ရိုးသားသည့်သူတစ်ဦး ဖြစ်ရခြင်း၏ အရသာ

28.02.2021

ယောင်ဆူရီ ကိုရီးယားနိုင်ငံ

အဖမ်းခံရပြီး ရက်ရက်စက်စက် နှိပ်စက်ခံခဲ့ရသည့် အစ်ကို တစ်ယောက်အကြောင်းကို မတ်လနှောင်းပိုင်း တစ်ရက်တွင် ဝတ်ပြုစည်းဝေးပွဲတစ်ခုမှာ ခေါင်းဆောင်က ပြောပြခဲ့သည်။ အလွန်အမင်း အားနည်းနေသည့်အချိန်တွင် သူက အခြားအသင်းတော်အဖွဲ့ဝင် ၂ ယောက်ကို သစ္စာဖောက်ပြီး ချောက်တွန်းခဲ့သည်- သူက ဘုရားသခင်အပေါ် သစ္စာဖောက်ခဲ့ပါသည်။ နောင်တများဖြင့် ပြည့်နေပြီး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်း နှုတ်ကပတ်တော်များကို ဖတ်ခြင်းအားဖြင့် သူ့ကျရှုံးမှု၏ ဇာစ်မြစ်ကို ရှာတွေ့ခဲ့ပြီး သူ တကယ့်ကို နောင်တရခဲ့ပါသည်။ ခေါင်းဆောင်က ထိုအတွေ့အကြုံနှင့်ပတ်သက်သည့် ကျွန်မတို့၏ အမြင်ကို မေးခဲ့ပြီး၊ ယင်းက စစ်မှန်သည့်သက်သေခံချက်အဖြစ် ယူဆ၍ ရ မရ မေးခဲ့ပါသည်။ ကျွန်မတို့ အားလုံးကိုလည်း ကိုယ့်အမြင်လေးများ မျှဝေပေးဖို့ ပြောခဲ့ပါသည်။ ဤသည်က ကျွန်မကို တကယ်စိတ်လှုပ်ရှားစေပြီး ကျွန်မလည်း စတင် စဉ်းစားခဲ့ပါသည်။ သူက အဘယ့်ကြောင့် ကျွန်မတို့ကို ဤအကြောင်းဆွေးနွေးစေချင်ရသနည်း။ ကျွန်မတို့ ပြဿနာကို မှန်ကန်စွာ မြင်တတ်ခြင်း ရှိမရှိကို စစ်ဆေးဖို့ ဖြစ်ပါသလား။ “အဲဒီအစ်ကိုက စိတ်ဓာတ်ပျော့ညံ့တဲ့အချိန်ဖြစ်တာနဲ့ပဲ တခြားသူတွေကို သစ္စာဖောက်ပြီး ချောက်တွန်းခဲ့တာပေါ့။ ဒါက ပြစ်မှားခြင်းပဲ။ ဒါပေမဲ့ သူ့အကြောင်းသူသိခဲ့ပြီးတော့ တကယ့်ကိုနောင်တရသွားတာကြောင့် သူ့ရဲ့အတွေ့အကြုံကို သက်သေခံချက်အဖြစ် ယူဆလို့ရတာပဲ။” ဟု ကျွန်မ တွေးမိသည်။ သို့ရာတွင် ထို့နောက်တွင် “တလွဲတွေနဲ့ ရှင်းရှင်းလင်းလင်း မပြောမိတာမျိုး၊ ကိုယ့်ကိုယ်ကို ရုပ်ဆိုးအောင်လုပ်မိတာမျိုးမ ဖြစ်အောင်လို့၊ သူများတွေပြောတာ အရင် နားထောင်ကြည့်ဦးမှပါ။” ဟု ကျွန်မ မသေမချာနှင့် စဉ်းစားမိသည်။ အခြားသူများက သူတို့၏အမြင်များကို စပြီးပြောလာကြပါသည်။ ပထမဆုံး ညီမတစ်ယောက်က ကျွန်မတွေးထားသည့်အရာနှင့် အတော်အတန် နီးစပ်သည့်အရာတစ်ခုကို ပြောသွားသောကြောင့်၊ ကျွန်မ ဘောင်ဝင်ပြီဟု ခံစားခဲ့ရသည်။ သို့ရာတွင် ထိုနောက်မှာမူ၊ နောက်ထပ်အစ်မ တစ်ယောက်က ထိုအစ်ကိုသည် ဘုရားသခင်ကို သစ္စာဖောက်သည့် ယုဒ ဖြစ်သောကြောင့်၊ ယင်းက ဘုရားသခင်ကို သက်သေခံပေးနိုင်မည့် သက်သေခံချက်မျိုးမဟုတ်ပါဟု ပြောခဲ့ပါသည်။ ထို့နောက်တွင် အချို့ကလည်း ထိုအစ်ကို၏ အတွေ့အကြုံက သက်သေခံချက်အဖြစ် ယူဆ၍မရပါဟု ယုံကြည်မှုရှိရှိ ပြောလာပါသည်။ တော်တော်များများက ထိုအမြင်အတိုင်း ပြောလာကြပြီး ထောက်ခံလာကြသည်ကိုမြင်ရလျက်၊ ကျွန်မလည်း မရေမရာဖြစ်သွားပြီး မည်သည့်အရာကို စဉ်းစားရမှန်း မသိခဲ့ပါ။ ထိုနောက်တွင်ပင် ခေါင်းဆောင်က “ဒါက သက်သေခံချက် မဟုတ်ဘူးလို့ထင်ရင် လက်ထောင်ပြပါ” ဟု ပြောပါသည်။ လူအနည်းငယ် လက်ထောင်သော်လည်း၊ ကျွန်မလည်း မသေချာသောကြောင့်၊ လက်မထောင်ခဲ့ပါ။ ကျွန်မက “မဟုတ်တဲ့အချိန်မှာတော့ လက်မထောင်နိုင်ဘူး။ အဲဒါဆို ငါက ပညာရည်မပြည့်ဝဘဲ နားမလည်ရာ ရောက်သွားကြောင်း ပြလိုက်တာပဲမဟုတ်လား။” ဟု စဉ်းစားနေခဲ့သည်။ ကျွန်မ ဤသည်ကို တွေးသည်နှင့်အညီ၊ ခေါင်းဆောင်က ကျွန်မကို “ဘာလို့ လက်မထောင်တာလဲ” ဟု မေးခဲ့ပါသည်။ ကျွန်မက “သွားပြီ၊ သူဘာလို့ ငါ့ကိုမေးနေတာလဲ ငါလက်ထောင်လိုက်သင့်တာလား။” ဟု မိမိကိုယ်ကို တွေးမိသည်။ ကျွန်မ လက်ကိုမြှောက်ခဲ့ပါသည် ကျွန်မ နှလုံးခုန်များမြန်လာသည်- ကျွန်မ စိတ်မသက်မသာဖြစ်လာခဲ့သည်။ ကျွန်မ၏လက်ကိုထောင်ခြင်းသည် မှန်ပါသလား သို့မဟုတ် မှားပါသလား။ ယင်းက သက်သေခံချက်အဖြစ် ယူဆ၍ရသည်ကို ကျွန်မ၏စိတ်နှလုံးထဲမှ ခံစားရသော်လည်း၊ တကယ်တမ်း သေချာမစဉ်းစားဘဲ လက်ထောင်ခဲ့ပါသည်။ ကျွန်မ လက်ထောင်ထားပြီးသောကြောင့်၊ အခြားသူများ၏ စိတ်ကူးများကို မျှော်လင့်တကြီးနှင့် နားထောင်ခဲ့ပါသည်။ အားလုံးက သူတို့ထင်တာကို သူတို့ပြောနေကြသောကြောင့်၊ ကျွန်မလည်း တည်ငြိမ်စွာဖြင့် ယင်းကို စတင် စဉ်းစားခဲ့ခြင်း ဖြစ်သည်။ ထိုအစ်ကိုက တကယ့်ကိုနောင်တရခဲ့ခြင်း ဖြစ်သောကြောင့်၊ သူ၏ သက်သေခံချက်က အမှန်ဖြစ်သင့်ပါသည်။ ကျွန်မ လက်မထောင်လိုက်သင့်ဟုလည်း ခံစားခဲ့ရပါသည်။ ထိုအချိန်က ကျွန်မ အမှန်တကယ် တွေးသည့်အရာကို ကျွန်မ မဝေမျှချင်ခဲ့သော်လည်း၊ ထို့နောက်တွင် ကျွန်မ အပြည့်အစုံနားမလည်ခဲ့သောကြောင့်၊ ကျွန်မ မှန်သွားခဲ့လျှင် အဆင်ပြေမည်ဖြစ်သည်ဟု သဘောပေါက်လိုက်သည်။ သို့မဟုတ်ပါက၊ ခေါင်းဆောင်က ကျွန်မကို မည်သို့ထင်သွားမည်နည်း။ ကျွန်မ၏ အတွေ့အကြုံ၌ အစွမ်းအစ သို့မဟုတ် နက်နဲမှု မရှိဟု ပြောမလား။ ခေါင်းဆောင်က ဤသည်ကို ကျွန်မ၌ တွေ့မြင်သွားပါက၊ ကျွန်မကိုသင်တန်းပေးဖို့ မတန်ဟု ထင်သွားနိုင်ပြီး။ ဘုရားသခင်၏ အိမ်တော်မှာ ကျွန်မအတွက် အနာဂတ် ရှိတော့မည် မဟုတ်ပါ။ ထို့အပြင် ထိုနေရာတွင် ညီအစ်ကိုမောင်နှမများစွာ ရှိသောကြောင့်၊ မှားသွားပြီဆိုပါက အမှန်တကယ် ရှက်ဖွယ်ကောင်းပေမည်။ ကျွန်မ ချီတုံချတုံဖြစ်နေခဲ့ပြီး တစ်ခုခုကို အကြိမ်များစွာပြောချင်ခဲ့သော်လည်း၊ နောက်ဆုံးတွင် ပါးစပ်ပိတ်နေခဲ့ပါသည်။

ထို့နောက်တွင် ခေါင်းဆောင်က ယင်းသည် သက်သေခံချက်အဖြစ် လုံးဝသတ်မှတ်၍ရကြောင်းနှင့် စိတ်ဓာတ်ပျော့ညံ့နေချိန်တွင် ဘုရားသခင်ကို သစ္စာဖောက်ပြီး၊ ထို့နောက်တွင် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံခံစားကာ စစ်မှန်စွာနောင်တရခြင်းသည် ကြီးမားသည့် သက်သေခံချက်ဖြစ်ကြောင်း မိတ်သဟာယ ဖွဲ့လာခဲ့ပါသည်။ ယင်းက လူများစွာကို စိတ်ခွန်အားများပေးခဲ့ပြီး ဘုရားသခင်က စစ်မှန်သည့်ယုံကြည်မှုဖြင့်သူများအပေါ် ကြီးမားသည့် သနားကရုဏာကို ပေးခြင်းကို ပြသခဲ့သည်။ ဘုရားသခင်က ကျွန်မတို့ မည်မျှ ဖောက်ပြန်ပျက်စီးနေသည်ကို သိသောကြောင့်၊ ကျွန်မတို့ စစ်မှန်စွာနောင်တရပြီး ဘုရားသခင်ထံသို့ ပြန်လာသမျှကာလပတ်လုံး၊ ဘုရားသခင်က နောင်တရဖို့အခွင့်အရေးကို ပေးမည်ဖြစ်ပြီး၊ ထိုကဲ့သို့ သက်သေခံချက်မျိုးက ဘုရားသခင်ကို ဘုန်းအသရေရစေပြီး အများစုက စာတန်ကို အရှက်ရစေသည်။ ကျွန်မတို့၏နားလည်နိုင်မှုက မသန့်စင်ကြောင်းကို ခေါင်းဆောင်က ဆက်ရှင်းပြခဲ့ပြီး ကျွန်မတို့က ကျွန်မတို့၏အမြင်ကို ဘုရားသခင်နှုတ်ကပတ်များကိုအခြေခံခြင်း မရှိသည့်အတွက် မရိုးသားဘဲ၊ လှည့်ဖြားတတ်သည်ဟုလည်း ပြောပါသည်။ ကျွန်မတို့ ထိုကိစ္စကို ဆွေးနွေးဖို့လိုအပ်သည်ကို မြင်လျက်၊ ထိုအစ်ကို၏အတွေ့အကြုံမှာ တစ်ခုခုမှားနေပြီဖြစ်သည်ကို ကျွန်မတို့က ခန့်မှန်းခဲ့ပါသည်။ ခေါင်းဆောင် မည်သည့်အရာကို စဉ်းစားနေသည်ကို ခန့်မှန်းဖို့ကြိုးစားခဲ့ပြီး ရိုးသားသည့်စကား တစ်ခွန်းမျှ မပြောခဲ့ပါ။ ကျွန်မတို့ အရာရာကို မိမိဘာသာ စဉ်းစားပြီး မိမိတို့၏ကိုယ်ပိုင် အမြင်များ ရှိဖို့လိုအပ်ကြောင်းနှင့် ကျွန်မတို့ မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ အမှန်တရားကို ပြောသင့်သည်ဟု ခေါင်းဆောင်က ကျွန်မတို့ကို စိတ်ရှည်လက်ရှည်နှင့် မိတ်သဟာယဖွဲ့ခဲ့ပါသည်။ ဤသည်မှာ ကျွန်မတို့ အပြုအမူအတွက် အခြေခံအချက်ဖြစ်သည်။ ထို “အခြေခံအချက်” ဟူသည့် စကားများကိုကြားလျက်၊ ကျွန်မတကယ်ကို စိတ်မသက်မသာ ဖြစ်ခဲ့ရပါသည်။ “သူမှန်တာပေါ့။ လူအများနောက်လိုက်တာထက် မှားနေရင်တောင်မှ၊ ငါ့ရဲ့ တကယ့်အမြင်ကို ရှင်းပြတာက ပိုကောင်းတာပေါ့။ အနည်းဆုံးတော့ အဲဒါက ကိုယ်ပိုင်ရှုထောင့် ဖြစ်ပြီးတော့ ရိုးသားရာကျတာပေါ့။” ဟု ကျွန်မစဉ်းစားမိပါသည်။ ကျွန်မ တကယ်တွေးထင်သည့်အရာကို မပြောခဲ့မိသည့်အတွက် မိမိကိုယ်ကိုယ် မုန်းတီးခဲ့ပါသည်။ ကျွန်မ၏ရပ်တည်ချက်ကို ပြောပြခဲ့သင့်သည့် ၁ဝ မိနစ်ဟူသည့် အချိန်ခဏလေးမှာ၊ ကျွန်မက လှည့်ဖြားပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိခဲ့ပါ၊ လူသားများလုပ်ရမည့် အခြေခံအချက်နှင့်ပင် မကိုက်ညီခဲ့ပါ။ ကျွန်မသည် မှားယွင်းသည့်အရာကို ပြောပြီး မှားယွင်းသည့်အရာကို လုပ်ခဲ့ရုံသာမက၊ မိမိကိုယ်ကိုယ် သေချာထိန်းကျောင်းဖို့ပါ မလုပ်နိုင်ခဲ့ပါ။

တွေ့ဆုံပွဲပြီး ကျွန်မဝတ်ပြုသည့်အချိန်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက ဤအပိုဒ်ကို ဖတ်ခဲ့ပါသည်။ “ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်ခြင်းနှင့် မိမိတို့ကိုယ်ကိုယ် ပြုမူသည့် နည်းလမ်း၌ လူများသည် မှန်ကန်သော လမ်းကြောင်းကို လျှောက်ရမည်။ ကောက်ကျစ်သော၊ ဆိုးယုတ်သော လမ်းများနှင့် နည်းများကို မသုံးကြနှင့်။ ကောက်ကျစ်သော၊ ဆိုးယုတ်သော လမ်းများနှင့် နည်းများ ဆိုသည်မှာ အဘယ်နည်း။ ယင်းတို့သည် သေးနုပ်သော ပါးနပ်ခြင်းနှင့် ပရိယာယ်များသော လှည့်စားမှုများနှင့် အဆင့်အတန်း မရှိသော လှည့်ကွက်များအရ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်သည်။ ယင်းတို့သည် သင်၏ဖောက်ပြန်ပျက်စီးခြင်းကို ဖုံးကွယ်ဖို့ ကြိုးစားပြီး၊ သင်၏ချို့ယွင်းချက်များ၊ အမှားများနှင့် ညံ့ဖျင်းသော အစွမ်းအစတို့ကဲ့သို့ ထိုသို့သော ပြဿနာများကို ဖုံးကွယ်သည်။ ၎င်းတို့သည် ဆိုးယုတ်သည့် အတွေးအခေါ်များကို အစဉ် အသုံးပြုလျက် အမှုကိစ္စများကို ကိုင်တွယ်နေပြီး လူသိရှင်ကြားဖြစ်သော အရေးကိစ္စများ၌ ဘုရားသခင်နှင့် အသင်းတော်ခေါင်းဆောင်များကို မျက်နှာလို မျက်နှာရလုပ်ဖို့ ကြိုးစားနေသော်လည်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မရှိဘဲ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အမှုကိစ္စများကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိဘဲ ၎င်းတို့ကို ဖော်လံဖားဖို့အလို့ငှာ လူများကို မကြာခဏ အနီးကပ် အာရုံစိုက်နေခြင်း ဖြစ်သည်။ ၎င်းတို့က ‘လတ်တလော ကျွန်ုပ်တို့ မည်သို့လုပ်ဆောင်ပြီးဖြစ်သနည်း။ သင်တို့အားလုံး ကျွန်ုပ်ကို ထောက်ခံကြသလော။ ကျွန်ုပ် လုပ်ဆောင်ပြီးဖြစ်သည့် ကောင်းသော အရာများနှင့်ပတ်သက်၍ ဘုရားသခင် သိသလော။ ပြီးလျှင် သူသိပါက၊ သူက ကျွန်ုပ်ကို ချီးမွမ်းမည်လော။ ဘုရားသခင်၏စိတ်နှလုံးထဲတွင် ကျွန်ုပ်၏နေရာမှာ အဘယ်နည်း။ ကျွန်ုပ်သည် ဘုရားသခင်ကို ဩဇာညောင်းခြင်း တစ်စုံတစ်ရာ ရှိသလော။’ ဟု မေးနေကြသည်။ ၎င်းတို့ အမှန်တကယ် မေးမြန်းနေသည့် အရာက ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်ခြင်းတွင် ၎င်းတို့သည် ကောင်းချီးခံစားနိုင်ခြင်း ရှိမရှိ ဖြစ်သည်။ ထိုသို့သော အရာများကို မကြာခဏ စားမြုံ့ပြန်ခြင်းများသည် ကောက်ကျစ်ကာ၊ ဆိုးယုတ်သော လမ်းများနှင့် နည်းလမ်းများ မဟုတ်သလော။ ဤသည်မှာ မှန်ကန်သည့် လမ်းကြောင်း မဟုတ်ပေ။ ထို့ကြောင့် မှန်ကန်သည့် လမ်းကြောင်းမှာ အဘယ်နည်း။ မှန်ကန်သည့် လမ်းကြောင်းက လူများက ၎င်းတို့၏ ယုံကြည်မှု၌ သမ္မာတရားကို လိုက်စားသည့်အချိန်၊ ၎င်းတို့ သမ္မာတရားကို ရရှိနိုင်ပြီး ၎င်းတို့၏စိတ်သဘောထားတွင် ပြောင်းလဲမှုများ စွမ်းဆောင်ရရှိသည့်အချိန်တွင် ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘဝတွင် တိုးတက်ခြင်း၏ အညွှန်းခြောက်ခု”) ဤသည်မှာ ကျွန်မတို့သည် မိမိတို့၏ အပြုအမူတွင်လည်းကောင်း၊ ယုံကြည်သူများအနေဖြင့်လည်းကောင်း၊ စစ်မှန်သည့်လမ်းကြောင်းကို လျှောက်ဖို့ ဘုရားသခင်က ကျွန်မတို့အား အသိပေးခြင်းနှင့် သတိ ပေးခြင်း ဖြစ်သည်။ ကျွန်မတို့က သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ကြရမည် ဖြစ်သည်။ ကျွန်မတို့သာ ဤအပြုသဘောဆောင်သည့် လုပ်ရပ်များတွင် အားမထုတ်ပါက၊ ကျွန်မတို့၏ ပြစ်ချက်များကို ဖုံးထားပြီး အလုပ်ရှုပ်နေပါက။ ကြွားဝါနေပါက၊ ခေါင်းဆောင်များ သဘောကျအောင် ကြိုးစားနေပါက၊ အသင်းတော်မှာ နေရာရပါက၊ ဘုရားသခင်နှင့် ခေါင်းဆောင်များ ကျွန်မတို့နှင့်ပတ်သက်ပြီး မည်သည့်အရာတွေးမည်ကို အလွန် စိုးရိမ်နေပါက၊ ဤသည်မှာ ဆိုးယုတ်မှုလမ်းကြောင်းကို လျှောက်နေကြခြင်း ဖြစ်သည်။ ကျွန်မ လုပ်နေခဲ့သည့်အရာများက ဘုရားသခင်ဖော်ပြသည့်အတိုင်း အတိအကျဖြစ်သည်ကို သိခဲ့ရသည်။ ထိုအစ်ကို၏ အတွေ့အကြုံက စစ်မှန်သည့် သက်သေခံချက် ဟုတ် မဟုတ် မသေချာသော်လည်း၊ ကျွန်မ နှလုံးသားထဲကနေ ထုတ်မပြောခဲ့ပါ။ ထိုအစား အခန်းထဲကလူများကို လေ့လာပြီး မိမိလှည့်ကွက်များကို သုံးကာ၊ အခြားသူများ စဉ်းစားမည့်အရာကို တွက်ချက်နေခဲ့မိသည်။ ကျွန်မ အဘယ့်ကြောင့်လက်မထောင်သည်ကို ခေါင်းဆောင်က မေးသည့်အခါ၊ ယင်းမှာ မှားယွင်းသည့်အပြုအမူဖြစ်သည်ဟု တွေးခဲ့ပြီး၊ လူအများစုက ထိုအစ်ကို၏အတွေ့အကြုံက သက်သေခံချက်အဖြစ် မှတ်လို့မရပါလို့ ထင်သည့်အခါကျ၊ ကျွန်မ သူတို့နောက်ကို အမြန်လိုက်ခဲ့ရသည်။ ကျွန်မက အခြားသူများ၏ အရိပ်အခြည်ကိုကြည့်ရင်း၊ သေးသိမ်ခဲ့သည်။ ကျွန်မက လှည့်ဖြားတတ်သည့် စာတန်၏ စိတ်သဘောထားကလွဲပြီး မည်သည့်အရာကိုမျှ မပြသခဲ့မိပါ။ စစ်မှန်သည့် ထွက်ဆိုချက်တစ်ခုပြောဖို့ အဘယ့်ကြောင့်များ အလွန်ခက်ခဲနေသည်ကို စဉ်းစားခဲ့မိပါသည်။ ယင်းမှာ အမှားများပြောပြီး အရှက်ရမည်ကိုလည်းကောင်း၊ ခေါင်းဆောင်က ကျွန်မကိုအထင်သေးပြီး တန်ဖိုးမထားသကဲ့သို့ မလေ့ကျင့်ပေးဘဲနေမည်ကိုလည်းကောင်း၊ ပြီးလျှင် ဤကဲ့သို့ ဆက်ဖြစ်နေပါက၊ တာဝန်မှ ထုတ်ပယ်ခံရမည်ကိုလည်းကောင်း ကြောက်နေခဲ့သည်။ ကျွန်မ၏ ဂုဏ်ကို ကာကွယ်ချင်ခဲ့ပြီး ကျွန်မ၏ရာထူးကို ထိန်းထားဖို့၊ ကျွန်မ၏ ညံ့ဖျင်းသည့် အစွမ်းအစကို ဖုံးကွယ်ပြီး ကောင်းကောင်းဟန်ပြဖို့ အကောင်းဆုံးလုပ်ချင်ခဲ့မိပါသည်။ သမ္မာတရားကိုနားလည်ပြီး အမှုအရာများ၌ ရှုမြင်ချက်ကောင်းရှိသည့် အစွမ်းအစမြင့်သည့်လူတစ်ယောက်အဖြစ် ပြုမူချင်ခဲ့ပါသည်။ သူက ကျွန်မအပေါ် အကောင်းမြင်ပြီး အထင်ကြီးလေးစားစေဖို့အလို့ငှာ၊ ခေါင်းဆောင်၏ အတွေးနှင့်ကိုက်ညီသည့် မည်သည့်မေးခွန်းအတွက်မဆို သင့်တော်သည့် အဖြေကိုသာ ကျွန်မ အမြဲတမ်း ရှိချင်ခဲ့သည်။ ထို့နောက်တွင် ညီအစ်ကိုမောင်နှမများကလည်း ကျွန်မကို အသိအမှတ်ပြုပြီး လေးစားလာကြမည် ဖြစ်သည်။ ကျွန်မ၏ နည်းလမ်းတွင် လှည့်ဖြားမှုနှင့် မရိုးသားမှုများပါနေသည်ကို ကျွန်မ သိမြင်ခဲ့ရပါသည်။ အလွန်ရိုးရှင်းသည့်ကိစ္စပင်လျှင် ကျွန်မ တိုက်ရိုက် မပြောနိုင်ခဲ့ပါ။ ရိုးသားပြီး လှိုက်လှိုက်လှဲလှဲရှိသည့် စကားတစ်ခွန်းပင် ကျွန်မ ပြောနိုင်ခဲလှသည်။ အမြဲတမ်း မရိုးမသားနှင့် ဘုရားသခင်၏ အိမ်တော်၌ ကျွန်မ၏နေရာကို ဆက်ထိန်းထားနိုင်ဖို့ အခန်းထဲက လူများကို ပါးနပ်စွာ လေ့လာခဲ့ပါသည်။ ကျွန်မက မှန်ကန်သည့် လမ်းကြောင်းကို လျှောက်နေခြင်း မဟုတ်ဘဲ၊ ဆိုးယုတ်သည့် လမ်းကြောင်းကို လျှောက်နေခဲ့မိခြင်း ဖြစ်သည်။ ကျွန်မ အားလုံးကို သတိထားမိလာသော်လည်း၊ မိမိကိုယ်မိမိ ပို၍ နက်နက်ရှိုင်းရှိုင်း ပြန်လည်ဆန်းစစ်ခြင်း မရှိခဲ့ပေ။

နောက် ၃ လ လောက်ကြာပြီးသည့်နောက်၊ ဘုရားသခင်ထံကနေ ဤမိတ်သဟာယကို နားထောင်ခဲ့ပါသည်။ ဘုရားသခင်က ပြောသည်- “အန္တိခရစ်များသည် ၎င်းတို့ပြောသမျှ နှင့် လုပ်ဆောင်သမျှ၌ ခရစ်တော်ထံမှ အရိပ်နိမိတ်များကို ယူပြီး သူ၏ နှုတ်ကပတ်တော်များရှိ အဓိပ္ပာယ်များကို အာရုံစိုက် နားစွင့်လျက်၊ သူ၏ လေသံကို နားထောင်လျက် လူများကို ၎င်းတို့ ဆက်ဆံရာတွင ခရစ်တော်နှင့် တစ်ပုံစံတည်း အံကျဖြစ်သည်။ ၎င်းတို့စကားပြောသည့်အခါ၊ စကားတစ်လုံးမျှ စစ်မှန်ခြင်း သို့မဟုတ် ရိုးသားခြင်း မရှိပေ။ ၎င်းတို့သည် အနှစ်သာရ မဲ့သော စကားများနှင့် အယူဝါဒတို့ကို ပြောဖို့သာ သိကြသည်။ ၎င်းတို့၏အမြင်တွင် သာမန်လူ တစ်ဦးသာ ဖြစ်သည့်ဤလူကို လှည့်စားဖို့နှင့် လိမ်ညာဖို့ ၎င်းတို့ကြိုးစားကြသည်။ ၎င်းတို့သည် မြွေတစ်ကောင် တွန့်လိမ်သွားသကဲ့သို့ အကွေ့အဝိုက်များပြီး သွယ်ဝိုက်သော နည်းလမ်းဖြင့် စကားပြောကြသည်။ ၎င်းတို့ စကားများ၏ ဟန်ပန်နှင့် ဦးတည်ရာတို့သည် ဖရဲသီးအနွယ်တစ်ခုက တိုင်ပေါ် တက်နေသကဲ့သို့ ဖြစ်သည်။ တစ်စုံတစ်ဦးသည် ကောင်းသော အစွမ်းအစရှိပြီး ရာထူးတိုးခြင်း ခံရနိုင်သည်ဟု သင်ပြောသည့်အခါ၊ ၎င်းတို့က ၎င်းတို့မည်မျှ တော်ကြောင်းနှင့် ၎င်းတို့ထဲ၌ ထင်ရှားသည့်အရာနှင့် ပေါ်လွင်သည့်အရာကို ချက်ချင်းပြောကြသည်။ ပြီးလျှင် သင်က တစ်စုံတစ်ဦးသည် ဆိုးသည်ဟု ပြောသည့်အခါ၊ ၎င်းတို့သည် မည်မျှ ဆိုးပြီး မကောင်းကြောင်း၊ ၎င်းတို့သည် အသင်းတော်၌ မည်မျှ ဆူပူလှုပ်ရှားမှုများနှင့် အနှောင့်အယှက်များ ဖြစ်စေကြောင်းတို့ကို အလျင်အမြန် ပြောပေသည်။ သင်သည် တစ်စုံတစ်ခုနှင့်ပတ်သက်ပြီး သမ္မာတရားကို သင်ယူလိုသည့်အခါ၊ ၎င်းတို့၌ ပြောစရာ တစ်စုံတစ်ခုမျှ မရှိပေ။ ၎င်းတို့သည် သင် ဆုံးဖြတ်ချက်ချဖို့ကို စောင့်ဆိုင်းရင်း၊ သင်၏ စကားများရှိ အဓိပ္ပာယ်ကို အာရုံစိုက် နားစွင့်ရင်း၊ သင်၏ရည်ရွယ်ချက်များကို နားလည်ဖို့ ကြိုးစားရင်း၊ မလိမ့်တပတ်လုပ်သည်။ ၎င်းတို့ပြောသည့်အရာ မှန်သမျှသည် မြှောက်လုံးပင့်လုံး၊ သူတစ်ပါးစိတ်ကျေနပ်စေဖို့ အပြင်းအထန်ကြိုးစားခြင်းနှင့် ခယဝယ လုပ်ခြင်းတို့ ဖြစ်ကြသည်။ ၎င်းတို့၏နှုတ်မှ သမ္မာတရား၏ စကားတစ်လုံးမျှ မထွက်လာပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၂၀)”) ဘုရားသခင်၏ဤနှုတ်ကပတ်တော်များက ကျွန်မကို စိတ်ထိခိုက်စေခဲ့ပါသည်။ ထိုတစ်ချိန်လုံး ကျွန်မက မရိုးမသားနှင့် သူများဖြစ်စေချင်သည့်အတိုင်း လိုက်လုပ်ခဲ့မိသည်ကို ကျွန်မ တွေးမိလာသည်။ ကျွန်မနှင့် ခရစ်တော်နှင့် တိုက်ရိုက်ဆက်သွယ်မှု မရှိခဲ့သော်လည်း၊ ဘုရားသခင် သတ်မှတ်ထားသည့် ပတ်ဝန်းကျင်မှာ ဘုရားသခင်၏စေ့စေ့စပ်စပ် စစ်ဆေးမှုကို လက်မခံခဲ့ပါ။ ကြွားဝါပြီး ကျွန်မကို ခေါင်းဆောင် သဘောကျစေချင်ခဲ့သောကြောင့်၊ ရိုးသားခြင်း တစ်စက်မျှ မရှိဘဲ၊ သူကြားချင်သည့်အရာကို ပြောခဲ့ပါသည်။ အားလုံးက အတုအယောင်များချည်းသာ ဖြစ်သည်။ ကျွန်မ ပြောဆိုလုပ်ကိုင်နေသည့်ပုံစံက မြွေတစ်ကောင်ကဲ့သို့ပင် ဖြစ်သည်၊ ပြီးလျှင် ယင်းက ဘုရားသခင်ကို ရွံရှာစေပါသည်။ မီးစင်ကြည့်ကခြင်းသည် ခေါင်းဆောင်ကို အရူးလုပ်နိုင်မည်ဖြစ်ပြီး မေးခွန်းကိုဖြေသည့်အခါ၊ ကျွန်မအပေါ် အမြင်ကောင်းအောင် ဟန်နှင့်ပန်နှင့် ပြောပါက၊ ဘုရားသခင်၏အိမ်တော်က ကျွန်မ၏ ရာထူးနှင့် ရှေ့ရေးအတွက် စိတ်ချရမည်ဟု ကျွန်မ တွေးခဲ့မိပါသည်။ ယင်းက ကျွန်မ၏ မယုံနိုင်စရာကောင်းသည့် မိုက်မဲမှုဖြစ်ပြီး တကယ်တမ်း ဘုရားသခင်ကို အရူးလုပ်ဖို့ ကြိုးစားနေခဲ့ခြင်း ဖြစ်ပါသည်။ ဘုရားသခင်က အရာအားလုံးကို စစ်ဆေးသည်ကို ကျွန်မ တကယ်တမ်း မယုံကြည်ခဲ့ပါ။ ကျွန်မ၏အစွမ်းအစ၊ ဝိညာဉ်ရင့်ကျက်မှု၊ အတွေးအခေါ်များနှင့် အခြေအနေတိုင်း၌ ကျွန်မ၏ သဘောထားနှင့် ရှုထောင့်များ- ဘုရားသခင်က ထိုအရာများအားလုံးကို လုံးဝ ရှင်းလင်းစွာ မြင်ပါသည်။ ကျွန်မအနားမှာရှိသည့်လူတိုင်းကို လှည့်ဖြားသိမ်းသွင်းနိုင်လျှင်ပင်၊ မည်သည့်အခါမျှ ဘုရားသခင်ကို လှည့်ဖြားသိမ်းသွင်းနိုင်မည် မဟုတ်ပါ။ တကယ်တော့ ကျွန်မ အခြားသူများရှေ့မှာ မည်သို့ ပြောဆိုလုပ်ကိုင်သည်ကို မကြည့်ဘဲ၊ သမ္မာတရားကို ကျွန်မ မည်သို့ ချဉ်းကပ်သည်ကိုသာ ကြည့်ပါသည်။ ကျွန်မနေ့တိုင်း လက်တွေ့လုပ်ဆောင်သည့် အရာများနှင့် အသက်ရှင်နေထိုင်သည့် အရာများ၊ ပြီးလျှင် ကျွန်မ၏တာဝန်ကို မည်သို့လုပ်ဆောင်သည်တို့ကို ကြည့်ခြင်း ဖြစ်ပါသည်။ ဘုရားသခင်က အထူးသဖြင့် ဤကဲ့သို့ သေးမွှားသည့်ကိစ္စတိုင်းကိုပါ စစ်ဆေးပါသည်။ ကျွန်မ သမ္မာတရားကို ချစ် မချစ်နှင့် လက်တွေ့လုပ်ဆောင်မှု ရှိ၊ မရှိ ကိုကြည့်ခြင်း ဖြစ်ပြီး၊ ကျွန်မ၏ ထိုမှားယွင်းသည့်ပုံစံက ဘုရားသခင်ကို လုံးဝ အရူးမလုပ်နိုင်ပါ။ ထို့နောက် ကျွန်မက စဉ်းလဲရုံသာမကဘဲ၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်က အားလုံးကို စောင့်ကြည့်လေ့လာသည်ဟူသည့်အချက်ကို ငြင်းပယ်နေခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်မက မယုံကြည်သူတစ်ယောက်ကဲ့သို့ ပြုမူနေခဲ့ခြင်း ဖြစ်သည်။ ယခင်က အန္တိခရစ်များက ခရစ်တော်အပေါ် အထင်သေးခြင်းနှင့် သူ့အပေါ် အထက်စီးကပြောခြင်းတို့ကို ဘုရားသခင်၏ စစ်ဆေးမှုကိုကြားသည့်အချိန်မှာ၊ ယင်းက ကျွန်မနှင့် များစွာ သက်ဆိုင်လိမ့်မည်လို့ မထင်ခဲ့မိပါ။ ကျွန်မ ခရစ်တော်နှင့် လူချင်းမကြုံတွေ့ဖူးခဲ့သောကြောင့်၊ ထိုကဲ့သို့ စာတန်၏ စိတ်သဘောထားမျိုး ပြမိမည်မဟုတ်ဟု ထင်ခဲ့မိခြင်း ဖြစ်ပါသည်။ ထို့နောက်တွင် ကျွန်မ မှားခဲ့သည်ကိုလည်းကောင်း၊ ထိုစာတန်၏ စိတ်သဘောထားကိုပြဖို့အတွက် ခရစ်တော်နှင့် ဆုံတွေ့ဖို့ မလိုသည်ကိုလည်းကောင်း နောက်ဆုံးမှာ ကျွန်မ သဘောပေါက် ခဲ့ပါသည်။ ကျွန်မက လိမ်ပြီး အကျိုးအမြတ်ရဖို့နှင့် ခေါင်းဆောင်ဆီက အမှတ်များရဖို့ ကြိုးစားခဲ့ပြီး ဘုရားသခင်အိမ်တော်မှာ ကျွန်မ၏နေရာကို ဆက်ထိန်းထားနိုင်ဖို့ ထိုကဲ့သို့အရာများကို လုပ်ရန် ဆန္ဒရှိနေခဲ့သည်။ ကျွန်မက ထိုဆိုးယုတ်သောစိတ်သဘောထားကို အတိအကျ ပြသနေခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်မသာ ခရစ်တော်နှင့် မျက်နှာချင်းဆိုင် ဆုံရပါက၊ ယင်းက ပို၍ပင် ဖြစ်လာမည်မှာ သေချာပါသည်။ ကျွန်မကိုယ်ကျွန်မ ဘုရားသခင်ကို အရူးလုပ်ဆန့်ကျင်ဖို့ ကြိုးစားနေသည်ကို မရပ်နိုင်ခဲ့ပါ။

နှစ်ရက်သုံးရက်ကြာ ကျွန်မတို့ အဖြေမှားတစ်ခု ပေးမိပင်လျှင်၊ ခေါင်းဆောင်က ကျွန်မထင်ခဲ့သကဲ့သို့ ကျွန်မတို့ကို ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းတာများ မလုပ်ခဲ့ဘဲ၊ ကျွန်မတို့ အစွမ်းအစမရှိကြောင်း မပြောသကဲ့သို့ ကျွန်မတို့ကို အလုပ်ထုတ်ခြင်း သို့မဟုတ် သင်တန်းပေးဖို့ ငြင်းဆန်ခြင်းများ မရှိခဲ့ပါ။ သူက ဒါမှ ကျွန်မတို့ သမ္မာတရားနှင့်အညီ မိတ်သဟာယမဖွဲ့မီမှာ ကျွန်မတို့၏ အားနည်းချက်များကို နားလည်ပြီး အခြေခံသဘောတရားများနှင့်ပတ်သက်ပြီး ကျွန်မတို့အား လမ်းညွှန်ပေးနိုင်ဖို့အလို့ငှာ၊ ကျွန်မတို့၏ စိတ်ကူးကို ဝေမျှဖို့သာ တောင်းဆိုခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကိုလည်း ဖော်ထုတ်ခဲ့ပြီး မိမိကိုယ်ကိုယ် ပြန်လည်းသုံးသပ်ဖို့လည်း ပြောခဲ့ပါသည်။ သူလုပ်သမျှအရာတိုင်းက ကျွန်မတို့ကို ကူညီဖို့နှင့် အားပေးဖို့သာ ဖြစ်သည်။ ဘုရားသခင်၏အိမ်တော်နှင့် ညီအစ်ကိုမောင်နှမများထံတွင် မှန်းဆနေဖို့ မလိုပါ။ ယင်းက ကျွန်မအား ဘုရားသခင်၏နှုတ်ကပတ်တော်များကို စဉ်းစားမိစေပါသည်။ “ဘုရားသခင်၌ သစ္စာရှိခြင်း၏ အနှစ်သာရ ရှိသဖြင့် သူ၏နှုတ်ကပတ်တော်များကို အမြဲ ယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏ လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယ ရှိရန်မလိုပေ၊ ထိုအကြောင်းကြောင့် သူ့အပေါ် ပကတိ ရိုးသားဖြောင့်မတ်သူများကို ဘုရားသခင်က နှစ်သက်ခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) ဘုရားသခင်နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များသည် ကျွန်မတို့၏ယုံကြည်မှုနှင့် အထိုက်တန်ဆုံး ဖြစ်ပြီး ဘုရားသခင်က ကျွန်မတို့ကို ရိုးသားမှုနှင့် ဆက်ဆံပါသည်။ လူသားများကို ဘုရားသခင်ဖန်ဆင်းချိန်တွင်၊ ဥယျာဉ်ထဲက မည်သည့်အသီးကို စား၍ရပြီး မည်သည့်အသီးကို စား၍မရသည်ကို ပြောခဲ့ပါသည်။ သူက ရိုးရိုးလေးနှင့် တိုက်ရိုက်ပြောဆိုခဲ့ခြင်း ဖြစ်သည်- ခန့်မှန်းနေရန် မလိုအပ်ခဲ့ပေ။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုက၊ “ငါအမှန်ဆိုသည်ကား၊” ဟု တစ်ချိန်လုံးပြောခဲ့ပါသည်။ ဘုရားသခင်အမှုတော်၏ ဤအဆင့်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော်များသည် မည်မျှ ရိုးသားပြီး စစ်မှန်သည်ကို ကျွန်မတို့ ခံစား၍ရနိုင်ပါသည်။ များသောအားဖြင့်၊ ယင်းတို့သည် နွေးထွေးကြင်နာသည့် နက်နက်နဲနဲ လှိုက်လှဲသော နှုတ်ကပတ်တော်များဖြစ်ပြီး။ ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖော်ထုတ်သည့်အပိုင်းတွင် ကြမ်းတမ်းသည်ဟု ထင်ရသော်လည်း၊ ယင်းတို့အားလုံးက အစစ်အမှန်တရားအပေါ် အခြေခံထားပြီး အားလုံးက ကျွန်မတို့ကို သန့်စင်စေပြီး ကယ်တင်ဖို့ဖြစ်သည်။ ဘုရားသခင်က ကျွန်မတို့အပေါ် ရိုးသားပြီး ပွင့်လင်းမြင်သာရှိပါသည်။ မည်သို့ပင်ဖြစ်စေ ဟန်ဆောင်ထားခြင်း မရှိပါ။ သို့ရာတွင် ကျွန်မက ထိုအခြေအနေမှာ ရိုးသားမှု နည်းနည်းပင်မရှိဘဲ တွက်ချက်ပြီး ကြံစည်နေသည်။ ကျွန်မက အလွန် လှည့်ဖြားတတ်ပြီး စက်ဆုပ်စရာကောင်းသည်ဟု ခံစားခဲ့ရပါသည်။

ထို့နောက်တွင် ဘုရားသခင်ထံမှ နှုတ်ကပတ်တော်အချို့ကို ကျွန်မ သတိရမိပါသည်။ “အခြားသူများအပေါ် သံသယမထားသည့်သူများကို ငါသဘောကျသည်၊ ထို့အပြင် သမ္မာတရားကို မဆိုင်းမတွ လက်ခံသောသူများကိုလည်း ငါနှစ်သက်၏၊ ထိုသို့သောလူနှစ်မျိုးကို ငါအလွန်ဂရုစိုက်သည်၊ အဘယ်ကြောင့်ဆိုသော် ငါ၏အမြင်၌ သူတို့သည် ရိုးသားသောသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ အကယ်၍ သင်တို့သည် လိမ်လည်လှည့်ဖျားတတ်လျှင် လူတိုင်းနှင့် ကိစ္စတိုင်းကို သတိထားပြီး သံသယဝင်နေမည်ဖြစ်၍ ငါ့အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းသည် သံသယအုတ်မြစ်အပေါ်၌ တည်ထားသည့် ယုံကြည်ခြင်း ဖြစ်နေလိမ့်မည်။ ထိုသို့သော ယုံကြည်ခြင်းကို မည်သည့်အခါမျှ ငါအသိအမှတ်ပြုနိုင်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ) အခြားသူများကိုသံသယ မရှိသည့်သူနှင့် သမ္မာတရားကို လက်ခံဖို့အဆင်သင့်ဖြစ်နေသည့်သူက ဘုရားသခင်၏ မျက်လုံးထဲမှာ ရိုးသားသည်ဟု ဘုရားသခင်က အဘယ့်ကြောင့် ပြောခဲ့သည်ကို ယခင်က ကျွန်မ နားမလည်ခဲ့ပါ။ သို့ရာတွင် ယခု နှုတ်ကပတ်တော်များကို သေချာတွေးဆပြီးသည့်နောက်၊ ကျွန်မ စတင် နားလည်လာပြီ ဖြစ်သည်။ ရိုးသားသူများက ဘုရားသခင် သို့မဟုတ် လူများအပေါ် သံသယမရှိပါ။ ၎င်းတို့သည် အပြစ်ကင်းကြပါသည်။ သူတို့က ကိစ္စများကို သူတို့၏လူသားဦးနှောက်နှင့် စဉ်းစားဖို့ မကြိုးစားဘဲ၊ ထိုအစား သမ္မာတရားကိုရှာဖွေဖို့ ဘုရားသခင်ရှေ့မှောက်ကို လာကြပါသည်။ သူတို့နားလည်နိုင်သည့်အရာကို သူတို့က လက်ခံကာ လက်တွေ့လုပ်ဆောင်ပြီး။ ဘုရားသခင်ပြောသည့်အတိုင်း လုပ်ဆောင်ကြပါသည်။ သူတို့က ရိုးသားသည့်နှလုံးသားနှင့် သမ္မာတရားကို ချဉ်းကပ်ကြပြီး ထိုကဲ့သို့ နှလုံးသားက အလွန်ကို တန်ဖိုးကြီးပါသည်။ ဤသည်မှာ ကျွန်မပြောသည့် ကလေးကဲ့သို့ ဖြစ်သည်ဟူသည့်အရာ ဖြစ်သည်။ ဘုရားသခင်က သူတို့ကို ကောင်းချီးပေးသည်၊ သူတို့အတွင်းမှာ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ပြီး လမ်းညွှန်အလင်းပြပါသည်။ ထို့နောက်တွင် သူတို့ သမ္မာတရားကို ပို၍ အလွယ်တကူ နားလည်ပြီး ရရှိကြပါသည်။ သို့ရာတွင် လူတစ်ယောက်က အမှန်တရားအချို့ကိုပြောပြီး သူတို့၏တာဝန်ကို အနည်းငယ် လုပ်ဆောင်နိုင်ပါက၊ သူတို့သည် အတွင်းစိတ်မှာ ရှုပ်ထွေးနေကြသည်၊ အမြဲတမ်း သံသယကြီးပြီး သတိနှင့်နေကာ၊ ချစ်ခင်ကြင်နာစရာကောင်းသည့် ဘုရားသခင်ကိုပါ သံသယဝင်နေပါက၊ သူတို့က လှည်ဖြားတတ်ဆုံး၊ မရိုးသားဆုံးလူမျိုး ဖြစ်ပါသည်။ ထိုအချိန်မှာ ဘုရားသခင်က အဘယ့်ကြောင့် လှည့်ဖြားတတ်သည့်လူများကို ကယ်တင်၍မရပါကြောင်း ပြောခဲ့သည်ကို ကျွန်မ စတင်နားလည်ခဲ့သည်။ ယင်း၏တစ်စိတ်တစ်ဒေသမှာ ဘုရားသခင်က အလွန်ကိုစစ်မှန်သည်၊ လှည့်ဖြားတတ်သည့်လူများကို မုန်းပြီး မကယ်တင်ခြင်း ဖြစ်သည်။ နောက်တစ်ခုကတော့ ကျွန်မတို့၏ ဓမ္မဓိဌာန်မကျသော လိုက်စားမှုနှင့် ဆိုင်ပါသည်။ လှည့်ဖြားတတ်သူများက အလွန်ကိုရှုပ်ထွေးပါသည်။ အမြဲတမ်း ခန့်မှန်းသည်၊ စိစစ်သည်၊ ပြီးလျှင် လူများ၊ အမှုအရာများနှင့် ဘုရားသခင်ကို ခုခံသည်။ သူတို့က လူများ၏စိတ်ကို မည်သို့ဖတ်ရမည်ကိုလည်း တကယ်သိပါသည်။ သူတို့၏အတွေးများက ထိုအရာများ၏ သိမ်းပိုက်မှုကို ခံခဲ့ရပြီး သမ္မာတရားကို လုံးဝ မရှာဖွေတော့ပါ။ သန့်ရှင်းသောဝိညာဉ်တော်က သူတို့ထံ၌ မည်သည့်အလုပ်မျှမလုပ်နိုင်တော့ပါ။ ထိုအကြောင်းကြောင့် သူတို့သည် သမ္မာတရားကို မည်သည့်အခါမျှ နားလည်ကြမည် မဟုတ်ပေ။ ဘုရားသခင်ပြောသကဲ့သို့ပင် ဖြစ်သည်။ “ဘုရားသခင်သည် လှည့်ဖြားသောသူများကို မစုံလင်စေပေ။ အကယ်၍ သင်၏စိတ်နှလုံး မရိုးဖြောင့်ပါက၊ သင်သည် ရိုးသားသောသူတစ်ဦးမဟုတ်ပါက၊ သင်သည် ဘုရားသခင်၏ ရယူခြင်းကို မည်သည့်အခါမျှ ခံရလိမ့်မည်မဟုတ်ပေ။ ထိုနည်းတူ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်ကို ရရှိနိုင်စွမ်းလည်း ရှိလိမ့်မည်မဟုတ်ပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘဝတွင် တိုးတက်ခြင်း၏ အညွှန်းခြောက်ခု”) ထို့ကြောင့် ထိုအချိန်တွင် ကျွန်မကိုယ်ကျွန်မ နောက်တစ်ခေါက် ထပ်ပြီး သေချာကြည့်မိသည်။ ကိစ္စတစ်ခုကို ရင်ဆိုင်ရပါက၊ ရိုးသားသည့်နှလုံးသားနှင့် ဘုရားသခင်ရှေ့မှောက်ကို လာပြီး သမ္မာတရားကို မရှာဖွေခဲ့ဘဲ၊ ထိုအစား အခြားသူများ၏လေသံကို အကဲဖြတ်ဖို့ကို စိတ်စွဲနေခဲ့မိသည်။ ကျွန်မက ညီအစ်ကိုမောင်နှမများနှင့် သာမန်ဆွေးနွေးသည့်ကိစ္စတွင်ပင် ကြိမ်ပေါင်းများစွာ ထိုကဲ့သို့ ဖြစ်ခဲ့ပါသည်။ တစ်ခါတစ်ရံ ကိစ္စတစ်ခုကို လုံးဝနားမလည်သော်လည်း၊ အခြားသူအများစု၌ ရှိသည့် မည်သည့်နားလည်မှုကိုမဆို သဘောတူလက်ခံခဲ့သည်။ တစ်ခါတစ်ရံ ကိုယ်ပိုင်အမြင်ရှိသော်လည်း၊ အမှားပြောမိသွားမည်ကို စိုးရိမ်ခဲ့သောကြောင့်၊ မပြောတော့ဘဲ သူများပြောသည်ကို ဦးစွာ နားထောင်ကာ ကျွန်မမှန်သည်ကို သိရမှ စကားပြောခဲ့ပါသည်။ သို့မဟုတ်ပါက ကျွန်မ မည်သည့်အရာမျှ ပြောစရာမလိုသောကြောင့်၊ မျက်နှာပျက်စရာမရှိဟု့ ထင်ခဲ့မိပါသည်။ ကျွန်မက မည်မျှ လှည့်ဖြားတတ်ပြီး သွယ်ဝိုက်ပြောဆိုတတ်သည်ကို သိခဲ့ရပါသည်။ ကျွန်မ ကိစ္စတစ်ခုကို နားမလည်သည့်အခါ၊ လူအများနောက်သာလိုက်ခဲ့ပြီး အခြားသူများလုပ်သည့်အတိုင်း လိုက်ကြည့်ကာ သဘောတူလက်ခံခဲ့ခြင်း ဖြစ်ပါသည်။ ယင်းက ကျွန်မကို သမ္မာတရားကို အမှန်တကယ် နားမလည်စေရန် တားဆီးထားခြင်း ဖြစ်သည်။ သို့ရာတွင် သမ္မာတရားကိုမသိခြင်း သို့မဟုတ် အစွမ်းအစမရှိခြင်းက ကြောက်စရာမဟုတ်ပါ။ ကြောက်စရာကောင်းသည်မှာ လူများ သူတို့နားမလည်သည့်အရာကို အမြဲတမ်း ဖုံးကွယ်ထားသည့်အချိန် ဖြစ်ပါသည်။ သို့ဆိုလျှင် သူတို့က သမ္မာတရားကို မည်သည့်အခါမျှ နားလည်နိုင်မှာမဟုတ်ပါ။ ထိုနည်းအတိုင်း ဆက်သွားခြင်းက အန္တရာယ်များပြီး ရိုးသားခြင်းက အရေးကြီးသည်ဟု ကျွန်မ ခံစားခဲ့ရပါသည်။

ကျွန်မ အနာဂတ်တွင် ကိစ္စများရင်ဆိုင်ရသည့်အခါ၊ မည်သို့ရိုးသားဖို့နှင့် မည်သည့်အခြေခံသဘောတရားများကို လိုက်နာရမည်ကို စတင် ရှာဖွေခဲ့ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကျမ်းပိုဒ်အချို့ကို ကျွန်မ ဖတ်ခဲ့ရသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်ကို ပွင့်လင်းစွာ ဖော်ပြဖို့ဆိုသည်မှာ သင်သည် သင်၏ကိုယ်ပိုင် လိုအင်ဆန္ဒများကို ဦးစွာ ဘေးဖယ်ရမည်။ ဘုရားသခင်က သင့်အား မည်သို့ဆက်ဆံသည်ကို အာရုံစိုက်မည့်အစား၊ သင့်စိတ်နှလုံးထဲ ရှိသည့်အရာကို ပြောပြီး၊ သင့်စကားများ၏ အကျိုးဆက်များသည် မည်သည့်အရာ ဖြစ်သည်ကို တွေးဆခြင်း သို့မဟုတ် စဉ်းစားဆင်ခြင်ခြင်း မပြုနှင့်။ သင်တွေးသမျှကို ပြောလော့၊ သင်၏ကြံရွယ်ချက်များကို ဘေးဖယ်လော့၊ ပြီးလျှင် ရည်မှန်းချက်အချို့ကို စွမ်းဆောင်ရရှိဖို့ စကားများကို မသုံးနှင့်။ ‘ကျွန်ုပ် ဤသည်ကို ပြောသင့်သည်၊ ထိုအရာကို မပြောသင့်၊ ကျွန်ုပ်ပြောသည့်အရာကို ဂရုစိုက် ရမည်၊ ကျွန်ုပ်၏ရည်မှန်းချက်ကို ကျွန်ုပ် စွမ်းဆောင်ရရှိရမည်။’- ယင်းတွင် ကိုယ်ပိုင် ကြံရွယ်ချက်များ မပါရှိသလော။ ၎င်းတို့၏စိတ်ထဲတွင် ဤလူများသည် စကားများ မပြောရသေးမီ လှည့်ပတ် စဉ်းစားတွေးတောနေကြသည်။ ၎င်းတို့ပြောမည့် အရာကို အကြိမ်များစွာ ၎င်းတို့စီမံပြီးဖြစ်သည်၊ ပြီးလျှင် ယင်းကို ၎င်းတို့၏ခေါင်းထဲတွင် တစိမ့်စိမ့် စစ်ဆေးပြီးဖြစ်သည်။ ၎င်းတို့၏နှုတ်များမှ ထွက်လာရာတွင်၊ ဤစကားများသည် စာတန်၏ လှည့်စားတတ်သော အကြံအစည်များ ဆောင်ကြဉ်း လာသည်။ ဤသည်မှာ ဘုရားသခင်အပေါ် ပွင့်လင်းစွာ ပြုမူဆက်ဆံခြင်း နည်းလမ်းတစ်ခု မဟုတ်ပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၂၀)”) “အရေးကိစ္စများအားလုံး၌ သင်သည် ဘုရားသခင်ကို ပွင့်လင်းသင့်ပြီး၊ ဘုရားသခင်ကို ပွင့်လင်းစွာ ဖော်ပြသင့်သည်- ဤသည်မှာ ဘုရားသခင် ရှေ့မှောက်တွင် ထိန်းသိမ်းသင့်သည့် တစ်ခုတည်းသော အနေအထားနှင့် အခြေအနေတို့ဖြစ်သည်။ သင်သည် မပွင့်လင်းလျှင်ပင်၊ ဘုရားသခင် ရှေ့မှောက်တွင် ပွင့်လင်းရမည်။ သင်သည် ပွင့်လင်းခြင်းရှိမရှိကို ဘုရားသခင်က သိသည်။ သင်သည် ဤအရာကို မမြင်နိုင်ပါက မိုက်မဲသည် မဟုတ်လော။ ထို့ကြောင့် သင်သည် မည်သို့ ဉာဏ်ပညာရှိနိုင်မည်နည်း။ ဘုရားသခင်သည် အရာအားလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး သိသည်ကို သင်သိသောကြောင့် သူ မသိနိုင်ဟု မတွေးလေနှင့်။ ဘုရားသခင်သည် လူများ၏စိတ်များကို တိတ်တဆိတ် တွေ့မြင်သည် မှာ သေချာသည့်အတွက်၊ လူများသည် အနည်းငယ်သာ၍ ပွင့်လင်းစွာ ဖော်ပြရန် အနည်းငယ်သာ၍ စင်ကြယ်ပြီး ရိုးသားရန် သင့်ပေသည်။ ဤသည်မှာ လုပ်ဆောင်ရန်သင့်လျော်သောအရာ ဖြစ်သည်။...လူများက ပုံစံကို စတင် အာရုံစိုက် လာသည့်အခါ၊ ယင်းက ၎င်းတို့၏ဦးနှောက်ထဲ ရောက်လာသည့်အခါ၊ ၎င်းတို့က ယင်းကို အနည်းငယ် တွေးတောစဉ်းစားသည့်အခါ၊ ဤသည်မှာ ဒုက္ခပေးသော အရေးကိစ္စတစ်ခု ဖြစ်လာသည်။ ၎င်းတို့၏ စိတ်များထဲတွင် ၎င်းတို့က ‘ဘုရားသခင်က ကျွန်ုပ်ကို အထင်ကြီးဖို့နှင့် အတွင်း၌ ကျွန်ုပ်တွေးနေသည့်အရာကို မသိဖို့ ကျွန်ုပ် မည်သည့်အရာကိုပြောရမည်နည်း။ မည်သည့်အရာကို ပြောလျှင် မှန်မည်နည်း။ ကျွန်ုပ် များစွာ သိုသိပ်ရမည်၊ အနည်းငယ် ပရိယာယ်ကြွယ်ရမည်၊ နည်းစနစ်တစ်ခု ရှိရမည်။ သို့ဆိုလျှင် ဘုရားသခင်သည် ကျွန်ုပ်ကို အထင်ကြီးလိမ့်မည်။’ ဟု အမြဲတွေးကြသည်။ သင်ထိုသို့ အမြဲတွေးနေသည်ကို ဘုရားသခင်က သိမည် မဟုတ်ဟု သင်တွေးထင်သလော။ ဘုရားသခင်သည် သင်တွေးသည့်အရာမှန်သမျှကို သိသည်။ ထိုသို့ တွေးခြင်းသည် ခြေကုန်လက်ပန်းကျစေသည်။ ရိုးသားစွာနှင့် အမှန်တကယ် ပြောခြင်းသည် များစွာသာ၍ ရိုးရှင်းပြီး၊ သင့်ဘဝကို သာ၍လွယ်ကူစေသည်။ သင်သည် ရိုးသားပြီး စင်ကြယ်ကြောင်း၊ သင်သည် ပွင့်လင်းစွာ ဖော်ပြကြောင်း ဘုရားသခင်က ပြောလိမ့်မည်- ပြီးလျှင် ယင်းက အလွန့်အလွန် တန်ဖိုးရှိပေသည်။ သင်၌ ပွင့်လင်းသော စိတ်နှလုံးတစ်ခုနှင့် ရိုးသားသော သဘောထား တစ်ခုရှိပါက၊ သင် အလွန်အကျွံဖြစ်သွားပြီး မိုက်မဲစွာ ပြုမူသည့်အချိန်များ ရှိလျှင်ပင်၊ ဤသည်မှာ ဘုရားသခင်အဖို့ ပြစ်မှားခြင်းမဟုတ်ပေ။ ယင်းက သင်၏သေးသိမ်သော လှည့်ကွက်များထက်သာပြီး၊ သင်၏မကြာခဏ တွေးဆခြင်းနှင့် စီမံခြင်းထက် သာပေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၉)”) ဘုရားသခင်ကို ကျွန်မတို့ ချဉ်းကပ်ပုံနှင့် ဘုရားသခင်သတ်မှတ်ထားသည့် အခြေအနေများ၌ စိတ်နှလုံးသား ပွင့်လင်းဖို့မှာ အရေးအကြီးဆုံးနှင့် အခြေခံအကျဆုံး အချက်ဖြစ်သည်ဟု ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ပြောထားပါသည်။ ကျွန်မတို့၏နှလုံးသားကို ဖုံးကွယ်ခြင်း သို့မဟုတ် လှည့်ဖြားခြင်းများ မရှိဘဲ၊ အမှုအရာများကို လေ့လာဖို့ သို့မဟုတ် စီမံဖို့ ကြိုးစားခြင်းများမရှိဘဲ ဘုရားသခင်ထံ ချခင်းဖို့ လိုအပ်ပါသည်။ ကျွန်မတို့၏စကားများနောက်တွယ်တွင် မည်သည့် ကြံရွယ်ချက်များမှ မသိုထားသင့်သကဲ့သို့ မည်သည့် နည်းဗျူဟာများမှ မသုံးသင့်ဘဲ၊ အရင်းခံ စိတ်ဓာတ်တစ်ခုဖြင့် မိမိတို့၏အတွေးကို ဝေမျှဖို့ပါဖြစ်သည်။ ကျွန်မတို့ နားမလည်နိုင်သည့်အရာများကို နားမလည်ကြောင်း ကျွန်မတို့ အသိအမှတ်ပြုပြီး၊ ထို့နောက်တွင် အပြစ်ကင်းရိုးသားသည့် နှလုံးသားနှင့် သမ္မာတရားကို ရှာဖွေဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ လာရန် လိုပါသည်။ ယင်းက ဉာဏ်အမြော်အမြင်ကြီးခြင်း ဖြစ်ပါသည်။ ဘုရားသခင်က အရာအားလုံးကိုမြင်ပြီး ကျွန်မတို့ကို သူက ခရေစေ့တွင်းကျ သိပါသည်။ ကျွန်မ၏ အစွမ်းအစ၊ ကျွန်မမည်မျှ သမ္မာတရားကိုနားလည်သည်၊ ကျွန်မအတွေ့အကြုံ၏ အတိမ်အနက်နှင့် တစ်စုံတစ်ခုကို ကျွန်မ နားလည်ခြင်း ရှိမရှိတို့ကို ဘုရားသခင်က ကောင်းစွာ သိပါသည်။ ကျွန်မက ဘုရားသခင်ရှေ့တွင် ချခင်းပြထားခြင်း ဖြစ်သည်။ ကျွန်မအမှားများကို ဖုံးထားပြီး အရာအားလုံးကို နားလည်ချင်ယောင်ဆောင်နေဖို့ အဘယ့်ကြောင့် လိုမည်နည်း။ တကယ်တမ်းတွင် အမြဲတမ်း တွက်ချက်ကာ၊ အခြားသူများကို စောင့်ကြည့်ပြီး အခြားသူများတွေးသည့်အရာကို ခန့်မှန်းကာ ပြောရမည့်အရာကို အသည်းအသန် စဉ်းစားခြင်းသည် စိတ်ရောကိုယ်ပါ ပင်ပန်းရစေပါသည်၊ ပြီးလျှင် ဘုရားသခင်ကလည်း ယင်းကို မုန်းပါသည်။ ယင်းမှာ အပြစ်ကင်းဖို့နှင့် ပွင့်လင်းသည့်နှလုံးသားရှိဖို့ မည်မျှ အရေးကြီးသည်ကို ကျွန်မနောက်ဆုံးနားလည်သွားသည့်အချိန် ဖြစ်သည်။ ဘုရားသခင်က ယင်းကို တန်ဖိုးထားပြီး ယင်းကဖြစ်သည် ပို၍ လွတ်လပ်ပြီး ပေါ့ပါးသည့် ရှင်သန်နည်းတစ်ခု ဖြစ်သည်။ ဘုရားသခင်က လူများ၏ အစွမ်းအစ သို့မဟုတ် ၎င်းတို့၏အမြင် မှန်မမှန်ကို ကြည့်ခြင်းမဟုတ်သည်ကိုလည်း ကျွန်မ သိခဲ့ရပါသည်။ သူက ကျွန်မတို့၏နှလုံးသား၊ သမ္မာတရားနှင့်ပတ်သက်သည့် ကျွန်မတို့၏ သဘောထားနှင့် တောက်လျှောက် ကျွန်မတို့ မည်သည့် စိတ်သဘောထားများ ဖော်ပြနေခဲ့သည်ကို ကြည့်ပါသည်။ တစ်ခါတစ်ရံ ကျွန်မတို့ မှားနေလျှင်ပင်၊ ကျွန်မတို့ ပွင့်လင်းပြီးရိုးသားနေမည်ဆိုပါက၊ ကျွန်မတို့ မိုက်မဲသည်ဖြစ်စေ၊ အစွမ်းအစမရှိသည်ဖြစ်စေ ဘုရားသခင်က ဂရုမစိုက်ဘဲ၊ ထိုအတွက်လည်း ကျွန်မတို့ကို မစီရင်ပါ။ ဆန့်ကျင်ဘက်အနေဖြင့် အမြဲတမ်း လှည့်စားနေခြင်းသည် ဘုရားသခင်က ရွံရှာပြီး မုန်းတီးသည့်အရာ ဖြစ်ပါသည်။ ထိုအချိန်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားသည့်သူတစ်ဦးဖြစ်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့ပါသည်။ ဘုရားသခင် ဖန်ဆင်းထားသည့် ပတ်ဝန်းကျင်မှာ ဘုရားသခင်အပေါ် ပွင့်လင်းမှုရှိခြင်း၊ အခြားသူများနှင့် ပြောဆိုဆက်ဆံရာတွင် ရိုးသားခြင်း၊ ကျွန်မနားလည်သည့်အရာအတိုင်း စိတ်ထဲရှိသည့်အတိုင်း ဖွင့်ပြောခြင်းတို့အားဖြင့်၊ ကျွန်မ၏ ကြောင်သူတော်ဆန်သော၊ လှည့်ဖြားပြီး ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဖြည်းဖြည်းချင်း ဖြေရှင်းနိုင်မည် ဖြစ်သည်။

ကျွန်မတို့အတွက် အနည်းငယ် ပေါ့တန်နေသည့် စာကြောင်းများ ပါသည့် အသင်းတော်ဓမ္မတေးတစ်ပုဒ်နှင့်ပတ်သက်ပြီး ခေါင်းဆောင်ကို ချဉ်းကပ်တုန်းကအချိန်ကို ကျွန်မ မှတ်မိပါသေးသည်။ သူက ထိုစာကြောင်းများကိစ္စ မည်သည့်အရာကိုမျှ မပြောခဲ့ဘဲ၊ ဓမ္မတေးက တန်ဖိုးမဲ့ကြောင်း၊ မကောင်းကြောင်း ပြောခဲ့ပါသည်။ ကျွန်မ ပါးစပ်ထဲကနေ “ဟုတ်ပါတယ်” ဆိုသည့်အသံ ထွက်လာခဲ့ပါသည်။ ကျွန်မထပ်ပြီး လှည့်ဖြားနေသည်ကို ကျွန်မ ချက်ချင်း သဘောပေါက်လိုက်သည်။ ယင်း၌ သူမြင်သည့်ပြဿနာကို ကျွန်မ မမြင်ခဲ့ရပါ။ ကျွန်မက နားလည်သယောင်ဆောင်လျက်၊ ထောက်ခံသည့် လူမျိုး ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ကျွန်မ ပါးစပ်ဟလိုက်သည်နှင့် အလိမ်အညာများ ထွက်လာသည်ကို ကျွန်မ မုန်းခဲ့ပြီး ကျွန်မ ဤသည်ကို လိမ်ညာပြီး ပြောချင်ခဲ့ပါ။ ကျွန်မ နားမလည်ပါက၊ ယင်းကို ကျွန်မနားမလည်ခြင်းသာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို ကျွန်မ စဉ်းစားမိပါသည်။ “ရိုးသားဖြောင့်မတ်မှု ရှိခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) ကျွန်မ ယခု ပြောလိုက်သည့် အလိမ်အညာကို ပြန်ပြင်ဆင်ပြီး ရိုးသားဖို့လိုသည်ကို ကျွန်မ သိခဲ့ပါသည်။ ထို့ကြောင့် “ကျွန်မ စာသားနှစ်ကြောင်းမှာ ပြဿနာရှိတယ်လို့ ထင်ခဲ့တာ။ ဒီဓမ္မတေးမှာ တန်ဖိုးမရှိတာကို ကျွန်မ မသိခဲ့ဘူး။” ဟု ကျွန်မက ခေါင်းဆောင်ကို ပြောခဲ့ခြင်း ဖြစ်သည်။ သူက ကျွန်မတို့ကို ဓမ္မတေးနှင့်ပတ်သက်ပြီး ပြဿနာများကို စိတ်ရှည်လက်ရှည်နှင့် မိတ်သဟာယဖွဲ့ခဲ့ပြီး၊ သီချင်းနှင့်ပတ်သက်ပြီး ကျွန်မအမြင်ကို အနည်းငယ်ဖွင့်ပေးခဲ့ပါသည်။ ကျွန်မ ငြိမ်းချမ်းမှုကို ခံစားခဲ့ရပါသည်။ အမှန်မှာမူ ကျွန်မတို့၏ စကား၊ အပြုအမူများနှင့် အမြင်များကို ပြရုပ်တင်ရန် မလိုဘဲ၊ လက်တွေ့ကျပြီး အရှိကိုအရှိအတိုင်း လက်ခံသည့် ရိုးသားသည့်လူများအဖြစ် ကျွန်မတို့ နေနိုင်ပါသည်။ ကျွန်မတို့အဖွဲ့ရှိ ညီအစ်ကိုမောင်နှမများက ပြဿနာများ ဆွေးနွေးနေသည့်အချိန်တွင်၊ ကျွန်မက စတင်ကာ ရိုးသားမှုကို လက်တွေ့လုပ်ဆောင်ခဲ့ပါသည်။ ကျွန်မ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ၊ ကျွန်မ၏ ထင်မြင်ချက်အစစ်အမှန်ကိုသာ ကျွန်မ ပြောပြခဲ့ပါသည်။ ကျွန်မနားမလည်သည့် မည်သည့်ကိစ္စကိုမဆို ပွင့်ပွင့်လင်းလင်း ပြောသကဲ့သို့၊ ကျွန်မမှားပါကလည်း ကျွန်မ၏အမှားများကို ပြင်ခဲ့ပါသည်။ ယင်းက ကျွန်မကို ငြိမ်းချမ်းမှုများစွာ ဆောင်ကြဉ်းပေးသည်။ ကျွန်မက စစ်မှန်သည့်ရိုးသားသည့်လူဖြစ်ဖို့ စံနှုန်းများနှင့် သိပ်မနီးစပ်သေးသော်လည်း၊ ရိုးသားခြင်း၏ အရေးကြီးမှုကို တကယ်ခံစားခဲ့ရပြီး ယင်းက ဘုရားသခင်၏ ကယ်တင်ခြင်းခံရဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်သည်ကို ကျွန်မ သိခဲ့ရပါသည်။ ကျွန်မသည် ရိုးသားသည့်လူတစ်ယောက်ဖြစ်ဖို့ အမှန်တကယ် စိတ်အားထက်သန်ပြီး ထိုအတွက် ဆက်ကြိုးစားလိုကာ၊ ယင်းကို လိုက်စားလိုပါသည်။ ဘုရားသခင်၏ကျေးဇူးတော်ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်မှန်သော ခြင်းပြောင်းလဲခြင်းဆိုသည်မှာ အဘယ်နည်း

ကျင်းယူ ဟေးနန်စီရင်စု၊ နန့်ယန်းမြို့တော် အစ်ကိုမောင်တစ်ယောက်ကဖြစ်ဖြစ်၊ ညီအစ်မတစ်ယောက်ကဖြစ်ဖြစ် ကျွန်မ၏ကျရှုံးမှုများကို ထောက်ပြခဲ့ သောအခါ၊...

ဘုရားအပေါ် မှီခိုခြင်းက အကြီးမားဆုံးသော ဉာဏ်ပညာဖြစ်၏

မာဟုန် တရုတ်နိုင်ငံ ၂၀၁၁ ခုနှစ်ရဲ့ ဆောင်းဦးရာသီမှာ၊ ဖန်မင်းဆိုတဲ့ ရွာသူတစ်ယောက်နဲ့ ဆုံခဲ့တယ်။ သူက လူ့သဘာဝကောင်းရှိပြီး အရမ်းကြင်နာတတ်တယ်။...

တစ်ဇွတ်ထိုးပြုလုပ်ခြင်းသည် သူတစ်ပါးနှင့် မိမိကိုယ်ကို ထိခိုက်စေသည်

ဟော်ရှီး သြစတြေးလျတိုက် ကျွန်မက ရေလောင်းတဲ့အလုပ်ကို ကြီးကြပ်ဖို့အတွက် ၂၀၂၀ခုနှစ်၊ ဧပြီလမှာ အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။