သက်သေခံချက် ရေးသားခြင်းမှ ရရှိခဲ့သည့်အရာ

12.03.2023

ချန်ရှင်း တောင်ကိုရီးယားနိုင်ငံ

ခုတစ်လော ညီအစ်ကို မောင်နှမ အတော်များများက သူတို့ အတွေ့အကြုံတွေအကြောင်း သက်သေခံချက်တွေ ရေးတာ သတိထားမိတယ်။ ကျွန်မလည်း တစ်ခုလက်တွေ့ရေးကြည့်ချင်ခဲ့တယ်။ ကျွန်မက ယုံကြည်သူဖြစ်တာ နှစ်နဲ့ချီပြီ၊ ဘုရားရဲ့ အာဟာရ အများကြီး မွေ့လျော်ပြီး အတွေ့အကြုံတချို့လည်း ရှိခဲ့တယ်။ ဆောင်းပါးရေးဖို့ ကိုယ့်ရဲ့ ဝတ်ပြုဆုတောင်းခြင်း အချိန်တချို့ကို သုံးချင်ခဲ့ပေမဲ့၊ အဖွင့်ကို ရေးတဲ့အခါတိုင်း၊ နောက်ထပ် ဘာရေးရမှန်း မသိခဲ့ဘူး။ ကျွန်မတွေးမိတယ်။ အလုပ်ထုတ်ခံရတာ၊ ကျရှုံးခြင်းနဲ့ ချော်လဲတာတွေအများကြီးကို ကျွန်မ ဖြတ်သန်းခဲ့ရဖူးသလို၊ ကိုင်တွယ်ဖြေရှင်းတာ အများကြီး ခံခဲ့ရတယ်။ အတိုင်းအတာတစ်ခုထိတော့ ကျွန်မမှာ အတွေ့အကြုံတချို့ရှိခဲ့တယ်။ ရေးတော့မလိုဖြစ်တာနဲ့ ဘာလို့ ကျွန်မ စိတ်ကဗလာဖြစ်သွားရတာလဲ။ ဒီလိုနဲ့ တစ်လ၊ နှစ်လ ကုန်သွားပြီး၊ နောက်ဆုံးမှာ ဆောင်းပါးတစ်ပုဒ်တောင် လုံးဝ မရေးဖြစ်တော့ဘူး။ အရမ်းခက်သလို ခံစားရတယ်။ ကျွန်မမှာ အစွမ်းအစနဲ့ စိတ်ကူးတွေ ချို့တဲ့မှန်း ခေါင်းဆောင်လည်း သိခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ကျွန်မ အရမ်း မခက်ထန်သင့်ဘူး။ နေ့တိုင်း ကိုင်တွယ်ဖြေရှင်းရမဲ့ အရာ အများကြီးရှိပြီး ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆဖို့ ကိုယ့်ကိုယ်ကိုယ် ငြိမ်အောင်မလုပ်နိုင်ခဲ့ဘူး။ ဒါ့အပြင် အစွမ်းအစကောင်းနဲ့ အတွေ့အကြုံတွေ ရှိတဲ့ ညီအစ်ကို မောင်နှမတချို့က ရေးနိုင်ကြတယ်။ သူတို့ကို ဆောင်းပါးတွေ ရေးခိုင်းတာ အဆင်ပြေတယ်။ ကျွန်မ ရေးစရာ မလိုဘူးလေ။ ဒါကြောင့် ဆောင်းပါးရေးမဲ့ စိတ်ကူးကို ကျွန်မ လုံးဝ လက်လျော့လိုက်တယ်။ တစ်ခါတလေ ကျွန်မ တစ်ပုဒ်ရေးလို့ရတယ်လို့ ညီအစ်ကို မောင်နှမတွေကို အသိပေးကြပေမဲ့၊ ကျွန်မ စိတ်အနှောင့်အယှက်ဖြစ်ပြီး၊ သူတို့စာတွေကို ပြန်တောင်မပြန်ချင်ခဲ့ဘူး။ နည်းနည်းကြာတော့၊ ကျွန်မရဲ့ ဝတ်ပြုဆုတောင်းတာတွေက အဆင်မပြေတော့ဘူး။ ဘုရားနှုတ်ကပတ်တော် ဖတ်ပေမဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှု မရသလို၊ ဘုရားကို ခံစားလို့မရခဲ့ဘူး။ အလုပ်မှာ ကျွန်မ နားမလည်နိုင်၊ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ အများကြီးဖြစ်သလို တစ်ခုပြီးတစ်ခု ပေါ်လာတယ်။ ဖိအားအရမ်းများပြီး တကယ်ကို စိတ်ဆင်းရဲရတယ်။ ဘုရားဆီ ကျွန်မ ဆုတောင်းတယ်။ ကျွန်မကို ဉာဏ်အလင်းပေး၊ လမ်းပြဖို့၊ ကျွန်မပြဿနာတွေကို နားလည်ခွင့်ပေးဖို့ တောင်းလျှောက်ရင်းနဲ့ပေါ့။

တစ်နေ့ ကျွန်မရဲ့ ဝတ်ပြုဆုတောင်းခြင်းမှာ ဒါကို ဖတ်ရတယ်။ “သမ္မာတရားကို လိုက်စားခြင်းသည် မိမိစိတ်ဆန္ဒအလျောက်ဖြစ်သည်။ သင်သည် သမ္မာတရားကို ချစ်လျှင် သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်သည်။ သင်၏ စိတ်နှလုံးတွင် သမ္မာတရားကို ချစ်သောအခါ၊ သင့်အပေါ်သို့ မည်သည့်ဖိနှိပ်မှု၊ သို့မဟုတ် အတိဒုက္ခကျရောက်ပါစေ၊ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားသခင်ကို အမှီပြုသောအခါ၊ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ပြီး သင့်ကိုယ်သင် သိမြင်ဖို့ ကြိုးစားသောအခါ၊ ပြဿနာတစ်ခုကို သင်တွေ့ရှိလျှင် ဖြေရှင်းချက်တစ်ခုအတွက် သမ္မာတရားကို သင် တက်ကြွစွာ ရှာဖွေသောအခါ သင်သည် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်စွမ်းရှိလိမ့်မည်။ ဤသရုပ်သကန်အားလုံးသည် သမ္မာတရားကိုချစ်သောလူတို့၏ သဘာဝရလဒ်တစ်ခုဖြစ်သည်။ ၎င်းတို့အားလုံးသည် မိမိဆန္ဒအလျောက်၊ ဝမ်းမြောက်စွာဖြင့် အကျပ်ကိုင်ခံရခြင်းမရှိဘဲ ဖြစ်ပေါ်သည်။ ထို့ကြောင့် ၎င်းတို့သည် အခြေအနေ အချိန်အခါပေါ်တွင် မူတည်ခြင်းလည်း လုံးလုံး မရှိပေ။ လူများသည် ဘုရားသခင်နောက်သို့ ဤနည်းဖြင့် လိုက်လျှောက်နိုင်လျှင် အဆုံးတွင် ၎င်းတို့ရရှိသည့်အရာသည် သမ္မာတရားနှင့် အသက်ဖြစ်သည်။ ၎င်းတို့ဝင်ရောက်သည့်အရာသည် သမ္မာတရားစစ်မှန်မှုဖြစ်ပြီး ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာသည် လူသားပုံသဏ္ဌာန်ဖြစ်သည်။...သမ္မာတရားကို သင်မရရှိသေးလျှင် သင်ထုတ်ပြောသော မည်သည့်အကြောင်းပြချက်များ၊ ဆင်ခြေများကမျှ ခိုင်လုံမည်မဟုတ်ပေ။ ဘုရားသခင်သည် သင်၏ အကြောင်းပြချက်များကို ဂရုမစိုက်ပေ။ သင်ကြိုက်သလို အကြောင်းပြဖို့ ကြိုးစားလော့။ သင်ကျေနပ်သလို သင့်ဘာသာ ပြဿနာရှာလော့။ ဘုရားသခင်က ဂရုစိုက်သလော။ ဘုရားသခင်က သင့်ကို စကားပြောမည်လော။ သူသည် သင်နှင့် ငြင်းခုံပြီး ဆွေးနွေးမည်လော။ သင်နှင့် တိုင်ပင်မည်လော။ အဖြေက အဘယ်နည်း။ မဟုတ်ပေ။ ဘုရားသခင်က ထိုသို့ လုံးဝ လုပ်မည် မဟုတ်ပေ။ သင်၏ အကြောင်းပြချက်က မည်မျှခိုင်မာသည်ဖြစ်စေ တရားမဝင်ပေ။ သမ္မာတရားကို သင် မလိုက်စားခြင်းအတွက် အကြောင်းပြချက်နှင့် ဆင်ခြေမျိုးစုံတို့ကို ပေးနိုင်သည်ဟု တွေးထင်လျက် ဘုရားသခင်၏ အလိုတော်ကို သင် နားလည်မှုမလွဲရပေ။ ဘုရားသခင်သည် သင့်ထံတွင် ဖြစ်ပျက်သော အခြေအနေများအားလုံးနှင့် ကိစ္စရပ်တိုင်းတွင် သင့်အား သမ္မာတရားကို ရှာစေမည်ဖြစ်ပြီး နောက်ဆုံးတွင် သမ္မာတရားစစ်မှန်မှုအတွင်းသို့ ဝင်ရောက်မှုကိုရရှိပြီး သမ္မာတရားကို ရရှိစေလိမ့်မည်။ သင့်အတွက် ဘုရားသခင်က မည်သည့်အခြေအနေကို စီစဉ်ပေးပြီးဖြစ်စေ၊ မည်သည့်လူများနှင့် ဖြစ်ရပ်များကို သင်တွေ့ကြုံရသည်ဖြစ်စေ၊ ပြီးလျှင် မည်သည့်အခြေအနေတွင် သင်ရောက်ရှိနေပါစေ၊ ယင်းတို့ကို ရင်ဆိုင်ရန် ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေသင့်သည်။ ယင်းတို့သည် သမ္မာတရားကို လိုက်စားရာတွင် သင်ယူသင့်သည့် သင်ခန်းစာများဖြစ်သည်။ သင်သည် ဆင်ခြေများပေးရန်၊ ရှောင်ရန်၊ ငြင်းဆန်ရန်၊ ခုခံရန် အစဉ်သဖြင့် ကြည့်ရှုလျှင် ဘုရားသခင်က သင့်ကို လက်လျှော့လိမ့်မည်။ သင်သည် ထိန်းရခက်ခြင်း၊ သို့မဟုတ် ပြောရဆိုရခက်ခြင်း၊ သို့မဟုတ် သင်၏ အကြောင်းပြချက်ကိုပေးခြင်းဖြစ်လျှင် အသုံးဝင်မည်မဟုတ်ပေ။ ဘုရားသခင်က သင့်ကို အရေးမစိုက်လျှင် သင်သည် ကယ်တင်ခြင်းရဖို့ အခွင့်အရေး ဆုံးရှုံးရလိမ့်မည်။ ဘုရားသခင်အတွက် ဖြေရှင်း၍မရနိုင်သည့် ပြဿနာမရှိပေ။ ဘုရားသခင်သည် လူတစ်ယောက်ချင်းစီတိုင်းအတွက် အစီအစဉ်များပြုလုပ်ပြီးဖြစ်ကာ၊ ယင်းတို့ကို ကိုင်တွယ်ရန် နည်းလမ်းရှိသည်။ သင်၏ အကြောင်းပြချက်များနှင့် ဆင်ခြေများက အကြောင်းခိုင်လုံခြင်း ရှိမရှိကို ဘုရားသခင်က ဆွေးနွေးမည်မဟုတ်၊ သို့မဟုတ် သင်၏ ချေပချက်က အဓိပ္ပာယ်ရှိမရှိကို နားထောင်မည်မဟုတ်ပေ။ သူက သင့်ကို မေးသမျှက ‘ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သလော။ သင့်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသလော။ သမ္မာတရားကို သင်လိုက်စားသင့်သလော’ဟူ၍ ဖြစ်သည်။ သင်သည် အချက်အလက်တစ်ခုကို ရှင်းရှင်းလင်းလင်း သိဖို့သာလိုသည်။ ဘုရားသခင်သည် သမ္မာတရားဖြစ်သည်။ သင်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထဲက တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို ရှာဖွေရန် သင့်ဘာသာ လုပ်ဆောင်သင့်သည်။ မည်သည့်ပြဿနာ၊ အခက်အခဲ၊ အကြောင်းပြချက်၊ ဆင်ခြေမျှ အကြောင်းခိုင်လုံခြင်းမရှိပေ။ သမ္မာတရားကို သင်လက်မခံလျှင် သင် ပျက်စီးလိမ့်မည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၁)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မအတွက် ချက်ချင်း နိုးထစရာပဲ။ သမ္မာတရားကို လိုက်စားတာ ကိုယ်ရေးကိုယ်တာ၊ ဆန္ဒအလျောက် လုပ်ရမဲ့အရာတစ်ခုပဲ။ ဆောင်းပါးမရေးဖို့၊ သမ္မာတရား မလိုက်စားဖို့ အကြောင်းပြချက်၊ ဆင်ခြေမှန်သမျှ ရှာမနေသင့်ဘူး။ အကြောင်းပြချက်တွေ သင့်လျော်ပုံကို ဘုရား ဂရုမစိုက်ဘူး။ အခြေအနေတိုင်းမှာ၊ ဖြစ်သမျှအရာတိုင်းအတွက် ဘုရားက သူ့နှုတ်ကပတ်တော်တွေကို နားထောင်ပြီး သူ့သတ်မှတ်ချက်တွေကို ကျိုးနွံနာခံစေချင်တယ်။ အဲဒါ ကျွန်မ လုပ်သင့်တဲ့အရာပဲ။ ဘုရားက ဒီလိုလည်း ပြောတယ်။ “ငါ၌ သင့်ယုံကြည်ခြင်းနှင့်ဆိုင်သော တာဝန်မှာ ငါ့အဖို့ သက်သေခံရန်၊ ငါ့ကို သစ္စာစောင့်သိရန်နှင့် အခြားမည်သူ့ကိုမျှ သစ္စာမစောင့်သိရန်၊ ပြီးလျှင် အဆုံးတိုင်အောင် နာခံရန် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း) ဘုရားသခင်က သူ့ကို သက်သေခံပေးဖို့ တောင်းဆိုထားတာ။ ဒါက ကျွန်မတို့ရဲ့ တာဝန်လည်း ဟုတ်တယ်။ သမ္မာတရားအပေါ် ကျွန်မရဲ့သိနားလည်မှု ဘယ်လောက် နက်ရှိုင်းပါစေ၊ ပေါ့တန်ပါစေ၊ သူပြုခဲ့တဲ့ အမှုကို ကျွန်မအထဲ မြှုပ်နှံလိုက်လို့ မရဘဲ၊ ဘုရားကို သက်သေခံဖို့ ယုံကြည်ခြင်းကနေ ကျွန်မရခဲ့တဲ့အရာကို ထုတ်ရေးသင့်တယ်။ ဆောင်းပါးရေးနေတုန်းမှာ အခက်အခဲတွေအများကြီး ကြုံရပေမဲ့၊ အဲဒီပြဿနာတွေက ကျွန်မ နားမလည်ခဲ့တဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ အပြစ်အနာအဆာတွေဖြစ်တယ်၊ ကိုယ့်ကိုယ်ကိုယ် တကယ် ငြိမ်သက်စေဖို့၊ ဘုရားနှုတ်ကပတ်တော်ကို တွေးဆပြီး သမ္မာတရားရှာဖို့ လိုတာပေါ့။ ဒါပေမဲ့ အဲဒီအစား၊ သမ္မာတရားကို ရှာဖွေဖို့၊ ဘုရားနှုတ်ကပတ်တော်ကို တွေးဆရာမှာ အားထုတ်ဖို့ မကြိုးစားခဲ့ဘူး။ ဆောင်းပါးတစ်ပုဒ်ရေးတာကို ငြင်းပြီး ခုခံဖို့ ဆင်ခြေမျိုးစုံ ကျွန်မ ရှာခဲ့တယ်။ အစွမ်းအစမဲ့ပြီး အလုပ်နဲ့ အရမ်းရှုပ်နေလို့ အချိန်မရှိဘူးလို့ ဆက်ပြောနေမိခဲ့တယ်။ ဆောင်းပါးမရေးတာ ပုံမှန်ပါပဲလို့ တွေးခဲ့တယ်။ တစ်ခါတလေ တခြားလူတွေက တစ်ပုဒ်ရေးဖို့ ပြောတဲ့အခါ၊ စိတ်အနှောင့်အယှက်ဖြစ်ပြီး ဆင်ခြေတွေ ပေးတယ်။ သူတို့စာတွေကို ပြန်တောင်မပြန်ချင်ခဲ့ဘူး။ ဒါပေမဲ့ အခု အဲဒီအကြောင်းကို တိတ်တိတ်လေး တွေးကြည့်တော့၊ ခေါင်းဆောင်အနေနဲ့ အလုပ်ရဲ့ ကဏ္ဍတိုင်းနဲ့ ပတ်သက်လို့ အမှီလိုက်ခဲ့ရပေမဲ့၊ ပြဿနာအားလုံးကို အရေးတကြီး ကိုင်တွယ်ဖို့ မလိုခဲ့ဘူးလေ။ ကိစ္စအများကြီးအတွက် အချိန်ဖန်တီးလို့ရတယ်။ ပြီးတော့၊ တချို့ပုံမှန်အလုပ်တွေက ပြီးဖို့ အချိန်သိပ်မယူရဘူး။ ဆောင်းပါးတစ်ပုဒ်ရေးဖို့ အချိန်မရှိရအောင် ကျွန်မ အရမ်း အလုပ်များခဲ့တာ မဟုတ်ဘူး။ အဲဒါတွေက ကျွန်မရှာခဲ့တဲ့ ဆင်ခြေတွေ သက်သက်ပဲ။ အဲဒီပုံမှန်အလုပ်တွေက ချောမွေ့ပြီး လွယ်ကူသလို၊ စိတ်ပိုင်းအားထုတ်စရာ အရမ်းမလိုပေမဲ့ စာရေးတာက ကျွန်မအားသန်တာ မဟုတ်သလို ခံစားခဲ့ရလို့ အဲဒါကို ရှောင်ချင်ခဲ့တယ်။ ကျွန်မမှာ အစွမ်းအစနဲ့ စိတ်ကူးတွေ မရှိမှန်း ခေါင်းဆောင်က သိတယ်ဆိုတဲ့ ဆင်ခြေကိုတောင် သုံးခဲ့တယ်။ ကိစ္စတွေကို ကျွန်မ တကယ် လိုရဲဆွဲမမှန်မကန် ပြောနိုင်သလို အတွေးမှားတွေ တွေးမိခဲ့တယ်။ အမှန်တော့၊ သက်သေခံချက် ဆောင်းပါး ရေးတာက သမ္မာတရားလိုက်စားဖို့ ကျွန်မတို့ကို စေ့ဆော်နိုင်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို အချိန်ယူ စဉ်းစားပြီး သမ္မာတရား ရှာဖွေခြင်းအားဖြင့် ကျွန်မတို့ ဖောက်ပြန်ပျက်စီးခြင်းကို ဖြေရှင်းနိုင်တယ်၊ ကိစ္စတွေကို စည်းမျဉ်းနဲ့ လုပ်ပြီး တာဝန်ကို ပိုကောင်းကောင်း ထမ်းဆောင်နိုင်တယ်။ ဘုရားကို သက်သေခံရင်း ဆောင်းပါးတွေ ရေးတာက ကျွန်မတို့ တာဝန်ဖြစ်ပြီး မလုပ်ဖို့ ဆင်ခြေတွေ မရှိဘူး။ ဘုရားသခင်က ပြောသည်- “ဘုရားသခင်သည် သမ္မာတရားဖြစ်သည်။ သင်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထဲက တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို ရှာဖွေရန် သင့်ဘာသာ လုပ်ဆောင်သင့်သည်။ မည်သည့်ပြဿနာ၊ အခက်အခဲ၊ အကြောင်းပြချက်၊ ဆင်ခြေမျှ အကြောင်းခိုင်လုံခြင်းမရှိပေ။ သမ္မာတရားကို သင်လက်မခံလျှင် သင် ပျက်စီးလိမ့်မည်ဖြစ်သည်။” နောက်တော့ သဘောပေါက်မိတယ်၊ ကျွန်မရဲ့ ဆင်ခြေမှာ ပိတ်မိတာ၊ သမ္မာတရားကို မရှာဖွေ၊ လက်မခံတာက ကျွန်မကို လုံးဝ ဖျက်ဆီးမှာဖြစ်ပြီး နောက်ဆုံးရလဒ်က ပျက်စီးခြင်း ဖြစ်မှာပဲ။ လန့်စရာကောင်းလိုက်တဲ့ အခြေအနေပဲ။ ဒါကြောင့် အမြန်ဆုတောင်းလိုက်တယ်။ “ဘုရားသခင်။ ကျွန်မက သမ္မာတရားကို လက်ခံသူမဟုတ်မှန်း ခုပဲ သဘောပေါက်မိပါပြီ။ ကျွန်မ ကိုယ်တော့်နှုတ်ကပတ်တော်နဲ့ တရားဒေသနာ အများကြီး ဖတ်ရှု၊ နားထောင်ပြီးပြီဖြစ်ပေမဲ့၊ သမ္မာတရား စစ်မှန်မှု တစ်ခုမှ မရှိသလို၊ သက်သေခံချက် ဆောင်းပါးရေးတာကို လက်တွေ့လုပ်ဖို့ လိုလားမနေပါဘူး။ တကယ်ကို ရှက်စရာပါ။ အခု ကျွန်မရဲ့ အားနည်းချက်၊ အပြစ်အနာအဆာတွေ မြင်ပါပြီ။ ဒီမမှန်တဲ့ အခြေအနေကို ပြောင်းလဲပြီး ကိုယ်တော်ပြောတာကို လုပ်ဖို့ ကြိုးပမ်းချင်ပါတယ်”လို့ပေါ့။

နောက်ပိုင်းမှာ၊ ရှာဖွေရင်းနဲ့ ဘုရားဆီ ဆုတောင်းခဲ့တယ်။ သမ္မာတရားကို လိုက်စားမနေခဲ့သလို ကိုယ့် သက်သေခံချက် မရေချင်ခဲ့တဲ့ တကယ့် အကြောင်းရင်းက ဘာလဲပေါ့။ ကိုယ့်ရဲ့ သုံးသပ်ဆင်ခြင်မှုမှာ၊ တစ်ခုခုကို ဘုရားနှုတ်ကပတ်တော်ထဲမှာ ဖတ်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူများစွာတို့သည် ဘုရားသခင်ကို ယုံကြည်ရာတွင် ဘုရားအတွက် အလုပ်လုပ်ခြင်းကိုသာ အာရုံစိုက်ကြပြီး ဒုက္ခခံခြင်း၊ အဖိုးအခပေးဆပ်ခြင်းဖြင့်သာ ကျေနပ်ကြသည်။ သို့ရာတွင် သမ္မာတရားကို လုံးဝ မလိုက်စားကြပေ။ ရလဒ်က အဘယ်နည်း။ ဘုရားသခင်အား ဆယ်နှစ်၊ အနှစ်နှစ်ဆယ်၊ အနှစ်သုံးဆယ်ကြာယုံကြည်ပြီးနောက်တွင် ဘုရားသခင်၏ အမှုတော်အပေါ် စစ်မှန်သော အသိမရှိကြသေးချေ။ ပြီးလျှင် သမ္မာတရား သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များနှင့်ပတ်သက်သည့် အတွေ့အကြုံ၊ သို့မဟုတ် အသိပညာတစ်ခုခုကို မပြောဆိုနိုင်ပေ။ စုဝေးပွဲအတောအတွင်းတွင် ၎င်းတို့သည် သက်သေခံချက် အနည်းငယ်ပြောဆိုဖို့ ကြိုးစားကြသည်။ ၎င်းတို့တွင် ပြောစရာမရှိပေ။ ၎င်းတို့ ကယ်တင်ခြင်းခံရမည်၊ မခံရမည်ကို ၎င်းတို့ လုံးဝ မသိပေ။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ဤသည်မှာ သမ္မာတရားကို မလိုက်စားသည့် လူတို့၏ပုံစံဖြစ်သည်။ ၎င်းတို့သည် ယုံကြည်သူတစ်ယောက်ဖြစ်သည်မှာ နှစ်မည်မျှကြာသည်ဖြစ်စေ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့မဆိုထားနှင့်။ သမ္မာတရားကို နားလည်နိုင်စွမ်းပင် မရှိကြချေ။ သမ္မာတရားကို လုံးလုံး လက်မခံတတ်သောသူတစ်ဦးသည် သမ္မာတရား၏ စစ်မှန်မှုထဲသို့ မည်သို့ ဝင်ရောက်နိုင်မည်နည်း။ ဤပြဿနာကို မမြင်နိုင်သောသူများရှိသည်။ အယူဝါဒစကားများကို သံယောင်လိုက်ပြောသူများက သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျှင် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ၎င်းတို့ ဝင်ရောက်နိုင်သည်ဟု ယုံကြည်သောသူများရှိသည်။ ဤသည်မှာ မှန်ကန်သလော။ အယူဝါဒစကားများကို သံယောင်လိုက်ပြောသောသူများသည် ပင်ကိုအားဖြင့် သမ္မာတရားကို နားလည်နိုင်စွမ်းမရှိကြချေ။ ဤသို့ဆိုလျှင် ၎င်းတို့သည် သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့်အရာသည် သမ္မာတရားကို မချိုးဖောက်သည့်ပုံရှိပြီး၊ ကောင်းမွန်သည့်လုပ်ဆောင်မှု၊ ကောင်းသည့် အပြုအမူပုံစံရှိသော်လည်း၊ ဤသို့သော ကောင်းမှုများနှင့် ကောင်းသောအပြုအမူတို့ကို သမ္မာတရား၏ စစ်မှန်မှုဟု ခေါ်ဆိုရန် သင့်တော်သလော။ သမ္မာတရားကို နားမလည်သောသူတို့သည် သမ္မာတရား၏ စစ်မှန်မှုက မည်သည့်အရာဖြစ်သည်ကို နားမလည်ပေ။ ၎င်းတို့က လူတို့၏ ကောင်းမှုများနှင့် ကောင်းသောအပြုအမူကို ထိုလူများက သမ္မာတရားအား လက်တွေ့လုပ်ဆောင်နေခြင်းအဖြစ် ယူဆကြသည်။ ဤသည်မှာ အဓိပ္ပာယ်မရှိဖြစ်သည် မဟုတ်လော။ ဤသည်မှာ ဘာသာရေးသမားများ၏ အတွေးအမြင်ဆိုင်ရာ အမြင်များနှင့် မည်သို့ကွာခြားသနည်း။ ဤသို့သော လွဲချော်သည့် သိနားလည်မှုပြဿနာများကို မည်သို့ ဖြေရှင်းနိုင်သနည်း။ လူတို့ကို ကြည့်ပြီး ၎င်းတို့သည် မည်သို့ဖြစ်သည်ကို အမှန်တကယ် အရှိအတိုင်းပြောနိုင်ရန်၊ ၎င်းတို့သည် သမ္မာတရား၏ စစ်မှန်မှုကို ပိုင်ဆိုင်ခြင်းရှိမရှိကို ပြောပြနိုင်ရန်အလို့ငှာ၊ လူတို့သည် ရှေးဦးစွာ ဘုရားနှုတ်ကပတ်တော်မှ ဘုရားသခင်၏ အလိုတော်ကို နားလည်ရမည်။ သမ္မာတရားကို နားလည်ခြင်းသည် မည်သည့်အရာဖြစ်သည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် မည်သည့်အရာဖြစ်သည်ကို သိရမည်။ လူကို ကယ်တင်သည့် ဘုရားသခင်၏ အမှုသည် လူတို့အား သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်စေခြင်းဟု အဓိပ္ပာယ်ရသည်။ ထိုအခါမှသာ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ခွာနိုင်မည်ဖြစ်ပြီး၊ စည်းမျဉ်းနှင့်အညီ လုပ်ဆောင်နိုင်မည်ဖြစ်ကာ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ သမ္မာတရားကို သင် မလိုက်စားလျှင်၊ သင်၏ ကိုယ်ပိုင်အယူအဆများ၊ စိတ်ကူးထင်မြင်မှုများအရ ဘုရားသခင်အတွက် အသုံးခံခြင်း၊ ဒုက္ခခံခြင်း၊ အဖိုးအခပေးဆပ်ခြင်းဖြင့်သာ ကျေနပ်နေလျှင် သင်လုပ်သမျှတိုင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားကို နာခံခြင်းအဖြစ် ကိုယ်စားပြုလိမ့်မည်လော။ သင်၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲမှုများရှိခဲ့သည်ဟု ထိုအရာက သက်သေပြနိုင်သလော။ ဘုရားသခင်ကို သင် အမှန်တကယ်သိမြင်မှုရှိသည်ဟု ကိုယ်စားပြုနိုင်သလော။ မပြုနိုင်ပေ။ ဤသို့ဆိုလျှင် သင်လုပ်ဆောင်သမျှသည် မည်သည့်အရာကို ကိုယ်စားပြုမည်နည်း။ သင်၏ တစ်ကိုယ်ရေ လိုအင်ဆန္ဒများ၊ နားလည်မှု၊ ဖြစ်လိုခြင်းတို့ကိုသာ ကိုယ်စားပြုနိုင်သည်။ သင်လုပ်ဆောင်လိုသောအရာနှင့် လုပ်ဆောင်ချင်စိတ်ရှိသောအရာများ ဖြစ်သည်။ သင်လုပ်သမျှသည် သင်၏ကိုယ်ပိုင်ဆန္ဒများ၊ အလိုရှိသောအရာများ၊ အနှစ်သက်ဆုံးသောအရာများကို ဖြည့်ဆည်းခြင်းမျှသာ ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားခြင်းမဟုတ်သည်မှာ ရှင်းသည်။ သင်လုပ်ဆောင်သည့် မည်သည့်အရာကမျှ သမ္မာတရားနှင့် သက်ဆိုင်မှုတစ်ခုမျှမရှိသကဲ့သို့ ဘုရားသခင်တောင်းဆိုသည့်အရာနှင့်လည်း သက်ဆိုင်မှုမရှိပေ။ သင်လုပ်သမျှသည် သင်ကိုယ်တိုင်အတွက်ဖြစ်သည်။ သင်သည် မိမိစံပြုထားသော အရာများ၊ မိမိ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အတွက်သာ အလုပ်လုပ်နေခြင်း၊ ကြိုးစားနေခြင်း၊ ပြေးလွှားနေခြင်းဖြစ်သည်။ ဤသည်မှာ ပေါလုနှင့် မကွာခြားပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၂)) နှုတ်ကပတ်တော်ရဲ့ တရားစီရင် ထုတ်ဖော်ပြမှုကြောင့် ခေါင်းမဖော်နိုင်ခဲ့ဘူး။ နှစ်တွေတစ်လျှောက် ကျွန်မ ယုံကြည်သူ ဖြစ်ခဲ့တယ်၊ ဘုရားနှုတ်ကပတ်တော် အများကြီး ဖတ်ခဲ့ပြီး၊ ကျရှုံး၊ ပြိုလဲမှုတချို့ ရှိခဲ့တယ်၊ ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းတာ ခံခဲ့ရတယ်၊ ဒါပေမဲ့ သက်သေခံချက်တစ်ခုမှ ကျွန်မ မရေးခဲ့သေးဘူး။ သမ္မာတရား မလိုက်စားခဲ့လို့ ကိုယ့်အတွေ့အကြုံနဲ့ သမ္မာတရားအပေါ် သိနားလည်မှုကိုလည်း မဖော်ပြနိုင်ခဲ့ဘူး။ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်ပုံ၊ ဘာအမှားမှ၊ သတိမမူတာမှ မရှိဘဲ တာဝန်ရှိတဲ့အလုပ်ကို လုပ်နိုင်တာနဲ့ပဲ ကျေနပ်ရောင့်ရဲခဲ့တယ်။ တကယ်တော့ ပုံမှန်အလုပ်တချို့က အလျင်မလိုပါဘူး။ ဒါပေမဲ့ လက်တွေ့အလုပ် မလုပ်ဘူး၊ ပြဿနာမရှင်းဘူးလို့ သူများတွေပြောမှာ ကြောက်ခဲ့တာ။ ခေါင်းဆောင်က သိသွားပြီး ကျွန်မကို ထုတ်လိုက်ရင် ဘယ်လိုလုပ်မလဲပေါ့။ အဲဒီအတွေးနဲ့၊ ဆောင်းပါးရေးတာနဲ့ ဘုရားနှုတ်ကပတ်တော်တွေ တွေးဆတာကို ကျွန်မ လက်လျော့ခဲ့ပြီး၊ ကိုယ့်ရဲ့ မနက် ဝတ်ပြုဆုတောင်းတာကိုတောင် လက်လျော့ခဲ့တယ်။ ဆောင်းပါးရေးတာက ကိုယ့်အလုပ် တိုးတက်မှုကို နှောင့်နှေးစေမယ်လို့ ခံစားခဲ့တယ်။ တစ်ခါတလေ အိပ်ရာထပြီး မနက် ဝတ်ပြုဆုတောင်းတာတချို့ လုပ်ချင်ခဲ့ပေမဲ့၊ ကွန်ပြူတာ ဖွင့်လိုက်ပြီး ဖြေပေးဖို့လိုတဲ့ စာမျိုးစုံကို တွေ့တဲ့အခါ၊ ဝတ်ပြုဆုတောင်းတာကို လက်လျော့လိုက်ပြီး ပြဿနာအားလုံးကို ကိုင်တွယ်ရင်းနဲ့ စဖြေပေးနေမိခဲ့တယ်။ ဒါပေမဲ့ တကယ်တော့ အားလုံးကို ချက်ချင်း ကိုင်တွယ်ဖို့ လိုတာမဟုတ်ဘူး။ အချိန်ရတဲ့အချိန် ကျွန်မ ဖြေကြားခဲ့ရင်၊ ဘာမှ နှောင့်နှေးမှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ အဲဒီအရာတွေနဲ့ အလုပ်များခဲ့တဲ့အတွက်၊ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ပြီး တွေးဆတဲ့ အချိန်ကို လက်လျော့ခဲ့ရတယ်။ ကျွန်မက ဝန်ထမ်းပြီး ကိုယ့်တာဝန်မှာ တာဝန်ယူနေတာဖြစ်သလို တကယ့် အလုပ်လုပ်နိုင်တယ်လို့တောင် တွေးခဲ့တာ၊ ဒါပေမဲ့ တကယ်တော့၊ လေးစားမှုရဖို့ အပေါ်ယံ ဆင်းရဲဒုက္ခခံတာနဲ့ အားထုတ်တာတွေကို သုံးချင်ခဲ့တာပဲ။ အဲဒါ ဘယ်လိုလုပ် တာဝန်လုပ်တာ ဖြစ်မှာလဲ။ ကိုယ့်နာမည်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့၊ ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်တွေ ဖြည့်ဆည်းဖို့ ကိုယ့်တာဝန်ကို သုံးချင်ခဲ့တာ။ ဘုရားကို ဆန့်ကျင်တဲ့ လမ်းကြောင်းပေါ် ရှိခဲ့တာပဲ။ ဆောင်းပါးရေးတဲ့ လုပ်ငန်းစဉ်က သမ္မာတရား ရှာဖွေတဲ့ လုပ်ငန်းစဉ်ဖြစ်မှန်း သိခဲ့ပေမဲ့၊ ကျွန်မ သမ္မာတရားကို မလိုက်စားခဲ့သလို၊ သက်သေခံဖို့ ဆောင်းပါးတစ်ပုဒ်ကို မရေးချင်ခဲ့ဘူး။ နေ့တိုင်း ကိစ္စတွေနဲ့ အလုပ်များပြီး၊ အချိန်ရနိုင်တဲ့အခါမှာတောင် မရေးဖို့ ဆင်ခြေမျိုးစုံ ရှာခဲ့တယ်။ ကျွန်မက အစေခံမှုကိုပဲ လုပ်နေခဲ့တာ မဟုတ်လား။ သမ္မာတရား လိုက်စားရာမှာ အားမထုတ်ခဲ့ဘဲ အလုပ်ပေါ်ပဲ အာရုံစိုက်ခဲ့တယ်။ အဲဒါက ညီအစ်ကို မောင်နှမတွေဟာ သူတို့ တာဝန်တွေမှာ အသက်ဝင်ရောက်မှုအပေါ် အာရုံစိုက်မခံရကြတဲ့ သဘောပဲ။ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ကြဘူး၊ ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် သူတို့ကိုယ်သူတို့အကြောင်း မသင်ယူကြဘူး။ တခြားလူတွေကို ဘုရားအလိုတော်ကနေ အဝေးကို ကျွန်မ ဦးဆောင်နေခဲ့တာပဲ။ ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတယ်။ “သင်လုပ်ဆောင်သည့် မည်သည့်အရာကမျှ သမ္မာတရားနှင့် သက်ဆိုင်မှုတစ်ခုမျှမရှိသကဲ့သို့ ဘုရားသခင်တောင်းဆိုသည့်အရာနှင့်လည်း သက်ဆိုင်မှုမရှိပေ။ သင်လုပ်သမျှသည် သင်ကိုယ်တိုင်အတွက်ဖြစ်သည်။ သင်သည် မိမိစံပြုထားသော အရာများ၊ မိမိ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အတွက်သာ အလုပ်လုပ်နေခြင်း၊ ကြိုးစားနေခြင်း၊ ပြေးလွှားနေခြင်းဖြစ်သည်။ ဤသည်မှာ ပေါလုနှင့် မကွာခြားပေ။” ပေါလုရဲ့ လမ်းကြောင်းကို လျှောက်နေခဲ့မိမှန်း သုံးသပ်မိတယ်။ ကိစ္စတွေကို လုပ်တာ၊ ကိုယ်ကြိုက်တာကို လုပ်တာ၊ ကိုယ့်ဆီ လွယ်လွယ် ရောက်လာတာကိုပဲ အလေးထားခဲ့ပေမဲ့ သမ္မာတရားပါဝင်တဲ့ ဘုရားတောင်းဆိုတဲ့ အလုပ်အတွက်တော့၊ သမ္မာတရားကို မရှာခဲ့ရုံမက၊ အဲဒါကို စိတ်ကုန်ပြီး ရှောင်ရှားခဲ့တယ်။ အဆင့်အတန်းအတွက် စိတ်ဆန္ဒကို ဖြည့်ဆည်းဖို့ပဲ အလုပ်လုပ်နေခဲ့တာ။ ဘုရားအတွက် ရန်သူဖြစ်တဲ့ လမ်းကြောင်းပေါ်မှာ ရှိခဲ့တာပဲ။ ဒီလိုဆက်ဖြစ်ရင် အလုပ်ဘယ်လောက် လုပ်လုပ် အဆုံးမှာ ဘုရားထုတ်ပယ်တာ ခံရမှာပဲ။ ဒါကို သဘောပေါက်လို့ ကျွန်မ လန့်သွားမိသလို၊ ဒီအခြေအနေကို ချက်ချင်း ပြောင်းလဲချင်ခဲ့တယ်။

တစ်နေ့ ကျွန်မရဲ့ ဝတ်ပြုဆုတောင်းမှာ ဘုရားနှုတ်ကပတ်တော်တချို့ ဖတ်ခဲ့တယ်။ “သမ္မာတရားကို စိတ်ကုန်သောသူတို့အတွက် အသိသာဆုံးအခြေအနေမှာ ၎င်းတို့သည် သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို စိတ်မဝင်စားကြဘဲ ယင်းတို့ကို ရွံရှာပြီး ပစ်ပစ်ခါခါပင်ငြင်းပယ်ကာ လောကီရေပန်းစားမှုများနောက်သို့ အထူးသဖြင့် လိုက်လိုကြသည်။ ဘုရားသခင် ချစ်သောအရာများနှင့် ဘုရားသခင်က လူတို့ကို လုပ်ဆောင်ရန် တောင်းဆိုသောအရာကို ၎င်းတို့၏ စိတ်နှလုံးက လက်မခံပေ။ ထိုအစား ၎င်းတို့သည် အထင်အမြင်သေးပြီး စိတ်ဝင်စားမှုမရှိပေ။ လူအချို့သည် စံနှုန်းများနှင့် လူတို့အပေါ် ဘုရားသခင် သတ်မှတ်သော စည်းမျဉ်းများကိုပင် မကြာခဏ အထင်အမြင်သေးကြသည်။ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများကို စက်ဆုပ်ရွံရှာကြပြီး အပြုသဘောဆောင်သောအရာများအပေါ် အာခံသည့်၊ ထိပ်တိုက်ရန်ရှာသည့်၊ အထင်သေးသည့်ခံစားချက်ကို အစဉ် ခံစားရကြသည်။ ဤသည်မှာ သမ္မာတရားကို စိတ်ကုန်ခြင်း၏ အဓိက သရုပ်သကန်ဖြစ်သည်။ အသင်းတော်အသက်တာတွင် ဘုရားနှုတ်ကပတ်တော်ဖတ်ခြင်း၊ ဆုတောင်းခြင်း၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း၊ တာဝန်များထမ်းဆောင်ခြင်း၊ သမ္မာတရားဖြင့် ပြဿနာများကို ဖြေရှင်းခြင်းတို့အားလုံးသည် အပြုသဘောဆောင်သောအရာများဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာများဖြစ်သည်။ သို့သော် လူအချို့သည် ဤအပြုသဘောဆောင်သောအရာများကို စက်ဆုပ်ရွံရှာကြသည်။ ဤအရာများကို ဂရုမစိုက်ဘဲ စိတ်မဝင်စားကြပေ။...ဤစိတ်သဘောထားသည် သမ္မာတရားကို စိတ်ကုန်ခြင်းမဟုတ်သလော။ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဖော်ထုတ်နေခြင်းမဟုတ်လော။ ဘုရားသခင်အတွက် အလုပ်လုပ်ပြီး စိတ်အားထက်သန်စွာ လှည့်လည်သွားလာရန် နှစ်သက်သော ဘုရားကို ယုံကြည်သူများစွာရှိသည်။ ၎င်းတို့၏ ဆုကျေးဇူးများ၊ အားသာချက်များကို အသုံးပြုရာတွင်၊ ကြွားဝါရာတွင်၊ ၎င်းတို့၏ နှစ်သက်မှုများကို အလိုလိုက်ရာတွင် ၎င်းတို့သည် အကန့်အသတ်မဲ့သော စွမ်းအင်ရှိကြသည်။ သို့သော် ၎င်းတို့ကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရားစည်းမျဉ်းများနှင့်အညီ ပြုမူလုပ်ဆောင်ခိုင်းလျှင် ၎င်းတို့သည် အားမရှိတော့ပေ။ စိတ်အားထက်သန်မှု ပျောက်သွားကြသည်။ ၎င်းတို့သည် ကြွားဝါခွင့်မပြုလျှင် နုံးချည့်လာပြီး မျှော်လင့်ချက်မဲ့သွားကြသည်။ ၎င်းတို့သည် ကြွားဝါရန်အတွက် အားအင်ရှိသည်မှာ အဘယ်သို့ဖြစ်သနည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အားအင်မရှိသည်မှာ အဘယ်သို့ဖြစ်သနည်း။ ဤတွင် ပြဿနာက အဘယ်နည်း။ လူအားလုံးသည် မိမိတို့ကိုယ်ကို အသိအမှတ်ပြုခံရအောင် လုပ်လိုကြသည်။ ၎င်းတို့အားလုံးသည် အလွန်အကျူးဝင့်ဝါရခြင်းကို တပ်မက်ကြသည်။ လူတိုင်းက ကောင်းချီးများနှင့် ဆုလာဘ်များအတွက် ဘုရားသခင်ကို ယုံကြည်သောအခါတွင် မကုန်ခန်းနိုင်သော စွမ်းအင်များရှိကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဇာတိပကတိကို စွန့်ပစ်သောအခါတွင် အဘယ်ကြောင့် နုံးချည့်လာကြသနည်း၊ မျှော်လင့်ချက်မဲ့လာကြသနည်း။ အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။ ဤသည်မှာ လူတို့၏ စိတ်နှလုံးများက သန့်စင်မှုမရှိသည်ကို ပြသည်။ ၎င်းတို့သည် ကောင်းချီးရဖို့အတွက် သက်သက်ဖြင့် ဘုရားသခင်ကို ယုံကြည်ကြသည်။ ရိုးရှင်းစွာ ဆိုရလျှင် ၎င်းတို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရရန်အလို့ငှာ ယုံကြည်ကြခြင်း ဖြစ်သည်။ လိုက်စားရန် ကောင်းချီးများ၊ သို့မဟုတ် အကျိုးအမြတ်များမရှိလျှင် လူတို့သည် နုံးချည့်လာပြီး မျှော်လင့်ချက်မဲ့လာကြပြီး စိတ်အားထက်သန်မှုမရှိတော့ပေ။ ဤအရာအားလုံးတို့သည် သမ္မာတရားကို စိတ်ကုန်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် ဖြစ်ပေါ်ခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မအတွက် ဉာဏ်အလင်းပေးတယ်။ သမ္မာတရားကို စိတ်ကုန်တဲ့ ကျွန်မရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထား သက်သက်ကြောင့်ပဲ ကျွန်မက ဆောင်းပါးရေးတာကို ရှောင်ပြီး သမ္မာတရား လိုက်စားခြင်းပေါ် အလုပ်မလုပ်ချင်ခဲ့တာပဲ။ သက်သေခံ ဆောင်းပါးတွေကို ဘုရားက ရေးဖို့ တောင်းဆိုပြီး လေးနက်တာ မဟုတ်ရင်၊ ပိုရိုးရှင်းတာကို ရေးလို့ရမှန်း ကျွန်မ ကောင်းကောင်း သိခဲ့တယ်။ လက်တွေ့ကျသရွေ့၊ အတွေ့အကြုံနဲ့ သိနားလည်မှုရှိပြီး တည်ဆောက်ပေးသရွေ့ အဆင်ပြေတယ်။ ဆောင်းပါးရေးတာက ကျွန်မတို့ထဲမှာ ဘုရားအမှုတော်လုပ်ခဲ့တဲ့အရာ၊ လူတွေကို သူ့နှုတ်ကပတ်တော်တွေနဲ့ ဘုရားက သန့်စင်၊ ကယ်တင်ပုံနဲ့ ဒီနှုတ်ကပတ်တော်တွေက လူတွေထဲက အခက်အခဲနဲ့ ဖောက်ပြန်ပျက်စီးခြင်း အမျိုးမျိုး ဖြေရှင်းပုံတွေကို သက်သေခံတာပဲ။ လူတွေရဲ့ သက်သေခံချက်ကို ဘုရားက တကယ်တန်ဖိုးထားပြီး ကောင်းတဲ့ တစ်ပုဒ်က သူ့စိတ်နှလုံးကို အနှစ်သိမ့်ဆုံးပဲ။ ဒီတော့၊ ကျွန်မတို့ရဲ့ သက်သေခံချက်တွေနဲ့ ရရှိတာတွေကို သူ့ကို သက်သေခံဖို့ ဆောင်းပါးတွေအဖြစ် ရေးသားမှာကို ဘုရားမျှော်လင့်တယ်။ ဒါပေမဲ့ ဘုရားတောင်းဆိုတာကို အားထုတ်မဲ့အစား၊ အဲဒါကို ရှောင်ဖို့၊ ငြင်းဆုံဖို့ အကြောင်းပြချက်တွေ ကျွန်မ ရှာခဲ့တယ်။ သမ္မာတရားကို စိတ်ကုန်တဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကို ကျွန်မ ပြနေခဲ့တာပဲ။

အဲဒါဆိုရင် သမ္မာတရားကို စိတ်ကုန်တဲ့ စိတ်သဘောထားအပေါ် ဘုရားဘယ်လို တွေးလဲ။ ကျွန်မရဲ့ ဝတ်ပြုဆုတောင်းခြင်းမှာ ဒီဘုရားနှုတ်ကပတ်တော်တွေ ဖတ်ခဲ့တယ်။ “မည်သည့်လူစားမျိုးသည် သမ္မာတရားကို စိတ်ကုန်သည့်သူများဖြစ်သည်ဟု။ ၎င်းတို့သည် ဘုရားသခင်ကို အာခံကာ ဆန့်ကျင်သူများ ဖြစ်သလော။ ၎င်းတို့သည် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ခုခံချင်မှ ခုခံပေမည်၊ သို့ရာတွင် ၎င်းတို့၏ သဘာဝနှင့် အနှစ်သာရတို့သည် ဘုရားသခင်ကို ငြင်းပယ်ပြီး ပုန်ကန်ဖို့ ဖြစ်သည်၊ ယင်းသည် ဘုရားသခင်ကို ‘ကိုယ်တော်ပြောသည့်အရာ ကျွန်ုပ် မကြားလိုပါ၊ ယင်းကို ကျွန်ုပ် လက်မခံပါ၊ ပြီးလျှင် ကိုယ်တော်၏ စကားများသည် သမ္မာတရားဖြစ်သည်ဟု ကျွန်ုပ် လက်မခံသောကြောင့် ကျွန်ုပ်သည် ကိုယ်တော့်ကို မယုံကြည်ပါ။ ကျွန်ုပ်ကို အမြတ်အစွန်းရှိစေပြီး အကျိုးရှိစေသော သူမည်သူကိုမဆို ကျွန်ုပ် ယုံကြည်သည်’ ဟု ပွင့်ပွင့်လင်းလင်း ပြောသည့် သဘောသက်ရောက်ပေသည်။ ဤသည်မှာ မယုံကြည်သူများ၏ သဘောထားဖြစ်သလော။ ဤသည်မှာ သမ္မာတရားအပေါ် သင်၏သဘောထား ဖြစ်လျှင်၊ သင်သည် ဘုရားသခင်ကို အတိအလင်း ရန်လိုနေခြင်း မဟုတ်လော။ ပြီးလျှင် သင်သည် ဘုရားသခင်ကို အတိအလင်း ရန်လိုလျှင် ဘုရားသခင်က သင့်ကို ကယ်တင်မည်လော။ သူ ကယ်တင်မည် မဟုတ်ပါ။ ယင်းသည် ဘုရားသခင်ကို ငြင်းပယ်ပြီး ခုခံသည့်သူများအားလုံးအပေါ် ဘုရားသခင် ဒေါသထွက်ရသည့် အကြောင်းအရင်း ဖြစ်သည်။...သမ္မာတရားကို လူတစ်ဦး၏ စိတ်ကုန်ခြင်းသည် သူ၏ကယ်တင်ခြင်းရရှိရေးအဖို့ အလွန်အမင်း ဆိုးရွားလေသည်။ ဤသည်မှာ ခွင့်လွှတ်၍ ရနိုင်သည့် အရာမျိူး၊ သို့မဟုတ် ခွင့်လွှတ်၍ မရနိုင်သည့် အရာမျိုး မဟုတ်ပေ။ ယင်းမှာ အပြုအမူပုံစံတစ်ခုမဟုတ်၊ သို့မဟုတ် ၎င်းတို့၌ လျှပ်တစ်ပြက် ထုတ်ဖော်ပြသည့်အရာ တစ်စုံတစ်ခု မဟုတ်ပေ။ ယင်းသည် လူတစ်ဦး၏ သဘာဝနှင့် အနှစ်သာရဖြစ်ပြီး ဘုရားသခင်က ဤသို့သောသူများကို စိတ်အကုန်ဆုံးဖြစ်သည်။ သင့်တွင် ဖောက်ပြန်ပျက်စီးမှုကို ရံဖန်ရံခါ ဖွင့်ပြခြင်းရှိလျှင် ဤဖွင့်ပြခြင်းများသည် သမ္မာတရားကို မနှစ်သက်ခြင်းမှလာသလော၊ သို့မဟုတ် သမ္မာတရားကို နားလည်မှုကင်းမဲ့ခြင်းမှ လာသလောဆိုသည်ကို ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံပြီး သုံးသပ်ရမည်။ ဤသည်မှာ ရှာဖွေမှုတစ်ခု လိုအပ်သည်။ ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အကူအညီလိုအပ်သည်။ သင့်တွင် သမ္မာတရားကို စိတ်ကုန်သည့် သဘာဝနှင့် အနှစ်သာရမျိုးရှိလျှင်၊ သမ္မာတရားကို မည်သည့်အခါမျှ လက်မခံဘဲ သမ္မာတရားကို အထူးမနှစ်သက်ပြီး ရန်လိုလျှင် ပြဿနာရှိသည်။ သင်သည် သေချာပေါက် ဆိုးယုတ်သောသူဖြစ်ပြီး ဘုရားသခင်က သင့်အား ကယ်တင်မည်မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်) ဘုရားနှုတ်ကပတ်တော်တွေက နှလုံးသားကို တည့်တည့် ထိုးဖောက်တယ်။ သမ္မာတရားကို စိတ်ကုန်တာက ဘုရားကို ပွင့်ပွင့်လင်းလင်း ခုခံတာ၊ သူ့ရန်သူ ဖြစ်တာပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ ယုံကြည်တယ်လို့ အခိုင်အမာ ပြောခဲ့တယ်၊ သူ့နာမနဲ့ ဆုတောင်းနေခဲ့တယ်၊ သူ ဖော်ပြတဲ့ သမ္မာတရားတွေကို စားသောက်နေခဲ့တယ်၊ စုဝေးပွဲတိုင်းမှာ ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယပြုပြီး အဲဒါတွေကို ညီအစ်ကို မောင်နှမတွေဆီ ဟောနေခဲ့တယ်။ ဒါပေမဲ့ ကျွန်မ ပြုမူနေခဲ့ပုံ၊ အသက်ရှင်နေခဲ့ပုံက ဘုရားနှုတ်ကပတ်တော်နဲ့ မကိုက်ညီသလို၊ ဘုရားရဲ့ သတ်မှတ်ချက်တွေကို ကျွန်မ လိုက်လျှောက်မနေခဲ့ဘူး။ အဲဒီအစား သမ္မာတရားကို စိတ်ကုန်နေခဲ့တယ်။ အဲဒီလိုနဲ့ ဘယ်လိုလုပ် သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်နိုင်မှာလဲ။ ယုံကြည်သူအနေနဲ့ ကယ်တင်ခံရဖို့ တစ်ခုတည်းသော နည်းလမ်းက သမ္မာတရားကို လက်ခံဖို့ပဲ။ ဒါပေမဲ့ ဘုရားဖော်ပြတဲ့ သမ္မာတရားတွေကို ကျွန်မ မချစ်ခဲ့ဘူး။ စိတ်နှလုံးအတွင်းထဲမှာ၊ ဘုရားကို ဆန့်ကျင်ခဲ့တယ်။ အဲဒီလိုနဲ့ပဲ သမ္မာတရားကို စိတ်ကုန်တဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားက ကျွန်မကို ဖျက်ဆီးနိုင်ခဲ့တယ်။ အဲဒီအချိန်မှာ သမ္မာတရားကို စိတ်ကုန်တဲ့ စိတ်သဘောထားက တကယ် လန့်စရာဖြစ်တာ၊ ကယ်တင်ခြင်းအတွက် ပျော့ကွက်ဖြစ်တာကို မြင်ခဲ့တယ်။ အဲဒီနောက် ဘုရားရှေ့ကို နောင်တရဖို့ ကျွန်မ လာခဲ့တယ်။ “ဘုရားသခင်။ သမ္မာတရားကို ကျွန်မ စိတ်ကုန်မိပါတယ်။ ဆောင်းပါးရေးတာ၊ သမ္မာတရား လိုက်စားဖို့ ကြိုးစားတာကို ကျွန်မ အာရုံမစိုက်ခဲ့သလို၊ သမ္မာတရားကို စိတ်ကုန်တဲ့ စိတ်သဘောထားကို ကိုယ်တော် စက်ဆုတ်မှန်း အခု မြင်ပါပြီ။ နောင်တရပြီး သမ္မာတရားကို လိုက်စားချင်ပါတယ်။ လမ်းပြမူပါ”လို့ပေါ့။

အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ဖတ်ခဲ့တယ်။ “သင်၏ စိတ်နှလုံးတွင် သမ္မာတရားကို အမှန်တကယ် ချစ်သည့်တိုင် အတော်အတန် အစွမ်းအစနည်းပြီး အသိအမြင် မရှိလျှင်၊ အနည်းငယ် မိုက်မဲလျှင်၊ တစ်ခါတစ်ရံတွင် အမှားများပြုလုပ်သော်လည်း မကောင်းမှုလုပ်ဖို့ မရည်ရွယ်လျှင်၊ မိုက်မဲသောအရာအနည်းငယ်ကိုသာ လုပ်ဆောင်ခဲ့လျှင်၊ သမ္မာတရားနှင့်ပတ်သက်သည့် ဘုရားသခင်၏ မိတ်သဟာယကို ကြားနာရန် သင်၏ စိတ်နှလုံး၌ လိုလားပြီး သမ္မာတရားကို သင်၏ စိတ်နှလုံးက တောင့်တလျှင်၊ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များကို သင်ဆက်ဆံရာတွင် ထားရှိသည့် သဘောထားသည် ရိုးသားစစ်မှန်ပြီး တောင့်တခြင်းရှိလျှင်၊ ဘုရားနှုတ်ကပတ်တော်များကို တန်ဖိုးထားပြီး မြတ်နိုးနိုင်လျှင် ဤသည်မှာ လုံလောက်သည်။ ဘုရားသခင်သည် ဤသို့သောသူများကို နှစ်သက်သည်။ သင်က တစ်ခါတစ်ရံတွင် အနည်းငယ် မိုက်မဲနိုင်သော်လည်း ဘုရားသခင်က သင့်ကိုနှစ်သက်ဆဲဖြစ်သည်။ ဘုရားသခင်သည် သမ္မာတရားကို တောင့်တသော သင်၏ စိတ်နှလုံးကို ချစ်သည်။ သမ္မာတရားအပေါ် သင်၏ ရိုးသားစစ်မှန်သောသဘောထားကို ချစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် သင့်အပေါ် သက်ညှာမှုရှိပြီး သင့်အား အစဉ်သဖြင့် မျက်နှာသာပေးသည်။ သူသည် သင်၏ မကောင်းသော အစွမ်းအစ၊ သို့မဟုတ် မိုက်မဲမှုကို ထည့်မတွက်သကဲ့သို့ သင်၏ ပြစ်မှားမှုများကိုလည်း ထည့်မတွက်ပေ။ သမ္မာတရားအပေါ် သင်၏ သဘောထားသည် ရိုးသားစစ်မှန်ပြီး ထက်သန်သောကြောင့် သင်၏စိတ်နှလုံးသည် စစ်မှန်သဖြင့် သင်၏စိတ်နှလုံးနှင့် သဘောထားတို့သည် ဘုရားသခင် တန်ဖိုးထားသည့်အရာဖြစ်သည်နှင့်အညီ သူသည် သင့်အပေါ် အစဉ် သနားကရုဏာထားရှိလိမ့်မည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အပေါ် အလုပ်လုပ်လိမ့်မည်။ ပြီးလျှင် သင်၌ ကယ်တင်ခြင်း မျှော်လင့်ချက်ရှိပေမည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နိုးထစေခဲ့ပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ပေးခဲ့တယ်။ ကျွန်မ စိတ်နှလုံး လင်းလက်ပြီး လွတ်မြောက်တဲ့ အသိစိတ် ခံစားခဲ့ရတယ်။ လူတွေရဲ့ ညံ့ဖျင်းတဲ့ အစွမ်းအစ၊ မသိနားမလည်မှုကို ဘုရားက အရေးမစိုက်ဘူး။ သမ္မာတရားကို ဆာငတ်ပြီး၊ ရိုးသားစစ်မှန်တဲ့ သဘောထားနဲ့ ဆက်ဆံသရွေ့၊ ဘုရားရဲ့ ကရုဏာကို သူတို့ ရကြမှာပဲ။ ဘုရားနှုတ်ကပတ်တော်ကို ဆာငတ်ပြီး၊ ကိစ္စတွေ ဖြစ်တဲ့အခါ သမ္မာတရားကို စူးစူးစိုက်စိုက် တွေးဆပြီး ရှာဖွေတဲ့ သာမန် အစွမ်းအစရှိကြတဲ့ တခြား ညီအစ်ကို မောင်နှမတွေ ရှိတာကို ကျွန်မ သတိထားမိတယ်။ ဘုရားနှုတ်ကပတ်တော်အပေါ် ရိုးသားစစ်မှန်တဲ့ သဘောထားနဲ့၊ ဘုရားရဲ့ ကရုဏာ၊ လမ်းပြမှု သူတို့မှာ ရှိကြတယ်။ ဘုရားကို သက်သေခံဖို့ သူတို့ အတွေ့အကြုံနဲ့ ပတ်သက်လို့ တကယ် စေ့ဆော်တဲ့ စာတမ်းတိုတွေကို သူတို့ ရေးနိုင်သွားကြတယ်။ ပြီးတော့ ယုံကြည်ခြင်းရှိတာ မကြာသေးတဲ့ တချို့က သူတို့တာဝန်မှာ ဘာအခက်အခဲတွေပဲ ရင်ဆိုင်ရပါစေ ထွက်မပြေးကြဘဲ၊ ဘုရားရဲ့ အုပ်စိုးမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး သမ္မာတရားကို ရှာဖွေဖို့နဲ့ အခက်အခဲကို အောင်မြင်ကျော်လွှားဖို့ ဘုရားပေါ် မှီခိုကြတယ်။ နောက်ဆုံးမှာ စေ့ဆော်တဲ့ သက်သေခံချက်တွေကို သူတို့ ခံကြတယ်။ တချို့ ယုံကြည်သူသစ်တွေက ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြတဲ့အခါ သမ္မာတရားကို ရှာဖို့ လုပ်ကြတယ်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်ကြတယ်။ သူတို့ ဝေမျှတဲ့ သိနားလည်မှုက တကယ် စစ်မှန်ပြီး လက်တွေ့ကျတယ်။ ဘယ်လောက်ကြာ ယုံကြည်ခြင်းရှိပြီးပြီလဲ၊ မသိနားမလည်ဖြစ်လား၊ အစွမ်းအစညံ့လားဆိုတာ ဘုရား ဂရုမစိုက်ဘဲ၊ သမ္မာတရားကို လိုက်စားခြင်း ရှိမရှိ၊ ချစ်မြတ်နိုးခြင်း၊ ဆာငတ်ခြင်း ရှိမရှိနဲ့ ဘုရားနှုတ်ကပတ်တော်ကို စစ်မှန်တဲ့ စိတ်နှလုံးနဲ့ ချဉ်းကပ်ခြင်း ရှိမရှိကိုပဲ ဂရုစိုက်တယ်။ ညံ့ဖျင်းတဲ့ အစွမ်းအစက သေစေနိုင်တဲ့အရာ မဟုတ်ဘူး။ အဓိကအချက်က သမ္မာတရားကို ချစ်တဲ့ စိတ်နှလုံး ရှိမရှိ၊ သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်နိုင်ခြင်း ရှိမရှိဆိုတာပဲ။ ဘုရားက သစ္စာရှိပြီး တရားမျှတသလို၊ ကိုယ့်ရဲ့ အစွမ်းအစက ကောင်းလား၊ ညံ့လားဆိုတာကို သူက ဂရုမစိုက်ဘူး။ သမ္မာတရားကို ဆာငတ်သလို၊ သမ္မာတရားအတွက် ကြိုးပမ်းပြီး ကိုယ်သိတာကို အကောင်အထည်ဖော်သရွေ့၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှုကို ကျွန်မတို့ ရနိုင်ပြီး၊ ကျွန်မတို့ရဲ့ သိနားလည်မှုနဲ့ ထိုးထွင်းအမြင် တိုးတက်မှာပဲ။ ညံ့တဲ့ အစွမ်းအစအားဖြင့် ကျွန်မ နောက်မတွန့်သင့်ဘူး၊ ဆောင်းပါးရေးတာကို ရှောင်ဖို့ ဆင်ခြေတွေ မရှာသင့်ဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ အစစ်အမှန် စားသောက်ပြီး တွေ့ကြုံချင်ခဲ့တယ်။ ဘုရားကို သက်သေခံဖို့ ဆောင်းပါးတစ်ပုဒ်မှာ ကိုယ့်အတွေ့အကြုံတွေ ထည့်ချင်ခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်မအတွက် ဘုရားအလိုတော်ကို ရှင်းသွားစေတဲ့ နှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခဲ့တယ်။ “ကယ်တင်ခြင်းကို ရရှိသောလမ်းကြောင်းတွင် သမ္မာတရားကို လက်ခံပြီး လိုက်စားခြင်းထက် ပို၍ စစ်မှန်သော၊ သို့မဟုတ် လက်တွေ့ကျသောလမ်းကြောင်းမရှိပေ။ သင်သည် သမ္မာတရားကို မရရှိနိုင်လျှင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုသည် အနှစ်မရှိပေ။ အနှစ်သာရမရှိသော အယူဝါဒစကားများကို အစဉ်ပြောသူများ၊ ဆောင်ပုဒ်များကို သံယောင်လိုက်သူများ၊ စကားကြီး စကားကျယ်များကိုပြောသူများ၊ စည်းကမ်းများကို နာခံပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတွင် မည်သည့်အခါမျှ အာရုံမစိုက်သူများသည် နှစ်မည်မျှ ယုံကြည်ပါစေ မည်သည့်အရာကိုမျှ မရရှိပေ။ တစ်စုံတစ်ခုကို ရရှိသောသူများသည် မည်သူဖြစ်သနည်း။ မိမိတို့၏ တာဝန်ကို ရိုးသားစစ်မှန်စွာ ထမ်းဆောင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားသူများ၊ ဘုရားသခင်က ၎င်းတို့ထံ ပေးအပ်ထားသောအရာကို ၎င်းတို့၏ တာဝန်အဖြစ် ဆက်ဆံသူများ၊ ဘုရားသခင်အတွက် အသုံးခံလျက် ၎င်းတို့၏ တစ်ဘဝလုံးကို ဝမ်းမြောက်စွာ ကုန်ဆုံးစေပြီး မိမိတို့အကျိုးအတွက် မကြံစည်သူများ၊ အသိတရားနှင့် လက်တွေ့ကျသော စိတ်သဘောရှိပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို နာခံသူများဖြစ်ကြသည်။ ၎င်းတို့သည် တာဝန်ထမ်းဆောင်စဉ်တွင် သမ္မာတရား၏ စည်းမျဉ်းများကို နားလည်သဘောပေါက်နိုင်ကြပြီး အရာရာကို မှန်ကန်စွာ လုပ်ဆောင်ရန် ကြိုးစားကြသောကြောင့် ဘုရားသခင်အပေါ် သက်သေခံသည့် အကျိုးကို ရရှိပြီး ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းခွင့်ရရှိသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် အခက်အခဲများကို ကြုံရသောအခါ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ရန် ကြိုးစားကြသည်။ ၎င်းတို့သည် ဘုရားသခင်ထံမှလာသည့် စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို နာခံနိုင်ကြပြီး ၎င်းတို့ လုပ်ဆောင်သမျှ အားလုံးတွင် သမ္မာတရားကို ရှာဖွေကာ လက်တွေ့လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ဆောင်ပုဒ်များကို သံယောင်လိုက်ခြင်း၊ သို့မဟုတ် စကားကြီးစကားကျယ်များ ပြောဆိုခြင်းမရှိကြဘဲ အသိတရားရှိရှိနှင့် လက်တွေ့ကျသော စိတ်နေသဘောထားဖြင့် အမှုအရာများကို လုပ်ဆောင်ခြင်း၊ စည်းမျဉ်းများကို စေ့စပ်တိကျစွာ လိုက်နာခြင်းတို့ကိုသာ အာရုံစိုက်သည်။ ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သမျှ အရာရာတိုင်းတွင် ကြိုးစားကြသည်။ အရာရာကို နားလည်ရန် ကြိုးစားကြသည်။ အကြောင်းကိစ္စများစွာတွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ ထို့နောက်တွင် အသိပညာနှင့် နားလည်မှုကို ရရှိကြသည်။ ပြီးလျှင် ၎င်းတို့သည် သင်ခန်းစာများကို သင်ယူနိုင်ပြီး အမှန်တကယ် တစ်စုံတစ်ခုကို ရရှိကြသည်။ ၎င်းတို့က မမှန်ကန်သည့် အတွေးများ၊ သို့မဟုတ် မှားယွင်းသော အခြေအနေများ ရှိသောအခါ ယင်းတို့ကို ဖြေရှင်းရန် ဘုရားသခင်ကို ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေကြသည်။ မည်သည့်သမ္မာတရားများကို ၎င်းတို့ နားလည်ပါစေ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ယင်းတို့ကို တန်ဖိုးထားမှုရှိကြပြီး ၎င်းတို့၏ အတွေ့အကြုံများနှင့် သက်သေခံချက်ကို ပြောဆိုနိုင်ကြသည်။ ဤသို့သောလူများသည် အဆုံးတွင် သမ္မာတရားကို ရရှိကြသည်။ ထိုအကြင်နာကင်းမဲ့သော လူတို့ကမူ သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို လုံးဝ မတွေးကြပေ။ အားစိုက်ထုတ်ပြီး အမှုအရာများကို လုပ်ဆောင်ခြင်း၊ မိမိတို့ကိုယ်ကို ခင်းကျင်းပြသပြီး ကြွားဝါခြင်းတို့တွင်သာ အာရုံစိုက်ကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို လုံးဝ မရှာဖွေကြပေ။ ဤသည်မှာ သမ္မာတရားကို ရရှိရန် ၎င်းတို့အတွက် ခက်ခဲစေသည်။ စဉ်းစားကြည့်လော့။ မည်သို့သောလူအမျိုးအစားသည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သနည်း။ (အသိတရားရှိရှိနှင့် လက်တွေ့ကျသော စိတ်သဘောထားရှိသူများ၊ လက်တွေ့ဆန်ပြီး အမှုကိစ္စများ၌ စိတ်နှစ်ဆောင်ရွက်သူများဖြစ်သည်။) အသိတရားရှိရှိနှင့် လက်တွေ့ကျသော စိတ်သဘောထားရှိသောလူများ၊ အမှုကိစ္စများ၌ စိတ်နှစ်ဆောင်ရွက်သောလူများနှင့် စိတ်နှလုံးရှိသောလူများ ထိုသို့သောသူများသည် ပြုမူဆောင်ရွက်သည့်အခါ လက်တွေ့အရှိတရားအပေါ်၊ သမ္မာတရားစည်းမျဉ်းများကို အသုံးပြုပုံအပေါ် ပို၍ အရေးထားကြသည်။ ထို့အပြင် လက်တွေ့ကျမှုများကို ၎င်းတို့ အာရုံစိုက်သော အရာများအားလုံးတွင် ၎င်းတို့သည် လက်တွေ့ဆန်သည်။ အပြုသဘောဆောင်သောအရာများ၊ သမ္မာတရားနှင့် လက်တွေ့ကျသောအရာများကို နှစ်သက်သည်။ နောက်ဆုံးတွင် သမ္မာတရားကို နားလည်ပြီး ရရှိသူများမှာ ဤသို့သောလူများဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၌ အရေးအကြီးဆုံးသောအရာမှာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သူ၏နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းဖြစ်သည်) သမ္မာတရား လိုက်စားသူတွေက ဘုရားနှုတ်ကပတ်တော်ကို အာရုံစိုက်၊ မကြာခဏ တွေးဆပြီး လက်တွေ့လုပ်ကြမှန်း ဘုရားနှုတ်ကပတ်တော်ကနေ သင်ယူခဲ့ရတယ်။ သမ္မာတရားကို ရှာဖွေနိုင်ကြသလို၊ လူတွေ၊ ကိစ္စတွေနဲ့ အဖြစ်အပျက်တွေကနေ သင်ခန်းစာယူနိုင်ကြသလို၊ သူတို့ အတွေ့အကြုံတွေကနေ ဆုလာဘ်တွေ ရရှိခံစားနိုင်ကြတယ်။ ဆောင်းပါးရေးတာက ဘုရားရှေ့လာပြီး နှုတ်ကပတ်တော် တွေးဆ၊ သမ္မာတရား ရှာဖို့ ကျွန်မတို့ကို လှုံ့ဆော်ပေးတဲ့ နည်းလမ်းကောင်းပဲ။ အဲဒါ ဘုရားအလိုတော်ပဲ။ ဘုရားအလိုတော်ကို နားလည်တာနဲ့၊ ဝန်ထုပ်တစ်ခု ခံစားရပြီး ဆောင်းပါးရေးဖို့ စေ့ဆော်ခံခဲ့ရတယ်။ ဘုရားစိတ်နှလုံးကို နှစ်သိမ့်ဖို့ အဲဒီတာဝန် လုပ်သင့်တယ်လို့ ခံစားရတယ်။ သက်သေခံဖို့ ဆောင်းပါးရေးတာက ပိုများတဲ့ လူတွေကို အကျိုးပြုနိုင်တယ်။ အဓိပ္ပာယ်ရှိတဲ့၊ တန်ဖိုးရှိတဲ့ အရာဖြစ်ပြီး ကျွန်မရဲ့ တာဝန်လည်း ဖြစ်ပါတယ်။

အဲဒီနောက်မှာ နေ့စဉ်အလုပ်ကို ကျွန်မ စစီစဉ်ခဲ့ပြီး၊ အရေးပေါ်ဖြစ်တဲ့အတိုင်း ဘယ်ကိစ္စအတွက် ဘယ်အချိန်ကို သုံးမယ်ဆိုတာ ဆုံးဖြတ်ခဲ့တယ်။ အချိန်ရတဲ့အခါတိုင်း ဘုရားနှုတ်ကပတ်တော်ကို စားသောက်ပြီး ဆောင်းပါး လုပ်ခဲ့တယ်။ စာစရေးတဲ့အခါ၊ တစ်ခုခုရဲ့ အဖြစ်အပျက် အကုန်ရေးလိုက်တာပဲ။ ဘုရားနှုတ်ကပတ်တော်အပေါ် ကိုယ့်နားလည်မှုကို ရှင်းအောင် မရေးနိုင်ခဲ့သလို၊ တော်တော် အပေါ်ယံဆန်ခဲ့တယ်။ အဲဒီအချိန်မှာ လက်လျော့လိုက်ချင်သလို စာရေးတာ ရပ်လိုက်ချင်ခဲ့ပြီး၊ ဘုရားနှုတ်ကပတ်တော်ကို မတွေးဆချင်တော့ဘူး။ ဒါကြောင့် ဘုရားဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်။ ကျွန်မ လက်မလျော့ချင်ဘူး။ ကိုယ်တော့်နှုတ်ကပတ်တော်ကို စဉ်းစားချင်ပါတယ်။ အခု ကျွန်မသိသလောက် ရေးပြီးတော့ အတွေ့အကြုံ တိုးလာတာနဲ့အမျှ ဆက်ရေးချင်ပါတယ်။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ကျွန်မ အသက်မရှင်ချင်ပါဘူး။ ကိုယ်တော့်ကို သက်သေခံဖို့ ကျွန်မထဲက ကိုယ်တော်ရဲ့အမှုအကြောင်း ရေးချင်ပါတယ်”လို့ပေါ့။ အဲဒီလိုဆုတောင်းပြီးတော့ အများကြီး ပိုတည်ငြိမ်သွားတယ်။ စိတ်တည်ငြိမ်သွားပြီး ကိုယ့်အခြေအနေနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတဲ့အခါ၊ ကိုယ့်မှာရှိတဲ့ ဉာဏ်အလင်းပေးမှု တစ်ခုခုကို မှတ်သားနိုင်ခဲ့တယ်။ ဒါကြောင့် အချိန်ရတဲ့အခါ ဘုရားနှုတ်ကပတ်တော်ကို စဉ်းစားပြီး ကိုယ်သိနားလည်တာကို ထုတ်ရေးခဲ့တယ်။ ရေးတာပြီးသွားပြီး တချို့အပိုင်းတွေ သိပ်မရှင်းတာ မြင်တဲ့အခါ၊ စာတည်းဖို့ အကောင်းဆုံး လုပ်ခဲ့တယ်။ ရေးလေ ပိုရှင်းလေဖြစ်ပြီး၊ ကိုယ့်ကိုယ်ပိုင် အခြေအနေကို ပိုပြီး ကောင်းကောင်း မြင်လေဖြစ်ခဲ့တယ်။ သမ္မာတရားအပေါ် လက်တွေ့ကျတဲ့ သိနားလည်မှုကို ပိုပိုပြီးလည်း ရခဲ့တယ်။ ဒီလိုလက်တွေ့လုပ်ဆောင်မှုမျိုးနဲ့ တကယ် စိတ်ကျေနပ်ခဲ့ရတယ်။ ဒီအတွေ့အကြုံက ကျွန်မကို သမ္မာတရား လိုက်စားခြင်း အရေးကြီးတာကို ပြခဲ့တယ်။ အရာခပ်သိမ်းမှာ၊ သမ္မာတရားကို အလေးအနက် ရှာရမယ်၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်၊ သိပြီး ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ရမယ်။ အဲဒီအခါ ဆုလာဘ်တွေကို ခံစားနိုင်တယ်။ ကိုယ်ရေးကိုယ်တာ သက်သေခံချက် ရေးတာ၊ သမ္မာတရား လိုက်စားပြီး ဘဝမှာ အပြောင်းအလဲ လိုက်စားတာက အရေးပါတယ်၊ အရမ်းအရေးကြီးတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

မှားယွင်းသော ခေါင်းဆောင်ကို ရွေးချယ်ပြီးနောက် ဆင်ခြင်စဉ်းစားခြင်း

ရှန့်ရွှင် တရုတ်နိုင်ငံ အရင်အောက်တိုဘာလတုန်းက ကျွန်မနဲ့ ကျွန်မရဲ့ တွဲဖက်အမှုဆောင်တွေက အသင်းတော်တချို့ရဲ့ အလုပ်ကို...

မနာလိုစိတ်ကို သဘောထားကြီးမှုဖြင့် အစားထိုးခြင်း

ဖုဒမ်း တရုတ်နိုင်ငံလွန်ခဲ့သည့် သုံးလေးနှစ်ခန့်က၊ ကျွန်မကို ခေါင်းဆောင်မှုတာဝန်များ၌ ကူညီဖို့ ညီမရှောက်ကျီက ကျွန်မတို့အသင်းတော်က...

မကောင်းမှုပြုသူအား ထုတ်ပယ်ခြင်းမှ လေ့လာသင်ယူခြင်း

စုန်းယိ နယ်သာလန်နိုင်ငံ ဒီနှစ် မတ်လမှာ ခေါင်းဆောင်ပိုင်းတာဝန်တစ်ခုကို ကျွန်မ ယူခဲ့တယ်။ ကြီးကြပ်သူနဲ့ ကျွန်မ တွေ့တဲ့အခါမှာ တချို့...

ကျွန်မ၏အထင်လွဲခြင်းများနှင့် သတိထားခြင်းတို့အားဖြင့် ဘေးဖြစ်ခြင်း

ဆူရှင်း တရုတ်နိုင်ငံများမကြာမီအချိန်က ကျွန်မ၏ အသင်းတော်ခေါင်းဆောင်သည် သမ္မာတရားကို မလိုက်စားသကဲ့သို့၊ လက်တွေ့ကျသော အလုပ်ကို မလုပ်သောကြောင့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။