ်မှာ သင်၏ကိုယ်ပိုင် မိသားစုကို သင်အကဲဖြတ်ပုံ၊ ၎င်းတို့ လုပ်သည့်အရာများကို သင်တုံ့ပြန်ပုံ ဖြစ်သည်။ ‘၎င်းတို့လုပ်ဆောင်သည့်အရာများ’ တွင် ၎င်းတို့သည် အသင်းတော်အလုပ်ကို ကြားဖြတ်ဝင်ရောက် နှောင့်ယှက်သောအခါ၎င်းတို့က လူများ၏ နောက်ကွယ်၌ ဝေဖန်ပုတ်ခတ်သည့်အခါ၊ မယုံကြည်သူများ၏ အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့်အခါ စသည်တို့ ပါဝင်သည်။ သင်သည် သင့်မိသားစု လုပ်ဆောင်သည့်ဤအရာများအပေါ် သမာသမတ်ကျနိုင်သလော။ သင့်မိသားစုနှင့်ပတ်သက်သည့် အကဲဖြတ်စာ သင့်ကို ရေးခိုင်းလျှင်၊ သင်၏စိတ်ခံစားချက်များကို ဘေးဖယ်ထားလျက်၊ ဓမ္မဓိဋ္ဌာန်ကျကျနှင့် မျှတစွာ သင် အကဲဖြတ်မည်လော။ ဤသည်မှာ မိသားစုဝင်များကို သင်မည်သို့ရင်ဆိုင်သင့်သည်ဆိုသည်နှင့် ဆက်နွှယ်သည်။ သင်နှင့် ရင်းနှီးခဲ့သည့်သူများ၊ သို့မဟုတ် သင့်ကို ယခင်က ကူညီခဲ့သည့်သူပေါ် သင် သံယောဇဉ်တွယ်တာသလော။ သင်သည် ၎င်းတို့၏ လုပ်ရပ်များနှင့် အပြုအမူတို့နှင့်ပတ်သက်၍ ဓမ္မဓိဋ္ဌာန်ကျကာ၊ သမာသမတ်ရှိပြီး တိကျမှန်ကန်မည်လော။ ၎င်းတို့က အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး ကြားဖြတ်ဝင်ရောက်သည်ကို သင်တွေ့ရလျှင်၊ ၎င်းတို့အား သင် ချက်ချင်း တိုင်ကြားမည်လော၊ သို့မဟုတ် ဖော်ထုတ်မည်လော။ ထို့အပြင် သင်နှင့် ရင်းနှီးသူများ၊ သို့မဟုတ် သင်နှင့် စိတ်ဝင်စားမှု တူသူများအပေါ် သံယောဇဉ် တွယ်တာသလော။ ၎င်းတို့၏လုပ်ရပ်များနှင့် အပြုအမူတို့ကို သင်၏အကဲဖြတ်ခြင်း၊ သတ်မှတ်ချက်နှင့် တုံ့ပြန်မှုတို့သည် သမာသမတ်ကျပြီး ဓမ္မဓိဋ္ဌာန်ကျမည်လော။ လူတစ်ဦးကို၊ သို့မဟုတ် သင့်အနေဖြင့် စိတ်ခံစားချက်ဆိုင်ရာ ဆက်နွှယ်မှုရှိသူတစ်ဦးကို အသင်းတော်အနေဖြင့် အရေးယူဆောင်ရွက်ဖို့ အခြေခံသဘောတရားက သတ်မှတ်ဆုံးဖြတ်ပြီး၊ ဤဆောင်ရွက်မှုများက သင်၏ကိုယ်ပိုင် အယူအဆများနှင့် မကိုက်ညီပါက သင်မည်သို့ တုံ့ပြန်မည်နည်း။ သင်နာခံမည်လော။ သင်သည် ၎င်းတို့နှင့် တိတ်တဆိတ် ဆက်လက်၍ ထိတွေ့ဆက်ဆံဦးမည်လော၊ ၎င်းတို့၏ မလိမ့်တပတ် အပြောခံဦးမည်လော၊ ၎င်းတို့အတွက် ဆင်ခြေများပေးဖို့၊ ရှာကြံ အကြောင်းပြချက်ပေးပြီး ကာကွယ်ပေးဖို့ ၎င်းတို့၏ နှိုးဆော်ခြင်းကိုပင် ခံဦးမည်လော။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတော့ ခေါင်းဆောင်က မိတ်သဟာယပြုတယ်။ “အသင်းတော်က အန္တိခရစ်တွေ၊ ဆိုးယုတ်တဲ့ လူတွေနဲ့ မယုံကြည်သူမျိုးစုံကို ဖယ်ရှားနေရတဲ့ အကြောင်းရင်းက အသင်းတော်ကို သန့်စင်ဖို့နဲ့ ဘုရားရွေးချယ်ထားသူတွေကို ပိုကောင်းတဲ့ အသင်းတော် အသက်တာ အသက်ရှင်ခွင့်ပေးဖို့၊ အနှောင့်အယှက်မရှိဘဲ စုဝေးပြီး သူတို့တာဝန်တွေကို လုပ်ခွင့်ပေးဖို့ပဲ။ အသင်းတော် ခေါင်းဆောင်အနေနဲ့ သမ္မာတရားရဲ့ စည်းမျဉ်းတွေကို နင် ထိန်းသိမ်းရမှာဖြစ်ပြီး၊ ခံစားချက်တွေကို နင့်ရဲ့ပြောဆို၊ ပြုမူတဲ့ပုံအပေါ် ထိန်းချုပ်ခွင့်မပေးသင့်ဘူး။ နင်နဲ့ ဆက်နွှယ်တဲ့ သူတစ်ယောက်ကို ငါတို့ ဒီနေ့ ဖယ်ရှားပစ်ရင်၊ သူတို့ကိုယ်စား နင် ငြင်းခုံနေဦးမှာလား။ သူတို့ရဲ့ အပြုအမူ အသေးစိတ်တွေကို နင် ချက်ချင်း မပေးဘူးလား။ နင့်ရဲ့ လုပ်ရပ်နဲ့ စကားတွေအပေါ် ခံစားချက်တွေကို ထိန်းချုပ်ခွင့်ပေးရင် နင် ဓမ္မဓိဋ္ဌာန်ကျပြီး မျှတနိုင်လား။ နင့်ယောက်ျားရဲ့ သဘာဝက သမ္မာတရားကို ငြီးငွေ့ပြီး ငြင်းပယ်တာလေ။ ဘုရားကို ကောင်းချီးရမဲ့ နည်းလမ်းတစ်ခု အနေနဲ့ပဲ သူယုံကြည်တာဖြစ်ပြီး တကယ်တော့ မယုံကြည်သူပဲ။ အသင်းတော်ထဲမှာ သူ့ကို နေခွင့်ပေးရင်တောင်၊ သမ္မာတရားကို ရှာမှာမဟုတ်သလို၊ ကယ်တင်ခံရမှာ မဟုတ်ဘူး။ ကိုယ့်ခံစားချက်တွေအရ ငါတို့ ပြုမူပြီး အသင်းတော် အလုပ်ကို ထိန်းဖို့ စည်းမျဉ်းတွေကို မထိန်းသိမ်းရင်၊ ဘုရားကို ဆန့်ကျင်ဘက် ရပ်တည်နေကြတာပဲ။ အဲဒီအပြုအမူကို မပြင်ရင်၊ ဘုရားက စက်ဆုပ်ပြီး ငါတို့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ် ဆုံးရှုံးတယ်။ ခံစားချက်တွေကို ကိုယ့်စကားတွေအပေါ် ထိန်းချုပ်ခွင့်ပေးလို့ မဖြစ်ဘူး။ သမ္မာတရားဘက်မှာ ရပ်ရမှာဖြစ်ပြီး၊ ဓမ္မဓိဋ္ဌာန်ကျကျနဲ့ မျှမျှတတ လူတွေကို ဆန်းစစ်ရမယ်။ ဘုရားက ဖြောင့်မတ်ပြီး ဘုရားအိမ်တော်ကို သမ္မာတရားက အုပ်စိုးတယ်။ လူကောင်းတွေက မတရားခံရမှာ မဟုတ်သလို၊ မယုံကြည်သူနဲ့ မကောင်းမှုပြုသူတွေကို အသင်းတော်မှာ သေချာပေါက် နေခွင့်ပြုမှာ မဟုတ်ဘူး”တဲ့။

ဒီမိတ်သဟာယကို ခေါင်းဆောင်က ဝေမျှတော့၊ သူ ဖော်ထုတ်ခဲ့တာက အမှန်တရားနဲ့ ကျွန်မရဲ့ တကယ့်အခြေအနေဖြစ်မှန်း စိတ်နှလုံးထဲ သိလိုက်တယ်။ ကျွန်မနဲ့ ဆက်နွှယ်မှုမရှိတဲ့ သူတစ်ယောက်အကြောင်း အသေးစိတ်အချက်တွေ ပေးခိုင်းခဲ့ရင်၊ လူတိုင်း ချင့်ချိန်နိုင်စွမ်းရှိနိုင်အောင်လို့ နည်းနည်းမှ မတုံ့ဆိုင်းဘဲ ကျွန်မ ပေးလိုက်မိမှာ။ ဒါပေမဲ့ ကျွန်မရဲ့ ခံစားချက်တွေကြောင့်၊ ကျွန်မယောက်ျားက မယုံကြည်သူအနေနဲ့ ဖော်ထုတ်ခံခဲ့ရတာကို ရှင်းရှင်း သိနေပေမဲ့၊ သူ့ကို ကာကွယ်ပြောဆိုမိဆဲဖြစ်ပြီး သူ့ကိုယ်စား ငြင်းခုံဖို့နည်းလမ်း ရှိခဲ့တယ်၊ ခေါင်းဆောင်က ခြွင်းချက်ထားပြီး သူ့ကို အသင်းတော်မှာ နေခွင့်ပေးမယ်လို့ မျှော်လင့်ရင်းနဲ့ပေါ့။ ကျွန်မက ဘုရားကို ဆန့်ကျင်ပြုမူနေခဲ့ပြီး၊ အသင်းတော်အလုပ်ကို နှောင့်ယှက်နေခဲ့တာ မဟုတ်လား။ ကျွန်မရဲ့ ခံစားချက် အနှောင်အဖွဲ့တွေက အရမ်းကို အားကောင်းလွန်းခဲ့တာပါ။ အဲဒီနောက်မှာ၊ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ဖတ်ပြီး၊ ကိုယ့်လုပ်ရပ်တွေကို ခံစားချက်တွေ ထိန်းချုပ်ခွင့်ပေးရတဲ့ အကြောင်းရင်းမြစ်ကို နားလည်သွားခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူပုဂ္ဂိုလ်တစ်ဦးသည် ဘုရားသခင်ကို ငြင်းပယ်ပြီး ဆန့်ကျင်သူတစ်ဦး ဖြစ်ကာ ဘုရားသခင်၏ကျိန်ဆဲခြင်း ခံရသော်လည်း ၎င်းတို့သည် သင်၏မိဘ၊ သို့မဟုတ် ဆွေမျိုးဖြစ်ပြီး သင်သိသမျှ အတော်အတန် မကောင်းမှုပြုသူတစ်ဦး မဟုတ်ဘဲ သင့်ကို ကောင်းမွန်စွာ ဆက်ဆံပါက ထိုလူကို သင် မမုန်းနိုင်သည်ကို တွေ့ရလိမ့်မည်၊ ၎င်းတို့နှင့် ရင်းနှီးသည့် ဆက်သွယ်မှုပင် ရှိနိုင်သည်၊ သင်တို့၏ ဆက်ဆံရေး မပြောင်းလဲပေ။ ထိုသို့သော လူတို့ကို ဘုရားသခင် မုန်းသည်ကို ကြားရခြင်းက သင့်ကို သောကရောက်စေပြီး ဘုရားသခင်ဘက်တွင် သင် မရပ်တည်နိုင်သကဲ့သို့ ၎င်းတို့ကို ရက်စက်စွာ မငြင်းပယ်နိုင်ပေ။ သင်သည် စိတ်ခံစားချက်များဖြင့် အမြဲ ချည်နှောင်ခံရပြီး ၎င်းတို့ကို လက်မလွှတ်နိုင်ပေ။ ဤအရာ၏ အကြောင်းအရင်းမှာ အဘယ်နည်း။ ဤအရာဖြစ်ရခြင်းမှာ သင်သည် စိတ်ခံစားချက်ကို တန်ဖိုးထားလွန်းပြီး ယင်းက သင့်အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှ ဟန့်တားထားသောကြောင့် ဖြစ်သည်။ ထိုလူသည် သင့်အပေါ် ကောင်းသောကြောင့် သင်သည် ၎င်းတို့ကို မမုန်းနိုင်ပေ။ ၎င်းတို့က သင့်အား နာကျင်စေသည့်အခါမှသာလျှင် ၎င်းတို့ကို သင်မုန်းတီးနိုင်သည်။ ထိုအမုန်းတရားသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီမည်လော။ ၎င်းတို့သည် မိဘ၊ သို့မဟုတ် ဆွေမျိုးဖြစ်သောကြောင့်၊ ၎င်းတို့ကို သင်မုန်းလျှင်၊ သင်သည် သားသမီးဝတ်မကျေပွန်သောသူ၊ အသိတရား မရှိသလို လူပင် မဟုတ်သူအဖြစ် လူ့အဖွဲ့အစည်း၏ အထင်အမြင်သေးခြင်းကို ခံရပြီး လူများ၏ ခံယူချက်အားဖြင့် ပုတ်ခတ်ဝေဖန်ခြင်းတို့ကို ခံရမည်ဟု တွေးလျက် သင်သည် အစဉ်အလာအယူအဆများဖြင့်လည်း ထိန်းချုပ်ခံရသည်။ သင်သည် ဘုရားသဘောသဘာဝ၏ ပြစ်တင်ရှုတ်ချခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းတို့ကို ခံစားရမည်ဟု တွေးထင်သည်။ သင်သည် ၎င်းတို့ကို မုန်းလိုလျှင်ပင် သင်၏အသိစိတ်က သင့်ကို အခွင့်ပေးမည် မဟုတ်ပေ။ သင်၏ အသိစိတ်သည် ဤနည်းလမ်းဖြင့် အဘယ်ကြောင့် လုပ်ဆောင်သနည်း။ ယင်းမှာ သင့်အနေဖြင့် ငယ်စဉ်ကတည်းက သင်၏ မိသားစုက သင့်အားပေးခဲ့ပြီးဖြစ်သည့်၊ သင်၏ မိဘများက သင့်အား သွန်သင်သည့်အရာနှင့် လူမှုထုံးတမ်းဓလေ့က သင့်ထဲသို့ ထည့်သွင်းပေးလိုက်သည့်အရာတို့အားဖြင့် သင့်ကို ပေးခဲ့ပြီးဖြစ်သည့် တွေးခေါ်နည်းတစ်ခု ဖြစ်သည်။ သားသမီးဝတ်ကို ကောင်းကင်မှ စီမံသတ်မှတ်ပေးပြီး မြေကြီးမှ အသိအမှတ်ပြုပေးကြောင်း၊ ယင်းက သင်၏ ဘိုးဘေးများထံမှ အမွေရပြီးဖြစ်သည့် အရာတစ်ခုဖြစ်ပြီး အစဉ် ကောင်းမြတ်သော အရာတစ်ခုဖြစ်ကြောင်း သင့်ကို တလွဲ ယုံကြည်စေလျက် သင်၏စိတ်နှလုံးထဲတွင် ထိုအရာက အလွန် နက်ရှိုင်းစွာ အမြစ်တွယ်နေသည်။ သင်သည် ယင်းကို ဦးစွာ သင်ယူခဲ့ပြီး ယင်းက သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်နိုင်အောင်၊ ဘုရားသခင် ချစ်သည့်အရာကို မချစ်နိုင်အောင်၊ ဘုရားသခင် မုန်းသည့်အရာကို မမုန်းနိုင်အောင်ဖြစ်သွားစေလျက် သင်၏ ယုံကြည်ခြင်းနှင့် သမ္မာတရားကို လက်ခံခြင်းတို့၌ ကြီးမားသော ခလုတ်တံသင်းနှင့် အနှောင့်အယှက်တို့ကို ဖန်တီးရင်း ကြီးစိုးမြဲ ကြီးစိုးနေသည်။...စာတန်က သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်မခံနိုင်အောင် ဖြစ်သွားစေလျက် သင်၏ အတွေးအခေါ်များ၊ သင်၏ စိတ်နှင့် သင်၏နှလုံးသားတို့ကို ချည်နှောင်ရန် ဤရိုးရာ ထုံးတမ်းဓလေ့မျိုးနှင့် လူ့ကျင့်ဝတ်ဆိုင်ရာ အယူအဆမျိုးတို့ကို အသုံးပြုသည်။ သင်သည် စာတန်၏ဤအရာများကို စိတ်စွဲနေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံနိုင်စွမ်းမရှိ ဖြစ်စေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်လက်တွေ့လုပ်ဆောင်လိုသည့်အခါတွင် ဤအရာများက သင့်အတွင်း၌ အကြီးအကျယ် နှောင့်ယှက်ဒုက္ခပေးပြီး သင့်ကို သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဆန့်ကျင်စေပြီး သင်သည် ရိုးရာထုံးတမ်းဓလေ့၏ ဖိနှိပ်ချုပ်ချယ်ခြင်းကို ကိုယ်တိုင် ဖယ်ရှားဖို့ငှာ မစွမ်းသာအောင်ဖြစ်စေသည်။ အချိန်အတန်ကြာ ရုန်းကန် ပြီးသည့်နောက်တွင် သင်သည် မတတ်သာသည့်အဆုံး အပေးအယူ လုပ်ရလေသည်။ လူ့ကျင့်ဝတ်ဆိုင်ရာ အစဉ်အလာ အယူအဆများသည် မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည်ဟု ယုံကြည်ဖို့ သင်ပိုနှစ်သက်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပစ်ပယ်သည်၊ သို့မဟုတ် စွန့်လွှတ်သည်။ သင်သည် ဤကမ္ဘာလောကတွင် အသက်ရှင် နေထိုင်နေဆဲ ဖြစ်ပြီး ဤလူများအပေါ် မှီခိုခြင်းအားဖြင့်သာ အသက်ရှင်နိုင်သည်ဟု ခံစားလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်မခံနိုင်သလို ကယ်တင်ခံရခြင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ သင်မတွေးပေ။ လူ့အဖွဲ့အစည်း၏ တန်ပြန်စွပ်စွဲချက်ကို သည်းခံနိုင်ခြင်းမရှိဘဲ ကိုယ်ကျင့်တရားဆိုင်ရာ ရိုးရာ အယူအဆများနှင့် စာတန်၏ စွမ်းအားတို့၌ လွင့်မျောလိုက်ပါလျက် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဖို့ ပို၍ နှစ်သက်ရင်း သမ္မာတရားနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို စွန့်လွှတ်ဖို့သာ သင် ရွေးချယ်လိုက်မည်။ လူသည် သနားစဖွယ် မကောင်းသလော။ ၎င်းတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို မလိုအပ်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ကိုယ်ပိုင်လွဲမှားသောအမြင်များကို သတိပြုခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ဘုရားနှုတ်ကပတ်တော်ကို အချိန်ယူ စဉ်းစားပြီးတော့၊ သဘောပေါက်ခဲ့တယ်။ ခံစားချက်တွယ်တာမှုနဲ့ ကိုယ့်ယောက်ျားကို လက်သင့်ခံပြီး ကာကွယ်ပေးရတဲ့ အကြောင်းရင်းက အစဉ်အလာ အယူအဆတွေရဲ့ ချည်နှောင်တာ ကျွန်မ ခံခဲ့ရလို့ပဲ။ “အိမ်ထောင်ရေးသည် နက်ရှိုင်းပြီး နက်နဲသည့် နှောင်ကြိုးတစ်ခု ဖြစ်သည်” ဆိုတာနဲ့ “လူသည် သက်မဲ့မဟုတ်။ စိတ်ခံစားချက်နှင့် မည်သို့ကင်းနိုင်မည်နည်း” ဆိုတဲ့ စိတ်ကူးတွေကို ကိုင်စွဲခဲ့တယ်။ ခံစားချက်ဆိုင်ရာ နှောင်ကြိုးတွေနဲ့ သစ္စာစောင့်သိမှုမရှိတဲ့ လူတွေက အသိစိတ်မရှိဘူးလို့ တွေးခဲ့မိတယ်။ ဒီဆိုးယုတ်တဲ့ စိတ်ကူးတွေနဲ့ ဦးနှောက်ကျင်းခံခဲ့ရတော့၊ အသင်းတော်က တောင်းဆိုတဲ့အခါ ကိုယ့်ယောက်ျားရဲ့ မယုံကြည်တဲ့ အပြုအမူနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်တွေကို ပေးရင်၊ အိမ်ထောင်သံယောဇဉ်ကို သစ္စာဖောက်နေတာလို့ တွေးခဲ့တယ်။ အဲဒါကိုတွေးရင်းနဲ့ သူ့မယားအနေနဲ့ ကျွန်မ လိပ်ပြာမလုံခဲ့ဘူး။ သူ့ကို ကျွန်မ သစ္စာရှိသင့်တယ်၊ ကာကွယ်ပြီး သူ့ကိုယ်စား ပြောသင့်တယ်။ ဒါကြောင့် ခေါင်းဆောင်ရှေ့မှာ သူ့ကို ကာကွယ်ပြောဆိုဖို့ ကြိုးစားခဲ့တယ်။ ဒီအစဉ်အလာ အယူအဆတွေနဲ့ ဆိုးယုတ်တဲ့ အဆိပ်တွေရဲ့ နက်နက်ရှိုင်းရှိုင်း ချည်နှောင်တာ ကျွန်မ ခံခဲ့ရတယ်။ ဒီအစဉ်အလာ ယဉ်ကျေးမှုနဲ့ ဆိုးယုတ်တဲ့ ဘဝအတွေးအခေါ်က ကျွန်မအတွေးတွေကို ရှုပ်စေရင်း၊ အမှန်နဲ့ အမှား၊ အကောင်းနဲ့ အဆိုး မခွဲခြားနိုင်အောင် တားဆီးရင်း၊ စည်မျဉ်းနဲ့ဆိုင်တဲ့ ကျွန်မရဲ့ အသိစိတ်ကို ဆုံးရှုံးစေရင်းနဲ့ ကိုယ့်ယောက်ျားကို ကာကွယ်ပြီး ဖုံးဖိပေးဖို့ ဘုရားကို ခုံခံဖို့ လိုလားရင်းနဲ့ ကျွန်မအတွေးကို ထိန်းချုပ်ခဲ့တယ်။ ကျွန်မရဲ့ စိတ်နှလုံးက စိတ်ခံစားချက်တွေနဲ့ လွှမ်းသွားခဲ့တယ်။ ဘုရားက သူချစ်တဲ့သူကို ချစ်ပြီး သူမုန်းတဲ့ သူကိုမုန်းဖို့ တောင်းဆိုတယ်။ သမ္မာတရားကို ရှာပြီး လက်တွေ့လုပ်သူတွေကို ဘုရားက ချစ်ပြီး ကယ်တင်တယ်။ သမ္မာတရားကို စိတ်ကုန်တဲ့ ကျွန်မယောက်ျားလိုလူတွေကိုတော့ မယုံကြည်သူတွေအဖြစ် ဘုရားက တရားစီရင်တယ်။ အဲဒီလိုလူတွေကို သူ လက်မခံသလို၊ လုံးဝ ကယ်တင်မှာ မဟုတ်ဘူး။ ကိုယ့်စိတ်ခံစားချက်တွေကို ကျွန်မ အလျှော့ပေးပြီး ကိုယ့်ယောက်ျားကို အသင်းတော်မှာ ရှိနေခွင့်ပေးရင်တောင်၊ သူက သမ္မာတရားကို ရှာမှာမဟုတ်သလို၊ သူ့စိတ်သဘောထားက ပြောင်းလဲမှာ မဟုတ်ဘူး။ ကိစ္စတွေ သူ့သဘောအတိုင်း မဖြစ်တော့၊ ဘုရားကို အပြစ်တင်ပြီး သစ္စာဖောက်မှာပဲ။ အသင်းတော်ကနေ သူ့ကို အချိန်မီ မဖယ်ရှားခဲ့ရင်၊ အသင်းတော် အသက်တာကို နှောင့်ယှက်မှာ။ ဒါကို သဘောပေါက်‌တော့ ဘုရားဆီ ဆုတောင်းခဲ့တယ်။ ကိုယ့်ဇာတိကို စွန့်၊ သမ္မာတရားကို လက်တွေ့လုပ်ပြီး၊ ကျွန်မယောက်ျားရဲ့ မယုံကြည်တဲ့ အပြုအမး အသေးစိတ်အားလုံးကို ပေးဖို့ အသင့်ပဲ။

အဲဒီနောက်မှာ ကျွန်မယောက်ျားရဲ့ မယုံကြည်တဲ့ အပြုအမူအားလုံးကို ကျွန်မ ချရေးခဲ့တယ်။ ရေးရင်းနဲ့ နည်းနည်း တွန့်ဆုတ်မိပြီး၊ အားလုံးကို ကျွန်မဖော်ထုတ်လိုက်ရင် ပိုပြီးတောင် မြန်မြန်ဆန်ဆန် သူ ဖယ်ထုတ်ခံရမှာ စိုးရိမ်စိတ်နဲ့ နောက်ဆုတ်ချင်ခဲ့မိတယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်ကို ပြန်တွေးပြီး ဘုရားစောင့်ကြည့်နေတာ သိတဲ့အခါ၊ လူတွေကို ကျွန်မ အရူးလုပ်လို့ ရပေမဲ့ ဘုရားကို အရူးလုပ်လို့မရမှန်း သိခဲ့တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ပြီး ကျွန်မသိသမျှအားလုံးကို ချရေးလိုက်တယ်။ ဘုရားနှုတ်ကပတ်တောတွေနဲ့အညီ လက်တွေ့လုပ်ပြီးတဲ့နောက်မှာ၊ အေးချမ်းပြီး စိတ်အေးလက်အေးဖြစ်ခဲ့တယ်။ ကျွန်မယောက်ျားရဲ့ အပြုအမူတွေပေါ် အကဲဖြတ်ချက်တွေကို စုဆောင်းပြီးတဲ့ နောက်မှာ၊ နောက်ထပ်စုဝေးပွဲမှာ ကျွန်မ လူတိုင်းကို ဖတ်ပြတယ်။ သူ ဖယ်ထုတ်ခံရသင့်လားဆိုတာကို ချိန်ဆဖို့ လူတိုင်းကို တောင်းဆိုရင်းနဲ့ပေါ့။ အံ့ဩစရာကောင်းတာက၊ ညီအစ်ကို မောင်နှမတချို့က သဘောမတူခဲ့ကြဘူး။ အရင်တုန်းက သူတို့ကို သူက မကြာခဏ ကူညီပြီး မယုံကြည်သူနဲ့ တူပုံမရဘူးလို့ ပြောကြတယ်။ ညီအစ်ကို မောင်နှမတွေ ဒီလိုပြောတာ ကြားရတော့၊ ကျွန်မယောက်ျားက သူ့ကိုယ်သူ တကယ် ထက်ထက်သန်သန် အသုံးတော်ခံခဲ့ပြီး၊ ညီအစ်ကို မောင်နှမတွေကို အရင်တုန်းက ကူညီခဲ့တာ ပြန်သတိရမိတယ်။ ကျွန်မတွေးမိတယ်။ “သူ့ကို နောက်ထပ် အခွင့်အရေး ပေးသင့်တယ်။ သူ့ကို ငါ မိတ်သဟာယပြုလို့ရသလို၊ အရမ်းကို မြန်မြန်ဆန်ဆန် ဖယ်ထုတ်လို့ မဖြစ်ဘူး ထင်တယ်”လို့ပေါ့။ အဲဒီအချိန်မှာပဲ ကျွန်မက ကိုယ့်ယောက်ျားကို ထပ်ဖုံးဖိပေးဖို့ ကြိုးစားနေမှန်း သဘောပေါက်လိုက်တယ်။ အသင်းတော်က သူ့ကို အခွင့်အရေး မပေးခဲ့တာမှ မဟုတ်တာ။ သူက သူ့ဘဝမှာ ဘုရားကို အလိုမရှိခဲ့သလို၊ သူ့ယုံကြည်ခြင်းကို ဆန္ဒအလျောက် စွန့်ခဲ့တာပဲ။ ဘယ်မိတ်သဟာယ အတိုင်းအတာကမှ အသုံးဝင်မှာ မဟုတ်ဘူး။ သူ့အနှစ်သာရက မယုံကြည်သူရဲ့ အနှစ်သာရပြီး မယုံကြည်သူတွေက လုံးဝ နောင်တမရကြဘူး။ မယုံကြည်သူတွေကို ဘုရား မကယ်တင်ဘူး။ သူ့ကို သနားခြင်းနဲ့ မေတ္တာ ကျွန်မ ပြနေတုန်းပဲဆိုရင်၊ ဘုရားက ကျွန်မကို စက်ဆုပ်ပြီး မုန်းမှာ။ ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတယ်။ “အကယ်၍ အသင်းတော် တစ်ခုတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိသူ တစ်ဦးမျှ မရှိပါက၊ ထို့အပြင် ဘုရားသခင်အတွက် သက်သေခံနိုင်သောသူ တစ်ဦးမျှ မရှိပါက၊ ထိုအသင်းတော်ကို လုံးဝ သီးခြားဖြစ်သွားစေရမည်ဖြစ်ပြီး အခြားအသင်းတော်များနှင့် ထိုအသင်းတော်၏ ချိတ်ဆက်မှုများ ဖြတ်တောက်ရမည်။ ဤသည်ကို ‘သေခြင်းကို မြေမြှုပ်ခြင်း’ ဟုခေါ်သည်၊ ယင်းသည် စာတန်ကို ပစ်ပယ်ခြင်းကို ဆိုလိုသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလို့ မရမှန်း ဘုရားနှုတ်ကပတ်တော်က စွဲမှတ်စေတယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မယောက်ျားအပေါ် ချင့်ချိန်နိုင်စွမ်း မရှိလို့ သူ့ကို ကာကွယ်နေကြမှန်း သိခဲ့တယ်။ သူ့ကို ကျွန်မ ဖုံးဖိပေးပြီး သမ္မာတရားကို လက်တွေ့မလုပ်ခဲ့ရင်၊ သိလျက်နဲ့ အပြစ်လုပ်ပြီး ဘုရားကို ပုန်ကန်၊ ဆန့်ကျင်နေမိမှာပဲ။ အထူးသဖြင့် ကျွန်မက အသင်းတော် ခေါင်းဆောင်ဖြစ်တော့ အသင်းတော် အလုပ်ကို ထိန်းသိမ်းဖို့ သမ္မာတရားလက်တွေ့လုပ်ရာမှာ မဦးဆောင်သလို၊ မယုံကြည်သူကို အသင်းတော်မှာ ရှိနေခွင့်ပေးရာမှာ စာတန်နဲ့ ရပ်တည်ခဲ့ရင်၊ ဘုရားက ကျွန်မကို စက်ဆုပ်ဖို့ အလားအလာရှိမှာဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို‌ ကျွန်မ ဆုံးရှုံးသွားမှာ။ ကိုယ့်ကိုယ်ကိုယ်မက၊ ညီအစ်ကို မောင်နှမတွေကိုလည်း ထိခိုက်နစ်နာစေမိမှာ။ စာတန်ရဲ့ မကောင်းတဲ့ အကြံကို အလှည့်စားခံလို့ မဖြစ်ဘူး။ ညီအစ်ကို မောင်နှမတွေ ချင့်ချိန်နိုင်စွမ်းရှိအောင် ကူညီဖို့ သူတို့နဲ့ မိတ်သဟာယပြုပေးရမယ်။ ဒါ ကျွန်မရဲ့ တာဝန်ပဲ။ ဒါကြောင့်၊ ဘုရားနှုတ်ကပတ်တော်တွေကို ကိုးကားပြီး ကျွန်မယောက်ျားရဲ့ မယုံကြည်တဲ့ အပြုအမူကို မိတ်သဟာယပြုခဲ့တယ်။ မိတ်သဟာယပြုပြီးတဲ့နောက်မှာ၊ ကျွန်မယောက်ျားအပေါ် ချင့်ချိန်နိုင်စွမ်းတချို့ ရသွားပြီး၊ သူ့ကို ဖယ်ထုတ်ပစ်ဖို့ သဘောတူညီချက်မှာ သူတို့နာမည်တွေကို လက်မှတ်ထိုးဖို့ လိုလားခဲ့ကြတယ်။ ဒီလိုလက်တွေ့လုပ်ပြီးတဲ့နောက်မှာ ကျွန်မ အရမ်းစိတ်အေးသွားတယ်။

ဒီအတွေ့အကြုံကို ဖြတ်သန်းပြီးနောက်မှာ၊ ကိုယ့်အပြုအမူအပေါ် ခံစားချက်တွေ ထိန်းချုပ်ခွင့်ပေးရတဲ့ ဖြစ်ကြောင်းရင်းမြစ်နဲ့ စပ်လျဉ်းပြီး ချင့်ချိန်နိုင်စွမ်း ရခဲ့တယ်။ ကိုယ့်စိတ်ခံစားမှုတွေအတိုင်း ပြုမူတာက ဘုရားကို ဆန့်ကျင်ရပ်တည်ပြီး ခုခံနေတာဖြစ်မှန်း သဘောပေါက်ခဲ့တယ်။ ရှေ့ဆက်ပြီး၊ ကိုယ့်ရဲ့ပြုမူပုံအပေါ် ခံစားချက်တွေကို ထိန်းချုပ်ခွင့် မပေးတော့ဘူး။ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ သမ္မာတရား ရှာမယ်၊ သမ္မာတရားအတိုင်း လက်တွေ့လုပ်ပြီး၊ သမ္မာတရားကို ရှာဖွေတဲ့ လမ်းကြောင်းပေါ် လျှောက်မယ်။ ဘုရားကျေးဇူးတော်ပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ရိုးသားသောသူတစ်ယောက်ဖြစ်ဖို့ တိုက်ပွဲ

ဝေ့ကျွန်း တရုတ်နိုင်ငံလွန်ခဲ့သည့် သုံးလေးနှစ်က အသုံးအဆောင်ပစ္စည်း ပြုပြင်သည့် ဆိုင်တစ်ဆိုင် ဖွင့်ခဲ့ပါသည်။ သမ္မာအာဇီဝကျသည့် အလုပ်တစ်ခုကို...

ကျွန်မရဲ့ရွေးချယ်မှု

၂၀၁၂ မတ်လတုန်းက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ကျွန်မအမေက ကျွန်မကိုမျှဝေခဲ့တယ် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို...

စိတ်နှလုံး၏ အထုံးအနှောင်များကို ဖြေခြင်း

ချန်ယီ တရုတ်နိုင်ငံ ပြီးခဲ့တဲ့ နွေဦးတုန်းက အသင်းတော်ထဲမှာ ကျွန်မက ဧဝံဂေလိ တာဝန် ယူနေတုန်းမှာ ဖြစ်ခဲ့တာပါ။ အဲဒီတုန်းက၊ အစ်မ ဝမ်က ဧဝံဂေလိ...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။