ဘဝ၏လမ်းမှန်ကို ယခုမှ ကျွန်မ စလျှောက်ခဲ့ခြင်းဖြစ်သည်
ရှီဟန်၊ ဟူဘေစီရင်စု ကျွန်မသည် ဆင်းရဲသော တောင်သူလယ်သမားမိသားစုတစ်စု၌ မွေးဖွားခဲ့ပါသည်။ ကျွန်မသည် ကလေးဘဝ၌ပင် စဉ်းစားတတ်ခဲ့ပြီး အခြားသော...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၁၉ခုနှစ်မှာ အသင်းတော်တစ်ခုမှာ ကျွန်မ ခေါင်းဆောင်တစ်ယောက်ဖြစ်တုန်းက အထက်ခေါင်းဆောင်နှစ်ယောက်နဲ့ ကျွန်မ တွေ့ခဲ့တယ်။ သူတို့က သမ္မာတရားကို မိတ်သဟာယပြုပြီး ပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ အကြောင်းအရာရဲ့ အဓိကအချက်ဆီကို သွားတယ်။ အပေါ်ယံကနေစပြီး အကြောင်းအရာတွေကို မိတ်သဟာယပြုပြီး စိစစ်တယ်။ ပြီးတော့ နက်နဲတဲ့အပိုင်းထိသွားတယ်။ အစီအစဉ်တကျပုံစံနဲ့ပေါ့။ နားထောင်ရတာ အကျိုးရှိတယ်လို့ ကျွန်မ ခံစားမိတယ်။ သူတို့မှာ အကြောင်းအရာတွေ အပေါ် လေးနက်တဲ့အမြင်ရှိတယ်၊ သမ္မာတရား စစ်မှန်မှုရှိတယ်လို့ ထင်မိတယ်။ ကျွန်မက ဘဝအတွေ့အကြုံနည်းပါးတော့ ကျွန်မကို ဒီလိုလူတွေက လမ်းပြရင် သေချာပေါက် အမြန်တိုးတက်ပြီး သမ္မာတရားကို ပိုပြီးသိလာမယ်၊ ကျွန်မကယ်တင်ခြင်းက အာမခံချက်ရှိမယ်လို့ တွေးမိတယ်။ အဲဒီနောက်တော့ ကျွန်မအလုပ်မှာ ဘာပြဿနာ၊ အခက်အခဲပဲ ကြုံရပါစေ ကျွန်မ ပထမဆုံးလုပ်တာက သူတို့ဆီ စာရေးပြီး အကူအညီတောင်းတာပဲ။ သူတို့က ပြန်ပြီး လမ်းညွှန်ပေးတဲ့အခါမှာ အသေးစိတ်ကျပြီး လမ်းကြောင်းတွေပြပေးတယ်။ ကျွန်မပြဿနာတွေကို ဖြေရှင်းပေးတယ်။ ကျွန်မက သူတို့ကို ပိုပြီးတော့တောင် အထင်ကြီးပြီး အားကိုးလာတယ်။ အချိန်ကြာလာတော့ ကျွန်မက ပြဿနာအကြီးအငယ်တိုင်းအတွက် ကူဖြေရှင်းပေးဖို့ သူတို့ကို ရှာတယ်။ အထွေထွေကိစ္စတွေတောင်ပါတယ်။ ကျွန်မက အပျက်သဘောဆောင်တဲ့ အခြေအနေမှာ ရှိနေတိုငးမှာ ဘုရားနှုတ်ကပတ်တော်ကိုဖတ်ဖို့၊ သမ္မာတရားကို ရှာဖွေဖို့၊ ကျွန်မနဲ့တွဲလုပ်တဲ့ အစ်မနဲ့ မိတ်သဟာယဖွဲ့ဖို့ အာရုံမစိုက်ဘူး။ ဒါကို ဖြေရှင်းဖို့အတွက် အဲဒီခေါင်းဆောင်တွေနဲ့ စုဝေးဖို့အတွက် စောင့်တယ်။ စုဝေးပွဲတွေမှာ သူတို့က မိတ်သဟာယမျှဝေတဲ့အခါ ကျွန်မက အာရုံစိုက်နားထောင်ပြီး အလေးအနက်မှတ်သားတယ်။ တစ်ခုခုကျန်ခဲ့မှာစိုးပြီးတော့ပေါ့။ စုဝေးပွဲတွေမှာ သူတို့က ကျွန်မတို့ပြဿနာတွေကို ခဏခဏ ထောက်ပြပြီး စိစစ်ပေးတယ်။ ကျွန်မတို့က ကိုင်တွယ်ဖြေရှင်းခံရတဲ့အခါ ငြင်းခုံပြီး ကိုယ်မှန်ကြောင်းပြောရင် သူတို့က ချက်ချင်းပဲ ထောက်ပြကြတယ်။ တစ်ခါတလေမှာ ကျွန်မကိုယ်တိုင် သတိမထားမိတဲ့ ဖောက်ပြန်ပျက်စီးမှုတချို့ကို ပြတဲ့အခါ သူတို့က ဒီနောက်ကွယ်မှာ ပုန်းကွယ်နေတဲ့ ရည်ရွယ်ချက်တွေကို ထောက်ပြနိုင်ပြီး ကျွန်မလုပ်ရပ်တွေရဲ့ သဘာဝကို စိစစ်ပေးတယ်။ ဒါဟာ သူတို့က သမ္မာတရားကို နားလည်ပြီး သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်တယ်လို့ ကျွန်မ ခံစားရတာကို ပိုပြီးတိုးပွားစေတာပေါ့။ အဲဒါနဲ့ ကျွန်မက သူတို့ကို ပိုပိုပြီး အထင်ကြီးလေးစားလာတယ်။ ဒါပေမဲ့ သူတို့နဲ့သိတာ နည်းနည်းကြာလာတော့ ကျွန်မ သတိထားမိတာက သူတို့က ပြဿနာတွေ ဖြေရှင်းတဲ့အခါမှာ ကျွန်မတို့ပြတဲ့ ဖောက်ပြန်ပျက်စီးမှုကိုပဲ ထောက်ပြတယ်။ ဒါပေမဲ့ သူတို့ပြတဲ့ ဖောက်ပြန်ပျက်စီးမှု၊ သူတို့ရဲ့ တကယ့် အတွေ့အကြုံတွေကို လုံးဝ မိတ်သဟာယမဖွဲ့သလောက်ပဲ။ အများအားဖြင့် သူတို့ရဲ့ ကိုယ်ပိုင်အပြုသဘောဆောင်တဲ့ ဝင်ရောက်မှုအကြောင်းပဲ ပြောတယ်။ သူတို့က ဘာဖောက်ပြန်ပျက်စီးမှုမှမရှိဘဲ သမ္မာတရားကို တကယ်ကို လက်တွေ့လုပ်ဆောင်နိုင်သလိုမျိုးပေါ့။ သူတို့က အလုပ်မှာပဲ လုံးဝ အာရုံစိုက်နေပြီး ဘာအသက်ဝင်ရောက်မှုမှ မရှိတဲ့ပုံစံရှိတယ်လို့ ကျွန်မ မရေမရာခံစားမိတယ်။ ဒါပေမဲ့ သူတို့က သူများတွေရဲ့ ပြဿနာတွေကို မြင်နိုငပြီး ကျွန်မတို့အလုပ်ကို လမ်းညွှန်ပေးနိုင်တယ်ဆိုတော့ ဒါက အသက်ဝင်ရောက်မှုနဲ့ စစ်မှန်မှု အမျိုးအစားတစ်ခုပဲမဟုတ်ဘူးလားဆိုပြီး တွေးမိတယ်။ အဲဒါနဲ့ ကျွန်မ ဆက်ပြီးတော့ သူတို့ကို လေးစားပြီး မြှောက်စားခဲ့တယ်။ သူတို့ လုပ်တဲ့ပုံစံကိုတောင် ကျွန်မ အတုခိုးတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ တာဝန်မှာ ပြဿနာတွေ၊ သူတို့ဖွင့်ပြတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ကျွန်မကို မြင်တဲ့အခါမှာ အဲဒီခေါင်းဆောင်တွေလိုပဲ သူတို့ကို မညှာမတာ ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းတယ်။ ရလဒ်အနေနဲ့ တချို့လူတွေက အပျက်သဘောထဲ နှစ်မြုပ်သွားပြီး ကျွန်မကို ကြောက်လာတယ်။ ကျွန်မကြောင့် စိတ်ကျဉ်းကျပ်လာကြတယ်။ ကျွန်မက သူတို့ကို အရမ်းလေးစားလွန်းတယ်။ ဒီတော့ ပြဿနာတွေကို ရင်ဆိုင်ရတော့ ဘုရားကို အားကိုးတာ၊ သမ္မာတရားကို ရှာဖွေတာ မလုပ်ဘဲ ဖြေရှင်းဖို့အတွက် သူတို့ကို ရှာတယ်။ တဖြည်းဖြည်းနဲ့ ကျွန်မစဉ်းစားပုံက ပိုပိုပြီး ရှုပ်ထွေးလာပြီးတော့ ပိုပြီး ဝိုးတိုးဝါးတားဖြစ်လာတယ်။ အလုပ်မှာ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေနဲ့ ပြဿနာတွေကလည်း ရှိနေတော့ အကြောင်းအရာတွေကို နားကိုမလည်နိုင်ဘူး။ အရင်က ကျွန်မ ဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို အခု ဘာလုပ်ရမှန်းမသိဘူး။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလုပ်ကို မခံစားရဘူး။ ပိုပြီးတော့ ယောင်ချာချာဖြစ်လာတယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် သုံးသပ်မကြည့်သေးဘူး။
ဧပြီလ နေ့တစ်နေ့မှာ ခေါင်းဆောင်နှစ်ယောက်က အမှားကို ဝန်ခံပြီး နုတ်ထွက်သွားတယ်၊ သူတို့တွေက အယောင်ဆောင်ခေါင်းဆောင်တွေ၊ သမ္မာတရားကို မရှာတဲ့သူတွေအဖြစ် ဖော်ထုတ်ခံရတယ်ဆိုတဲ့ မျှော်လင့်မထားတဲ့ သတင်းကို ကျွန်မ ကြားလိုက်ရတယ်။ ဒါ မှန်တယ်လို့ ကျွန်မ ယုံကို မယုံနိုင်ခဲ့ဘူး။ သုံးလေးရက်လောက်အထိ ကျွန်မ ဆက်တိုက်စဉ်းစားတယ်။ ဘယ်လိုလုပ်သူတို့က အမှားဝန်ခံပြီး နုတ်ထွက်သွားရတာလဲ ပေါ့။ သူတို့တွေက တော်တော်သိပြီး အလုပ်လုပ်နိုင်စွမ်းရှိတယ်။ သူတို့တွေက သမ္မာတရားကို မရှာတဲ့သူတွေအဖြစ် ဖော်ထုတ်ခံရတယ်။ ကျွန်မကကျတော့ သူတို့ကို မယှဉ်နိုင်ဘူးဆိုတော့ ကျွန်မက ကိုယ့်ယုံကြည်ခြင်းကို ဒီလိုဆက်ပြီး ကျင့်သုံးနေရင် ကျွန်မတာဝန်ကို ကောင်းကောင်းလုပ်နိုင်ပြီး ဘုရားက ကယ်တင်တာကို ခံရပါ့မလားပေါ့။ အဲဒီအချိန်မှာ ကျွန်မ တော်တော်စိတ်မချမ်းမသာဖြစ်တယ်။ အမှားဝန်ခံပြီး နုတ်ထွက်ဖို့တောင် ကျွန်မ စဉ်းစားတယ်။ ဒါပေမဲ့ ကျွန်မက မှန်ကန်တဲ့ အခြေအနေမှာ မရှိဘူးဆိုတာ အရမ်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ်မေးလိုက်တယ်။ ငါ့ယုံကြည်ခြင်းက ဘုရားအပေါ်မှာလား။ လူတွေအပေါ်မှာလားပေါ့။ အထက်ခေါင်းဆောင်နှစ်ယောက်နုတ်ထွက်တာက ဘာလို့ ကျွန်မအပေါ် အရမ်းသက်ရောက်မှုရှိနေတာလဲ။ ကျွန်မမှာ ဘုရားကယ်တင်တာ ခံရဖို့ မျှော်လင့်ချက်မရှိတော့ဘူးလို့ ခံစားရတဲ့အထိ ဘာလို့ ဖြစ်တာလဲပေါ့။ ကျွန်မစိတ်နှလုံးမှာ လူသားတွေအတွက် နေရာရှိနေတာကြောင့် ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိတယ်ဆိုတာ သဘောပေါက်သွားတယ်။ ကျွန်မ ကြောက်လာပြီးတော့ အမြန်ဆုတောင်းလိုက်တယ်။ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို သိဖို့အတွက် လမ်းပြဖို့ ဘုရားကို ဆုတောင်းတယ်။ နောက်တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ကျွန်မ ဖတ်ရတယ်။ “ဘုရားသခင် နောက်ကို လိုက်သည်ဟု ပြောသောသူများသည် မိမိတို့ အဘယ်သူကို ယုံကြည်သည်ကို အတိအကျသိရန် မိမိတို့၏ မျက်လုံးများကို ဖွင့်ကာ သေသေချာချာကြည့်ပါက အကောင်းဆုံးဖြစ်ပေမည်။ သင်ယုံကြည်နေသည်မှာ ဘုရားသခင်ရော အမှန်တကယ် ဟုတ်သလော၊ သို့တည်းမဟုတ် စာတန်လော။ အကယ်၍ သင်ယုံကြည်သည်မှာ ဘုရားသခင်မဟုတ်ဘဲ၊ သင်၏ ကိုယ်ပိုင်ရုပ်တုများသာဖြစ်သည်ကို သင်သိပါက၊ သင်သည် ယုံကြည်သူ တစ်ယောက်ဖြစ်သည်ဟု မကြွေးကြော်လျှင် အကောင်းဆုံးဖြစ်မည်။ အကယ်၍ သင်သည် အဘယ်သူကို ယုံကြည်သည်ကို အကယ်စင်စစ် မသိပါက၊ တစ်ဖန် သင်သည် ယုံကြည်သူတစ်ယောက် ဖြစ်သည်ဟု မကြွေးကြော်သည်မှာ အကောင်းဆုံးဖြစ်ပေမည်။ ထိုသို့ပြောခြင်းသည် ဘုရားသခင်အား ပြစ်မှားစော်ကားခြင်း ဖြစ်ပေလိမ့်မည်။ သင့်ကို မည်သူကမျှ ဘုရားသခင်ကို အတင်းအကျပ် ယုံကြည်နေစေခြင်း မဟုတ်ပေ။ သင်တို့ ငါ့ကို ယုံကြည်သည်ဟု မပြောနှင့်။ ထိုစကားများကို ငါ လုံလုံလောက်လောက် ကြားခဲ့ရပြီးဖြစ်ကာ နောက်တစ်ဖန် ငါမကြားလိုတော့။ အဘယ်ကြောင့်ဆိုသော် သင်တို့ ယုံကြည်သည်မှာ သင်တို့၏ စိတ်နှလုံး၌ရှိသော ရုပ်တုများနှင့် သင်တို့ အကြား၌ရှိသော ဒေသခံဗိုလ်ကျသူများ ဖြစ်သောကြောင့်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) ဘုရားနှုတ်ကပတ်တော်ဖတ်ရတာက ကျွန်မကို လှုံ့ဆော်ပေးတယ်။ အထူးသဖြင့် ဒီနေရာပေါ့။ “မိမိတို့ အဘယ်သူကို ယုံကြည်သည်ကို အတိအကျသိရန် မိမိတို့၏ မျက်လုံးများကို ဖွင့်ကာ သေသေချာချာကြည့်ပါက။” ဒါ ကျွန်မကို တော်တော်စိတ်ထိခိုက်စေတယ်။ ဘုရားသခင်က ကျွန်မကို ထောက်ပြနေတယ်လို့ ခံစားမိတယ်။ အဲဒီခေါင်းဆောင်တွေနဲ့ ကျွန်မ ဆက်ဆံရေးကို ပြန်စဉ်းစားကြည့်တယ်။ သူတို့တွေက အကြောင်းအရာတွေကို ဖြေရှင်းတဲ့ နေရာမှာ ရှင်းလင်းပြီး စနစ်ကျပြီးတော့ စကားပြောရာမှာ အစီအစဉ်တကျဖြစ်တာကို မြင်ပြီး သူတို့က သမ္မာတရားကို သိတယ်။ သမ္မာတရားရဲ့ စစ်မှန်မှုရှိတယ်၊ သူတိုနဲ့ ပိုပြီး မိတ်သဟာယဖွဲ့ရင် ကျွန်မက အသက်တာမှာ ပိုပြီး မြန်မြန်ကြီးထွားပြီး ကယ်တင်ခြင်းအတွက် အာမခံချက်ရှိမယ်လို့ ခံစားမိခဲ့တယ်။ အဲဒါနဲ့ ဘာပြဿနာ၊ အခက်အခဲတွေပဲ ကြုံရပါစေ ဖြေရှင်းဖို့အတွက် ဘုရားကို အားကိုးပြီး သမ္မာတရားကို ရှာဖွေရမယ့်အစား သူတို့ကိုပဲ အမြဲတမ်းရှာပြီး အားကိုးခဲ့တယ်။ သူတို့ပြောသမျှကို လုပ်ခဲ့တယ်။ ကျွန်မစိတ်နှလုံးထဲမှာ သူတို့က အရမ်းလေးစားရသူတွေ၊ ကျွန်မရဲ့ ထောက်တိုင်တွေ ဖြစ်နေခဲ့တယ်။ အခု သူတို့က အမှားကို ဝန်ခံပြီး နုတ်ထွက်တော့ ကျွန်မက ကိုယ့်တာဝန်မှာ လမ်းကြောင်းမရှိတော့ဘဲ ဦးတည်ချက်မဲ့သလို ခံစားမိခဲ့တယ်။ အဲဒီမှာ နောက်ဆုံးတော့ ကျွန်မ သဘောပေါက်သွားတယ်။ တစ်လျှောက်လုံးမှာ ကျွန်မက လူသားတွေကို အမှီပြု၊ အားကိုးနေပြီး ဘုရားကို မဟုတ်ဘူးဆိုတာပဲ။ အပြင်ပန်းမှာတော့ ကျွန်မက ဘုရားကို ယုံကြည်ခြင်းရှိပြီး တာဝန်ထမ်းဆောင်တယ်။ နေ့တိုင်း ဘုရားကို ပါးစပ်လှုပ်ဆုတောင်းတယ်။ ဒါပေမဲ့ ကျွန်မစိတ်နှလုံးထဲမှာ ဘုရားအတွက် ဘာနေရာမှကို မရှိတာပါ။ ပြဿနာတွေကို ရင်ဆိုင်ရတဲ့အခါ ကျွန်မက လူတွေကို အမြဲတမ်းရှာပြီး သူတို့ပြောတာ နားထောင်တယ်။ ကျွန်မက လူတွေကို ယုံကြည်နေတာ ရှင်းပါတယ်။ ဒါပေမဲ့ ဘုရားကို ယုံတယ်လို့ ပြောနေတုန်းပဲ၊ ကျွန်မက ဘုရားကို လိမ်ညာနေပြီး စော်ကားပုတ်ခတ်နေတာပါ။ ဘုရားဆီက ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ စဉ်းစားမိတယ်။ “ဘုရားသခင်ကို ယုံကြည်သောလူတို့သည် ဘုရားသခင်ကို နာခံကာ ကိုးကွယ်သင့်သည်။ မည်သည့်လူကိုမျှ မချီးမြှောက် သို့မဟုတ် မကြည်ညိုနှင့်။ သင်သည် ဘုရားသခင်အား ပထမနေရာ ပေးပြီး သင် ကြည်ညိုသောသူများကို ဒုတိယနေရာ ပေးကာ သင့်ကိုယ်သင် တတိယနေရာ ပေးခြင်း မပြုရ။ မည်သည့်လူမျှ သင်၏ စိတ်နှလုံးတွင် နေရာ မယူသင့်သကဲ့သို့၊ လူတို့ကို- အထူးသဖြင့် သင် ကြည်ညို လေးစားသူများကို- ဘုရားသခင်နှင့် တန်းတူဟု မယူဆသင့်ပေ။ ဤသည်မှာ ဘုရားသခင်ဖို့ သည်းမခံနိုင်ဖွယ်ရာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်) ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလို့မရနိုင်ဘူးလို့ တကယ်ကို ခံစားရပါတယ်။ ကျွန်မတို့ယုံကြည်ခြင်းမှာ ဘုရားကို ကိုးကွယ်ပြီး သူ့ကို ကြီးမြတ်သူအဖြစ် ကြောက်ရွံ့ရမယ်လို့ ဘုရားက ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ ဘုရားကို အမှီပြုပြီး ဘုရားကို အထင်ကြီးလေးစားသင့်တယ်။ လူတွေကို မဟုတ်ပါဘူး။ သူ့ကို ယုံကြည်ဟန်ဆောင်ပြီးတော့ လူတစ်ယောက်နောက်လိုက်ပြီး မြှောက်စားတာကို ဘုရားက ဘယ်သူ့ကိုမှ လုံးဝ ခွင့်ပြုမှာမဟုတ်ဘူး။ ဒါက ဘုရားက သည်းခံမှာမဟုတ်တဲ့ ဘုရားစိတ်သဘောထားကို ပုန်ကန်ပြစ်မှားတဲ့ အရာတစ်ခုပဲ။ အချိန်ခဏလောက်အထိ ဘုရားကို ကျွန်မ ခဏခဏဆုတောင်းတယ်။ ဒီခေါင်းဆောင်နှစ်ယောက်ကို ဘာလို့ အရမ်းကြည်ညိုနေရတယ်ဆိုတာ သုံးသပ်ကြည့်တယ်။ ဒီပြဿနာကို နည်းနည်းနားလည်အောင် ကူညီပေးတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင် လေးစားအားကျသည်မှာ ခရစ်တော်၏နှိမ့်ချမှု မဟုတ်ဘဲ ထင်ရှားသည့် အဆင့်အတန်း ရှိသော သိုးထိန်းယောင်ဆောင်သူများကို ဖြစ်သည်။ သင်သည် ခရစ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု၊ သို့မဟုတ် ဉာဏ်ပညာကို မကြည်ညိုဘဲ၊ ကမ္ဘာလောက၏ ဆိုးညစ်မှုတွင် မွေ့လျော်နေသည့်အကျင့်သီလမဲ့သူများကို ကြည်ညိုပေသည်။ ခေါင်းချရန် နေရာ မရှိသော ခရစ်တော်၏ နာကျင်မှုဝေဒနာကို သင် လှောင်သွေးသွမ်းသည်၊ သို့သော် လှူဖွယ်ပစ္စည်းများကို ရှာဖွေပြီး၊ သောက်စားပျော်ပါးမှုတွင် အသက်ရှင်သည့် အလောင်းကောင်များကို သင် လေးစားအားကျ၏။ သင်သည် ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံစားရန် လိုလားမနေဘဲ၊ သင့်ကို ဇာတိပကတိ၊ စကားလုံးများနှင့် ထိန်းချုပ်မှုတို့ကိုသာ ပေးသည့် အဆင်အခြင်မဲ့သော အန္တိခရစ်များ၏ ရင်ခွင်ထဲသို့ ဝမ်းပန်းတသာ ခြေစုံပစ်ဝင်သည်။ ယခုတွင်ပင် သင်၏ နှလုံးသားသည် ၎င်းတို့ထံ၊ ၎င်းတို့၏ဂုဏ်သတင်းထံ၊ ၎င်းတို့၏ အဆင့်အတန်းထံ၊ ၎င်းတို့၏ လွှမ်းမိုးမှုထံသို့ လှည့်ထားဆဲ ဖြစ်သည်။ သို့တိုင်အောင် သင်သည် ခရစ်တော်၏အမှုကို လက်ခံရန် ခက်ခဲပြီး၊ ယင်းကို သင် လက်ခံလိုခြင်း မရှိသည့် သဘောထား တစ်ခုကို ဆက်လက် စွဲကိုင်လေသည်။ ဤသည်မှာ သင်သည် ခရစ်တော်ကို အသိအမှတ်ပြုရန် ယုံကြည်ခြင်း ကင်းမဲ့သည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ သင့်အနေဖြင့် ယနေ့ထိ ခရစ်တော်နောက်သို့ လိုက်ရသည့်အကြောင်းရင်းမှာ သင်သည် အခြားရွေးစရာ မရှိခဲ့သောကြောင့်သာ ဖြစ်သည်။ ဟိတ်ဟန်ကြီးသော ပုံရိပ်တသီတတန်းသည် သင့်နှလုံးသားတွင် အစဉ်အမြဲ လွှမ်းမိုးနေသည်။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းကို သင်တို့ မမေ့လျော့နိုင်ကြသကဲ့သို့၊ ၎င်းတို့၏ ဩဇာညောင်းသော စကားလုံးများနှင့် လက်ရာများကို သင်မမေ့နိုင်ပေ။ သင်တို့၏နှလုံးသားတွင် ၎င်းတို့သည် အစဉ်အမြဲ အမြင့်ဆုံးနှင့် ထာဝရ သူရဲကောင်းများ ဖြစ်ကြသည်။ သို့ရာတွင် ယနေ့၏ ခရစ်တော်အတွက်မူ ထိုသို့မဟုတ်ပေ။ သူသည် သင်၏နှလုံးသားတွင် အစဉ်ထာဝရ အရေးမပါသကဲ့သို့၊ အစဉ်ထာဝရ ရိုသေလေးစားခြင်း မခံထိုက်ပေ။ အကြောင်းမှာ သူသည် အလွန်သာမန် ဖြစ်လွန်းပြီး၊ နည်းပါးလွန်းသည့် ဩဇာအရှိန်အဝါရှိကာ မြင့်မြတ်မှုမှ အလွန် အလှမ်းဝေးသောကြောင့် ဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော) “ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်၏ အဆင့်သည် မည်သို့ဖြစ်စေ သမ္မာတရားအနည်းငယ်အပေါ် ၎င်းတို့နားလည်ပြီး ဆုကျေးဇူးအနည်းငယ် ရှိခြင်းကြောင့် ၎င်းတို့ကို သင်တို့ကိုးကွယ်သည့်အပြင် သမ္မာတရား၏ စစ်မှန်မှုကို ၎င်းတို့ ပိုင်ဆိုင်သည်၊ သင်တို့ကို ၎င်းတို့ကူညီနိုင်သည်ဟု ယုံကြည်လျှင်၊ အရာအားလုံး၌ ၎င်းတို့ကို ကြည်ညိုလေးစားပြီး မှီခိုလျှင်၊ ဤအရာမှတစ်ဆင့် ကယ်တင်ခြင်းကို ရယူရန် ကြိုးစားလျှင် သင်တို့သည် မိုက်မဲပြီး အသိဉာဏ်မဲ့ကြကာ အဆုံး၌ အားလုံးက အလဟဿဖြစ်သွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် စမှတ်က ပင်ကိုအားဖြင့် မှားယွင်းနေသောကြောင့်ဖြစ်သည်။ လူတစ်ယောက်သည် သမ္မာတရားမည်မျှကို နားလည်သည်ဖြစ်စေ ခရစ်တော်၏ ကိုယ်စား မည်သူမျှ မရပ်တည်နိုင်ပေ။ ၎င်းတို့ မည်မျှ ဆုကျေးဇူးရှိပါစေ ဤသည်မှာ ၎င်းတို့က သမ္မာတရားကို ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ ထို့ကြောင့် လူများကို ကိုးကွယ်၊ ကြည်ညိုလေးစားပြီး လိုက်လျှောက်သူတို့သည် အဆုံးတွင် အားလုံးထုတ်ပယ်ခြင်းခံရမည်။ ၎င်းတို့အားလုံး ရှုတ်ချခံရမည်။ လူများသည် ဘုရားသခင်ကို ယုံကြည်သည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်ကို ကြည်ညိုလေးစားပြီး ဘုရားသခင်နောက်ကို လိုက်ရုံသာရှိသည်။ ခေါင်းဆောင်များအကြားတွင် ၎င်းတို့၏ရာထူးအဆင့်က မည်သို့ရှိပါစေ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သာမန်လူများပင် ဖြစ်သည်။ သင်က ၎င်းတို့ကို သင်၏ကြီးကြပ်သူများအဖြစ် မြင်ပါက၊ သင့်ထက် ၎င်းတို့က သာလွန်ကြောင်း၊ ၎င်းတို့သည် သင့်ထက် ပို၍ သာ၍ အရည်အချင်း ရှိကြောင်း၊ ပြီးလျှင် ၎င်းတို့က သင့်ကို ဦးဆောင်သင့်ကြောင်း၊ ၎င်းတို့သည် အဘက်ဘက်တွင် အခြားလူတိုင်းထက် အရည်အသွေးပိုပြည့်မီကြောင်း သင်ခံစားရပါက ယင်းမှာ မှားယွင်းသည်- ယင်းမှာ သင်၏ ထင်ယောင်ထင်မှား ဖြစ်ခြင်းသာ ဖြစ်သည်။ ပြီးလျှင် ဤထင်ယောင်ထင်မှား ဖြစ်ခြင်းက မည်သည့်အကျိုးဆက်များကို ဖြစ်စေသနည်း။ ဤအရာသည် သင့်ကို လက်တွေ့အရှိတရားနှင့် မကိုက်ညီသည့် သတ်မှတ်ချက်များဖြင့် သင်၏ခေါင်းဆောင်များကို မရည်ရွယ်ဘဲ အကဲဖြတ်မိစေလိမ့်မည်။ ပြီးလျှင် ၎င်းတို့တွင်ရှိသော ပြဿနာများနှင့် အားနည်းချက်များကို မှန်ကန်စွာ ကိုင်တွယ်နိုင်ခြင်းမရှိ ဖြစ်လိမ့်မည်။ တစ်ချိန်တည်းမှာပင် သင်မသိလိုက်မီတွင် သင်သည် ၎င်းတို့ကို ကိုးကွယ်နေကာ ၎င်းတို့သည် သင်၏ဘုရားများ ဖြစ်လာကြသည်အထိ သင်သည် ၎င်းတို့၏ ဟန်ပါသည့်အသွင်၏၊ ပင်ကိုစွမ်းရည်များ၏ အကြီးအကျယ် ဆွဲဆောင်ခြင်းကိုလည်း မသိလိုက်ပါဘဲနှင့် ခံရလိမ့်မည်။ ၎င်းတို့သည် သင်၏ကိုးကွယ်ခြင်းခံရသူ၊ သင်၏အတုယူစံထားထိုက်သူ စဖြစ်လာသည့် အချိန်မှစပြီး သင်သည် ၎င်းတို့၏နောက်လိုက်များထဲမှ တစ်ဦးဖြစ်လာသည့် အချိန်အထိ ထိုလမ်းကြောင်းသည် သင့်ကို ဘုရားသခင်ထံမှ မရည်ရွယ်ဘဲ ဝေးကွာစေမည့် လမ်းကြောင်းဖြစ်လေသည်။ ဘုရားသခင်နှင့်ဝေးရာသို့ ဖြည်းဖြည်းချင်း သင်ထွက်သွားစဉ်တွင်ပင် သင်သည် ဘုရားသခင်နောက်ကို လိုက်နေကြောင်း၊ ဘုရားသခင်၏အိမ်တော်တွင် ရှိနေကြောင်း၊ ဘုရားသခင်၏ မျက်မှောက်တော်တွင် ရှိနေကြောင်း ယုံကြည်နေဆဲဖြစ်လိမ့်မည်။ သို့သော် အမှန်တကယ်တွင် သင်သည် စာတန့်လက်ပါးစေများ၏၊ သို့မဟုတ် အန္တိခရစ်များ၏ ဆွဲယူသွားခြင်းကို ခံလိုက်ရပြီး ဖြစ်သည်။ သင်သည် ယင်းကို သတိပင်ပြုမိမည် မဟုတ်ချေ။ ဤသည်မှာ အလွန်အန္တရာယ်များသည့် အခြေအနေဖြစ်သည်။ တစ်ဖက်တွင် ဤပြဿနာကိုဖြေရှင်းရန်အတွက် အန္တိခရစ်များ၏ သဘာဝနှင့် အနှစ်သာရကို ရိပ်စားမိနိုင်ခြင်း၊ အန္တိခရစ်များ၏ သမ္မာတရားအပေါ် မုန်းတီးခြင်းနှင့် ဘုရားသခင်ကို ဆန့်ကျင်ခြင်း၏ အကျည်းတန်သော သဘောသဘာဝကို ရိပ်စားမိနိုင်ခြင်းတို့လိုအပ်သည်။ ထို့ကြောင့် လူတို့အပေါ် ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ခြင်းနှင့် ထောင်ချောက်ဆင်ခြင်းဖြစ်သည့် အန္တိခရစ်တို့၏ အသုံးများသောနည်းလမ်းများအပြင် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့် နည်းလမ်းအား ရင်းနှီးဖို့လည်း လိုအပ်သည်။ အခြားတစ်ဖက်တွင် သင်တို့သည် ဘုရားသခင်၏စိတ်သဘောထားနှင့် အနှစ်သာရနှင့်ဆိုင်သည့် အသိပညာကို လိုက်စားရမည်။ ခရစ်တော်သည်သာ သမ္မာတရား၊ အသက်နှင့် လမ်းခရီးဖြစ်ကြောင်းနှင့် မည်သည့်လူကိုမဆို ကိုးကွယ်ခြင်းသည် သင့်ကို ကြီးမားသောကပ်ဘေးနှင့် ကံဆိုးမိုးမှောင်ကျခြင်းတို့ ဖြစ်စေလိမ့်မည်ဖြစ်ကြောင်းကို သင် ရှင်းလင်းစွာသိရမည်။ ခရစ်တော်သည်သာ လူတို့ကို ကယ်တင်နိုင်သည်ကို သင်ယုံကြည်ရမည်။ ခရစ်တော်ကို အကြွင်းမဲ့သော ယုံကြည်ခြင်းဖြင့် နာခံလိုက်လျှောက်ရမည်။ ဤအရာသည်သာ လူသားဖြစ်တည်မှု၏ မှန်ကန်သောလမ်းကြောင်းဖြစ်သည်။ အချို့က ‘ကျွန်ုပ်ကိုးကွယ်သည့် ခေါင်းဆောင်များကို ကိုးကွယ်ရခြင်းအတွက် ကျွန်ုပ်၌ အကြောင်းပြချက်များ ရှိသည်။ ကျွန်ုပ်၏ စိတ်နှလုံးတွင် ပါရမီရှိသူကို ကျွန်ုပ် သဘာဝအလျောက် ကိုးကွယ်သည်။ ကျွန်ုပ်၏ အယူအဆများနှင့် ကိုက်ညီသော မည်သည့်ခေါင်းဆောင်ကိုမဆို ကိုးကွယ်သည်။’ ဟု ပြောနိုင်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း အဘယ့်ကြောင့် လူကို မလျှော့တမ်း ကိုးကွယ်နေသနည်း။ အားလုံးအနှစ်ချုပ်လိုက်သည့်အခါ သင့်ကို ကယ်တင်မည့်သူမှာ မည်သူနည်း။ သင့်ကို အမှန်တကယ်ချစ်ပြီး ကွယ်ကာသူမှာ မည်သူနည်း- သင်အမှန်တကယ် မမြင်နိုင်သလော။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်ကို လိုက်လျှင် သူ၏နှုတ်ကပတ်တော်များကို နားထောင်သင့်သည်၊ ပြီးလျှင် တစ်စုံတစ်ယောက်က မှန်မှန်ကန်ကန် ပြောဆိုပြုမူကာ ယင်းက သမ္မာတရား၏ အခြေခံသဘောတရားများနှင့် ကိုက်ညီပါက သမ္မာတရားကို နာခံခြင်းသည် အဆင်မပြေသလော။ သင်သည် အဘယ့်ကြောင့် အလွန် ယုတ်ညံ့ရသနည်း။ သင်လိုက်လျှောက်ဖို့ရန် သင်ကိုးကွယ်မည့်သူ တစ်စုံတစ်ဦးကို မလျှော့တမ်း သင် အဘယ်ကြောင့်ရှာဖွေသနည်း- သင်သည် အဘယ့်ကြောင့် စာတန်၏ကျေးကျွန် ဖြစ်လိုသနည်း။ ထိုအစား သမ္မာတရား၏ အစေခံတစ်ဦး အဘယ့်ကြောင့် မဖြစ်ရသနည်း။ ဤအရာက လူတစ်ယောက်၌ အသိစိတ်နှင့် ဂုဏ်သိက္ခာ ရှိမရှိကို ပြ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၆) ဒီအပိုဒ်တွေကို ဖတ်ရတဲ့အခါမှာ ကျွန်မက ဘုရားဖော်ပြသလိုပဲ စာတန်ရဲ့ ကျွန်တစ်ယောက်လို ခံစားရတယ်။ လူတွေနောက်လိုက်ပြီး ကိုးကွယ်ရတာကို ကျွန်မ နှစ်သက်ခဲ့တယ်။ ဂုဏ်ရှိသူ၊ ဆုကျေးဇူးရှိသူ၊ စကားပြော ကောင်းသူတွေကို ကျွန်မ မြတ်နိုးတယ်။ ဒီအထက်ခေါင်းဆောင်တွေ သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး ပြဿနာတွေကို ဖြေရှင်းတဲ့အခါ အကြောင်းအရာရဲ့ အဓိကအချက်ကို ဆွေးနွေးတာ သူတို့မိတ်သဟာယက ရှင်းလင်းပြီး စနစ်ကျတာကို မြင်ပြီးတော့ သူတို့ရဲ့ ဆုကျေးဇူးတွေနဲ့ လုပ်ရည်ကိုင်ရည်တွေနောက်ကို ကျွန်မ ပါသွားတယ်။ သူတို့က သမ္မာတရားကို နားလည်ပြီး သမ္မာတရားရဲ့ စစ်မှန်မှုရှိသလို ခံစားမိခဲ့တယ်၊ ဒါကြောင့် သူတို့ကို မစဉ်းမစားနဲ့ မြတ်နိုးပြီး အားကိုးခဲ့တယ်။ သူတို့က ကျွန်မကို ဦးဆောင်ရင် သမ္မာတရားကို ကျွန်မ သင်ယူနိုင်ပြီး ကိုယ့်အလုပ်ကို ကောင်းကောင်းလုပ်နိုင်တယ်၊ ဘဝမှာ အမြန်ကြီးထွားတိုးတက်ပြီး ကယ်တင်ခံရဖို့ မျှော်လင့်ချက်ရှိမယ်၊ သူတို့ကူညီလမ်းပြတာမရှိရင် ကျွန်မရဲ့ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်က အရမ်းနည်းသွားမယ်လို့ ထင်ခဲ့တယ်။ စိတ်ရှုပ်ထွေးပြီး မမြင်နိုင်ခဲ့တာပဲ။ ဘုရားသခင်က သမ္မာတရားရဲ့ အရင်းအမြစ်ပါ။ ဘုရားသခင်ကသာ လူသားတွေကို သမ္မာတရားနဲ့ ပံ့ပိုးပေးနိုင်တယ်။ ပြဿနာတွေ၊ အခက်အခဲတွေအားလုံးကို ဖြေရှင်းပေးနိုင်တယ်။ စာတန်ရဲ့ အင်အားစုတွေကနေ ကယ်တင်ပေးနိုင်ပါတယ်။ လူတစ်ယောက်ရဲ့ အဆင့်အတန်းက ဘယ်လောက်ပဲ မြင့်ပါစေ၊ ဘာဆုကျေးဇူးတွေ၊ အရည်အချင်းတွေပဲ ရှိပါစေ သူဟာ စာတန်ဖျက်ဆီးခြင်းခံရတဲ့ သူတစ်ယောက်ဖြစ်နေတုန်းပါပဲ။ သူ့ကို အမှီပြုလို့၊ ကိုးကွယ်လို့ မရပါဘူး။ ကျွန်မက ယုံကြည်သူအနေနဲ့တောင် စိတ်နှလုံးထဲမှာ ဘုရားအတွက် နေရာမရှိခဲ့ဘူး။ ပြဿနာတွေကို ရင်ဆိုင်ရတော့ ဘုရားကို ကျွန်မ လုံးဝ အားမကိုးဘူး၊ သမ္မာတရားကို မရှာဖွေခဲ့ဘူး။ ဖြေရှင်းဖို့အတွက် အဲဒီလူတွေကိုပဲ စောင့်ခဲ့တယ်။ ဒါက မိုက်မဲတာမဟုတ်ဘူးလား။ အဲဒီခေါင်းဆောင်တွေက တချို့ပြဿနာတွေအပေါ် အသိအမြင်ရှိပြီး သူတို့နားလည်မှုကို ရှင်းပြနိုင်ပေမဲ့ ဒါတွေအားလုံးက ဘုရားနှုတ်ကပတ်တော်ကနေ သူတို့ သိလာခဲ့တာတွေပဲ။ ပြီးတော့လည်း ဘယ်လောက်ပဲ ဆုကျေးဇူးရှိပြီး စကားပြောကောင်းပါစေ သူတို့က ဖောက်ပြန်ပျက်စီးတဲ့ လူသားတွေပါပဲ။ သမ္မာတရားကို လုံးဝ မပိုင်ဆိုင်ကြဘူး။ သူတို့လည်း ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို လက်ခံရတယ်။ ဘုရားရဲ့ ကယ်တင်ခြင်းကို လိုအပ်ပါတယ်။ ဒါပေမဲ့ ကျွန်မက သူတို့ကို ကိုးကွယ်ပြီး အထင်ကြီးလေးစားခဲ့တယ်။ ကယ်တင်ခြင်းဆီသွားတဲ့ ကျွန်မရဲ့ ယုံကြည်ခြင်းလမ်းကြောင်းမှာတောင် သူတို့ကို အားကိုးချင်ခဲ့တယ်။ ကျွန်မက တကယ်ပဲ ငတုံးတစ်ယောက်ပဲ။ ဒါကို မြင်တော့ ကျွန်မ ကြောက်သွားတယ်။ ကျွန်မက သမ္မာတရား ရှာဖွေတာ ရပ်သွားမယ်၊ လူတွေကို မစဉ်းမစားနဲ့ ကိုးကွယ်မယ်၊ ကျွန်မစိတ်နှလုံးမှာ လူတစ်ယောက်ကို ဘုရားထက်မြင့်တဲ့ ပလ္လင်ပေါ်မှာ ထားမယ်လို့ လုံးဝ မထင်ခဲ့မိဘူး။ ကျွန်မက ဘုရားဆီကနေ ကိုယ့်ကိုယ်ကိုယ် ဝေးကွာစေခဲ့ပြီး ဘုရားကို သစ္စာဖောက်မိနေပြီ။ ဘုရားကို ဆန့်ကျင်တဲ့ လမ်းကြောင်းပေါ်ကို ရောက်နေခဲ့တာ။ ဒီအတွေးကြောင့် ကျွန်မ အပြစ်တွေ၊ နောင်တတွေနဲ့ ပြည့်သွားတယ်။ ဘုရားဆီမှာ ကျွန်မ နောင်တရချင်ခဲ့တယ်။
နောက်ပိုင်းမှာ အဲဒီအထက်ခေါင်းဆောင်တွေ နုတ်ထွက်ရခြင်းအကြောင်းရင်းတွေကို ကျွန်မ သိသွားတယ်။ တစ်ယောက်က နာမည်နဲ့ အဆင့်အတန်းနောက်လိုက်တယ်။ အမြဲတမ်း ကြွားဝါချင်ပြီး သူ့အလုပ်မှာ အလေးစားခံချင်တယ်။ သူ့အလုပ်မှာ ရလဒ်တွေမရှိတဲ့အခါ သူက စိတ်ဓာတ်ကျပြီး ခိုကတ်လာတယ်။ ညီအစ်ကိုမောင်နှမတွေက သူ့ကို ခဏခဏ မိတ်သဟာယဖွဲ့ပြီး ကူညီဖို့ ကြိုးစားပေမဲ့ သူက မပြောင်းလဲဘူး။ နောက်ဆုံးမှာ တကယ့်အလုပ်တစ်ခုမှ မပြီးနိုင်တော့ နုတ်ထွက်သွားတယ်။ နောက်တစ်ယောက်ကျတော့ သူမိသားစုက ပိတ်ပင်တာကို ရင်ဆိုင်ရပြီး ဘုရားကို ယုံရတာ ခက်ခဲတယ်ဆိုပြီး ညည်းညူတယ်။ အဲဒါနဲ့ သူ့တာဝန်ကို စွန့်လွှတ်ပြီး သူ့မိသားစုနဲ့အတူနေဖို့ အိမ်ပြန်သွားတယ်။ ဒီလိုကြားရတော့ ကျွန်မ အရမ်းအံ့အားသင့်သွားတယ်။ သူတို့က အများအားဖြင့် သူတို့မိတ်သဟာယမှာ ကြီးကြီးကျယ်ကျယ်ပြောပြီး သူများတွေရဲ့ ပြဿနာကို ဖြေရှင်းတာမှာ ရှင်းအောင်ပြောတတ်တယ်။ ဒါဆို ဒီလိုပြဿနာတွေကိုပဲ သူတို့ကိုယ်တိုင်ရင်ဆိုင်ရတော့ ဘယ်လိုလုပ်ပြီး ယိမ်းယိုင်သွားတာလဲ။ ဘာလို့ သမ္မာတရားကို မဆောင်ရွက်နိုင်တာလဲ။ အရင်က သူတို့က သမ္မာတရားကို လက်တွေ့လုပ်နိုင်တယ်၊ သမ္မာတရားရဲ့ စစ်မှန်မှုရှိတယ်လို့ ကျွန်မ ထင်ခဲ့တာ။ ဒါပေမဲ့ နောက်ဆုံးတော့ သူတို့က သမ္မာတရားရဲ့ စစ်မှန်မှု လုံးဝမရှိဘူးဆိုတာ ကျွန်မ မြင်သွားတယ်။ တစ်ခုခုက သူတို့ အကျိုးစီးပွားကို ထိခိုက်တဲ့အခါမှာ သူတို့တာဝန်တွေကို ညည်းတွားပြီး စွန့်ပစ်ကြတယ်။ သမ္မာတရားကို လုံးဝ မလိုက်စားကြဘူး။ ကျွန်မစိတ်နှလုံးထဲမှာ သူတို့ကို မြင့်မြတ်တယ်လို့ထင်တဲ့အမြင်က ချက်ချင်း ပျက်စီးသွားတယ်။
နောက်ပိုင်းမှာ ဒီပြဿနာနဲ့ ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုပ်ကိုင်ပြီး ၎င်းတို့ကို ရဲရဲတင်းတင်း ရှင်းပြနိုင်ခြင်းက သင်သည် စစ်မှန်မှုကို လက်ဝယ်ရရှိထားသည်ဟု မဆိုလိုပေ၊ အမှုအရာများသည် သင် ထင်မှတ်သကဲ့သို့ မရိုးစင်းပေ။ စစ်မှန်မှုကို သင် လက်ဝယ် ရရှိထားခြင်း ရှိ မရှိဟူသည် သင် ပြောဆိုသည့်အရာအပေါ် အခြေမခံပေ၊ ထို့ထက် ယင်းသည် သင် အသက်ရှင် နေထိုင်သည့်အရာအပေါ် အခြေခံသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များက သင်၏ အသက်တာနှင့် သင်၏ပင်ကိုဖော်ပြချက် ဖြစ်လာသောအခါတွင်သာ၊ သင့်တွင် စစ်မှန်မှု ရှိသည်ဟု ဆိုနိုင်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်သည် စစ်မှန်သော အသိအမြင်နှင့် အမှန်တကယ် ဝိညာဉ်ရင့်ကျက်မှုကို ရရှိခဲ့ပြီးဖြစ်သည်ဟု မှတ်ယူနိုင်သည်။ သင်သည် ရှည်လျားသော အချိန်ကာလများတစ်လျှောက် စစ်ကြောခြင်းကို ကြံ့ကြံ့ခံနိုင်ရမည် ဖြစ်ကာ ဘုရားသခင် သတ်မှတ်ထားသည့် ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်ရမည်။ ယင်းသည် ဟန်ပြခြင်းမျှသာ မဖြစ်ရပေ၊ ယင်းသည် သင့်အထဲမှ သဘာဝအလျောက် စီးဆင်းလာရမည်။ ထိုအခါမှသာ သင်သည် စစ်မှန်မှုကို အမှန်တကယ် ပိုင်ဆိုင်လိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်သည် အသက်တာကို ရရှိပြီးဖြစ်လိမ့်မည်။...လေနှင့်လှိုင်းများ မည်သို့ပင် ပြင်းထန် ကြမ်းကြုတ်ပါစေ၊ သင့်စိတ်ထဲသို့ သံသယ တစ်စွန်းတစ်စမျှ ပေးမဝင်ဘဲ၊ ဆက်လက် ရပ်တည်နေနိုင်ပြီး အခြားမည်သူ တစ်ဦးတစ်ယောက်မျှ မကျန်တော့သည့်အခါတွင်ပင်လျှင်၊ သင် အခိုင်အမာ ရပ်တည်နေနိုင်ကာ ငြင်းပယ်ခြင်းမှ လွတ်ကင်းနေပါက၊ သင့်တွင် စစ်မှန်သော သိနားလည်ခြင်း ရှိကြောင်းနှင့် စစ်မှန်မှုကို အမှန်တကယ် လက်ဝယ်ပိုင်ဆိုင်နေကြောင်း မှတ်ယူခြင်း ခံရပေမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည်သာလျှင် စစ်မှန်မှု ပိုင်ဆိုင်ခြင်းဖြစ်သည်) “နိုင်ငံတော်၏ စစ်သည်ကောင်းများကို စစ်မှန်မှုအကြောင်း ပြောရုံသာပြောနိုင်သော သို့မဟုတ် ဝါကြွားရုံသာ တတ်နိုင်သော လူအုပ်စုတစ်ခု ဖြစ်လာရန် လေ့ကျင့်ပေးခြင်း မဟုတ်ပေ၊ ယင်းထက် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အချိန်ပြည့် အသက်ရှင်နေထိုင်နိုင်ရန်၊ မည်သည့် ဆုတ်ဆိုင်းမှုများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ အလျှော့မပေးဘဲ ဆက်လက်ရှိနေစေရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အဆက်မပြတ် အသက်ရှင်နေထိုင်ပြီး လောကသို့ ပြန်မသွားရန် ၎င်းတို့အား လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ပြောသည့် စစ်မှန်မှု ဖြစ်၏၊ ဤသည်မှာ လူသားများထံမှ ဘုရားသခင်၏တောင်းဆိုချက် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ပြောဆိုသည့် စစ်မှန်မှုကို ရိုးစင်းလွန်းသောအရာ အဖြစ် မမှတ်ယူလေနှင့်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဉာဏ်အလင်းရခြင်း သက်သက်မှာ စစ်မှန်မှုကို လက်ဝယ်ပိုင်ဆိုင်ခြင်းနှင့် မညီမျှပေ။ လူသား၏ ဝိညာဉ်ရင့်ကျက်မှုသည် ဤကဲ့သို့မဟုတ်ပေ၊ ယင်းသည် လူသားများ၏ ဖြည့်ဆည်းပေးမှု တစ်ခုမျှ မပါဝင်သော ဘုရားသခင်၏ကျေးဇူးတော် ဖြစ်ပေသည်။ လူသားတစ်ဦးစီသည် ပေတရု၏ဒုက္ခဆင်းရဲများကို ကြံ့ကြံ့ခံရမည် ဖြစ်ပြီး ထိုထက်ပင်ပို၍ ဘုရားသခင်၏အမှုကို လူသားများ ရရှိပြီးနောက် ၎င်းတို့အသက်ရှင် နေထိုင်သည့် ပေတရု၏ဘုန်းအသရေကိုလည်း ပိုင်ဆိုင်ရမည် ဖြစ်သည်။ ယင်းကိုသာလျှင် စစ်မှန်မှုဟု ခေါ်နိုင်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည်သာလျှင် စစ်မှန်မှု ပိုင်ဆိုင်ခြင်းဖြစ်သည်) “သင်ပြောဆိုသော အသိပညာသည် သမ္မာတရားနှင့် ကိုက်ညီခြင်းရှိမရှိသည် သင်၌ ယင်းနှင့်သက်ဆိုင်သည့် လက်တွေ့ကျသော အတွေ့အကြုံ ရှိမရှိဆိုသည့်အပေါ် ကြီးစွာ မူတည်လေသည်။ သင့်အတွေ့အကြုံတွင် သမ္မာတရားရှိပါက၊ သင်၏အသိပညာသည် လက်တွေ့ကျပြီး တန်ဖိုးရှိလိမ့်မည်။ သင်၏ အတွေ့အကြုံမှတစ်ဆင့်၊ သင်သည် ချင့်ချိန်နိုင်စွမ်းနှင့် ထိုးထွင်းသိမြင်မှုကိုလည်း ရရှိနိုင်ပြီး၊ သင်၏ အသိပညာ နက်သထက်နက်လာနိုင်ကာ၊ မိမိကိုယ်ကိုယ် မည်သို့ ပြုမူနေထိုင် ရမည်ဆိုသည်နှင့်ပတ်သက်၍ သင်၏ဉာဏ်ပညာနှင့် သာမန်အသိတို့ တိုးပွားနိုင်ပေသည်။ သမ္မာတရားကို မပိုင်ဆိုင်သော လူတို့ ဖော်ပြသည့် အသိပညာသည် မည်မျှပင် မြင့်မားကောင်း မြင့်မားပါစေ၊ အယူဝါဒ ဖြစ်ပေသည်။ ဤလူစားမျိုးသည် ဇာတိပကတိနှင့်ဆိုင်သည့် ကိစ္စများနှင့် ပတ်သက်လာသည့်အခါ၊ အလွန် ဉာဏ်ရည်ဉာဏ်စွမ်း ကောင်းနိုင်သော်လည်း၊ ဝိညာဉ်ရေးရာကိစ္စများနှင့် ပတ်သက်လာသည့်အခါ၊ ခွဲခြားခြင်း မပြုနိုင်ကြချေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော လူတို့သည် ဝိညာဉ်ရေးရာ ကိစ္စများအားလုံးတွင် အတွေ့အကြုံမရှိသောကြောင့် ဖြစ်သည်။ ဤသူတို့သည် ဝိညာဉ်ရေးရာ ကိစ္စများတွင် ဉာဏ်အလင်း မရသောသူများဖြစ်ပြီး ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်ကြပေ။ သင်သည် မည်သည့်အသိပညာမျိုးကို ဖော်ပြသည်ဖြစ်စေ၊ သင်၏ ဖြစ်တည်မှု ဖြစ်နေသရွေ့ ယင်းသည် သင်၏ ပုဂ္ဂိုလ်ရေးအတွေ့အကြုံ၊ သင်၏ စစ်မှန်သော အသိပညာ ဖြစ်သည်။ အယူဝါဒကိုသာ ပြောဆိုသူများ- သမ္မာတရားကိုဖြစ်စေ လက်တွေ့အရှိတရားကိုဖြစ်စေ မပိုင်ဆိုင်သူများ- သည် နက်ရှိုင်းသည့် ဆင်ခြင်ခြင်းမှတစ်ဆင့် ၎င်းတို့၏ အယူဝါဒကို ရရှိပြီး၊ ယင်းသည် ၎င်းတို့၏ နက်ရှိုင်းသော ပြန်လည်တွေးဆခြင်း အကျိုးဆက်ဖြစ်သောကြောင့်၊ ၎င်းတို့ ဆွေးနွေးသောအရာကိုလည်း ၎င်းတို့၏ဖြစ်တည်မှုဟု ခေါ်ဆိုနိုင်ပေသည်။ သို့ရာတွင် ယင်းသည် အယူဝါဒသာဖြစ်ပြီး၊ စိတ်ကူးစိတ်သန်းထက် မပိုပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်)
ဘုရားနှုတ်ကပတ်တော်ဖတ်ခြင်းက ကျွန်မကို နိုးထစေတယ်။ ဒီခေါင်းဆောင်နှစ်ယောက်ကို ကျွန်မ အရမ်း ကြည်ညိုရတာက ဘာက အယူဝါဒဖြစ်တယ်၊ ဘာက စစ်မှန်မှုဖြစ်တယ်ဆိုတာ ကျွန်မ နားမလည်လို့ပဲ။ စုဝေးပွဲတွေမှာ သူတို့မိတ်သဟာယက အဆင့်မြင်တဲ့ပုံစံပေါက်တာ၊ တခြားလူတွေရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ပြီး စိစစ်နိုင်တာတွေကို မြင်ပြီး သူတို့က သမ္မာတရားရဲ့ စစ်မှန်မှုရှိတယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ နောက်တော့ ဘုရားနှုတ်ကပတ်တော်နားလည်မှုကို မိတ်သဟာယဖွဲ့ပြီး ပြဿနာတချို့ကို စိစစ်တာက သမ္မာတရားရဲ့ စစ်မှန်မှုကို ပိုင်ဆိုင်တာမဟုတ်ဘူးဆိုတာ ဒီကျမ်းပိုဒ်တွေကနေ ကျွန်မ သိသွားတယ်။ စစ်မှန်မှုကို ရှိခြင်းက လူတွေ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ ဒါတွေကို လက်ခံခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်း ဘယ်လို စမ်းသပ်မှုတွေကို ရင်ဆိုင်ရပါစေ ဘုရားကို နာခံနိုင်ခြင်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းကနေ သက်သေခံချက်ရှိခြင်းတွေ ဖြစ်ပါတယ်။ စစ်မှန်မှု တကယ်ရှိသူတွေက သူတို့ရဲ့ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးတဲ့ သဘာဝကို တကယ်နားလည်တယ်။ ဘုရားနှုတ်ကပတ်တော်အပေါ် ကိုယ်တိုင် အတွေ့အကြုံရှိတယ်။ ညီအစ်ကိုမောင်နှမတွေကို ဘုရားနှုတ်ကပတ်တော်ရဲ့ စစ်မှန်မှုထဲကို ဝင်ရောက်အောင် လမ်းပြကူညီဖို့အတွက် သူတို့ရဲ့ လက်တွေ့ အတွေ့အကြုံတွေကို အသုံးပြုနိုင်ပါတယ်။ သမ္မာတရားရဲ့ စစ်မှန်မှုရှိသူတွေက အကြောင်းအရာတွေကို စည်းမျဉ်းနဲ့အညီလုပ်ပြီး တာဝန်ကို သစ္စာရှိရှိ ထမ်းဆောင်ကြတယ်။ ဘယ်လို အခြေအနေတွေကို ရင်ဆိုင်ရပါစေ အသင်းတော်အလုပ်ကို ထိန်းသိမ်းပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်နိုင်ကြတယ်။ ဒီခေါင်းဆောင်နှစ်ယောက်က သူတို့မိတ်သဟာယမှာ တကယ်ကို ရှင်းအောင်ပြောလေ့ရှိတယ်။ တခြားလူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ပုံရတယ်။ ဒါပေမဲ့ တကယ့်ပြဿနာတွေကို ရင်ဆိုင်ရတော့ သူတို့ကိုယ်ပိုင် အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် သူတို့တာဝန်ကို စွန့်လွှတ်ကြတယ်။ သူတို့က အယူဝါဒကိုပဲ မျှဝေနေတယ်၊ လက်တွေ့မကျဘူး၊ စစ်မှန်မှုကို ပထမဆုံး ခံစားလိုက်ရတာနဲ့ ပြိုလဲပျက်စီးသွားတယ်။ ဒါဟာ သမ္မာတရားကို သူတို့ မလိုက်စားဘူး၊ သမ္မာတရားရဲ့ စစ်မှန်မှု လုံးဝ မရှိဘူးဆိုတာ သက်သေပြတာပဲ။ ပြီးတော့လည်း တခြားလူတွေရဲ့ ပြဿနာတွေကို သူတို့ ဖြေရှင်းတဲ့အခါ လူတွေနားလည်အောင် ကူညီပေးဖို့အတွက် အဲဒီပြဿနာတွေကို ဘုရားနှုတ်ကပတ်တော်က ပြောထားတာတွေနဲ့ ယှဉ်ပြတယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင်ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ အားနည်းချက်တွေကို ပြောတာ၊ သူတို့ကိုယ်တိုင်ရဲ့ ချို့ယွင်းမှုရှိတဲ့ ရည်ရွယ်ချက်တွေကို စိစစ်တာ လုံးဝ မရှိသလောက်ပဲ။ သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်တဲ့ သူတို့အတွေ့အကြုံတွေပြောတာကို ကြားရတာ မရှိသလောက်ပဲ။ အချိန်အများစုမှာ သူတို့က အထက်စီးကနေပြီး သူများတွေကို စိစစ်ပြီးရှုတ်ချတယ်။ သူတို့က ဖောက်ပြန်ပျက်စီးတဲ့ လူတွေမဟုတ်သလို၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားမရှိသလိုမျိုးပေါ့။ တချို့ညီအစ်ကိုမောင်နှမတွေက သူတို့ဝေဖန်မှုကြောင့် မျက်ရည်ကျကြပြီး အပျက်သဘောဆောင်ပြီး အားနည်းပြီးတော့ နေကြတယ်။ သူတို့ကို မြင်ရမှာ ကြောက်ပြီး သူတို့ကြောင့် စိတ်ကျဉ်းကျပ်ကြတယ်။ အဲဒီမှာ ဒီခေါင်းဆောင်နှစ်ယောက်က ပြဿနာတွေကို သမ္မာတရားနဲ့ နည်းနည်းလေးမှ မဖြေရှင်းနိုင်ဘူးဆိုတာ နောက်ဆုံးမှာ ကျွန်မ ရှင်းရှင်းလင်းလင်း မြင်သွားတယ်။ သူတို့က အနှစ်မရှိတဲ့ အယူဝါဒတွေကိုပဲ အသုံးပြုတယ်။ သူတို့ဦးနှောက်နဲ့ အလုပ်အတွေ့အကြုံကို အားကိုးတယ်။ ကျွန်မတို့ရဲ့ အသက်ဝင်ရောက်မှုက ပြဿနာတွေကို လုံးဝ ဖြေရှင်းမပေးနိုင်ပါဘူး။ အရင်က ကျွန်မက ပိုင်းခြားသိမြင်မှုမရှိဘဲ သူတို့ကိုပဲ ကိုးကွယ်ပြီး အထင်ကြီးလေးစားတယ်။ သူတို့ အလုပ်လုပ်တဲ့ပုံစံကိုတောင် အတုခိုးတယ်။ တော်တော် မမြင်နိုင်ခဲ့တာပဲ။
အဲဒီနောက်တော့ ကျွန်မအလုပ်မှာ အခက်အခဲတွေ ကြုံရတဲ့အခါ ဘုရားကို အမှီပြုအောင်၊ ဘုရားကို အားကိုးအောင်၊ သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေအောင် သေချာလုပ်တယ်။ အချိန်ခဏလောက်ထိ ကျွန်မ ဘယ်လိုလုပ်ရမှန်းမသိတဲ့အလုပ်တချို့နဲ့ ဘယ်လိုကိုင်တွယ်ရမှန်းမသိတဲ့ ပြဿနာတချို့ရှိခဲ့တယ်။ ကျွန်မ ခဏခဏ ဆုတောင်းပြီး ဘုရားကို အမှီပြုတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့အတူ ရှာဖွေပြီး မိတ်သဟာယဖွဲ့တယ်။ ပြဿနာတချို့က အဲဒီနည်းနဲ့ ပြေလည်သွားတယ်။ သမ္မာတရားစည်းမျဉ်းတချို့ကိုလည်း နားလည်သွားပြီး အလုပ်မှာ နည်းနည်းတိုးတက်မှုရှိလာတယ်။ ကြာလာတော့ ကျွန်မတာဝန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာပြီး အသက်ဝင်ရောက်မှု တိုးတက်လာတယ်။ တကယ်ကို ကျေနပ်မိတယ်။ ဒီအချိန်မှာ ကျွန်မတာဝန်မှာ ဘုရားကို အားကိုးခြင်းက ရှေ့ဆက်ဖို့ တစ်ခုတည်းသောနည်းလမ်းပဲလို့ ကျွန်မစိတ်အတွင်းထဲကနေ ခံစားမိတယ်။ ကျွန်မတာဝန်ကို ကောင်းကောင်းလုပ်ပြီး သမ္မာတရားကို ရချင်ရင် ဘုရားရဲ့လမ်းပြမှုကနေ တကယ်ကို သွေဖည်လို့မရပါဘူး။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ရှီဟန်၊ ဟူဘေစီရင်စု ကျွန်မသည် ဆင်းရဲသော တောင်သူလယ်သမားမိသားစုတစ်စု၌ မွေးဖွားခဲ့ပါသည်။ ကျွန်မသည် ကလေးဘဝ၌ပင် စဉ်းစားတတ်ခဲ့ပြီး အခြားသော...
ကင်ရှပ်တင်၊ ရှန်ဒေါင်စီရင်စု အချိန်အတော်ကြာသည်အထိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ကျွန်မဖတ်သည့်အချိန်တိုင်း၊ ကျွန်မသည် အလင်းကို မခံစားရပေ။...
ဆွန်ယု နယ်သာလန်နိုင်ငံ ၂၀၁၉ခုနှစ်မှာ ကျွန်မက ဝမ်နဲ့အတူအလုပ်လုပ်ရင်း ခေါင်းဆောင်နေရာမှာ လေ့ကျင့်နေခဲ့ပါတယ်။ ကျွန်မတို့ရဲ့ အပြန်အလှန်...
ကျန်းချီ ကိုးရီးယားနိုင်ငံ ကျွန်တော် အသင်းတော် ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရတဲ့ ၂၀၁၉ ခုနှစ်တုန်းကပေါ့။ အဲဒီတုန်းက ဗီဒီယိုထုတ်လုပ်ရေးကို...