မနာလိုခြင်းက ဖြစ်စေသည့် ဘေးအန္တရာယ်

10.04.2022

ရီနင် တရုတ်နိုင်ငံ

သိပ်မကြာသေးတဲ့အချိန်က အသင်းတော်ရဲ့ အလုပ်တချို့ကို ကြီးကြပ်ဖို့ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးခံခဲ့ရတယ်။ မကြာခင်မှာ ရလဒ်တချို့ကို စတွေ့လာရပြီး၊ အသင်းသားအတော်များများက ကျွန်မကို ပံ့ပိုးတဲ့အကြောင်း ပြောပြကြတယ်။ ကျွန်မ တကယ်ပျော်မိသလို၊ တကယ့်အလုပ်ကို လုပ်နိုင်သလို ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိတယ်။ ကျွန်မ ပြီးမြောက်ခဲ့တာကို အထက်ခေါင်းဆောင်ပိုင်းကသာ တွေ့ရရင်၊ ကျွန်မက အတော်ကို တော်တဲ့ ခေါင်းဆောင်၊ သူတို့အရွေးမှန်တယ်လို့ ထင်ကြမှာပဲပေါ့။ လနည်းနည်း ကြာတော့၊ အစ်မကျောက်ကို ကျွန်မနဲ့အလုပ်လုပ်ဖို့ အသင်းတော်က စီစဉ်ပေးခဲ့တယ်။ သူ ကျွန်မရဲ့ အကူအညီလိုအပ်နေမှာပဲလို့ တွေးခဲ့ပေမဲ့ သူက မြန်မြန်ဆန်ဆန် အလုပ်နဲ့ အကျွမ်းဝင်သွားတာ မြင်တော့ အံ့ဩမိတယ်။ ကျွန်မတို့ ဆွေးနွေးချက်တွေမှာ ကောင်းမွန်တဲ့ လက်တွေ့အကြံပြုချက်တွေ သူမှာ ရှိသလို၊ ကျွန်မ လေးလည်း လေးစားမိပြီး မနာလိုလည်း ဖြစ်မိတယ်။ ကျွန်မ တွေးမိတယ်။ သူ့မှာ သိပ်ကောင်းတဲ့ အစွမ်းအစနဲ့ တကယ့် အလုပ်ကျွမ်းကျင်မှုတွေ ရှိတယ်၊ ပြဿနာတွေကို ဖြေရှင်းဖို့ မိတ်သဟာယပြုနိုင်စွမ်း အရမ်းကို ရှိနှင့်ပြီးသားပဲလို့ပေါ့။ သူ့ကို ကျွန်မ မလိုက်မမီရင် လူတိုင်းက ဘယ်လိုထင်မလဲ။ အဲဒါက ကျွန်မကို အားနည်းချက်ရှိတဲ့ပုံ ပေါ်စေမလားပေါ့။ အဲဒါဆို ညီအစ်ကို မောင်နှမတွေကို ကျွန်မ ဘယ်လိုရင်ဆိုင်နိုင်မှာလဲ။ နောက်နေ့မှာ၊ အစ်မကျောက်ကို အဖွဲ့စုဝေးပွဲတစ်ခုဆီ ကျွန်မ ခေါ်သွားတယ်၊ အဲဒီမှာ လူတချို့က အလုပ်နဲ့ဆက်နွှယ်တဲ့ မေးခွန်းတွေ မေးကြတယ်။ ကိုယ့်ထင်မြင်ချက်ကို ကျွန်မဝေမျှခဲ့ပေမဲ့၊ သူ့ရဲ့ အဖြေက ပိုပြည့်စုံပြီး အသေးစိတ်ကျတဲ့အပြင်၊ မိတ်သဟာယအတွက် ဆီလျော်တဲ့ စည်းမျဉ်းတွေ သူရှာတွေ့ခဲ့တယ်။ ကျွန်မ အံ့ဩသွားတာပေါ့။ ပထမဆုံး ကျွန်မတို့ဆီ သူပါဝင်ပြီး၊ ဒီကိစ္စတွေကို မြင်တာဖြစ်သလို၊ သူ့မှာ တော်တော် ပြီးပြည့်စုံတဲ့ အဖြေရှိခဲ့တာလေ။ အဲဒါနဲ့ ကျွန်မကို ဘယ်လိုမြင်ကြမလဲ၊ ကျွန်မက အဲဒီတာဝန်မှာ ပိုကြာပေမဲ့ ကျွန်မရဲ့ အလုပ်ဖော်အသစ်ကို မမီဘူး၊ ကျွန်မမှာ ဘာတိုးတက်မှုမှ မရှိဘူးလို့ ထင်ကြမလားလို့ စိုးရိမ်မိခဲ့တယ်။ အဲဒီအကြောင်း ကျွန်မတွေးလေ၊ ကျွန်မမျက်နှာ ပူထူလေဖြစ်ပြီး၊ ခေါင်းတောင် မမော့ချင်တော့ဘူး။ စုဝေးပွဲကို ပြီးပဲပြီးလိုက်ချင်တော့တယ်။

ရက်နည်းနည်းကြာတော့၊ အစ်မကျောက်က အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ အစ်မလင်းက အစွမ်းအစကင်းမဲ့ပြီး တကယ့်အလုပ်မလုပ်နိုင်ဘူး၊ အထုတ်ခံရသင့်တယ်လို့ ပြောတယ်။ တကယ်တော့ သူ့မှာရှိတဲ့ ဒီပြဿနာတွေကို ကျွန်မ မြင်ခဲ့ပေမဲ့၊ သူက တာဝန်နဲ့ စိမ်းနေသေးတယ်လို့ ကျွန်မ တွေးခဲ့တယ်၊ ဒါကြောင့် သူ့ကို စောင့်ကြည့်ချင်ခဲ့တယ်။ အစ်မကျောက်ကလည်း အဲဒီအတိုင်း မြင်တဲ့အတွက် သူ တကယ် အထုတ်ခံရသင့်တယ်လို့ မြင်လို့ရတယ်။ ဒါပေမဲ့ အစ်မကျောက်နဲ့ အဲဒါကို ဆွေးနွေးနေတုန်း အဲဒီအချိန် အစ်မလင်းကို ထုတ်လိုက်ပြီး ခေါင်းဆောင်က သိသွားရင်၊ ထိုးထွင်းအမြင်ရှိတဲ့သူ၊ လိုအပ်တဲ့ အပြောင်းအလဲကို မြန်မြန်ဆန်ဆန် လုပ်ခဲ့တဲ့သူက အစ်မကျောက်လို့ သူ ထင်ချင်ထင်မှာပဲလို့ ကျွန်မ တွေးမိတယ်။ အဲဒီအခါ အဲဒါက သူ့ရဲ့ စွမ်းဆောင်မှုလို့ ထင်ရမှာပဲ။ ကျွန်မအနေနဲ့ တကယ့်အလုပ်မလုပ်နိုင်ဘူး၊ လိုအပ်တဲ့အခါ လူတွေရဲ့ တာဝန်တွေကို ပြောင်းလဲမပေးနိုင်ဘူးလို့ ခေါင်းဆောင်က ထင်ချင်ထင်နေမှာ။ အဲဒီအတွေးနဲ့၊ အစ်မလင်းကို ကျွန်မ မြန်မြန် မထုတ်ပယ်ခဲ့သလို၊ ရက်နည်းနည်းလောက် အဲဒီကိစ္စကို အချိန်ဆွဲလိုက်တယ်။ တစ်ခါမှာ၊ အစ်မကျောက်က‌ ကျွန်မတို့ရဲ့ ကျွမ်းကျင်မှု တိုးတက်စေဖို့အတွက် အစီအစဉ်တစ်ခု အဆိုပြုတယ်၊ ဒါပေမဲ့ အစမ်းလုပ်ကြည့်ပြီးတဲ့နောက်မှာ အဲဒါသိပ်မကောင်းဘူးဆိုတဲ့ တုန့်ပြန်ချက်ကို ညီအစ်ကို မောင်နှမတွေဆီက ရခဲ့တယ်။ ကျွန်မ ပီတိဖြစ်သွားတယ်။ သူ့အလုပ်အစီအစဉ်ကို သူတို့ စမ်းလုပ်ကြည့်နေခဲ့တဲ့အတွက်၊ အချိန်ဖြုန်းပြီး ဘာမှမဖြစ်မြောက်တဲ့အတွက်၊ သူ့ကို သေချာပေါက် အထင်ကြီးတော့မှာ မဟုတ်ဘူးလို့ ကျွန်မ တွေးနေမိတယ်။ နောက်တစ်ခါ အစ်မကျောက်ကို တွေ့တော့၊ သူ့အစီအစဉ် မအောင်မြင်တာ၊ ဘာရလဒ်မှမရှိဘဲ အချိန်ဘယ်လောက် ဖြုန်းခဲ့ကြတာကို သွယ်ဝိုက်ပြီး ပြောလိုက်တယ်။ တကယ်ကို စိတ်ပျက်လက်ပျက်နဲ့ ခေါင်းကိုပဲ သူငုံ့ထားတယ်။ သူ့ကို အဲဒီလို မြင်ရတာ ကျွန်မ တကယ်ကျေနပ်အားရသလို၊ ကျွန်မ သိက္ခာကို နောက်ဆုံးတော့ ပြန်ရပြီလို့ တွေးခဲ့တယ်။ ဒါပေမဲ့ အစ်မကျောက်က ဒါကြောင့် သိပ်စိတ်မထိခိုက်တာကို မြင်တော့ အံ့ဩမိတယ်။ အဲဒီကျရှုံးမှုကို ဆိုက်ရောက်စေတဲ့ အမှားကို သူမြင်ခဲ့ပြီး၊ သူ့ရဲ့ ကျွမ်းကျင်မှုနဲ့ အလုပ်ရလဒ်တွေကို သူ တိုးတက်စေခဲ့တယ်။ သူ့ရဲ့ မြန်ဆန်တဲ့ တိုးတက်မှုကို မြင်ရတာ ကျွန်မ လုံးဝ မပျော်ဘူး။ ကျွန်မ တွေးနေမိတာက သူက စရုံရှိသေးပြီး ကျွန်မတို့အလုပ်တချို့နဲ့ မရင်းနှီးသေးဘူး၊ ဒီတော့ ကျွန်မအကူအညီလိုတယ်လို့ပေါ့။ မကြာခင်မှာ သူပိုသိသွားတဲ့နောက် ကျွန်မ ဘာအသုံးဝင်တော့မှာလဲ။ သူ ကျွန်မကို အစားထိုးဖို့ ခေါင်းဆောင်က စီစဉ်နှင့်ပြီးသားလို့တောင် ကျွန်မ သံသယဖြစ်မိတယ်။ ကျွန်မ ပိုပိုပြီး စိတ်မချမ်းမသာဖြစ်ခဲ့သလို၊ ကျွန်မမှာ အစွမ်းအစနဲ့ ကျွမ်းကျင်မှုတွေ ရှိမနေဘူးလို့ တွေးလာပြီး၊ အဲဒီလို ကြီးမြတ်တဲ့ ဆုကျေးဇူးတွေ မအပ်နှင်းတဲ့အတွက် ဘုရားကိုတောင် ကျွန်မ အပြစ်တင်ခဲ့တယ်။

တစ်ခဏတော့ ကျွန်မတာဝန်အတွက် စိတ်ပါဝင်စားမှု တကယ်ပျောက်သွားပြီး၊ စုဝေးပွဲတွေမှာ အိပ်ငိုက်လာတယ်။ အစ်မကျောက်က ကျွန်မရဲ့ ထင်ပေါ်မှုကို ခိုးယူနေတယ်လို့ ခံစားရရင်းနဲ့ ကျွန်မ အစ်မကျောက်အပေါ် အမြင်စောင်းလာခဲ့တယ်။ သူရောက်မလာခင်က ကျွန်မရဲ့ မိတ်သဟာယကို တခြားလူတွေက ကြားချင်ကြပေမဲ့၊ အဲဒီကတည်းက ဘာကိုမှ မှန်အောင် မလုပ်နိုင်သလိုမျိုး ကျွန်မ ခံစားခဲ့ရတာလေ။ သူနဲ့ ကျွန်မ ဆက်အလုပ်လုပ်နေရင်၊ ထင်ပေါ်ဖို့ အခွင့်အရေး လုံးဝရမှာ မဟုတ်ဘူးလို့ တွေးမိတယ်။ သူ့ကို ကျွန်မ အရမ်းမနာလိုဖြစ်တာက သူ့ကို ကြည့်လို့တောင် မရတဲ့အထိဖြစ်ခဲ့ပြီး၊ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာတွေ၊ သူ ကောင်းကောင်း မလုပ်ခဲ့တာ တစ်ခုခုတွေ့တဲ့အခါ၊ တခြားညီအစ်မတွေရှေ့မှာ သူ အဆိုးမြင်ခံရအောင်လုပ်ဖို့ စိတ်ထက်သန်ခဲ့တယ်။ ကျွန်မ ဝေဖန်တာကို အစ်မ ကျောက်က ခေါင်းညိတ်ပြီး သူ့အပြစ်တွေကို တိတ်တိတ်လေး ဝန်ခံတာတွေ့ရတော့၊ ကျွန်မ အပြစ်ရှိသလိုမျိုး ခံစားရတယ်။ ကျွန်မက အားနည်းချက်ကို အသုံးချဖို့ ကြိုးစားနေခဲ့တာကိုး။ ဒါပေမဲ့ အမှန်ကို ပြောနေတယ်လို့လည်း ခံစားရတယ်။ အစ်မကျောက်ရဲ့ အပြစ်တွေအကြောင်း ကျွန်မ ပြောပြီးရင်း ဆက်ပြောနေပြီးတဲ့နောက်မှာ၊ တခြားညီအစ်မတွေလည်း သူ့ကို အမြင်စောင်းလာကြတယ်။ သူအထီးကျန်သလိုဖြစ်ပြီး ပိုဆိုးသထက် ဆိုးတဲ့ အခြေအနေထဲကို ရောက်သွားတယ်။ ဒါပေမဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်သေးဘူး။ အဲဒီအစား ပိုတောင်ဆိုးလာတယ်၊ ပိုပို တင်းမာလာခဲ့တယ်။

ဒီလိုနဲ့ တစ်လလောက် ကြာတော့၊ တချို့ ညီအစ်ကို မောင်နှမတွေက ကွန်မြူနစ်ပါတီရဲ့ အဖမ်းခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေ သိမ်းထားတဲ့ နေရာ လုံခြုံရေးအတွက် ပူပန်မှုရှိလို့ အဲဒါတွေကို ရွှေ့ပြောင်းဖို့ ဖြစ်လာတယ်။ အစ်မကျောက်ကို ခေါင်းဆောင်က အဲဒါကို ကြီးကြပ်ခိုင်းတယ်။ ကျွန်မ တွေးနေမိတာက အဲဒီတာဝန်မှာ ကျွန်မက သူ့ထက် ပိုကြာခဲ့တာလေ၊ ဒီတော့ ကျွန်မက အရာရာမှာ ပိုအကျွမ်းဝင်တယ်။ ကြီးကြပ်တဲ့သူက ကျွန်မ ဖြစ်သင့်တာကို။ ကျွန်မက အစ်မကျောက်ကို မမီဘူးလို့ ခေါင်းဆောင်က ထင်တာလားပေါ့။ ကျွန်မ ပိုပိုပြီး မနာလိုဖြစ်လာခဲ့သလို အဲဒါကို အတိုက်အခံလုပ်နေခဲ့တယ်။ အဲဒါနဲ့ပတ်သက်လို့ ဘာတာဝန်မှ မယူတော့ဘူးဆိုတဲ့ အဆိပ်ဖြစ်စေတဲ့ အတွေးတောင် ရှိခဲ့တယ်။ အစ်မကျောက်က အခြေအနေကို မသိဘူး၊ ဒါကြောင့် သူ့ဘာသာ ဘယ်လိုစီမံမလဲ ကျွန်မ စောင့်ကြည့်မယ်ပေါ့။ အစ်မကျောက်ရဲ့ အလုပ်ကို ကျွန်မ ဘာတစ်ခုမှ အလေးမထားတော့ဘူး။ ကျွန်မတို့ အသင်းသားတွေကို တွေ့ဖို့ လမ်းကြောင်းတွေ ကျွန်မကို မေးတဲ့အခါ သူ့ကို လျစ်လျူရှုလိုက်တယ်၊ ဒါမှမဟုတ် နည်းနည်းပါးပါးပဲ ဖြေလိုက်တယ်။ ကျွန်မ စိတ်ကုန်နေပုံပေါက်တာ မြင်တော့ သူ မေးခွန်းတွေ မမေးတော့ဘူး။ နောက်တော့ ကျွန်မ အပြစ်ရှိသလိုခံစားရတယ်၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကျွန်မက ကြန့်ကြာစေမိသလိုပဲ။ ကျွန်မ အဲဒီလို ထပ်လုပ်လို့မဖြစ်မှန်း ကိုယ့်ကိုယ်ကိုယ် ပြောခဲ့ပေမဲ့၊ နောက်တစ်ခါ ပြဿနာ ပေါ်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မတတ်နိုင်ခဲ့ဘူး။ ထပ်ခါ ထပ်ခါ လုပ်မိခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ခဲ့ဘူး။ အဲဒီအခြေအနေမှာ အသက်ရှင်တာ တကယ် နာကျင်စရာဖြစ်ခဲ့တယ်၊ ဒါပေမဲ့ ဘယ်လိုရုန်းထွက်ရမလဲ ကျွန်မ မသိခဲ့ဘူး။ မနာလိုတဲ့ အခြေအနေမှာ အသက်ရှင်နေမိခဲ့တာ။ အစ်မကျောက်က ကျွန်မတို့အသင်းသားတွေနဲ့ရော၊ နယ်မြေနဲ့ပါ သိပ်အကျွမ်းတဝင်မရှိမှန်းသိပေမဲ့ သူ့ကို ကူညီဖို့ မကြိုးစားခဲ့ဘူး။ အဲဒါကြောင့် စာအုပ်တွေကို ရွှေ့ဖို့အလုပ်က ရက်သတ္တပတ်နဲ့ချီ ကြန့်ကြာသွားပြီး အသင်းတော်ရဲ့ အလုပ်ကိုလည်း ထိခိုက်ခဲ့တယ်။ ဒါပေမဲ့ အဲဒီအတွက်ု့ ကိုယ့်ကိုယ်ကိုယ် လုံးဝ မသုံးသပ်ခဲ့ဘူး။

သူ့ကို မနာလိုဖြစ်ခဲ့သလို၊ သူနဲ့ ပြိုင်ချင်မိခဲ့တယ်၊ အဲဒါက ဘုရားအိမ်တော် အလုပ်ကို ထိခိုက်ခဲ့တာပဲ။ ဘုရားအမျက်တော်က ကျွန်မအပေါ် ရောက်လာခဲ့တယ်။ တချို့အလုပ်တွေကို တာဝန်ယူဖို့ အစ်မကျောက်နဲ့ ကျွန်မ အဖွဲ့အစည်းအဝေးမှာ ပါဝင်နေတုန်း တစ်ညနေမှာ၊ သူ့မိတ်သဟာယက တော်တော် အသေးစိတ်ကျပြီး ကျွန်မ မတွေးမိခဲ့တဲ့ အရာတွေကို သူအများကြီး စဉ်းစားထားလို့ လူတိုင်းက တကယ် သဘောကျကြတာကို ကျွန်မ သတိထားမိတယ်။ ကျွန်မ မနာလိုဖြစ်ပြီး စိတ်ဆိုးသလိုမျိုး ခံစားရတယ်။ သူက ခရေစေ့တွင်းကျ တွေးထားသလို ထင်ရပြီး ကျွန်မကို အဆိုးမြင်ခံရအောင် လုပ်ရင်းနဲ့ ဘာလို့ စေ့စေ့ပေါက်ပေါက် ပြောရတာလဲလို့ ကျွန်မ တွေးမိတယ်။ ကျွန်မ ပို စိတ်ဆိုးလာပြီး သူ့ဆီက စကား ထပ်မကြားချင်တော့ဘူး။ သူ့ကို “အဆင်သင့်ဖြစ်ပြီလား၊ ကျွန်မတို့ တခြားနေရာတွေ သွားရဦးမယ်”လို့ ဖြတ်ပြောလိုက်တယ်။ သူ အင်တင်တင်နဲ့ သဘောတူခဲ့ပေမဲ့၊ သူ့ကိုတောင် မစောင့်ဘဲ ကျွန်မ ပြေးထွက်လာလိုက်တယ်။ ဒါပေမဲ့ လမ်းပေါ်ရောက်တာနဲ့ ကျွန်မ လျှပ်စစ်စက်ဘီးက ရပ်သွားပြီး ကျွန်မ လဲသွားတယ်။ လျှပ်စစ်စက်ဘီးအောက်မှာ ကျွန်မ ပိတ်မိပြီး မထနိုင်ခဲ့ဘူး၊ ဖြတ်သွားဖြတ်လာ လူတစ်ယောက်က ထူလို့ တော်သေးတယ်။ ဒါပေမဲ့ အိမ်ရောက်ပြီးတဲ့နောက်မှာ၊ ကျွန်မရဲ့ ညာလက်ကို မလှုပ်နိုင်တော့ဘဲ၊ ဒဏ်ဖြစ်သွားတာကို သဘောပေါက်သွားတယ်။ ဒါ ကျွန်မအတွက် ဘုရားရဲ့ ပဲ့ပြင်ဆုံးမမှုမှန်း သိလိုက်ပေမဲ့၊ ကျွန်မ အရမ်းထုံသွားတော့ ကိုယ့်ကိုယ်ကိုယ် အလေးအနက် မသုံးသပ်မိခဲ့ဘူး။ ကျွန်မ အရမ်းခက်ထန်၊ ပုန်ကန်တတ်ခဲ့တာပဲ။ အချိန်နည်းနည်းကြာသွားပြီးတော့ ကျွန်မလက်က ဘယ်လိုမှ ကောင်းမလာခဲ့တဲ့အပြင်၊ ရဲတွေက ကျွန်မကို နောက်ယောင်ခံလိုက်နေခဲ့တယ်။ ကျွန်မကို ဖမ်းဖို့ တံခါးဝမှာ ရောက်လာကြပြီး ဘုရားရဲ့ ကွယ်ကာမှုကြောင့် ကျွန်မ လွတ်သွားခဲ့တယ်၊ ဒါပေမဲ့ ကိုယ့်တာဝန်လုပ်တာကို ရပ်လိုက်ရတယ်။ ဖြစ်နေတဲ့ ဒီအရာတွေထဲမှာ ဘုရားအလိုတော်ရှိမှန်း ကျွန်မ သိတယ်။ ကျွန်မက အစ်မကျောက်နဲ့ အေးအေးချမ်းချမ်း အလုပ်လုပ်မနေခဲ့သလို၊ အဲဒီအကြောင်းကို တကယ်ကို မစဉ်းစား၊ မပြောင်းလဲခဲ့ဘူးလေ။ ဒါကြောင့် ဘုရားရဲ့ ဖြောင့်မတ်ခြင်းက ကျွန်မပေါ်ရောက်လာတာပဲ။ ဒါပေမဲ့ ကျွန်မ အရမ်းအပျက်သဘောဆောင်ခဲ့တယ်၊ ကျွန်မ လုံးဝ ဖော်ထုတ်ခံနေရသလို ခံစားရပြီး အဲဒါကို ဘယ်လိုကျော်ဖြတ်ရမှန်း မသိခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် တကယ် သုံးသပ်နိုင်အောင် ဉာဏ်အလင်းပေးပြီး လမ်းပြဖို့ နာကျင်မှုနဲ့ ဘုရားကို တောင်းလျှောက်ရင်း ကျွန်မ ဆုတောင်းခဲ့တယ်။

တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ဒါဖတ်ခဲ့ရတယ်။ “ယနေ့တွင် သင်တို့သည် ပြစ်တင်ဆုံးမခံရခြင်း၊ တရားစီရင်ခံရခြင်းနှင့် ကျိန်ဆဲခံရခြင်းကြောင့် အကာအကွယ်ပေးခြင်းကို ခံကြရခြင်း ဖြစ်သည်။ သင်တို့သည် များစွာဒုက္ခခံစားထားသောကြောင့် ကာကွယ်ခံရခြင်းဖြစ်သည်။ ထိုသို့မဟုတ်လျှင် သင်တို့သည် ကြာနှင့်ပြီကတည်းက ဆိုးယုတ်ခြင်းထဲသို့ ကျဆင်းခဲ့မည် ဖြစ်သည်။ ဤသည်မှာ သင်တို့အတွက် အမှုအရာများကို တမင်တကာ ခက်ခဲအောင်လုပ်နေခြင်း မဟုတ်ပေ၊ လူသား၏ သဘာဝမှာ ပြောင်းလဲရန် ခက်ခဲပြီး လူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် ဤနည်းဖြင့်သာ ဖြစ်ရမည်။...ယနေ့ အချိန်မီ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ဆဲခြင်းတို့ မရှိပါက၊ သင်တို့၏ နောက်ဆုံးသောနေ့ရက် ရောက်ခဲ့သည်မှာ ကြာနှင့်ပြီ ဖြစ်လိမ့်မည်။ သင်တို့ကံကြမ္မာအကြောင်း မဆိုထားနှင့်၊ ၎င်းသည် အန္တရာယ်ကျရောက်ဆဲဆဲ ပိုဖြစ်လိမ့်မည် မဟုတ်လော။ အချိန်မီဖြစ်သော ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိပါက၊ သင်တို့သည် မည်မျှမာနထောင်လွှားသွားကြမည်၊ သို့မဟုတ် သင်တို့သည် မည်မျှစာရိတ္တပျက်ပြားလာကြမည်ကို မည်သူ သိသနည်း။ သင်တို့၌ မိမိတို့ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း နှင့် ဆင်ခြင်သုံးသပ်နိုင်စွမ်း လုံးဝမရှိကြချေ။ ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင်တို့ကို ယနေ့သို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့က သင်တို့၏ဖြစ်တည်ခြင်းကို ထိန်းသိမ်းထားသည်။ သင်တို့သည် ယနေ့၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံရာ၌ ပို၍ကောင်းစွာ မပြုသင့်သလော။ သင်တို့၌ အခြားမည်သည့် ရွေးချယ်စရာများ ရှိသနည်း။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “သင်သည် ပြစ်တင်ဆုံးမခံရပြီး တရားစီရင်ခံရသောကြောင့် အကာအကွယ်ပေးခြင်းကို ခံရ၏ကျူး”) ကျွန်မ ဒီကျမ်းပိုဒ်ကို ထပ်ခါထပ်ခါ ဖတ်ခဲ့ပြီး စကားလုံးတိုင်းက စိတ်နှလုံးကို တည့်တည့်ထိတယ်။ ကျွန်မက ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်ရင်း အစ်မကျောက်ကိုတိုက်ခိုက်နေမိတာပဲ။ ကျွန်မကို အပြစ်ပေးဖို့ ဘုရားက အခြေအနေ အဆင့်ဆင့် မစီစဉ်ခဲ့ရင်၊ ကျွန်မ ရပ်သွားမှာမဟုတ်ဘဲ၊ သေချာပေါက် သူ့ကို ဆက်ပြီး တိုက်ခိုက်နေမိမှာ။ အဲဒါက အသင်းတော်အလုပ်ကို ထပ် ထိခိုက်နိုင်တာပဲရှိမှာ။ ကျွန်မ မကောင်းမှုလုပ်နေတာကို မြန်မြန်တားဖို့ ဘုရားက အဲဒီအခြေအနေတွေကို ပြင်ဆင်ခဲ့တာ။ အဲဒါ ကျွန်မအတွက် သူ့ရဲ့ ဂရုစိုက်မှုနဲ့ ကယ်တင်ခြင်းပဲ။ အဲဒါ ကျွန်မကို ဘုရားက ဖယ်ရှင်းပစ်ချင်တာ မဟုတ်ဘဲ၊ သူ့ရဲ့ ချစ်ခြင်းမေတ္တာဖြစ်ပါတယ်။ ကျွန်မ စိတ်မပျက်သင့်ဘဲ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး ဘုရားဆီ နောင်တရသင့်တယ်။ ဒါကို သဘောပေါက်လိုက်တာက ကျွန်မအတွက် အသိဉာဏ်ပွင့်လင်းစရာဖြစ်ပြီး အရမ်းစိတ်ဓာတ်မကျတော့ဘူး။ ဘုရားဆီ ဆုတောင်းရင်းနဲ့ ကျွန်မ လာတယ်၊ “အို ဘုရားသခင်၊ ကျွန်မ မှားခဲ့ပါတယ်။ တကယ်နောင်တရချင်ပါတယ်။ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် နားလည်အောင် ကျွန်မကို လမ်းပြပါ”လို့ပေါ့။

နောက်တော့ တစ်ရက်မှာ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်” ရဲ့ လေးပိုဒ်မြောက်မှာ ဘုရားနှုတ်ကပတ်တော်တချို့ ဖတ်ခဲ့ရတယ်။ “သင်တို့၏ ခေါင်းထဲတွင် ပြည့်နေသော အယူအဆများ၊ စိတ်ကူးများ၊ အသိပညာများ၊ တစ်ကိုယ်ရေ ရည်ရွယ်ချကနှင့် ဆန္ဒများသည် နဂိုပုံစံကနေ မပြောင်းလဲဘဲ တည်ရှိနေသည်။ ထို့ကြောင့် ဘုရားအိမ်တော်က ပါရမီ အမျိုးမျိုးကို ပျိုးထောင်ပေးမည်ဟု သင် ကြားလျှင် ရာထူး၊ ဂုဏ်၊ သို့မဟုတ် ဂုဏ်သတင်းနှင့် သက်ဆိုင်သည်နှင့် တစ်ပြိုင်နက်လူတိုင်း၏ စိတ်နှလုံးများက မျှော်လင့်စောင့်စားချက်ဖြင့် ခုန်တက်သွားကြပြီး သင်တို့အသီးသီးက ထင်ပေါ်ချင်ကြသည်၊ ကျော်ကြားချင်ကြပြီး အသိအမှတ်ပြုခံချင်ကြသည်။ လူတိုင်းက အလျှော့ပေးရန် မလိုလားကြ၊ ယင်းအစား ယှဉ်ပြိုင်ခြင်းက စိတ်ကသိကအောက်ဖြစ်စေကာ ဘုရားအိမ်တော်ထဲတွင် ခွင့်မပြုထားသော်လည်း အမြဲ ဖက်ပြိုင်ချင်ကြသည်။ သို့သော်၊ ယှဉ်ပြိုင်မှုမရှိဘဲ သင်တို့သည် မရောင့်ရဲနိုင်ကြသေး။ တစ်စုံတစ်ဦးက ထင်ပေါ်သည်ကို သင်မြင်သည့်အခါ၊ မနာလိုဝန်တိုမှုကို သင်ခံစားရသည်၊ မုန်းတီးမှုကို ခံစားရပြီး သင်သည် မကျေမချမ်း ဖြစ်လာကာ၊ ယင်းမှာ မျှတခြင်းမရှိဟု သင်ခံစားရသည်။ ‘ဘာကြောင့် ငါ မထင်ပေါ်နိုင်ရတာလဲ။ အဲဒီလူက ဘာလို့ အမြဲ ထင်ပေါ်ရတဲ့သူဖြစ်ရပြီး ငါ့အလှည့် ဘယ်တော့မှ မရောက်ရတာလဲ။’ ထို့နောက် သင်သည် မကျေမချမ်းမှုအနည်းငယ် ခံစားရ၏။ ယင်းကို သင် ချုပ်တည်းရန် ကြိုးစားသော်လည်း သင် မတတ်နိုင်။ ဘုရားသခင်ထံ သင် ဆုတောင်းပြီး တစ်ခဏမျှ သင် သက်သာသလို ခံစားရသော်လည်း နောက်ပိုင်းတွင်၊ ဤကဲ့သို့သော ကိစ္စရပ်မျိုးကို တစ်ဖန် သင် ကြုံရသည့်အခါ၊ ယင်းကို သင် မကျော်လွှားနိုင်ပေ။ ဤအရာက ရင့်ကျက်မှုမရှိသည့် ဝိညာဉ်အသက်တာ အခြေအနေကို ပြသသည် မဟုတ်လော။ ထိုသို့သော အခြေအနေတွေထဲ လူတစ်ဦး ကျဆင်းရခြင်းသည် ထောင်ချောက် တစ်ခုမဟုတ်လော။ ဤသည်တို့မှာ လူသားများကို ချည်နှောင်သော စာတန်၏ ဖောက်ပြန်ပျက်စီးသည့် သဘာဝ၏ အချုပ်အနှောင်များ ဖြစ်ကြသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ)အန္တိခရစ်တို့သည် အသင်းတော်၏ အကျိုးစီးပွားအပါအဝင်၊ ဘုရားအိမ်တော်၏အမှုကို လုံးလုံး ၎င်းတို့၏ကိုယ်ပိုင်အဖြစ်၊ အခြားမည်သူမျှ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ၎င်းတို့သာ လုံးလုံး စီမံခန့်ခွဲသင့်သည့် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ပိုင်ဆိုင်မှုအဖြစ် ယူဆကြသည်။ ထို့ကြောင့် ဘုရားသခင်အိမ်တော်၏ အမှုကို လုပ်ဆောင်သည့်အခါ၊ ၎င်းတို့ တွေးသည့်တစ်ခုတည်းသော အရာများမှာ ၎င်းတို့၏ အကျိုးစီးပွားများ၊ ၎င်းတို့ကိုယ်တိုင်၏ ဂုဏ်ဒြပ်နှင့် ဩဇာတိက္ကမတို့သာ ဖြစ်သည်။ ၎င်းတို့အမြင်တွင် ၎င်းတို့၏ဂုဏ်ဒြပ်နှင့် ဂုဏ်သတင်းကို ဒုက္ခပေးမည့်ဟန်ရှိသည့်သူ မည်သူကိုမဆို ၎င်းတို့ ငြင်းပယ်သည်။ ၎င်းတို့သည် ထိုသူတို့ကို ဖိနှိပ်ပြီး ဝိုင်းပယ်ထားကြသည်။ အထူးတာဝန်အချို့ကို ထမ်းဆောင်ခြင်းအတွက် အသုံးတည့်ပြီး သင့်တော်သည့်သူများကိုပင် ၎င်းတို့က ကြဉ်ထားပြီး ဖိနှိပ်ထားသည်။...အန္တိခရစ်တို့သည် လူတို့အား ဖိနှိပ်ရန် မကောင်းပြောလျက်၊ ဤလူတို့သည် မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ သူတို့အား ကြဉ်ထားပြီး ဖိနှိပ်ချုပ်ချယ်ရန် ဆင်ခြေများရှာဖွေလျက်ဖြင့် ညီအစ်ကိုမောင်နှမများကြားတွင် မုသားများကို လုပ်ကြံပြောဆိုပြီး အချက်အလက်များကို ချဲ့ကားပြောဆိုကြသည်။ လူတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သည်၊ ကြွားဝါခြင်းကို နှစ်သက်ကြသည်၊ ရည်မှန်းချက်များ ထားထားကြသည်ဟု ၎င်းတို့က ပြောဆိုလျက် လူတို့အပေါ်တွင်လည်း ဝေဖန်အကဲဖြတ်တတ်ကြသည်။ အမှန်တကယ်တွင် ဤလူတို့အားလုံးတွင် ကောင်းမွန်သော အရည်အချင်းများ ရှိကြသည်။ အားလုံးက သမ္မာတရားကိုချစ်သောသူများဖြစ်ကြပြီး ပြုစုပျိုးထောင်ပေးဖို့ရန် ထိုက်တန်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ရံဖန်ရံခါ ထင်ရှားပြသခြင်းများဖြစ်သော အသေးစားအမှားများကိုသာ ထိုသူတို့အထဲတွင် တွေ့ရှိရသည်။ သူတို့အားလုံးတွင် အများနှင့်ယှဉ်ကြည့်လျှင် ကောင်းသော လူ့သဘာဝရှိကြသည်။ ယေဘုယျအားဖြင့်၊ ထိုသူတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ သင့်တော်သည်၊ တာဝန်တစ်ခုကို ထမ်းဆောင်သူများအတွက် အခြေခံသဘောတရားများနှင့် ထိုသူတို့ ကိုက်ညီကြသည်၊ အန္တိခရစ်များ၏အမြင်တွင် ၎င်းတို့က ‘ကျွန်ုပ်သည် ဤအရာကို သည်းညည်းခံမည် မဟုတ်။ သင်သည် ကျွန်ုပ်နှင့်ယှဉ်ပြိုင်ဖို့ ကျွန်ုပ်၏ အဖွဲ့ထဲတွင် အခန်းကဏ္ဍတစ်ခု လိုချင်သည်။ ယင်းမှာ မဖြစ်နိုင်ပေ၊ စဉ်းတောင်မစဉ်းစားလေနှင့်။ သင်သည် ကျွန်ုပ်ထက် သာ၍ တတ်နိုင်စွမ်းသည်၊ ကျွန်ုပ်ထက် သာ၍ ရှင်းလင်းစွာ ပြောဆိုနိုင်သည်၊ ကျွန်ုပ်ထက် သာ၍ ပညာတတ်ပြီး ကျွန်ုပ်ထက် လူကြိုက်များသည်။ ကျွန်ုပ်၏ ထင်ရှားကျော်ကြားမှုနှင့်ဩဇာအာဏာကို သင် လုယူသွားပါက ကျွန်ုပ် မည်သို့လုပ်ရမည်နည်း။ သင်သည် ကျွန်ုပ်အား သင်နှင့်တွဲဖက်၍ အလုပ်လုပ်စေလိုသလော။ စဉ်းတောင် မစဉ်းစားလေနှင့်။’ ဟု တွေးကြသည်။ ၎င်းတို့သည် ဘုရားသခင် အိမ်တော်၏ အကျိုးစီးပွားများကို ဆင်ခြင်ထောက်ထားနေခြင်းလော။ မဟုတ်ပေ။ ၎င်းတို့ တွေးတောသမျှ အရာအားလုံးသည် ၎င်းတို့ကိုယ်တိုင်၏ ဂုဏ်ဒြပ်ကို ထိန်းသိမ်းဖို့ နည်းလမ်းသာ ဖြစ်သောကြောင့် ၎င်းတို့သည် ဤလူများကို အသုံးပြုခြင်းထက် ဘုရားသခင်အိမ်တော်၏ အကျိုးစီးပွားများကိုသာ ထိခိုက်စေလိမ့်မည်။ ဤသည်မှာ ကြဉ်ထားခြင်း ဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)”) ဘုရားနှုတ်ကပတ်တော်တွေကနေ သိလိုက်ရတာက၊ အန္တိခရစ်တွေက သဘာဝအားဖြင့် အရမ်းကို ဆိုးယုတ်ပြီး ရက်စက်တယ်ဆိုတာပဲ။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို သူတို့ မြတ်နိုးကြပြီး၊ ဘယ်အဖွဲ့မှာမဆို ထိပ်မှာ အမြဲနေချင်ကြတယ်။ ဘယ်နေရာမှာ ရှိနေပါစေ လူတွေရဲ့ လေးစားမှုနဲ့ ကြည်ညိုမှုကို လိုချင်ကြပြီး၊ တစ်ယောက်ယောက်က သူတို့ကို မထင်ပေါ်အောင်တားရင်၊ သူတို့အဆင့်အတန်းကို ခြိမ်းခြောက်ရင် အဲဒီလူကို ဒေါသတကြီးရမ်းမယ်၊ ငြင်းပယ်မယ်၊ ဝေဖန်ပြီး နှိမ်မယ်။ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ဘယ်လောက်ထိခိုက်စေမလဲ သူတို့ ဂရုမစိုက်ကြသလို၊ ဘုရားအိမ်တော်ကို လုံးဝ မထိန်းသိမ်းကြဘူး။ ကျွန်မက အန္တိခရစ်လိုပဲ ပြုမူနေမိခဲ့မှန်း သဘောပေါက်လိုက်တယ်။ ခေါင်းဆောင်အနေနဲ့ ကျွန်မရဲ့ အစောပိုင်း ရက်တွေမှာ တိုးတက်မှုတချို့ ဖြစ်စေခဲ့တဲ့အခါ၊ ကျွန်မက ပျိုးထောင်ထိုက်တဲ့ ပါရမီရှိသူတစ်ယောက်လို့ ကျွန်မ ခံစားခဲ့တယ်။ ဒါပေမဲ့ အစ်မကျောက် ရောက်လာပြီး ကဏ္ဍတိုင်းမှာ ကျွန်မထက် သူသာပြီး တခြားလူတွေ သူ့ကို တကယ်သဘောကျကြတာ မြင်ရတဲ့နောက်မှာ၊ ကျွန်မရဲ့ ထင်ပေါ်ကျော်ကြားမှုကို သူခိုးနေတယ်လို့ ထင်ခဲ့တယ်။ မနာလိုဖြစ်ခဲ့ပြီး သူနဲ့ ကျိတ်ပြီး ပြိုင်လာခဲ့တယ်။ အဖွဲ့ခေါင်းဆောင်က ကောင်းကောင်း သင့်တော်သူ မဟုတ်မှန်း သူ သတိပြုမိတော့၊ ခေါင်းဆောင်ကို အစားထိုးဖို့လိုမှန်း ကျွန်မ သိခဲ့ပေမဲ့၊ ကိုယ့်နာမည်နဲ့ အဆင့်အတန်းကို ကာကွယ်ချင်ခဲ့မိတယ်။ ဒါကြောင့် သူ့ကို ထုတ်ပယ်ဖို့ ဆိုင်းထားရင်း အချိန်ဆွဲခဲ့တယ်။ ကျွန်မရဲ့ ဂုဏ်သတင်း အထိခိုက်ခံတာထက် ဘုရားအိမ်တော်ရဲ့ အလုပ် ထိခိုက်တာကို မြင်ဖို့ အသင့်ဖြစ်ခဲ့တယ်။ သူ့ကို မသိမသာ အပြစ်တင်ပြီး တမင် အဆိုးမြင်ခံရအောင် လုပ်ရင်း သူ့အစီအစဉ်တစ်ခု အဆင်မပြေတော့ သူ့ မအောင်မြင်မှုကို အကြိုက်တွေ့ခဲ့တယ်။ ပိုဆိုးတာက၊ စာအုပ်တွေ သယ်ပို့ဖို့ ခေါင်းဆောင်က သူ့ကို တာဝန်ယူခိုင်းတဲ့အခါ ကျွန်မ ပိုပြီး မနာလိုဖြစ်သွားတယ်။ ကျွန်မထက် သူ့ကို ခေါင်းဆောင်က တန်ဖိုးထားတယ်လို့ ထင်ခဲ့တယ်၊ ဒါကြောင့် စိတ်ချဉ်ပေါက်ပြီး ကျွန်မတို့အလုပ်ရဲ့ အဲဒီအပိုင်းကို လျစ်လျူရှုခဲ့တယ်။ သူမသေချာတဲ့အရာတစ်ခုကို ကျွန်မကို မေးတော့၊ တမင် သူ့ကို အခက်တွေ့အောင်လုပ်ပြီး၊ သူ့ကို အဆိုးမြင်ခံရစေချင်လို့ လျစ်လျူပဲရှုလိုက်တယ်။ အဲဒါကြောင့် တချို့စာအုပ်တွေကို အချိန်မီ မရွှေ့ပြောင်းခဲ့ရဘူး။ ကျွန်မတို့ ဆက်ဆံရေးတွေကို ပြန်တွေးကြည့်တော့၊ နာမည်နဲ့ အဆင့်အတန်းအတွက် ဆန္ဒမှာ ယစ်မူးမိခဲ့ပြီး ကိုယ့်ပုံရိပ်အတွက်နဲ့ ကျွန်မတို့ကြားမှာ ပြဿနာတွေ တစ်ချိန်လုံး ဖြစ်စေခဲ့မိတယ်လို့ ခံစားရတယ်။ အဲဒါက ဘုရားအိမ်တော်အလုပ်ကို ဘယ်လောက်ထိခိုက်တာကို ဂရုမစိုက်ခဲ့ဘူး။ သူ့ကို မရိုမသေလုပ်ရင်း၊ ငြင်းပယ်ရင်းနဲ့ အရေးမပါတဲ့အရာတွေအပေါ်တောင် ကျွန်မ ရေးကြီးခွင့်ကျယ် လုပ်ခဲ့တယ်။ ကျွန်မရဲ့အရှိန်အဝါကြောင့် တခြား ညီအစ်မတွေက သူ့ကို ဖယ်ကြဉ်ခဲ့ကြတယ်။ သူ့ကို တိတ်တဆိတ် တိုက်ခိုက်၊ ငြင်းပယ်ရင်းနဲ့ ကိုယ့်အဆင့်အတန်းကို ကာကွယ်ဖို့အတွက်နဲ့ပဲ အဲဒီလို နိမ့်ကျတဲ့ နည်းစနစ်တွေကို ကျွန်မ သုံးခဲ့တယ်။ ကျွန်မ ဒုက္ခပေးပြီး ဆိုးယုတ်ခဲ့တာ။ ကျွန်မရဲ့ လူ့သဘာဝက ဘယ်မှာလဲ။ ကျွန်မက ဘီလူးသရဲစီးနေခဲ့တာပဲ။ ကျွန်မက ဘုရားအိမ်တော်ရဲ့ အလုပ်ကို အလေးမထားဘဲ နာမည်နဲ့ အဆင့်အတန်းအတွက် အစ်မကျောက်ကို အမြဲတိုက်ခိုက်ခဲ့တယ်။ ဘုရားရဲ့ ဖြောင့်မတ်ခြင်း မရှိဘဲ၊ ကျွန်မတာဝန် ဆိုင်းငံ့ခံရတဲ့ သဘောဖြစ်တဲ့ ကျွန်မရဲ့ လျှပ်စစ်စက်ဘီး ပျက်တာ၊ အဖမ်းခံရခါနီးဖြစ်တာတွေ မရှိဘဲနဲ့၊ မကောင်းမှုလုပ်တာကို ကျွန်မ ရပ်ခဲ့မှာ မဟုတ်သလို၊ ဆင်ခြင်သုံးသပ်ချက်နဲ့ ဘုရားရှေ့ကို ကျွန်မ လာခဲ့မှာ မဟုတ်ဘူး။ ဘုရားသခင်က ခေါင်းဆောင်အနေနဲ့ အစေခံဖို့ ကျွန်မကို ချီးမြှောက်ခဲ့တယ်။ ကျွန်မရဲ့တာဝန်တွေမှာ၊ ဘုရားစေခိုင်းချက်ကို ဆောင်ရွက်ရာမှာ ကျွန်မ ကျရှုံးရုံမက၊ ထင်ပေါ်မှုနဲ့ လေးစားမှုရပြီး ခေါင်းဆောင်ရဲ့ တန်ဖိုးထားခံရတာတွေကိုလည်း စွဲလမ်းနေမိခဲ့တယ်။ “ဂူတစ်ဂူထဲ၌ ခြင်္သေ့နှစ်ကောင်မအောင်း”၊ “ကောင်းကင်နှင့် မြေကြီးတစ်လျှောက်လုံးတွင် ငါသည်သာ ငါ၏အရှင်သခင်ဖြစ်၏”လိုမျိုး အရာတွေက ကျွန်မ အသက်ရှင်တဲ့ ဆိုးယုတ်တဲ့ အဆိပ်တွေဖြစ်ခဲ့တယ်။ တောင်ရှင်ဘုရင်တစ်ပါးပဲ ရှိနိုင်မယ့်အလား အစ်မကျောက်နဲ့ ကျွန်မ အမြဲပြိုင်ဆိုင်နေမိခဲ့တယ်။ သူ ညံ့ညံ့ဖျင်းဖျင်းနဲ့ လုပ်ပြီး အထုတ်ခံရဖို့ကိုတောင် ကျွန်မ မျှော်လင့်ခဲ့တယ်။ ကျွန်မကိုယ်တိုင်ထဲ မြင်လိုက်ရတာက ကျွန်မကို လန့်သွားစေတယ်၊ အဲဒီလို ရက်စက်တဲ့ သဘာဝရှိတာ။ အန္တိခရစ်ရဲ့ လမ်းကြောင်းပေါ် ကျွန်မ ရှိခဲ့တာ။ စာတန်ရဲ့ အဆိပ်အတောက်တွေက ကျွန်မကို အဆိပ်ခပ်နေခဲ့တာ၊ အဲဒါက သိက္ခာနဲ့ အသက်ရှင်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်တဲ့အလား လေးစားမှုကို မက်မောတောင့်တနေစေခဲ့တယ်။ ဒါပေမဲ့ လေးစားမှုရဖို့ ကျွန်မက ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို အလေးမထားနိုင်စွမ်း၊ ညီအစ်မတစ်ယောက်ကို ဖိနှိပ်နိုင်စွမ်း ရှိခဲ့တာ မြင်ခဲ့ရတယ်။ အဲဒီလို အသက်ရှင်တာက ဘုရားနဲ့ တခြားလူတွေအတွက် စက်ဆုပ်စရာပါ။ ကျွန်မမှာ ဂုဏ်သိက္ခာတစ်စက်မှ မရှိခဲ့ဘူး။ တကယ်တည်ကြည်တဲ့သူသာ စိတ်သဘောညီညီ ပူးပေါင်းဆောင်ရွက်နိုင်မယ်၊ သမ္မာတရားကို လက်ခံနိုင်မယ်၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ထိန်းသိမ်းပြီး အဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို လုပ်ဆောင်နိုင်မှာပါ။ ဒါပေမဲ့ ဆိုးယုတ်တဲ့ အတွေးအခေါ်နဲ့ ကျွန်မ အသက်ရှင်ခဲ့ပြီး အကောင်းနဲ့ အဆိုးကိုတောင် မခွဲခြားနိုင်ခဲ့ဘူး။ ပျက်စီးခြင်းဆီ သွားတဲ့လမ်းဖြစ်တဲ့ လမ်းကြောင်းမှားကို ကျွန်မ ဇောက်ထိုး ကျွမ်းပြန် ထိုးဆင်းနေခဲ့တယ်။ အဲဒါကို နားလည်လိုက်တော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တကယ် မုန်းမိတယ်။ တစ်ချိန်တည်းမှာပဲ၊ ဘုရားရဲ့ ကယ်တင်ခြင်းအတွက် တကယ်ကျေးဇူးတင်ပြီး ဘုရားကို ဘယ်လောက်ပုန်ကန်ပေမဲ့ ဘုရားက ကျွန်မကို ကျွန်မရဲ့ အပြစ်တွေအရ မဆက်ဆံခဲ့တာကို မြငဲ့ရတယ်။ ကျွန်မရဲ့ ထုံထိုင်းပြီး နုံအတဲ့ နှလုံးသားကို နိုးထစေဖို့ အခြေအနေတွေကို ပြင်ဆင်ခဲ့တယ်။ ကျွန်မ ဘုရားကို ကျေးဇူးတင်စိတ်နဲ့ ပြည့်သွားပြီး၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ဖြေရှင်းရအောင် အဲဒီအခွင့်အရေးကို သမ္မာတရား တကယ်ရှာဖွေဖို့ အသုံးပြုချင်ခဲ့တယ်။

ကျွန်မရဲ့ ဝတ်ပြုချိန်တွေမှာ ဒီဘုရားနှုတ်ကပတ်တော်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ “သင်ကြိုးပမ်းနေသော ဦးတည်ချက်၊ သို့မဟုတ် သင်ကြိုးပမ်းနေသော ရည်မှန်းချက်ပန်းတိုင်ကို ပဓာနမထားဘဲ၊ ရာထူး အဆင့်အတန်းကို စွန့်လွှတ်ခြင်းနှင့်ပတ်သက်၍ သင့်ကိုယ်သင် မည်မျှ မရမနေခိုင်းတတ်သည်ကို ပဓာနမထားဘဲ၊ ရာထူးအဆင့်အတန်းက သင့်စိတ်နှလုံးထဲ၌ နေရာတစ်နေရာရာ ရရှိလျက် သင့်အသက်တာနှင့် သင်ကြိုးပမ်းသော ရည်မှန်းချက်ပန်းတိုင်များကို ထိန်းချုပ်ကာ လွှမ်းမိုးနိုင်သရွေ့ သင့်စိတ်သဘောထားထဲက အပြောင်းအလဲများကို ကြီးမားစွာ ထိခိုက်လိမ့်မည်ဖြစ်ကာ၊ သင့်အပေါ် ဘုရားသခင်၏ အဆုံးစွန်သော အဓိပ္ပာယ်သတ်မှတ်ချက်မှာ ခြားနားသော အကြောင်းအရာအဖြစ် ပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။ ထို့ထက်ပို၍ ရာထူးအဆင့်အတန်းကို ထိုသို့လိုက်စားခြင်းက ဘုရားသခင်၏ လက်ခံနိုင်ဖွယ် ဖန်ဆင်းခံတစ်ဦးဖြစ်မည့် သင့်အစွမ်းအစကို ထိခိုက်ပြီး လက်ခံနိုင်ဖွယ် စံနှုန်းအထိ သင်၏တာဝန်ကို ထမ်းဆောင်မည့် သင့်အစွမ်းအစကို ထိခိုက်သည်မှာ အမှန်ပင်ဖြစ်သည်။ ငါသည် အဘယ်ကြောင့် ဤအရာကို ပြောသနည်း။ လူတို့က ရာထူးအဆင့်အတန်းကို လိုက်စားသောအခါထက်ပို၍ ဘုရားသခင်အတွက် ရွံရှာဖွယ်ကောင်းသောအရာ မရှိပေ၊ အဘယ်ကြောင့်ဆိုသော် ရာထူး အဆင့်အတန်းကို လိုက်စားခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သောကြောင့် ဖြစ်သည်။ ယင်းမှာ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမှ ပေါက်ဖွားလာပြီး ဘုရားသခင်၏အမြင်၌ မရှိသင့်ချေ။ ဘုရားသခင်သည် ယင်းကို လူသားအား ပေးသင့်သည်ဟု မစီမံခဲ့ပေ။ အကယ်၍ သင်သည် ရာထူးအဆင့်အတန်းအတွက် ယှဉ်ပြိုင်တိုက်ခိုက်နေလျှင်၊ ယင်းကို အမြဲတစေ မြတ်နိုးနေလျှင်၊ ယင်းကို မိမိကိုယ်ကိုယ်အတွက် အမြဲတမ်း အရယူလိုလျှင် ဤအရာက ဘုရားသခင်အား ဆန့်ကျင်သော သဘာဝအနည်းငယ်ကို ပြသသည် မဟုတ်လော။ ဘုရားသခင်က ရာထူးအဆင့်အတန်းကို လူတို့အတွက် မစီမံခဲ့ချေ။ ဘုရားသခင်သည် လူတို့အား သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကို ပေးအပ်ပြီး— ၎င်းတို့အား ရာထူးအဆင့်အတန်းနှင့် သြဇာတိက္ကမရှိပြီး လူထောင်ပေါင်းတို့၏ ကြည်ညိုခံရသောသူတစ်ဦး မဟုတ်ဘဲ— နောက်ဆုံးတွင် ဘုရားသခင်၏ လက်ခံနိုင်ဖွယ် ဖန်ဆင်းခံတစ်ဦး၊ ဘုရားသခင်၏ သေးငယ်ပြီး အရေးမပါသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာစေသည်။ ထို့အတွက်ကြောင့် ယင်းကို မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းက တစ်ဖက်ပိတ်လမ်းဖြစ်သည်။ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းအတွက် သင်၏အကြောင်းပြချက်က အဘယ်မျှ ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ ဤလမ်းကြောင်းက လမ်းကြောင်းမှားတစ်ခုပင် ဖြစ်နေဆဲဖြစ်ကာ ဘုရားသခင်၏ ချီးကျူးခြင်းကို မခံရပေ။ သင်သည် အဘယ်မျှ ခက်ခက်ခဲခဲကြိုးစားသည်ဖြစ်စေ၊ သို့မဟုတ် အဖိုးအခကို အဘယ်မျှ ကြီးကြီးမားမားပေးဆပ်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို အလိုရှိပါက ဘုရားသခင်သည် သင့်ကို ပေးမည်မဟုတ်ပေ။ အကယ်၍ ယင်းကို ဘုရားသခင်မပေးပါက ယင်းကိုရရှိရန် ကြိုးစားရာတွင် သင် ကျရှုံးလိမ့်မည်ဖြစ်ပြီး၊ အကယ်၍ သင် ဆက်လက်ကြိုးစားနေပါက ရလဒ်တစ်ခုတည်းသာရှိလိမ့်မည်— သေခြင်းတရားပင်။ ဤသည်မှာ တစ်ဖက်ပိတ်လမ်းတစ်ခု ဖြစ်သည်— ဤသည်ကို သင်နားလည်သလော။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)”) ဘုရားနှုတ်ကပတ်တော်တွေကနေ သင်ယူလိုက်ရတယ်။ နာမည်နဲ့ အဆင့်အတန်းနောက်လိုက်တာဟာ ဘုရားအမုန်းဆုံးအရနဲ့၊ လုံးဝ မှားတဲ့ လမ်းကြောင်းဆိုတာပဲ။ ဒီအရာတွေအတွက် ကြိုးစားနေပြီး အသင်းတော်ရဲ့ အလုပ်ကို ထိခိုက်နေတာကို သိပေမဲ့ နောင်တရဖို့ ငြင်းတဲ့သူ ဘယ်သူမဆိုဟာ ဘုရားရဲ့ စီရင်၊ အပြစ်ပေးတာ ခံရဖို့ သေချာတယ်။ ဘုရားနှုတ်ကပတ်တော်တွေက သိပ်ကို စိတ်ထိစရာဖြစ်ပြီး ကျွန်မ ကြောက်သွားတယ်။ ဘယ်ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံတဲ့ ဘုရားရဲ့ အမျက်နဲ့ပြည့်ပြီး ဘုန်းအာနုဘော်ရှိတဲ့ စိတ်သဘောထားကို ခံစားလို့ရတယ်။ ကျွန်မက ကိုယ့်အလုပ်ကျွမ်းကျင်မှုမှာ အရမ်း ချို့တဲ့နေပြီး ကိစ္စတွေအများကြီးကို ဘယ်လိုစီမံရမလဲ မသိဘူး။ ဒါပေမဲ့ အစ်မကျောက်က ဒီကဏ္ဍမှာ ပိုတော်ပြီး ကျွန်မ ချို့တဲ့တဲ့အရာကို ထေမိနိုင်တယ်။ ကျွန်မရဲ့ အားနည်းချက်ကို ထောက်ကူဖို့ သူ့ရဲ့ အားသာချက်တွေကနေ ကျွန်မ သင်ယူသင့်တယ်။ အသင်းတော်ရဲ့ အလုပ်အတွက် သူနဲ့ အတူ အလုပ်လုပ်သင့်ခဲ့တာ။ ဒါပေမဲ့ အဲဒီအစား၊ ဘုရားအလိုတော်ကို ကျွန်မ နားမလည်ခဲ့ဘူး၊ ကျွန်မတာဝန်အတွက် သမ္မတရား လိုက်စားတာကို အာရုံမစိုက်ခဲ့ဘူး။ ကျွန်မကိုယ်ကျွန်မ သူနဲ့ပဲ နှိုင်းနေခဲ့တယ်၊ သူ့ကို ဖိနှိပ်ဖို့ သူ့အပြစ်တွေကို လက်မလွှတ်တမ်း အသုံးချနေခဲ့မိတယ်။ အဲဒါ သူ့အတွက် တကယ်နာကျင်စရာဖြစ်ပြီး ဘုရားအိမ်တော်ရဲ့ အလုပ်အတွက် အတားအဆီးတွေ ဖန်တီးခဲ့တယ်။ ဘုရားက အကြိမ်ကြိမ် ကျွန်မကို အပြစ်ဖော်ဆုံးမပြီး ပဲ့ပြင်နေခဲ့တာ။ ဒါပေမဲ့ ကျွန်မက သူ့ကို မရမက တိုက်ခိုက်နေခဲ့တယ်၊ ပြန်လှည့်ဖို့ ငြင်းဆန်နေခဲ့တယ်။ ကျွန်မရဲ့တာဝန်ကို ရပ်စေဖို့ ဘုရားက အခြေအနေတွေ မပြင်ဆင်ပေးမချင်း မနိုးထခဲ့ဘူး။ ကျွန်မ အရမ်းကို ခေါင်းမာပြီး စိတ်နှလုံးထဲမှာ ဘုရားအတွက် နေရာမရှိခဲ့တာ တွေ့ရတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ၊ ဘုရားရဲ့ ကရုဏာကို ခံစားလို့ရတယ်။ ဘုရားက ကျွန်မကို သမ္မာတရား လက်ခံနိုင်စေချင်ပြီး တကယ် နောင်တရစေချင်ခဲ့တယ်၊ ဘုရားကို ကြောက်ပြီး မကောင်းမှုကို ရှောင်တဲ့ သူဖြစ်စေချင်တယ်။ အဲဒါ ဘုရားကို ဝမ်းမြောက်စေတဲ့အရာပဲ။ ဒါ့အပြင်၊ လူအများကြီးရဲ့ လေးစားမှုကို ကျွန်မ ရခဲ့ရင်တောင်၊ ဘုရားရဲ့ လက်ခံမှုကို မရခဲ့ရင်၊ နောက်ဆုံးမှာ ကျွန်မကို သူဖော်ထုတ်ပြီး ဖယ်ရှားမှာပဲ။ နာမည်နဲ့ အဆင့်အတန်းကို လိုက်စားတာ၊ လေးစားမှုအတွက် အလုပ်လုပ်တာက လိုက်လျှောက်ဖို့ လမ်းကြောင်းမှားပါပဲ။ အခု ယုံကြည်သူဖြစ်လာတော့ ကျွန်မတို့ကို ဘုရားပြောတဲ့အတိုင်း သမ္မာတရားကို လိုက်စားသင့်တယ်။ အဲဒါကို သဘောပေါက်ရင်းနဲ့ အစ်မကျောက်ကို မနာလိုမဖြစ်ချင်တော့ဘူး၊ နာမည်နဲ့ အဆင့်အတန်းနောက် မလိုက်ချင်တော့ဘဲ ဘုရားရဲ့ စီမံခန့်ခွဲမှုတွေကို ကျိုးနွံနာခံချင်စိတ်၊ ဘုရားရဲ့နှုတ်ကပတ်တော်တွေကို စားသောက်ပြီး ကိုယ့်ရဲ့ လတ်တလော အခြေအနေမှာ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ချင်စိတ်နဲ့ ဆုတောင်းလိုက်တယ်။ အဲဒီအချိန်မှာ ပိုကောင်းတဲ့ အခြေအနေထဲကို ကျွန်မ တဖြည်းဖြည်း စရောက်သွားပြီး ကျွန်မလက် တဖြည်းဖြည်း သက်သာသွားတယ်။

၂၀၂၁ ဇန်နဝါရီမှာ ခေါင်းဆောင်အနေနဲ့ ကျွန်မ ထပ်အရွေးခံခဲ့ရပြီး၊ အရင်လို ကျွန်မရဲ့ အဆင့်အတန်းကြောင့် လူတွေ ကျွန်မကို အထင်ကြီးတဲ့အကြောင်း တွေးရင်းနဲ့ အဲဒါနဲ့ပတ်သက်လို့ မဝင့်ကြွားတော့ဘဲ၊ ဘုရားက ကျွန်မကို နောင်တရဖို့ အခွင့်အရေးပေးနေသလို ခံစားရတယ်။ ဒီတာဝန်ကို တန်ဖိုးထားမယ်၊ အဆင့်အတန်းအတွက် ဘယ်တော့မှ မနာလိုမဖြစ်ဖို့၊ မတိုက်ခိုက်တော့ဖို့ တိတ်တဆိတ် ကျိန်ဆိုလိုက်တယ်။ ဒါပေမဲ့ သိပ်မကြာခင် ကျွန်မကို ထပ်ဖော်ထုတ်တဲ့ အရာတစ်ခု ဖြစ်ခဲ့တယ်။ တစ်နေ့ အစ်မကျောက်ရဲ့ လက်မှတ်နဲ့ အထက်ခေါင်းဆောင်ဆီက စာတစ်စောင် ကျွန်မ ရခဲ့တယ်။ အဲဒါကို တွေ့တော့ ကျွန်မ စိတ်က ချာချာလည်ဖြစ်နေပြီး ကျွန်မက အရင်နေရာဟောင်းမှာ ရှိနေတုန်း သူ ရာထူးတိုးသွားပြီပဲလို့ တွေးနေမိတယ်။ ကျွန်မသူနဲ့ တကယ်ကို တန်းတူမဟုတ်ဘူးပဲ။ ကျွန်မ တကယ် မခံမရပ်နိုင် ဖြစ်လာခဲ့တယ်၊ ဒါပေမဲ့ ဒီတစ်ခါတော့ သူနဲ့ထပ်ပြီး ပြိုင်ဆိုင်နေမိမှန်း သဘောပေါက်လိုက်တယ်၊ ဒါကြောင့် ဘုရားဆီကို အမြန်လာဆုတောင်းခဲ့တယ်။ နာမည်နဲ့ အကျိုးအမြတ်အတွက် ကြိုးစားတဲ့ ကိုယ့်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကနေ ဝေးရာရောက်ပြီး၊ သူ့အစီအစဉ်တွေကို နာခံပြီး လုပ်သင့်တဲ့အတိုင်း ကိုယ့်တာဝန်ကို လုပ်နိုင်အောင် လမ်းပြပေးဖို့ တောင်းလျှောက်ရင်းပေါ့။ ဆုတောင်းပြီးတော့ ပိုတည်ငြ မ်သွားပြီး၊ အရင်က သူနဲ့ အတူအလုပ်လုပ်ခဲ့တဲ့အကြောင်း၊ ကျွန်မ သူ့ကို မနာလိုဖြစ်ပြီး ပြိုင်ဆိုင်မိလို့၊ သူ့ကို အရမ်းနာကျင်စေပြီး ကိုယ်ကိုယ်တိုင်ရဲ့ ဘဝလည်း ထိခိုက်ခဲ့တာကို တွေးမိတယ်။ အစ်မကျောက်နဲ့ ဒီအဆက်အသွယ်က နောင်တရဖို့ သစ်လွင်တဲ့ အခွင့်အရေးကို ဘုရားပေးနေတာပဲ။ အရင်လို စာတန်ကြိုးကိုင်တာခံရင်းနဲ့ ကိုယ့်ဖောက်ပြန်ပျက်စီးခြင်းထဲမှာ ကျွန်မ ဆက်အသက်ရှင်လို့ မဖြစ်တော့ဘူး။ သမ္မာတရားကို ကျွန်မ လက်တွေ့လုပ်ချင်တယ်၊ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ချင်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတယ်။ “သင်တို့ကိုယ်သင်တို့ ပြုမူနေထိုင်ခြင်းအတွက် သင်တို့၏ အခြေခံသဘောတရားများမှာ အဘယ်နည်း။ သင်သည် သင့်အတွက် သင့်တော်သည့် ရာထူးအဆင့်အတန်းကို ရှာဖွေပြီး သင်၏ ရာထူးအဆင့်အတန်းအတိုင်း ခိုင်မာစွာ ရပ်တည်လျက် သင်၏ရာထူးအဆင့်အတန်း အတိုင်း ပြုမူနေထိုင်သင့်သည်။ ဥပမာအားဖြင့် အသက်မွေးဝမ်းကျောင်းတစ်ခုတွင် ကျွမ်းကျင်ပြီး ထိုအသက်မွေးဝမ်းကျောင်း၏ အခြေခံသဘောတရားများကို နားလည်သဘောပေါက်နိုင်သူများ ရှိကြသည်၊ ပြီးလျှင် ၎င်းတို့သည် ဤကိစ္စနှင့်စပ်လျဉ်း၍ နောက်ဆုံး စစ်ဆေးမှုများ ပြုလုပ်သင့်သည်။ အခြားလူတိုင်းကို ၎င်းတို့၏စိတ်ကူးများပေါ်တွင် အခြေခံ၍ တစ်ခုခု လုပ်ဆောင်စေပြီး ဤတာဝန်ကို ပိုမိုကောင်းမွန်အောင် ထမ်းဆောင်စေလျက် စိတ်ကူးများနှင့် ထိုးထွင်းအမြင်များကို ပေးနိုင်သည့်သူများရှိသည်။— သို့ဆိုလျှင် ၎င်းတို့သည် စိတ်ကူးများကို ထောက်ပံ့ပေး သင့်သည်။ သင့်အတွက် သင့်တော်သည့် ရာထူး အဆင့်အတန်းကို သင် ရှာဖွေနိုင်ပြီး၊ သင်၏ ညီအစ်ကိုမောင်နှမများနှင့် သဟဇာတဖြစ်အောင် သင် အလုပ်လုပ်နိုင်ပါက၊ သင်သည် သင်၏တာဝန်ကို ဖြည့်ဆည်းနေလိမ့်မည်ဖြစ်ကာ၊ သင်၏ ရာထူး အဆင့်အတန်းအတိုင်း သင့်ကိုယ်သင် ပြုမူနေထိုင် လိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ”) အဖန်ဆင်းခံတစ်ယောက်ရဲ့ နေရာမှာ နေဖို့၊ တည်ကြည်တဲ့လူတွေအနေနဲ့ ကိုယ့်တာဝန်ကို လုပ်ပြီး၊ ကိုယ်တတ်နိုင်တဲ့ ဘယ်အရာကိုမဆို ပံ့ပိုးပေးဖို့ကိုပဲ ဘုရားက ကျွန်မတို့ကို တောင်းဆိုတယ်။ အဲဒါ စစ်မှန်တဲ့ လူတစ်ယောက်လို အသက်ရှင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ ကျွန်မရှိတဲ့ ဘယ်အစွမ်းအစမဆိုကို ဘုရားက သတ်မှတ်ထားတာ။ ကျွန်မ လုပ်နိုင်တာကို ဘုရားသိတယ်၊ ဒါကြောင့် ကျွန်မတာဝန်မှာ ကျွန်မ အကောင်းဆုံး လုပ်ဖို့၊ ကျွန်မအစ်မနဲ့ ကောင်းကောင်း အလုပ်လုပ်ပြီး ဘုရားအိမ်တော်ရဲ့ အလုပ်ကို အတူတူ ထိန်းသိမ်းဖို့ပဲလိုတယ်။ အဲဒါ ဘုရားအတွက် လုံလောက်တယ်။ အသင်းတော်ရဲ့ အလုပ်နဲ့ သူ စိမ်းနေပြီး သူ မသိခဲ့တဲ့ အရာတွေ အများကြီး ရှိတဲ့အခါ၊ ကျွန်မတို့ ပြဿနာတွေကို ရှာတွေ့ပြီး မြန်မြန် ဖြေရှင်းနိုင်အောင်လို့ သူ့ကို ကူညီဖို့၊ အလုပ်နဲ့ပတ်သက်ပြီး အသေးစိတ် ရှင်းပြပေးဖို့ ကျွန်မစိတ်ထက်သန်သင့်တယ်။ ဒါကို သဘောပေါက်လိုက်တာက ကျွန်မအတွက် အရမ်းကို စိတ်သက်သာစရာ ဖြစ်ခဲ့တယ်။ အဲဒီနောက်တော့ ကျွန်မတို့အလုပ်ထဲက ပြဿနာတချို့ကို အစ်မကျောက်နဲ့ ကျွန်မ သွားဆွေးနွေးခဲ့ပြီး သူက အကြံကောင်းတချို့ ပေးခဲ့တယ်။ အဲဒါတွေကို ကျွန်မ ပျော်ပျော် လက်ခံခဲ့ပြီး ချက်ချင်း အကောင်အထည်ဖော်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် သူနဲ့ မနှိုင်းတော့ဘဲ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်လိုက်တာနဲ့ ကျွန်မ စိတ်နှလုံးထဲမှာ အများကြီး ပိုပြီး စိတ်အေးလက်အေး ဖြစ်သွားသလို၊ ကျွန်မတို့ရဲ့ ဆက်ဆံရေးလည်း အများကြီး တိုးတက်သွားတယ်။

နာမည်နဲ့အဆင့်အတန်းရဲ့ အုပ်စိုးခံရတာ ဘယ်လောက် နာကျင်စရာဖြစ်မှန်းကို ဒီအတွေ့အကြုံက ကျွန်မကို ပြခဲ့တယ်။ အခု ဒီအချုပ်အနှောင်တွေကနေ ကျွန်မ လွတ်မြောက်သွားပြီ။ သမ္မာတရားကို လက်တွေ့လုပ်နိုင်ပြီး လူသားပုံသဏ္ဌာန် နည်းနည်း ရှိနိုင်ပြီ။ အဲဒါ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမှုကြောင့်ပါပဲ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာ ဘယ်လောက်လွတ်လပ်မှန်း တကယ်ကို တွေ့ကြုံခဲ့ရတယ်။ အဲဒါ သိပ်ကောင်းတဲ့ အသက်ရှင်နည်းပဲ။ ဘုရားရဲ့ ကယ်တင်ခြင်းအတွက် ကျွန်မ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင် အလွန် ဖြောင့်မတ်သည်

ကျန်းလင် ဂျပန်နိုင်ငံ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင်၊ အသင်းတော်အလုပ်ကို ကျွန်တော် ကွပ်ကဲနေချိန်တွင် ခေါင်းဆောင်ယန်ကျူးနှင့် ဆုံခဲ့ရသည်။ သူက...

လမ်းမှန်သို့ ပြန်ရောက်ခြင်း

ချန်ကွမ်း အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်ကို အစေခံခြင်းသည် ရိုးစင်းသည့် အလုပ်မဟုတ်ချေ။ မိမိတို့၏...

ထင်ရာမြင်ရာ ပြုမူခြင်းက ကျွန်မကို ထိခိုက်ခဲ့တယ်

ကျိုးရွမ် တရုတ်နိုင်ငံ ၂၀၁၂ အကုန်မှာ ကျွန်မ အသင်းတော်ခေါင်းဆောင်အဖြစ် စပြီး အစေခံတယ်။ အသင်းတော်က ပရောဂျက်တွေအားလုံးက တိုးတက်တာ နှေးနေပြီး...

ကျွန်မသား၏ ကျွမ်းနေသောရောဂါကို ရင်ဆိုင်ရာဝယ်

လျန်ရှင်း တရုတ်နိုင်ငံ လွန်ခဲ့တဲ့နှစ်နှစ်မှာ ကျွန်မသားရဲ့ခါးက ရုတ်တရက်ကြီး ဆိုးဆိုးရွားရွား နာလာတယ်။ ကျွန်မတို့ ဆေးစစ်ဖို့သွားလိုက်တော့၊...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။