ကျွန်မရဲ့ မြင့်မားတဲ့ မျှော်လင့်ချက်တွေက ကျွန်မရဲ့သားကို ထိခိုက်ခဲ့တယ်

05.06.2024

ကျွန်မ ငယ်ငယ်တုန်းက အိမ်မှာ မွေးချင်းငါးယောက်ရှိပြီး ကျွန်မက အကြီးဆုံးပါ။ ကျွန်မအဖေက အိမ်ရဲ့အဝေးမှာ နှစ်အတော်များများ အလုပ်လုပ်ခဲ့ပြီး၊ အိမ်မှုဝေယျာဝစ္စအားလုံးက အမေ့တာဝန် ဖြစ်ခဲ့တယ်။ အမေက အလုပ်ပိပြီး အခက်အခဲ ခါးစီးခံရတာကို ကျွန်မ မြင်လို့၊ တတိယတန်းမှာ ကျောင်းထွက်ပြီး၊ ကျွန်မအမေကို အိမ်မှာ လယ်အလုပ် ဝိုင်းကူလုပ်ပေးခဲ့တယ်။ ကျွန်မက ခဏခဏ အရမ်းပင်ပန်းပြီးတော့ ခါးကိုက်တယ်။ နောက်ကျောကလည်း နာတယ်။ ဒီလိုဘဝမျိုးက တကယ်ကို အရမ်းခက်ခဲလွန်းတယ်လို့ တွေးမိတယ်။ နောက်ပိုင်းမှာ၊ ကျွန်မရဲ့ဝမ်းကွဲက ကောလိပ်ဝင်ခွင့်စာမေးပွဲအောင်ပြီး တစ်မိသားစုလုံး အရမ်းပျော်ခဲ့ရတယ်။ သူက နာမည်ရအောင်လုပ်ခဲ့တဲ့အတွက် ကျွန်မမိဘတွေက သူ့ကို ခဏခဏချီးကျူးကြတယ်။ အဲဒီတုန်းက ကျွန်မမှာ စိတ်ကူးတစ်ခုရှိခဲ့တယ်။ ကျွန်မ တစ်ဘဝလုံးမှာ ကောင်းမွန်တဲ့ ပညာရေး လုံးဝ မရခဲ့ပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် တစ်ခုခုဖြစ်အောင် လုပ်ဖို့ အခွင့်အရေးမရှိခဲ့ပေမဲ့၊ နောက်ပိုင်း၊ ကျွန်မမှာ ကလေးတွေရှိလာတော့၊ သူတို့ကို အရမ်းတော်တဲ့ ပါရမီရှင်တွေဖြစ်အောင် သေချာပေါက် ပျိုးထောင်ပေးမယ်။ ဒါမှ ကျွန်မတို့က ဒီလိုချွေးထွက်ပင်ပန်းရတဲ့ ခါးသီးတဲ့ဘဝကို လွတ်မြောက်နိုင်မှာဖြစ်ပြီး အမျိုးတွေ၊ အိမ်နီးချင်းတွေရဲ့ အထင်ကြီးလေးစားမှုကို ရမယ်၊ မိသားစုကို ဂုဏ်ဆောင်နိုင်မယ်ပေါ့။

အိမ်ထောင်ပြုပြီးတဲ့နောက် ကျွန်မမှာ သားသမီး နှစ်ယောက်ရှိတယ်။ သူတို့ အခြေခံပညာမူလတန်းကျောင်းမှာ ရှိနေတုန်း၊ ကျွန်မအမေက ဘုရားကို ယုံကြည်ခဲ့တယ်။ တစ်ခါတလေ သူတို့နဲ့ သူ စုဝေးပြီး အတူဆုတောင်းသလို၊ သူတို့က ကျွန်မအမေကို စာဖတ်တတ်အောင်တောင် သင်ပေးကြတယ်။ ဒါပေမဲ့ အဲဒီတုန်းက၊ ကလေးတွေကို ကျွန်မ လုံးဝကို စာလေ့လာစေချင်ခဲ့တယ်။ ဒါကြောင့် ဒါကို မြင်တော့ ကျွန်မအမေကို ကျွန်မ ပြောလိုက်တယ်။ “အမေ ယုံချင်တာယုံ၊ ဒါပေမဲ့ သမီးရဲ့ ကလေးတွေနဲ့ စုဝေးပြီး သူတို့ စာလေ့လာတာကို မနှောင့်ယှက်ပါနဲ့”လို့ပေါ့။ နောက်ပိုင်းမှာ၊ ကျွန်မလည်း ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံခဲ့တယ်။ ဒါပေမဲ့ ကျွန်မကလေးတွေရဲ့ ပညာရေးနဲ့ အမှတ်တွေကိုပဲ ကျွန်မ အထူးအလေးထားခဲ့ပြီး ရံဖန်ရံခါ စုဝေးပွဲတွေ တက်ရင်တောင်၊ ကျွန်မ ဟန်ဆောင်လုပ်ပြရုံပဲလုပ်ပြနေခဲ့တယ်။ ငွေတချို့ ပိုရအောင်နဲ့ ကျွန်မကလေးတွေ ပညာရေးကောင်းကောင်း ရအောင်လို့၊ ကျွန်မယောက်ျားနဲ့ နေရာအနှံ့ ခရီးသွားပြီး ပြန်သုံးလို့ရတဲ့ ပစ္စည်းတွေကို စုခဲ့တယ်။ နေ့တိုင်း မနက်ကနေ နေဝင်တဲ့အထိ ကျွန်မ အလုပ်လုပ်ပြီးတော့ အရမ်းပင်ပန်းပြီး တစ်ကိုယ်လုံး ကိုက်ခဲပေမဲ့ ကိုယ့်ကိုယ်ကိုယ် အနားမပေးခဲ့ဘူး။ ခေါင်းထဲမှာ စိတ်ကူးတစ်ခုပဲရှိတယ်။ ဘယ်လောက်ခက်ခဲပါစေ၊ သူတို့လေးတွေကို ပညာရေးကောင်းကောင်း ထားပေးရမယ်လို့ပေါ့။ ဒါမှ အနာဂတ်မှာ နာမည်ကြီးတဲ့ ကောလိပ်တစ်ခုကို ဝင်နိုင်ပြီး ကောင်းမွန်တဲ့ ရှေ့ရေးရှိမှာလေ။ ဒီအတွက် ကျွန်မ ပင်ပန်းရရင်တောင် တန်မှာပဲ။

တစ်ခါ၊ ကျွန်မကလေးတွေကို ကြည့်ဖို့ ကျွန်မ အိမ်ပြန်လာတယ်။ ကျွန်မသားရဲ့ အမှတ်တွေ လျော့နေတယ်လို့ ကျွန်မအမေပြောတဲ့အခါ၊ ကျွန်မ အရမ်းစိတ်ဆိုးသွားပြီး၊ အတော်ကြာအောင် ကျွန်မသားကို ဆူတယ်။ “ငါ အပြင်ထွက်ပြီး ငွေရှာတာ လွယ်တယ်များ ထင်နေလား။ သံတိုသံစတွေ ကောက်တဲ့ ငါတို့ကို လူတိုင်းက အထင်သေးကြတယ်။ ဒီအရာအားလုံးကို နင်တို့နှစ်ယောက်အတွက် ငါ သည်းညည်းခံနေခဲ့တာ မဟုတ်လား။ နင်တို့ စာမကြိုးစားရင် ဘာလုပ်ကြမှာလဲ”လို့ ပြောလိုက်တယ်။ ကျွန်မသားက စပြီး အော်ပြောတယ်။ “အမေ၊ သားမှားပါတယ်”တဲ့။ နောက်ပိုင်းမှာ၊ ကျွန်မအမေက ကလေးနှစ်ယောက်ကို မနိုင်နင်းမှာကို ကျွန်မ ကြောက်ပြီး သူတို့ရဲ့ ပညာရေးနဲ့ အမှတ်တွေ လျော့ကျမှာကိုလည်း စိုးရိမ်မိခဲ့တယ်။ ဒါကြောင့်၊ ကျွန်မကလေးတွေရဲ့ ကျောင်းဘေးမှာ နေရာတစ်ခုကို ငှားပြီး၊ စီးပွားရေး လုပ်ငန်းလေးတစ်ခု လည်ပတ်ခဲ့တယ်။ ဒီအခွင့်အရေးကို ယူပြီးကျွန်မကလေးနှစ်ယောက်ရဲ့ ပညာရေးကို သူတို့ အထက်တန်းကျောင်းဝင်ခွင့် စားမေးပွဲ အောင်တဲ့အထိ စောင့်ကြည့်ခဲ့တယ်။ အဲဒီနှစ်တွေမှာ ကျွန်မကလေးတွေကိုပဲ အာရုံစိုက်စဉ်းစားခဲ့တယ်။ ကျွန်မကလေးတွေ ကောလိပ်ဝင်ခွင့် စာမေးပွဲအောင်ဖို့၊ သူတို့ စာလေ့လာတာတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခဲ့ပြီး သူတို့မှာ အားချိန် တစ်စက္ကန့်တောင်မရှိခဲ့ဘူး။ ရေချိုးခန်းမှာ သူတို့ အချိန်နည်းနည်း ကြာရင်၊ မြန်မြန်လုပ်ဖို့ ကျွန်မ ပြောတယ်။ သူတို့က တစ်ခါတလေ အပြင်ထွက်ပြီး ကစားချင်တာ၊ တီဗီကြည့်ပြီး အပန်းဖြေချင်တာရှိတဲ့အခါ သူတို့ကို ကျွန်မ ဆူတယ်။ “နင်တို့ ဦးလေးကို ကြည့်ကြ။ နာမည်ကြီး ကောလိပ်ဝင်ခွင့်စာမေးပွဲအောင်ပြီး သူရတဲ့အလုပ်ကလည်း လေးစားစရာကောင်းတယ်။ သူ့အမျိုးတွေနဲ့ အိမ်နီးချင်းအားလုံးက သူ့ကို လေးစားကြတယ်။ နင်တို့ ဦးလေးဆီကနေ နင်တို့ သင်ယူသင့်တယ်။ နင်တို့ အခု ဒုက္ခခံပြီးတော့ အသိပညာကိုပိုပြီး ရအောင်မလုပ်ရင် နောက်ပိုင်းမှာ ကောင်းတဲ့ဘဝကို ဘယ်လိုရှိနိုင်မှာလဲ။ အသာစံဖို့အတွက် အနာခံရမည်ဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ” လို့ ပြောလိုက်တယ်။ တစ်ခါတလေ သူတို့ စာကြိုးစားအောင် တိုက်တွန်းအားပေးဖို့ ပညာရေးကို လုံ့လဝီရိယနဲ့ ချဉ်းကပ်တဲ့သူတွေရဲ့ စံပြဇာတ်လမ်းတွေကိုတောင် သူတို့ကို ကျွန်မ ပြောပြခဲ့တယ်။ ကလေးနှစ်ယောက်က မတတ်သာတဲ့ပုံစံနဲ့ ပြောတယ်။ “အမေ၊ မပြောပါနဲ့တော့။ အမေပြောသမျှအားလုံးကို သားတို့ အလွတ်ရနေပြီ။ စိတ်လျော့ပါ၊ သားတို့ အမေ့အတွက် ကောလိပ်ဝင်ခွင့် စာမေးပွဲ သေချာပေါက် အောင်မှာပါ”တဲ့။ အဲဒီတုန်းက၊ ကျွန်မ နေ့တိုင်း မနက် ၅ နာရီမှာ မနက်စာလုပ်ဖို့ ထပြီး ကျွန်မကလေးတွေ အချိန်ကုန်သက်သာအောင်လို့၊ ညနေမှာ သူတို့ညစာကို ပြင်ဆင်ပေးပြီး သူတို့စားဖို့ ကျောင်းကို သွားပို့တယ်။ ကျောင်းမှာ သူတို့ ညနေစောင်းထိ ကိုယ့်ဘာသာ စာကြည့်တာပြီးတဲ့အခါ၊ အိမ်ပြန်လာပြီး ဆက်စာကြည့်ကြတယ်။ သူတို့ ပျင်းမှာစိုးလို့ ကျွန်မ သူတို့ကို ညသန်းခေါင်ထိ ခဏခဏ အဖော်လုပ်ပေးခဲ့တယ်။ သူတို့ရဲ့ နေ့စဉ်ဘဝတွေမှာ၊ သူတို့ရဲ့ အစားအစာတွေကို ထိန်းဖို့လည်း ကျွန်မ နည်းလမ်းမှန်သမျှ စဉ်းစားခဲ့တယ်။ ငါးကြင်းစွပ်ပြုတ်က ဦးနှောက်အတွက် ကောင်းတယ်လို့ ကျွန်မ ကြားရတော့ သူတို့စားဖို့ ခဏခဏ ပြင်ဆင်ပေးတယ်။ ကျောင်းသားတွေရဲ့ ဦးနှောက်နဲ့ ဦးနှောက်အားဆေးအတွက် အထူးနွားနို့ကိုတောင် သူတို့အတွက် ဝယ်ပေးခဲ့တယ်။ နေ့တိုင်း သူတို့ သဘာဝဖြစ် ကြက်ဥတစ်လုံး စားရတယ်။ ကလေးရဲ့ ကိုယ်ခန္ဓာအတွက် ကောင်းတယ်လို့ ကြားတဲ့အရာ ဘယ်အရာမဆို ကျွန်မ ဝယ်တယ်။ ကျွန်မသားလေး ပိုကောင်းတဲ့ အမှတ်တွေရနိုင်အောင် ပိုတော်အောင်လို့ အဲဒီလို ကျွန်မ လုပ်ခဲ့တာပါ။ ကလေးနှစ်ယောက်လုံးက တကယ် ကြိုးစားပြီး သူတို့အမှတ်တွေ တက်လာတယ်။ ကျွန်မသမီးက နောက်ဆုံးမှာ ကောလိပ်ဝင်ခွင့်အောင်သွားပြီး၊ ကျွန်မသားရဲ့ အစမ်းစာမေးပွဲရမှတ်တွေကြောင့် ထိပ်ဆုံးကျောင်းသားနည်းနည်းထဲမှာ သူပါခဲ့တယ်။ ကျွန်မ အရမ်းကို ဝမ်းသာသွားပြီး၊ “သူတို့ ဒီလိုဆက်လုပ်ရင်၊ အဓိက တက္ကသိုလ်ဝင်ခွင့်အောင်ဖို့ဆိုတာ ငါ့သားအတွက် ပြဿနာဖြစ်မှာမဟုတ်ဘူး”လို့ တွေးမိတယ်။ နောက်ပိုင်းမှာ၊ ကျွန်မသားကို ကျွန်မ ပိုအနီးကပ် ဆက်ပြီးစောင့်ကြည့်တယ်။

ကောလိပ်ဝင်ခွင့်စာမေးပွဲ နီးလာတော့ ဖိအားကြောင့် ကျွန်မသားရဲ့ အာရုံကြောတွေ အရမ်းတင်းလာခဲ့ပြီး၊ ညမှာ အိပ်ဖို့ အခက်တွေ့လာတယ်။ နောက်ဆုံး သူ နေမကောင်းဖြစ်တယ်၊ ဖျားပြီး ချောင်းဆိုးတယ်။ ဆေးသောက်ပြီး ဆေးထိုးတာတွေက ဘာအကျိုးမှမရှိဘူး။ ပြီးတော့ သူ့အမှတ်တွေ ထိုးဆင်းသွားတယ်။ ကျွန်မ မြင်ရတဲ့အရာက ကျွန်မကို ရင်ထဲ၊ အသည်းထဲထိ နာကျင်စေတယ်။ သူဆက်စာကြည့်ရင် သူ့ရဲ့ ခန္ဓာကိုယ်က မခံနိုင်မှာ ကျွန်မ ကြောက်ခဲ့ပေမဲ့၊ အရမ်းအရေးကြီးတဲ့အချိန်က ရောက်လာတော့မှာလေ။ ကျွန်မသား နေမကောင်းဖြစ်တာက မသက်သာသေးဘဲ သူ့အမှတ်တွေကလည်း ကျသွားတယ်။ သူ အနာဂတ်မှာ ဘယ်လိုလုပ် ကောင်းတဲ့ ရှေ့ရေး ရှိနိုင်မှာလဲ။ သူ စာမေးပွဲဖြေတာ အားရလောက်စရာမရှိရင်၊ ပြီးခဲ့တဲ့ သုံးလေးနှစ်အတွင်း ကျွန်မအားထုတ်တာတွေက အလကားဖြစ်သွားမှာ မဟုတ်လား။ လက်မခံနိုင်စရာပဲ။ ကျွန်မသားအနေနဲ့ သူ့အနာဂတ်မှာ ရမှတ်ကောင်းရပြီး ကောင်းမွန်တဲ့ ရှေ့ရေးရှိအောင်လို့ သူ့ကို ကျွန်မ ဆက်ပြီး အချိန်ပို စာကြည့်ခိုင်းရမယ်ပေါ့။ အဲဒီနောက် နေ့တိုင်း ကျွန်မ ကုတင်ခေါင်းရင်းမှာ ထိုင်ပြီး ကျွန်မသား စာကြည့်တာကို စောင့်ကြည့်ခဲ့တယ်။ ကျွန်မသားက သူ့ကို ကျွန်မစိုက်ကြည့်နေတာကို မြင်တော့ မတတ်သာတဲ့ပုံစံနဲ့ ပြောတယ်။ “နောက်ကျရင် သားမှာ ကလေးတွေ ရှိရင်၊ သား သူတို့ကို သေချာပေါက် အမေလုပ်သလိုမျိုး ပညာသင်ပေးမှာ မဟုတ်ဘူး။ သူတို့ကို လွတ်လပ်ခွင့်တချို့ပေးပြီး ဘတ်စ်ကက်ဘောပဲဖြစ်ဖြစ်၊ စားပွဲတင်တင်းနစ်ပဲဖြစ်ဖြစ် ကစားခွင့်ပေးမယ်”တဲ့။ ကျွန်မသား ဒီလိုပြောတာကို ကျွန်မကြားတော့၊ ကျွန်မ စိတ်နှလုံး နာကျင်ရတယ်။ ဒါပေမဲ့ အနာဂတ်မှာ သူ ထင်ပေါ်ပြီး ကောင်းမွန်တဲ့ ဘဝတစ်ခု ရှိအောင်လို့၊ ကျွန်မ ဒါကိုလုပ်မှဖြစ်မယ် ပေါ့။ ကျွန်မရဲ့ သား နာမကျန်းဖြစ်တာက မသက်သာတာကို မြင်တော့၊ ကျွန်မ တကယ် ပူပန်လာတယ်။ တွေးမိတယ်။ “ငါ့သားဖျားတာက ကောလိပ်ဝင်ခွင့်စာမေးပွဲအချိန်ထိ မသက်သာသေးရင်၊ သူ့ရဲ့ စွမ်းဆောင်ရည်ကို သေချာပေါက် ထိခိုက်မှာပဲ။ တကယ်လို့ သူ စာမေးပွဲဖြေတာ အားရလောက်စရာမရှိရင်၊ အရင်က ငါအားထုတ်တာတွေအားလုံး အလကားဖြစ်မှာမဟုတ်လား။ ငါတို့ အမျိုးတွေနဲ့ အိမ်နီးချင်းတွေက ငါ့ကို သေချာပေါက်ကို လှောင်စရာဖြစ်အောင် လုပ်မှာပဲ။ ငါ အရမ်းအားစိုက်ပြီး အများကြီးပေးဆပ်ခဲ့ပေမဲ့ အဆုံးမှာ ဘာမှမကျန်ဘူး။ ငါ့ရဲ့ နာမည်ဂုဏ်သတင်းက ဘာဖြစ်လာမှာလဲ”လို့ပေါ့။ ကျွန်မသား နေမကောင်းတာကို အမြန်ဆုံး ကုဖို့၊ နေရာတိုင်းမှာ ဆရာဝန်တွေဆီ ဆေးတောင်းခဲ့ပေမဲ့၊ ကျွန်မသား နေမကောင်းတာက သက်သာမလာသေးဘူး။ နေ့တိုင်း ကျွန်မမျက်နှာက စိုးရိမ်မှုနဲ့ တွန့်ရှုံ့နေပြီး သက်ပြင်းတွေ လေးလေးပင်ပင် ချမိတယ်။ ကျွန်မသား နေမကောင်းဖြစ်တာ သက်သာလာမဲ့အချိန်ကိုပဲ တွေးနေမိတယ်။ ကျွန်မ လမ်းဆုံးကို ရောက်တဲ့အချိန်မှာပဲ၊ ကျွန်မ ခရစ်ယာန်တစ်ယောက်ဖြစ်မှန်းနဲ့ ဒီအခက်အခဲတွေကို ဘုရားဆီ အပ်နှံပြီး သူ့ကို အားကိုးသင့်မှန်း သတိရခဲ့တယ်။ ဒီလိုနဲ့၊ ဆုတောင်းခြင်းနဲ့ ဘုရားရှေ့ကို ကျွန်မ လာခဲ့တယ်။ “အို ဘုရားသခင်၊ ကျွန်မသားက သူ့နာမကျန်းမှုအတွက် ဆေးသောက်ပြီး ဆေးထိုးပြီးပြီဖြစ်ပေမဲ့ မသက်သာသေးပါဘူး။ ကောလိပ် ဝင်ခွင့်စာမေးပွဲကလည်း ရောက်တော့မှာဖြစ်သလို၊ ကျွန်မ ဘာလုပ်ရမှန်း မသိပါဘူး။ အို ဘုရားသခင်၊ ကျွန်မသားရဲ့ နာမကျန်းမှု အမြန် သက်သာနိုင်အောင် ကျေးဇူးပြုပြီး သေချာစေပါ”လို့ပေါ့။ တစ်ည၊ ကျွန်မ အပြင်ထွက်လမ်းလျှောက်နေတုန်း ညီအစ်မတစ်ယောက်နဲ့ ဆုံတယ်။ ကျွန်မအခြေအနေ ခုတလော ဘယ်လိုလဲလို့ သူ မေးတယ်။ ကျွန်မရဲ့ ဆင်းရဲဒုက္ခအကြောင်းကို ကျွန်မ ပြောပြပြီး သူက ကျွန်မနဲ့ မိတ်သဟာယပြုပေးခဲ့တယ်။ “ကျွန်မတို့က ဘုရားကို ယုံကြည်သူတွေပါ။ အစ်မသားရဲ့ စာလေ့လာမှုနဲ့ သူ့ကျန်းမာရေး အခြေအနေကို ဘုရားဆီ အပ်နှံသင့်တယ်။ ဘုရား တာဝန်ယူပါစေ”တဲ့။ အဲဒီညီအစ်မက ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်တောင် ဖတ်ပြခဲ့တယ်။ “လူ၏ကံကြမ္မာကို ဘုရားသခင်၏လက်များက ထိန်းချုပ်ထား၏။ သင်သည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိပေ- လူသည် သူ၏အကျိုးအတွက် အမြဲပြေးလွှားကာ အလုပ်ရှုပ်နေသော်လည်း၊ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိမြဲဖြစ်လေသည်။ သင်သည် သင်ကိုယ်တိုင်၏အလားအလာများကို သိနိုင်မည်ဆိုပါက၊ သင်၏ကံကြမ္မာကို ထိန်းချုပ်နိုင်မည်ဆိုပါက၊ သင်သည် အဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်ဦးမည်လော။...ထို့ကြောင့်၊ ဘုရားသခင်သည် လူကို မည်သို့ ပြစ်တင်ဆုံးမကာ တရားစီရင်သည်ဖြစ်စေ၊ အားလုံးသည် လူ၏ ကယ်တင်ခြင်းအတွက်သာ ဖြစ်၏။ သူသည် လူသားထံမှ ၎င်း၏ ဇာတိဆန်သည့် မျှော်လင့်ချက်များကို ဖယ်ရှားပစ်သော်လည်း၊ ယင်းသည် လူသားကို သန့်စင်စေခြင်းအတွက်ဖြစ်ပြီး လူ ရှင်သန်နိုင်ဖို့အလို့ငှာ လူကိုသန့်စင်ခြင်းကို လုပ်ဆောင်ခြင်း ဖြစ်သည်။ လူ၏ ခရီးပန်းတိုင်သည် ဖန်ဆင်းရှင်၏ လက်ထဲတွင်ရှိ၏၊ ထို့ကြောင့် လူသည် မိမိကိုယ်ကိုယ် မည်သို့ ထိန်းချုပ်နိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) ဘုရားနှုတ်ကပတ်တော်တွေ ကြားပြီးတော့ ကျွန်မ နားလည်သွားတယ်။ ဖန်ဆင်းခံတစ်ယောက်အတွက်၊ ဒီဘဝမှာ ဆင်းရဲဒုက္ခ ဘယ်လောက် သည်းညည်းခံသင့်တယ်ဆိုတာနဲ့ ကောင်းချီးဘယ်လောက် မွေ့လျော်သင့်တယ်ဆိုတာကို ဘုရားက စီမံပြီးပြီ။ အဲဒါကို ဘယ်သူမှ ပြောင်းလဲလို့မရဘူး။ လူတွေက သူတို့ကံကြမ္မာနဲ့အနာဂတ် ရှေ့ရေးတွေအတွက် အရာရာကို စဉ်းစားကြပြီး၊ ကျော်ကြားခြင်းနဲ့ အကျိုးအမြတ်အတွက် အပြေးအလွှားသွားပြီး အလုပ်များကြတယ်။ ဒါပေမဲ့ ငွေဘယ်လောက်ပဲ သူတို့ ရှာပါစေ၊ သူတို့ရဲ့ ပညာရေး ဘယ်လောက်မြင့်ပါစေ၊ သူတို့ကိုယ်ပိုင် ဒါမှမဟုတ် တခြားလူတွေရဲ့ ကံကြမ္မာတွေကို မပြောင်းလဲနိုင်ကြဘူး။ ထင်ပေါ်ခြင်းနဲ့ မိသားစုနာမည်ကို ဂုဏ်ဆောင်ခြင်းကို လိုက်စားခြင်းအတွက် မြင့်မားတဲ့ဘဝကို ဘယ်လိုအသက်ရှင်ရမယ်ဆိုတာ ကျွန်မ တွေးခဲ့တယ်။ ကိုယ်တိုင် အကောင်အထည်မဖော်ခဲ့ရတဲ့ အိမ်မက်တွေကိုယူပြီး ကျွန်မ သားသမီးတွေအပေါ်ထားခဲ့တယ်။ သူတို့အပေါ် အရမ်းအားစိုက်ခဲ့တယ်။ သူတို့ကို ကောင်းမွန်တဲ့ ပညာရေးတစ်ခု ပေးဖို့၊ ကျွန်မယောက်ျားနဲ့ ကျွန်မက အလုပ်လုပ်ပြီး ငွေရှာခဲ့တယ်။ ပြီးတော့ ပင်ပန်းနွမ်းနယ်ပြီး ကျွန်မတို့ ခန္ဓာကိုယ်တွေ ပြိုလဲနေချိန်မှာတောင် ဆက်အလုပ်လုပ်နေခဲ့ကြတယ်။ ကျွန်မတို့ ကလေးတွေ ထင်ပေါ်သရွေ့၊ ဆင်းရဲဒုက္ခနဲ့ ပင်ပန်းမှုအားလုံး တန်ခဲ့တယ်။ ကျွန်မ သားသမီးတွေက ဂုဏ်သတင်းကြီးတဲ့ ကောလိပ်တွေ ဝင်ခွင့်အောင်ဖို့၊ သူတို့ကို ဘာလွတ်လပ်ခွင့်မှ မပေးခဲ့ဘူး။ ကျွန်မသားရဲ့ အာရုံကြောတွေက ပြင်းပြင်းထန်ထန် ဒဏ်ဖြစ်ပြီး၊ သူ အားရလောက်အောင် မအိပ်ခဲ့ရပေမဲ့ ဘာမှ မပြောရဲခဲ့ဘူး။ သူ ချောင်းဆိုးပြီး နေမကောင်းဖြစ်နေချိန်မှာတောင် သူ စာကြည့်တာကို ကျွန်မ စောင့်ကြည့်ခဲ့တယ်။ ကျွန်မသားကို ကျွန်မ ပေးသမျှက သူ့ရဲ့ အာရုံကြောတွေကို ဖိအားပေးတာဖြစ်ပြီး၊ ပြောရက်စရာမရှိအောင် သူ့ကို ညှဉ်းဆဲခဲ့တာပါပဲ။ သူ့ကို ကျွန်မ ထိန်းချုပ်ပြီး သူ့ကံကြမ္မာကို ပြောင်းလဲပေးဖို့ ရည်မှန်းချက်တွေ ရှိခဲ့တယ်။ ဒါက ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံခြင်း မဟုတ်ဘူး။ ဘုရားကို ပုန်ကန်ခြင်းပဲ။ ဒါကို သဘောပေါက်တော့ ဘုရားကို ကျွန်မ ဆုတောင်းပြီးကျွန်မရဲ့ အနာဂတ် ရှေ့ရေးတွေကို ဘုရားထံ အပ်နှံချင်တယ်၊ သူ ကောလိပ်ဝင်ခွင့်အောင်သည်ဖြစ်စေ၊ မအောင်သည်ဖြစ်စေ၊ ဘာပဲဖြစ်လာပါစေ၊ ကျွန်မသားကို အဲဒီလို ထပ်ပြီး တစ်ခါမှ ဖိအားမပေးတော့ဘူးဆိုပြီး ပြောလိုက်တယ်။ ဒါပြီးသွားတော့ ကျွန်မစိတ်နှလုံးလည်း နည်းနည်း လွတ်မြောက်သွားတယ်။ ရက်နည်းနည်း အကြာမှာပဲ၊ ကျွန်မတို့ အဆောက်အဦးရဲ့ တတိယထပ်က လူငယ်လေးတစ်ယောက်က သူ့ရဲ့ တတိယနှစ် စာလေ့လာမှုတွေရဲ့ ဖိအားကြောင့် ရုတ်တရက် စိတ်မမှန်တော့ဘူးလို့ ကြားရတယ်။ နေ့ရောညပါ သူ့မိဘတွေကို “ခင်ဗျားတို့က ကျွန်တော့်ကို ရူးအောင်လုပ်တဲ့သူတွေပဲ။ ခင်ဗျားတို့က ကျွန်တော့်ကို ရူးအောင်လုပ်တဲ့သူတွေပဲ”လို့ အော်နေခဲ့တယ်။ အဲဒီတုန်းက ကျွန်မ အရမ်းကြောက်သွားပြီး၊ တစ်ချိန်က ကျွန်မသားကို စာကြည့်ဖို့ ကျွန်မ ဖိအားပေးနေခဲ့တဲ့ မြင်ကွင်းတိုင်းက ရုပ်ရှင်တစ်ကားလို ကျွန်မမျက်စိရှေ့ ပေါ်လာတယ်။ ကျွန်မသားကို ဒီလို စာကြည့်အောင် ကျွန်မ ဆက်ဖိအားပေးရင်၊ အဲဒီကောင်လေးလိုပဲ ဖြစ်သွားမှာလားပေါ့။ ကျွန်မ ကိုယ့်ဘာသာတွေးမိတယ်။ “ငါ့ကလေးကို ဒီလို ဆက်ဖိအားပေးနေလို့ မဖြစ်ဘူး”လို့ပေါ့။ အဲဒီအချိန်ကစပြီး၊ ကျွန်မ စုဝေးပွဲတွေ ပုံမှန်စတက်ပြီး ဘုရားနှုတ်ကပတ်တော်ကို စားသောက်တယ်။ ကျွန်မသားကို စာကြည့်ဖို့ လုံးဝ ထပ်ဖိအားမပေးတော့ဘူး။

နောက်ပိုင်းမှာ ကျွန်မသားက မမျှော်လင့်ဘဲ အဓိက တက္ကသိုလ်တစ်ခုမှာ ဝင်ခွင့်အောင်ခဲ့တယ်။ ကျွန်မ အရမ်းပျော်ပေမဲ့ ပျော်လို့ပြီးသွားတော့၊ ကျွန်မ စိတ်နှလုံးက မငြိမ်မသက်ခံစားရတယ်။ ဘာလို့လဲဆိုတော့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရာကတစ်ဆင့် အသိပညာမှာ ဘုရားမဲ့ဝါဒအတွေးနဲ့ ရှုထောင့်တွေ အများကြီး ပါတာကိုလည်း ကျွန်မ နားလည်ခဲ့ရလို့ပါ။ အသိပညာ ပိုဆည်းပူးလေ၊ စာတန်ရဲ့ အဆိပ်တွေ ထိုးသွင်းခံရလေပဲ။ ဒါတွေက လူတွေကို ဘုရားနဲ့ ကင်းကွာစေပြီး ဘုရားကို ငြင်းပယ်စေတယ်။ နောက်ဆုံးမှာ ဘုရားရဲ့ ကယ်တင်ခြင်း ဆုံးရှုံးသွားစေတယ်။ ကျွန်မသားက နှစ်နှစ် သုံးနှစ်လောက် ကောလိပ်တက်ပြီး၊ စာတန်ရဲ့ အတွေးမှားတွေအများကြီး သွတ်သွင်းခံရရင်၊ သူ့အတွက် ဘုရားရှေ့လာဖို့ ခက်ခဲမှာပဲ။ ဒါကြောင့် သူ ပြန်လာတဲ့အခါ ကျွန်မ သူနဲ့ စုဝေးပြီး သူ့ကို ဘုရားနှုတ်ကပတ်တော်တွေ စားသောက်ခိုင်းမယ်၊ သူ့ကို ဘုရားနဲ့ သိပ်အများကြီး ကင်းကွာခွင့်မပေးဘူးလို့ တွေးခဲ့တယ်။ ကျွန်မကလေးတွေ ငယ်ငယ်တုန်းက ဘုရားကို ယုံကြည်ခဲ့ကြပြီး ကျွန်မအမေနဲ့တောင်ဆုတောင်း၊ စုဝေးခဲ့ကြပေမဲ့၊ အဲဒီအတောအတွင်းမှာ ကျွန်မက သူတို့ကို ကောင်းမွန်တဲ့ ပညာရေးတစ်ခု စိတ်အကြွင်းမဲ့ ရစေချင်ခဲ့ပြီး၊ ဘုရားရှေ့ သူတို့ကို မခေါ်ဆောင်ချင်ခဲ့ပုံကို တွေးမိတယ်။ အခု၊ ကပ်ဘေးက ပိုကြီးသထက် ကြီးလာနေတာကို ကျွန်မ မြင်ရတယ်။ ကျွန်မသားသမီးတွေက ဘုရားကို မယုံကြည်ကြသလို ဘုရားရဲ့ စောင့်ရှောက်မှုနဲ့ ကွယ်ကာမှု မရှိကြဘူး။ တစ်နေ့ ကပ်ဘေးနဲ့တွေ့ပြီး သူတို့ သေကောင်းသေနိုင်တယ်။ ကျွန်မသားသမီးတွေကို ကျွန်မ ဧဝံဂေလိ ဖြန့်ပြီး ဘုရားရှေ့ကို သူတို့ကို ခေါ်ချင်ခဲ့တယ်။ အဲဒါနဲ့ အားလပ်ရက်တွေမှာ နေဖို့ သူတို့ ပြန်လာတဲ့အခါ၊ ဘုရားနှုတ်ကပတ်တော်တွေကို သူတို့ကို ကျွန်မ ဖတ်ပြတယ်။ သူတို့ကို ဘုရားနှုတ်ကပတ်တော် ဖတ်ပြတော့ သူတို့ နားထောင်ကြပေမဲ့၊ စုဝေးပွဲတစ်ခု စီစဉ်ဖို့ ကျွန်မ ပြောလိုက်တာနဲ့ ကျွန်မသားက မလိုမလားဖြစ်နေတယ်။ သူက “သား အရမ်းအလုပ်များနေတယ်။ အခု သားရောက်နေတဲ့ အခြေအနေကို ရောက်ဖို့ မလွယ်ဘူး။ သားစာမကြည့်ရင် ဘယ်လိုလုပ်ပြီး ကောင်းမွန်တဲ့ ဘဝတစ်ခု ရှိမှာလဲ။ ခုချိန် ပြိုင်ဆိုင်မှုက အရမ်းပြင်းထန်နေတာ။ သိက္ခာရှိတဲ့အလုပ်တစ်ခု ရှာတွေ့ဖို့ မလွယ်ဘူး။ သားနားမလည်ဘူး။ အခု သားက မဟာဘွဲ့ကို ရပြီးတော့ ပါရဂူဘွဲ့အတွက် စာကြည့်နေတယ်။ အဲဒါက အမေ အမြဲ လိုချင်ခဲ့တဲ့အရာ မဟုတ်ဘူးလား။ သား အောင်မြင်မှုနဲ့ အသိအမှတ်ပြုမှု ရတော့မှာဖြစ်ပြီး နောက်ဆုံးမှာ ကောင်းမွန်တဲ့ ဘဝတစ်ခု ရှိတော့မှာ။ သားအတွက် အမေ ပျော်သင့်တယ်။ အမေက ဘာလို့ နောက်ဆုံးကျမှ ကပ်ပြီးနောက်ဆုတ်ဖို့ပြောနေပြီးတော့ တခြားလူတစ်ယောက်ဖြစ်သွားသလိုမျိုး ထင်ရတာလဲ” လို့ပြောပြီး ကျွန်မကို နှင်တယ်။ ကျွန်မသားပြောတာကို ကြားတော့ ကျွန်မ ပြောမပြတတ်အောင် ပူဆွေးမှုခံစားရတယ်။ သူ ပြောတဲ့စကားလုံးတိုင်းမှာ သူ့နားထဲ ကျွန်မနေ့တိုင်း သွင်းလေ့ရှိခဲ့တဲ့ အရာပါဝင်နေခဲ့တယ်။ အထူးသဖြင့် အခု ကျွန်မသားက သူ့ရဲ့ စာတမ်းနဲ့ အလုပ်များနေတော့ ညတိုင်း မနက် တစ်နာရီကျော်ထိ သူ မအိပ်ဘူး။ သူ့ရဲ့ အသက်နှစ်ဆယ်အရွယ်မှာပဲ သူက နဖူးပြောင်နေပြီ။ ကျွန်မသား ပင်ပန်းနွမ်းနယ်ပုံကို မြင်တော့၊ ကျွန်မ ပူပန်သောကဖြစ်ပြီး ဝမ်းနည်းမိတယ်။ အရင်တုန်းက ကျွန်မသားကို ကျွန်မ သွန်သင်ဆုံးမလေ့ရှိခဲ့ပုံအတွက် ကိုယ့်ကိုယ်ကိုယ်ပဲ မုန်းနေမိတယ်။ အခု ကျွန်မသားကို ပါရမီရှင်အဖြစ် ပျိုးထောင်ခဲ့ပြီဖြစ်ပေမဲ့ သူက ဘုရားနဲ့ ဝေးသွားတယ်။

နောက်ပိုင်းမှာ ကျွန်မ သေချာတွေးကြည့်တယ်။ ကျွန်မသားသမီးတွေ အသိပညာ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ် လိုက်စားအောင် ကျွန်မ အကောင်းဆုံး လုပ်ခဲ့တယ်။ သူတို့ကို ပါရမီရှင်တွေအဖြစ် စွဲစွဲမြဲမြဲ ပျိုးထောင်ပေးခဲ့တယ်။ ဒါပေမဲ့ အဆုံးမှာ ကျွန်မသားသမီးတွေကို ကျွန်မ ဘာပေးခဲ့မိလဲ။ စစ်မှန်တဲ့ ပျော်ရွှင်မှုကိုပေးခဲ့လားပေါ့။ တစ်နေ့တော့ ဝတ်ပြုဆုတောင်းတဲ့အချိန်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်မိတယ်။ “မိသားစုမှလာသော ဝန်ထုပ်များနှင့် ပတ်သက်လာသည့်အခါ ကဏ္ဍနှစ်ခုမှ ငါတို့ ဆွေးနွေးနိုင်သည်။ ကဏ္ဍတစ်ခုမှာ မိဘ၏ မျှော်မှန်းချက်များ ဖြစ်သည်။ မိဘ သို့မဟုတ် လူကြီးသူမတိုင်းတွင် မိမိတို့ သားသမီးများအတွက် အမျိုးမျိုးသော မျှော်မှန်းချက် ကြီးကြီးငယ်ငယ် ရှိကြသည်။ ၎င်းတို့က မိမိတို့ သားသမီးများအနေဖြင့် စာကြိုးစားလေ့လာမည့်အရေး၊ လိမ္မာစွာ ပြုမူဆောင်ရွက်မည့်အရေး၊ ကျောင်းတွင် ထူးချွန်ပြီး တောက်လျှောက် အမှတ်အများဆုံးရသော ကျောင်းသားများဖြစ်ကာ မခိုမကပ်ဘဲ နေကြမည့်အရေးတို့ကို မျှော်လင့်ကြသည်။ မိမိတို့၏ သားသမီးများကို ဆရာများနှင့် အတန်းဖော်များ၏ လေးစားမှုကို ခံရစေချင်ကြပြီး ၎င်းတို့၏ အမှတ်ကို ၈၀ အထက်တွင် ပုံမှန်ရှိစေချင်ကြသည်။ ကလေးက အမှတ် ၆၀ ရလျှင် အရိုက်ခံရလိမ့်မည်ဖြစ်ပြီး အမှတ် ၆၀ အောက်ရလျှင် နံရံကို မျက်နှာမူကာ မိမိတို့၏ အမှားများကို စဉ်းစားရမည် သို့မဟုတ် အပြစ်ဒဏ်အဖြစ် လုံးဝ မလှုပ်မယှက် မတ်တပ်ရပ်ခိုင်းသည်ကို ခံရမည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် စားခွင့်၊ အိပ်ခွင့်၊ ရုပ်မြင်သံကြား ကြည့်ရှုခွင့် သို့မဟုတ် ကွန်ပြူတာသုံး၍ ကစားခွင့် ရမည်မဟုတ်သကဲ့သို့ ယခင်က ကတိပြုထားခဲ့သည့် ဝတ်ကောင်းစားလှများနှင့် အရုပ်များကို ၎င်းတို့အတွက် ဝယ်ပေးတော့မည် မဟုတ်ပေ။ မိဘနှစ်ပါးတိုင်းတွင် မိမိတို့၏ သားသမီးများအတွက် အမျိုးမျိုးသော မျှော်မှန်းချက်များရှိကြပြီး ၎င်းတို့အပေါ် ကြီးမားသည့် မျှော်လင့်ချက်များ ထားရှိကြသည်။ မိမိတို့၏ သားသမီးများက ဘဝတွင် အောင်မြင်မှုရလိမ့်မည်၊ ၎င်းတို့၏ အသက်မွေးမှုလုပ်ငန်းများတွင် မြန်ဆန်သော တိုးတက်မှုများ ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ ဘိုးဘေးများနှင့် မိသားစုကို လေးစားမှုနှင့် ဂုဏ်အသရေ ဆောင်ကြဉ်းပေးလိမ့်မည်ဟု မျှော်လင့်ကြသည်။...သို့ဆိုလျှင် မိဘများထံမှ ဤစိတ်ဆန္ဒများသည် ၎င်းတို့၏ သားသမီးများအတွက် မည်သည့်အရာကို အမှုမဲ့အမှတ်မဲ့ ဖန်တီးသနည်း။ (ဖိအားကို ဖန်တီးပါသည်။) ယင်းတို့က ဖိအားဖန်တီးပြီး အခြားမည်သည့်အရာကို ဖန်တီးသေးသနည်း။ (ဝန်ထုပ်များကို ဖန်တီးပါသည်။) ယင်းတို့သည် ဖိအားများဖြစ်လာပြီး အချုပ်အနှောင်များလည်း ဖြစ်လာသည်။ မိဘများက မိမိတို့ သားသမီးများအတွက် မျှော်လင့်ချက်များရှိသည့်အတွက် ထိုမျှော်မှန်းချက်များအတိုင်း မိမိတို့၏ သားသမီးများကို ၎င်းတို့က ဆုံးမပဲ့ပြင်ကြလိမ့်မည်၊ လမ်းပြကာ သွန်သင်လေ့ကျင့် ပေးကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းရန် ၎င်းတို့ သားသမီးများ၌ပင်လျှင် ရည်စူးမြှုပ်နှံကြလိမ့်မည် သို့မဟုတ် မိမိတို့သားသမီးများအတွက် မည်သည့် အဖိုးအခမဆို ပေးကြလိမ့်မည်ဖြစ်သည်။ ဥပမာအားဖြင့် မိဘများတွင် မိမိတို့ သားသမီးများကို ကျောင်းတွင် ထူးချွန်မည်၊ အတန်းထဲတွင် ထိပ်ဆုံး၌ ရှိလိမ့်မည်၊ စာမေးပွဲတိုင်းတွင် အမှတ် ၉၀ အထက်ရလိမ့်မည်၊ အမြဲ နံပါတ်တစ်ဖြစ်လိမ့်မည် သို့မဟုတ် အဆိုးဆုံးအနေဖြင့် အဆင့် ၅ အောက်တွင် မည်သည့်အခါတွင်မျှ ရှိမည်မဟုတ်ဟု မျှော်လင့်ကြသည်။ ဤမျှော်မှန်းချက်များကို ဖော်ပြပြီးသည့်နောက်တွင် မိဘများသည် တစ်ချိန်တည်းတွင်ပင် ဤရည်မှန်းချက်များကို လက်လှမ်းမီရန် မိမိတို့၏သားသမီးများကို ကူညီဖို့ စတေးမှုအချို့ကိုလည်း ပြုလုပ်ကြသည်မဟုတ်လော။ (ပြုလုပ်ကြပါသည်။) ၎င်းတို့၏ သားသမီးများက ဤရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန်အတွက် အလို့ငှာ သင်ခန်းစာများကို ပြန်လည်းဆန်းစစ်ပြီး စာများကို အလွတ်ကျက်ရန် နံနက်စောစော ထကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ မိဘများကလည်း ၎င်းတို့ကို အဖော်ပြုပေးရန် စောစောထကြလိမ့်မည် ဖြစ်သည်။ ပူပြင်းသော နေ့များတွင် ၎င်းတို့၏ သားသမီးများကို ကူ၍ ယပ်ခတ် ပေးကြလိမ့်မည်၊ အအေးများ ဖျော်ပေးကြလိမ့်မည်၊ သို့မဟုတ် ၎င်းတို့ စားဖို့အတွက် ရေခဲမုန့်များ ဝယ်ပေးကြလိမ့်မည်။ ၎င်းတို့ အိပ်ရာမှ နိုးနိုးချင်း ဦးဆုံးအနေဖြင့် ၎င်းတို့၏ သားသမီးများအတွက် ပဲနို့၊ အီကြာကွေးများနှင့် ကြက်ဥများကို ပြင်ဆင်ပေးကြလိမ့်မည်။ အထူးသဖြင့် စာမေးပွဲများအတောအတွင်းတွင် အီကြာကွေးတစ်ချောင်းနှင့် ကြက်ဥနှစ်လုံးကို စားခြင်းသည် အမှတ် ၁၀၀ ရဖို့ ကူညီပေးလိမ့်မည်ဟု မိဘများက မျှော်လင့်လျက် မိမိတို့၏သားသမီးများကို ထိုသို့ စားခိုင်းကြလိမ့်မည်ဖြစ်သည်။ သင်က ‘ဤအရာအားလုံးကို ကျွန်ုပ် မစားနိုင်ပါ၊ ကြက်ဥတစ်လုံးမျှက လုံလောက်ပါသည်’ဟု ပြောလျှင် ၎င်းတို့က ‘မိုက်သည့်ကလေး၊ ကြက်ဥတစ်လုံး စားလျှင် ဆယ်မှတ်သာ ရလိမ့်မည်။ မေမေ့အတွက် နောက်တစ်လုံးကို စားလော့။ တတ်နိုင်သမျှ ဝင်အောင် စားကြည့်ပါ။ ဤတစ်လုံးကို သင် စားနိုင်လျှင် အမှတ်တစ်ရာ ရလိမ့်မည်’ဟု ပြောလိမ့်မည်။ ကလေးက ‘ကျွန်ုပ် ယခုတင် အိပ်ရာထပါသည်။ မစားနိုင်သေးပါ’ဟု ပြောသည်။ ‘မဟုတ်ပါ၊ သင် စားမှဖြစ်မည်။ လိမ္မာပြီး သင့်မိခင်စကား နားထောင်လော့။ မေမေက သင်ကောင်းဖို့အတွက် ဤအရာကို လုပ်ဆောင်နေခြင်းဖြစ်သည်။ ထို့ကြောင့် မိမိ၏မိခင်အတွက် စားသာ စားချလိုက်လော့’ ကလေးက ‘မေမေက အရမ်းဂရုစိုက်သည်။ သူ လုပ်သမျှတိုင်းက ငါကောင်းဖို့အတွက် ဖြစ်သောကြောင့် ငါ စားလိုက်မည်’ဟု ချင့်ချိန်စဉ်းစား၏။ စားလိုက်သည့်အရာမှာ ကြက်ဥတစ်လုံး ဖြစ်သော်လည်း အမှန်တကယ် မျိုချလိုက်သည့်အရာမှာ မည်သည့်အရာနည်း။ ဖိအားဖြစ်၏။ မလိုလားခြင်းနှင့် စိတ်မပါခြင်းဖြစ်သည်။ စားခြင်းက ကောင်းပြီး ၎င်းတို့ မိခင်၏ မျှော်မှန်းချက်များက မြင့်မားကာ လူ့သဘာဝနှင့် အသိစိတ်တို့၏ ရှုထောင့်မှကြည့်လျှင် ယင်းတို့ကို လက်ခံသင့်သော်လည်း ဆင်ခြင်တုံတရားအရ ဤချစ်ခြင်းမေတ္တာမျိုးကို အတိုက်အခံလုပ်သင့်ပြီး အမှုအရာများကို ဤသို့လုပ်ဆောင်ပုံလုပ်ဆောင်နည်းကို လက်မခံသင့်ပေ။...အထူးသဖြင့် အချို့သော မိဘများက မိမိတို့၏ သားသမီးများအနေဖြင့် မိမိတို့ထက် သာလွန်နိုင်မည်ဟု မျှော်လင့်ရင်း ၎င်းတို့ ပြီးပြည့်စုံအောင် မလုပ်နိုင်ခဲ့သည့် ဆန္ဒတစ်ခုကို ၎င်းတို့ သားသမီးများက ဖြည့်ဆည်းပေးနိုင်မည်ဟု သာ၍ပင် မျှော်လင့်လျက် ၎င်းတို့ သားသမီးများအပေါ် အထူး မျှော်မှန်းချက်များ ထားရှိကြလေသည်။ ဥပမာအားဖြင့် အချို့သော မိဘများသည် မိမိတို့ကိုယ်တိုင် အကသမားများ ဖြစ်လိုစိတ် ရှိကောင်းရှိနိုင်ခဲ့ကြမည် ဖြစ်သော်လည်း ၎င်းတို့ ကြီးပြင်းခဲ့ကြသည့် ခေတ် သို့မဟုတ် မိသားစု အခြေအနေများကဲ့သို့သော အကြောင်းအမျိုးမျိုးကြောင့် အဆုံးတွင် ထိုဆန္ဒကို မဖြည်ဆည်းနိုင်ခဲ့ကြပေ။ ထို့ကြောင့် ထိုဆန္ဒကို သင့်အပေါ် ၎င်းတို့ လွှဲချကြလေသည်။ သင်၏ စာလေ့လာမှုများ၌ အတော်ဆုံးထဲတွင် ရှိရန်နှင့် ဂုဏ်သတင်းကြီးသော တက္ကသိုလ်တစ်ခုတွင် တက်ရောက်ရန် သင့်ကို တောင်းဆိုထားပြီးသားဖြစ်သည့်အပြင် အကသင်တန်းများတွင်လည်း သင့်ကို စာရင်းသွင်းကြသည်။ ကျောင်းပြင်ပတွင် သင့်ကို ၎င်းတို့က အကပုံစံအမျိုးမျိုး သင်ယူစေသည်၊ အကသင်တန်းတွင် ပိုမိုသင်ယူစေသည်၊ အိမ်တွင် ပိုမိုလေ့ကျင့်စေပြီး သင်၏ အတန်းထဲတွင် အကြွင်းမဲ့ အတော်ဆုံး ဖြစ်စေကြသည်။ အဆုံးတွင် ၎င်းတို့က သင့်အား ဂုဏ်သတင်းကြီးသော တက္ကသိုလ်တစ်ခုသို့ တက်ခွင့်ရရှိရန် တောင်းဆိုရုံမက အကသမားတစ်ဦး ဖြစ်ရန်လည်း တောင်းဆိုကြလေသည်။ သင်၏ ရွေးချယ်စရာများမှာ အကသမားတစ်ဦးဖြစ်လာရန် သို့မဟုတ်လျှင် ဂုဏ်သတင်းကြီးသော တက္ကသိုလ်တစ်ခုသို့ သွားရန်ဖြစ်ပြီး ထို့နောက်တွင် ဘွဲ့လွန်သင်တန်း တက်ပြီးနောက် ဒေါက်တာဘွဲ့ရယူရန် ဖြစ်သည်။ သင့်ထံတွင် ရွေးချယ်စရာ ဤလမ်းကြောင်းနှစ်ခုသာ ရှိသည်။ တစ်နည်းအားဖြင့် ၎င်းတို့၏ မျှော်မှန်းချက်များတွင် ၎င်းတို့က သင့်အား ကျောင်းတွင် စာကြိုးစားမည်၊ ဂုဏ်သတင်းကြီးသော တက္ကသိုလ်တစ်ခုကို တက်ရောက်မည်၊ သက်တူရွယ်တူများထဲတွင် ထင်ပေါ်ကာ ကြီးပွားချမ်းသာပြီး ဂုဏ်အသရေတင့်သောအနာဂတ်တစ်ခု ရှိမည်ဟု မျှော်လင့်ကြသည်။ နောက်တစ်နည်းအားဖြင့် ၎င်းတို့ကိုယ်စား ဖြည့်ဆည်းနိုင်မည်ဟု မျှော်လင့်လျက် ၎င်းတို့၏ မပြည့်ဝခဲ့သော ဆန္ဒများကို သင့်အပေါ် လွှဲပြောင်းပေးကြလေသည်။ ဤသို့ဖြင့် ပညာရေးအရဖြစ်စေ၊ သင်၏ အနာဂတ် အသက်မွေးမှု လုပ်ငန်းအရဖြစ်စေ၊ သင်သည် ဝန်ထုပ်နှစ်ခုကို တစ်ချိန်တည်းတွင် သယ်ဆောင်လေသည်။ သဘောတရားတစ်ခုအနေဖြင့် သင်သည် ၎င်းတို့၏ မျော်မှန်းချက်များနှင့် လျော်ညီစွာ နေရမည်ဖြစ်ပြီး ၎င်းတို့က ကောင်းမွန်သည့် ဘဝကို မွေ့လျော်ခံစားနိုင်ရန်အလို့ငှာ သက်တူရွယ်တူကြားတွင် နောက်ဆုံး၌ ထင်ပေါ်ရန် ကြိုးပမ်းရင်း သင့်အတွက် ၎င်းတို့ လုပ်ဆောင်သမျှ အရာရာအတွက် ပြန်ပေးဆပ်ရမည်ဖြစ်သည်။ နောက်သဘောတရားတစ်ခုအနေဖြင့် ၎င်းတို့၏ ငယ်ရွယ်ချိန်တွင် ပြီးမြောက်အောင်မြင်နိုင်ခြင်း မရှိခဲ့ကြသည့် အိပ်မက်များကို သင် ဖြည့်ဆည်းရမည်ဖြစ်ပြီး ၎င်းတို့၏ အလိုဆန္ဒများကို အကောင်အထည်ဖော်ဖို့ ကူညီရမည်ဖြစ်သည်။ ပင်ပန်းဖွယ်ရာဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤဝန်ထုပ်များထဲမှ တစ်ခုခုက သင် သယ်ဆောင်ဖို့ လုံလောက်သည်ထက် ပိုနှင့်ပြီးသားဖြစ်သည်။ တစ်ခုခုက သင့်အပေါ် ဖိစီးမည်ဖြစ်ကာ သင်သည် လေကို အငမ်းမရရှုရှိုက်နေရမည် ဖြစ်သည်။ အထူးသဖြင့် ပြိုင်ဆိုင်မှု အလွန့်အလွန် ပြင်းထန်သည့် ယနေ့ခေတ်တွင် မိမိတို့၏ သားသမီးများအပေါ် မိဘများက ထားရှိသည့် တောင်းဆိုချက်မျိုးစုံမှာ တကယ်ကို မခံမရပ်နိုင်ဖြစ်ပြီး လူမဆန်ပေ။ ယင်းတို့သည် စင်စစ် ယုတ္တိမတန်ပေ။ မယုံကြည်သူများက ဤအရာကို မည်သို့ခေါ်သနည်း။ စိတ်ခံစားမှုဆိုင်ရာ အကျပ်ကိုင်ခြင်းဖြစ်သည်။ ထိုအရာကို မယုံကြည်သူများက မည်သို့ခေါ်သည်ဖြစ်စေ၊ ၎င်းတို့က ဤပြဿနာကို မဖြေရှင်းနိုင်သကဲ့သို့ ဤပြဿနာ၏ အဖြစ်အနှစ်ကို ရှင်းလင်းစွာ မရှင်းပြနိုင်ပေ။ ၎င်းတို့က ထိုအရာကို စိတ်ခံစားမှုဆိုင်ရာ အကျပ်ကိုင်ခြင်းဟု ခေါ်သော်လည်း ငါတို့က အဘယ်သို့ ခေါ်သနည်း။ (အချုပ်အနှောင်များနှင့် ဝန်ထုပ်များ ဖြစပါ်သည်။) ဝန်ထုပ်များဟု ငါတို့ ခေါ်ကြသည်။ ဝန်ထုပ်များနှင့် ပတ်သက်လာသည့်အခါ ထိုအရာသည် လူတစ်ဦး သယ်ဆောင်သင့်သည့် အရာတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ထိုအရာသည် သင် လက်ခံသည့် ဖြည့်စွက်သော အရာတစ်ခု၊ အပိုဖြစ်သောအရာတစ်ခု ဖြစ်သည်။ သင်၏ တစ်စိတ်တစ်ပိုင်း မဟုတ်။ သင်၏ ခန္ဓာ၊ နှလုံးသားနှင့် ဝိညာဉ်တို့ ရှိသည့် သို့မဟုတ် လိုအပ်သည့်အရာတစ်ခု မဟုတ်ဘဲ ဖြည့်စွက်ထားသည့်အရာတစ်ခု ဖြစ်သည်။ ယင်းသည် အပြင်မှလာသည်၊ သင်ကိုယ်တိုင်၏ အတွင်းမှ မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆)) ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ ဖတ်မိတော့၊ ကျွန်မစိတ်နှလုံးမှာ ဖိစီးနေခဲ့တယ်။ ဒါက ကျွန်မသားသမီးတွေကို ကျွန်မ သွန်သင်ဆုံးမခဲ့ပုံပါပဲ။ ကျွန်မ ငယ်တဲ့အရွယ်မှာ လယ်အလုပ်လုပ်ပြီး အရမ်းကို ဆင်းရဲဒုက္ခခံခဲ့ရတာတွေအားလုံးက ဘာကြောင့်လဲဆိုရင် ကျွန်မ ငယ်ငယ်တုန်းက စာကောင်းကောင်းမကြည့်ခဲ့ရလို့၊ ဒါမှမဟုတ် ကောင်းမွန်တဲ့ ပညာရေး မရခဲ့လို့ပဲလို့ ယုံကြည်ခဲ့တယ်။ ဒါကြောင့် ကျွန်မရဲ့ အကောင်အထည်မဖော်လိုက်ရတဲ့ ဆန္ဒတွေကို ယူပြီး အဲဒါတွေကို ကျွန်မ ကလေးတွေပေါ် ဖိအားပေးခဲ့တယ်။ သူတို့ကို စာကြိုးစားပြီး ဂုဏ်သတင်းကြီးတဲ့ ကောလိပ်တစ်ခု ဝင်ခွင့်အောင်ဖို့ ဆန္ဒရှိခဲ့တယ်။ ဒါမှ အနာဂတ်မှာ သူတို့က ကောင်းမွန်တဲ့ ရှေ့ရေးတွေရှိမယ်၊ ထင်ပေါ်ပြီး ကျွန်မတို့ မိသားစုကို ဂုဏ်ဆောင်မယ်ပေါ့။ ဒီရည်မှန်းချက်ရအောင်လို့၊ ကျွန်မကလေးတွေ ငယ်တုန်းမှာ၊ သူတို့ကို ဖိအားပေးမိခဲ့တယ်။ သူတို့ ငယ်ငယ်တုန်းက ဆုတောင်းပြီး စုဝေးဖို့ လိုလားခဲ့ကြပေမဲ့၊ ဒါက သူတို့ စာကြည့်တာကို ထိခိုက်မှာစိုးလို့ ကျွန်မအမေကို သူတို့နဲ့ စုဝေးခွင့်မပေးခဲ့ဘူး။ သူတို့ ကစားနေသင့်တဲ့အချိန်မှာ ကစားခွင့်မပေးခဲ့သလို၊ သူတို့အမှတ်တွေ နည်းနည်းကျတဲ့အချိန်မှာ၊ သူတို့ကို ဆူပူကြိမ်းမောင်းခဲ့တယ်၊ မှားယွင်းတဲ့ အတွေးတချို့ကို သူတို့ထဲ သွတ်သွင်းပြီး သူတို့ကို ဖိအားပေးခဲ့တယ်။ ကျွန်မသားက သူ့ရဲ့ ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖိအားတွေအကုန်လုံးကြောင့် နေမကောင်းဖြစ်ခဲ့တယ်။ ဒါက သူ့ရမှတ်တွေကို ထိခိုက်မှာ စိုးလို့ နေ့တိုင်း သူ ပျင်းမလာအောင် ကျွန်မ စောင့်ကြည့်ခဲ့တယ်။ သူ့ရဲ့ စာမေးပွဲက အားရလောက်စရာမရှိရင်၊ ကျွန်မတို့ အားထုတ်မှုအားလုံး တကယ်ကို အချည်းနှီးဖြစ်သွားမှာ စိုးရိမ်ခဲ့တယ်။ ကျွန်မသားအပေါ် ကျွန်မထားတဲ့ ဖိအားက တကယ် အရမ်းကြီးမားခဲ့တယ်။ အပြင်ပန်းမှာ ဒီအရာအားလုံးကို ကျွန်မသားအတွက် လုပ်နေခဲ့တယ်လို့ ထင်ရပေမဲ့ တကယ်တော့ ကျွန်မက သူ့ကို ဂုဏ်သတင်းကြီးတဲ့ တက္ကသိုလ်တစ်ခုကို သွားစေချင်ပြီး သူများတွေကြားမှာ ထင်ပေါ်စေချင်ခဲ့တာပါ။ ကိုယ့်အကြောင်းကိုယ် ထုတ်ကြွားပြီး ကျွန်မ စိတ်ကူးယဉ်တာတွေ၊ ဆန္ဒတွေကို အကောင်အထည်ဖော်ချင်ခဲ့တာပါ။ သတိမထားမိလိုက်ဘဲနဲ့၊ ကျွန်မသားအပေါ် ကျွန်မက မမြင်နိုင်တဲ့ အချုပ်အနှောင်တွေ ခတ်ထားလိုက်သလိုမျိုး လေးလံတဲ့ ဝန်ထုပ်နဲ့ ဖိအားကို ကျွန်မ ပေးခဲ့မိတယ်။ အခု ကျွန်မသားကို စံပြထိပ်တန်း တက္ကသိုလ်ကို ဝင်ခွင့်အောင်ခဲ့ပြီဖြစ်သလို၊ ကျွန်မရဲ့ ဆန္ဒတွေ ပြည့်သွားပြီ။ ကျွန်မမျက်နှာက ဂုဏ်ယူဝင့်ကြွားနေသလို၊ ကျွန်မရဲ့ ဝင့်ဝါမှုက ဖြည့်ဆည်းခံခဲ့ရပြီးပြီလေ၊ ဒါပေမဲ့ ကျွန်မသားက ဘုရားနဲ့ ပိုဝေးသွားခဲ့ပြီ။ အခု၊ သူနဲ့အတူ ယုံကြည်ခြင်း ကိစ္စတွေအကြောင်းကို ကျွန်မပြောတော့၊ သူက ရှောင်မြဲရှောင်နေပြီး ဆင်ခြေတွေ ဖန်တီးသလို၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ချင်စိတ်မရှိခဲ့ဘူး။ နေ့တိုင်း၊ သူက ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရဲ့ ထိန်းချုပ်တာကို ခံနေရတယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် သူ ဦးနှောက်ခြောက်ခံစဉ်းစားပြီး၊ ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးတွေကို စီမံခြင်းနဲ့ပတ်သက်လို့ ပင်ပင်ပန်းပန်း စဉ်းစားနေရတယ်။ သူ့ဘဝက အထူးသဖြင့် စိတ်မချမ်းမြေ့စရာနဲ့ ပင်ပန်းနွမ်းနယ်စရာဖြစ်နေခဲ့တယ်။ ကျွန်မသားကို ဒီလိုဖြစ်လာစေခဲ့တာ ကျွန်မပါပဲ။

နောက်ပိုင်းမှာ ကျွန်မ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “ဥပမာ ၎င်းတို့ ငယ်ရွယ်သောအခါတွင် သင်သည် ၎င်းတို့ကို စဉ်ဆက်မပြတ် သွန်သင်ဆုံးမပြီး ‘စာကြိုးစားပါ။ ကောလိပ်သို့ သွားပါ။ ဘွဲ့လွန်ပညာရပ်များကို၊ သို့မဟုတ် Ph.D ဘွဲ့ကို လိုက်စားပါ။ လက်ထပ်ပြီး မိသားစုဖွဲ့ရန်အတွက် ကောင်းစွာလိုက်ဖက်သောသူတစ်ဦးကို ရှာပါ။ ဤသို့ဆိုလျှင် ဘဝသည် ကောင်းမွန်လိမ့်မည်’ ဟု ဆိုသည်။ သင်၏ သွန်သင်မှု၊ အားပေးမှုနှင့် အမျိုးမျိုးသော ဖိအားပုံစံတို့မှတစ်ဆင့် ၎င်းတို့သည် သင်ဆန္ဒရှိခဲ့သည့်အတိုင်း ၎င်းတို့အတွက် သင်ပြင်ဆင်ပေးခဲ့သော လမ်းကြောင်းကို နေထိုင်ပြီး လိုက်စားကာ ယခုတွင် ၎င်းတို့သည် နောက်ပြန်မလှည့်နိုင်တော့ပေ။ သင်သည် သင်၏ ယုံကြည်မှုကြောင့် အချို့သောသမ္မာတရားများနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည်ပြီးနောက်၊ မှန်ကန်သော အတွေးများ၊ အမြင်များကို ပိုင်ဆိုင်ပြီးနောက်တွင် သင်သည် ၎င်းတို့အား ထိုအရာများကို မလိုက်စားတော့ရန် ပြောဖို့ ကြိုးစားလျှင် ၎င်းတို့သည် ‘ကျွန်ုပ်သည် သင်အလိုရှိခဲ့သည့်အတိုင်း အတိအကျ လုပ်ဆောင်နေခြင်းမဟုတ်လော။ ကျွန်ုပ်ငယ်ရွယ်စဉ်အခါက သင်သည် ဤအရာများကိုကျွန်ုပ်အား သင်ကြားမပေးခဲ့သလော။ သင်သည် ကျွန်ုပ်အား ဤအရာကို မတောင်းဆိုခဲ့သလော။ ယခုတွင် သင်သည် အဘယ်ကြောင့် ကျွန်ုပ်အား ပိတ်ပင်နေသနည်း။ ကျွန်ုပ်လုပ်ဆောင်နေသည့်အရာသည် မှားယွင်းသလော။ ကျွန်ုပ်သည် ဤအရာများကို ရရှိခဲ့ပြီး ဤအရာများကို ယခု ခံစားနိုင်သည်။ သင်သည် ပျော်ရွှင်သင့်သည်။ ကျေနပ်သင့်သည်။ ကျွန်ုပ်အတွက် ဂုဏ်ယူသင့်သည် မဟုတ်လော။’ ဟု တန်ပြန်ပြောဆိုနိုင်ခြေရှိသည်။ သင်သည် ဤအရာကို ကြားလျှင် အဘယ်သို့ ခံစားရမည်နည်း။ သင်သည် ပျော်ရွှင်သင့်သလော၊ သို့မဟုတ် မျက်ရည်ကျသင့်သလော။ သင်သည် နောင်တရမည် မဟုတ်လော။ (ဟုတ်သည်။) သင်သည် ၎င်းတို့ကို ယခု ပြန်၍ မစည်းရုံးနိုင်တော့ပေ။ ၎င်းတို့ ငယ်ရွယ်စဉ်က သင်သည် ၎င်းတို့အား ဤသို့ မသွန်သင်ခဲ့လျှင်၊ သင်သည် ၎င်းတို့အား အခြားလူများထက်သာရန်၊ ရာထူးကြီးရရန်၊ သို့မဟုတ် ပိုက်ဆံများစွာရှာရန်၊ သို့မဟုတ် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းနောက်သို့လိုက်ရန် သင်ကြားမပေးဘဲ မည်သည့်ဖိအားမျှမရှိဘဲ ၎င်းတို့အား ပျော်ရွှင်သောကလေးဘဝကို ပေးခဲ့လျှင်၊ သင်သည် ၎င်းတို့အား ပိုက်ဆံများစွာရှာရန်၊ များစွာ မွေ့လျော်ရန်၊ သို့မဟုတ် သင့်အား များစွာ ပြန်ပေးရန် တောင်းဆိုခြင်းမရှိဘဲ ၎င်းတို့အား ကောင်းမွန်သော၊ သာမန်လူများသာ ဖြစ်ခွင့်ပေးပြီး ၎င်းတို့ကို ကျန်းမာရန်၊ ပျော်ရွှင်ရန်၊ ရိုးရှင်းပြီး ပျော်ရွှင်သောသူဖြစ်ရန်သာ တောင်းဆိုလျှင် ဘုရားသခင်ကို သင်ယုံကြည်ပြီးနောက် သင့်တွင်ရှိသော အတွေးအမြင်အချို့ကို ၎င်းတို့ လက်ခံရန်အသင့်ဖြစ်ကောင်း ဖြစ်လိမ့်မည်။ ဤသို့ဆိုလျှင် ဘဝနှင့် လူ့အဖွဲ့အစည်းမှ ဖိအားနည်းပါးပြီး ၎င်းတို့၏ဘဝများသည် ယခုတွင် ပျော်ရွှင်ကောင်းပျော်ရွှင်နိုင်သည်။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို မရရှိခဲ့သော်လည်း အနည်းဆုံးအနေဖြင့် ၎င်းတို့၏ စိတ်နှလုံးသည် ပျော်ရွှင်လိမ့်မည်။ ငြိမ်သက်လိမ့်မည်။ ငြိမ်းချမ်းလိမ့်မည်။ သို့သော် ၎င်းတို့ ဖွံ့ဖြိုးသည့်နှစ်ကာလအတွင်းတွင် သင်၏ ထပ်ခါထပ်ခါ လှုံ့ဆော်မှု၊ တိုက်တွန်းမှုတို့ကြောင့် သင်၏ဖိအားအောက်တွင် ၎င်းတို့သည် အသိပညာ၊ ငွေ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို မရပ်မနား လိုက်စားသည်။ အဆုံးတွင် ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ရရှိခဲ့သည်။ ၎င်းတို့၏ဘဝသည် တိုးတက်ခဲ့သည်။ ပို၍ မွေ့လျော်သည်။ ပိုက်ဆံပို၍ ရသည်။ သို့သော် ၎င်းတို့၏ဘဝသည် ပင်ပန်းသည်။ ၎င်းတို့ကို သင်မြင်သည့်အချိန်တိုင်းတွင် ၎င်းတို့၏မျက်နှာ၌ မောပန်းနေသောပုံစံရှိသည်။ ၎င်းတို့သည် အိမ်ပြန်ပြီး သင့်ထံသို့ ပြန်လာသောအခါမှသာ ၎င်းတို့၏ မျက်နှာဖုံးများကို ချွတ်ပြီး ၎င်းတို့သည် မောပန်းပြီး အနားယူလိုသည်ဆိုသည်ကို ဝန်ခံရဲသည်။ သို့သော် ၎င်းတို့သည် အပြင်သို့ ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် ပြောင်းလဲသွားတော့သည်။ ၎င်းတို့သည် မျက်နှာဖုံးကို တစ်ဖန်တပ်လိုက်ကြသည်။ ၎င်းတို့၏ မောပန်းသော၊ သနားစဖွယ်ဖြစ်သော အမူအရာကို သင်ကြည့်ပြီး ၎င်းတို့အတွက် သင်ဝမ်းနည်းသည်။ သို့သော် ၎င်းတို့အား နောက်ပြန်လှည့်စေရန် သင့်၌ အစွမ်းမရှိပေ။ ၎င်းတို့သည် နောက်ပြန်မလှည့်နိုင်တော့ပေ။ ဤသည်မှာ အဘယ်သို့ ဖြစ်ပျက်သနည်း။ ဤသည်မှာ သင်၏ အုပ်ထိန်းမှုနှင့် မသက်ဆိုင်သလော။ (သက်ဆိုင်သည်။) ဤအရာများထဲမှ မည်သည့်အရာကမျှ ၎င်းတို့ ငယ်ရွယ်ကတည်းက အလိုအလျောက်သိလာသော၊ သို့မဟုတ် လိုက်စားခဲ့သောအရာမဟုတ်ပေ။ သင်၏ အုပ်ထိန်းမှုနှင့် အတိအကျသက်ဆိုင်မှုရှိသည်။ ၎င်းတို့မျက်နှာကို သင်မြင်သောအခါ၊ ၎င်းတို့၏ဘဝကို ဤအခြေအနေတွင် သင်မြင်ရသောအခါ သင်သည် စိတ်မချမ်းမသာ မဖြစ်သလော။ (ဖြစ်သည်။) သို့သော် သင်သည် အစွမ်းမရှိပေ။ ကျန်ရှိသည့်အရာမှန်သမျှမှာ နောင်တနှင့် ဝမ်းနည်းမှုသာ ဖြစ်သည်။ သင်၏ကလေးသည် စာတန်၏ ခေါ်ဆောင်ခြင်းကို လုံးဝ ခံခဲ့ရသည်ဟုလည်းကောင်း၊ သူသည် ပြန်မလာနိုင်ဘဲ သူ့ကို ကယ်ရန် သင့်၌ အစွမ်းမရှိဟုလည်းကောင်း သင်ခံစားရနိုင်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် မိဘနေဖြင့် သင်၏တာဝန်ကို သင်မဖြည့်ဆည်းခဲ့သောကြောင့် ဖြစ်သည်။ ၎င်းတို့ကို ထိခိုက်သည်မှာ၊ သင်၏ အားနည်းချက်ရှိသော သဘောတရားဆိုင်ရာ သွန်သင်မှု၊ လမ်းပြမှုတို့ဖြင့် ၎င်းတို့အား လမ်းလွဲစေခဲ့သည်မှာ သင်ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အခါမျှ ပြန်မလာနိုင်ပေ။ အဆုံးတွင် သင်သည် နောင်တဖြင့်သာ ကျန်ရစ်ခဲ့သည်။ သင်၏ကလေးက ဒုက္ခခံရစဉ်တွင်၊ ဤဆိုးယုတ်သော လူ့အဖွဲ့အစည်း၏ ဖျက်ဆီးခြင်းကို ခံရပြီး ဘဝ၏ဖိအားများဖြင့် ဝန်ပိနေစဉ်တွင် သင်သည် အကူအညီမဲ့စွာ ရပ်ကြည့်နေပြီး သူ့အား ကူညီရန် သင့်၌ နည်းလမ်းမရှိပေ။ သင်ပြောနိုင်သမျှမှာ ‘အိမ်သို့ ပို၍ မကြာခဏလာပါ။ သင့်အား အရသာရှိသောအရာ ချက်ပြုတ်ပေးမည်’ ဟုသာ ဖြစ်သည်။ ထမင်းတစ်နပ်က မည်သည့်ပြဿနာများကို ဖြေရှင်းပေးနိုင်သနည်း။ မည်သည့်အရာကိုမျှ မဖြေရှင်းပေးနိုင်ပေ။ ၎င်းတို့၏အတွေးများသည် ရင့်ကျက်ပြီး ပုံပေါ်ပြီး ဖြစ်သည်။ ၎င်းတို့ ရယူခဲ့သည့် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လက်လွတ်လိုစိတ်မရှိပေ။ ၎င်းတို့သည် ရှေ့သို့သာ ဆက်တိုးနိုင်ပြီး မည်သည့်အခါမျှ နောက်ပြန်မလှည့်နိုင်ပေ။ ဤသည်မှာ မိဘများက သားသမီးများ၏ ပုံသွင်းသည့်နှစ်ကာလအတွင်းတွင် သားသမီးများအား မှားယွင်းသောလမ်းပြမှုပေးခြင်းနှင့် မှားယွင်းသောအယူအဆများ သွတ်သွင်းပေးခြင်း၏ မသိမသာဖြင့် ထိခိုက်စေသည့်ရလဒ်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) ဘုရားနှုတ်ကပတ်တော်တွေမှာ ဒီအပိုဒ်ကို ကျွန်မ သုံးလေးကြိမ် ဖတ်ခဲ့ပြီး၊ ဖတ်တိုင်းမှာ ကျွန်မရဲ့ ရင်ထဲအထိ ရိုက်ခတ်ခဲ့သလို၊ အရမ်းဝမ်းနည်းလို့ နောင်တမျက်ရည်တွေ ကျမိခဲ့တယ်။ ကျွန်မသား ငယ်ရွယ်တုန်းက၊ သူ အပြစ်မဲ့ပြီး ဘုရားသခင်ကို ယုံကြည်ခဲ့သလို၊ သူ့အဖွားနဲ့ စုဝေးပွဲတွေ တက်ဖို့ လိုလားခဲ့ပုံအကြောင်းကို ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ “အသိပညာသည် သင်၏ကံကြမ္မာကို ပြောင်းလဲနိုင်၏”၊ “ပညာရှင်တစ်ဦးဖြစ်ရန်ဆိုသည်မှာ လူ့အဖွဲ့အစည်း၏ ထိပ်ဆုံးတွင် ရှိနေရန်ပင်ဖြစ်သည်”၊ “အသိဉာဏ်ကို သုံးသူတို့သည် တစ်ပါးသူကို အုပ်စိုးရ၍ ကာယခွန်အားကို သုံးသူတို့သည် တစ်ပါးသူ၏ အုပ်စိုးခြင်းကို ခံရ၏”၊ “လူတစ်ဦး၏ကံကြမ္မာသည် ထိုသူ၏လက်ထဲတွင် ရှိ၏”ဆိုတာတွေလို စာတန်ဆန်တဲ့ ရှုထောင့်တွေရဲ့ လွှမ်းမိုးတာ ခံရပြီး၊ ကျွန်မက ထင်ပေါ်မှုနဲ့ မိသားစုကို ဂုဏ်ဆောင်ခြင်းတွေကို လိုက်စားခဲ့သလို၊ ကျွန်မသားက ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို သူ့ကိုယ်သူ မလွတ်မြောက်စေနိုင်တော့တဲအထိ စိတ်အကြွင်းမဲ့ လိုက်စားအောင်လို့ ဒီအတွေးတွေကို ကျွန်မသားထဲကို သွတ်သွင်းပြီး အသိပညာနွံအိုင်ထဲသူ့ကို တွန်းပို့ခဲ့တယ်။ အထူးဖြင့် ဘုရားနှုတ်ကပတ်တော်က ဒီလိုပြောတာကို သတိထားမိတယ်။ “သင်၏ကလေးသည် စာတန်၏ ခေါ်ဆောင်ခြင်းကို လုံးဝ ခံခဲ့ရသည်ဟုလည်းကောင်း၊ သူသည် ပြန်မလာနိုင်ဘဲ သူ့ကို ကယ်ရန် သင့်၌ အစွမ်းမရှိဟုလည်းကောင်း သင်ခံစားရနိုင်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် မိဘနေဖြင့် သင်၏တာဝန်ကို သင်မဖြည့်ဆည်းခဲ့သောကြောင့် ဖြစ်သည်။ ၎င်းတို့ကို ထိခိုက်သည်မှာ၊ သင်၏ အားနည်းချက်ရှိသော သဘောတရားဆိုင်ရာ သွန်သင်မှု၊ လမ်းပြမှုတို့ဖြင့် ၎င်းတို့အား လမ်းလွဲစေခဲ့သည်မှာ သင်ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အခါမျှ ပြန်မလာနိုင်ပေ။ အဆုံးတွင် သင်သည် နောင်တဖြင့်သာ ကျန်ရစ်ခဲ့သည်။” အဲဒီအချိန်မှာပဲ ကျွန်မ ခံစားနေခဲ့ရတဲ့ စိတ်အခြေအနေ အတိအကျနဲ့ပတ်သက်လို့ ဘုရားက မိတ်သဟာယပြုပေးနေခဲ့တာပဲ။ ကျွန်မသား အိမ်ပြန်လာတိုင်းမှာ၊ သူ့ကို ဘုရားနှုတ်ကပတ်တော်တွေ ကျွန်မ ဖတ်ပြပေမဲ့ ကျွန်မသားက အမြဲ ချေပပြီး၊ ငြင်းဖို့ နည်းလမ်းရှိသမျှ ရှာခဲ့တယ်။ ကျွန်မက သူ့ကို ဆွဲထားနေတယ်လို့တောင် သူ ပြောခဲ့တယ်။ အဲဒါက ကျွန်မစိတ်နှလုံးကို စူးရှနာကျင်စေခဲ့တယ်။ နေ့တိုင်း ကျွန်မသားက ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် အလုပ်များပြီး ကြိုးစားနေတာကို ကျွန်မ မြင်ရတယ်။ ဒီလောက် ငယ်ရွယ်တဲ့ အသက်အရွယ်မှာ သူ ဆံပင်တွေ စကျွတ်နေခဲ့သလို၊ ညနက်တဲ့အထိ နေ့တိုင်း ပင်ပန်းနေတဲ့ ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲပြီး စာလေ့လာတာတွေ လုပ်နေခဲ့တယ်။ သူ့အကြံပေးရဲ့ အတွေးနဲ့ ဝါသနာတွေကို ဦးနှောက်ခြောက်ခံပြီးတောင် သူ ချင့်ချိန်စဉ်းစားခဲ့သလို၊ သူတို့ ကြိုက်တဲ့ ဘယ်အရာကိုမဆို လိုက်လုပ်ဖို့ သူ့လုပ်နည်းကိုင်နည်းတွေကို ဖြည့်တင်းပေးခဲ့တယ်။ သူက သူ့ခေါင်းဆောင်တွေရဲ့ မျက်လုံးတွေရှေ့မှာ သတိထားလျှောက်နေရတယ်။ မှားယွင်းတဲ့အရာ သူပြောမိ၊ လုပ်မိပြီး သူတို့က သူ့ရဲ့ အသက်မွေးအလုပ် ရှေ့ရေးတွေကို ထိခိုက်စေပြီးတော့ သူ့အတွက် ဘဝကို ခက်ခဲအောင်လုပ်ကြမှာ စိုးနေခဲ့တယ်။ ကျွန်မသားက မျက်နှာမှာ မျက်နှာဖုံးနဲ့ အရမ်းပင်ပင်ပန်းပန်း အသက်ရှင်နေရတာကို ကြည့်ရှုခဲ့ရတယ်။ သူ ဒီလိုဖြစ်လာခဲ့တာ ကျွန်မရဲ့ အမှားပါ။ အသိပညာ လိုက်စားဖို့ ကျွန်မသားကို တိုက်တွန်းအားပေးခဲ့ပြီး ကျွန်မကလေးကို ထိခိုက်နစ်နာစေခဲ့တာ ကျွန်မပါပဲ။ အခု ကျွန်မ နားလည်သွားတယ်။ ဒါက ကျွန်မသားကို ချစ်တာမဟုတ်ဘူး။ သူ့ကို ထိခိုက်အောင် လုပ်နေတာပဲ။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ကျွန်မရဲ့ လိုက်စားမှုအတွက် သူ့ကို စတေးခံတစ်ခုဖြစ်စေတာပဲ။ အသင်းတော်ထဲမှာ ကျွန်မသားအရွယ် ညီအစ်ကို မောင်နှမတချို့ကို ကျွန်မတွေ့တယ်။ သူတို့က ဘုရားကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားကြတယ်။ အသင်းတော်မှာ သူတို့တာဝန်ကို လုပ်ဆောင်နေကြတယ်။ သူတို့က စာတန်အဆိပ်တွေရဲ့ ချည်နှောင်တာမခံရသလို၊ လွတ်လပ်မှု၊ လွတ်မြောက်မှုတွေနဲ့ စိုးရိမ်သောကကင်းပြီး ပျော်ရွှင်တဲ့ဘဝတွေကို နေထိုင်ကြတယ်။ ဒါက ကျွန်မကို ပိုနောင်တရစေတယ်။ ကျွန်မက ဒီအတွေးနဲ့ ရှုထောင့်တွေကို ကျွန်မသားထဲမှာ မသွတ်သွင်းခဲ့ရင်၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် အရမ်းကို စိတ်ဆင်းရဲပြီး အကူအညီမဲ့တဲ့ဘဝကို နေထိုင်ရပြီး၊ အဆင့်တွေတက်၊ ပိုက်ဆံတွေရပြီး အခုလိုမျိုး သူဖြစ်လာမှာ မဟုတ်ဘူး။ ဒါတွေကို တွေးမိတော့၊ ကျွန်မ အရမ်းကို ဝမ်းနည်းပြီး ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ ကျွန်မ သုံးသပ်ဆင်ခြင်ကြည့်တယ်။ ကျွန်မသားသမီးတွေ ကောလိပ်ဝင်ခွင့်အောင်ဖို့ ဆန္ဒရှိတာနဲ့ပတ်သက်လို့ ကျွန်မ ဘာလို့ အရမ်းစိတ်မြဲမြံပြီး အရမ်းတစ်ပြားသားမှမလျှော့ ဖြစ်နေခဲ့တာလဲ။ ပြဿနာရဲ့ အရင်းအမြစ်က ဘယ်မှာရှိခဲ့တာလဲလို့ပေါ့။

တစ်နေ့ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ရတယ်။ “လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ထို့ကြောင့် ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်း အကြားတွင် ဖျက်ဆီးခံကြရ၏။ စာတန်၏ လုပ်ဆောင်မှုတို့ကို ယခု ကြည့်သည့်အခါ၊ ၎င်း၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့သည် လုံးဝ စက်ဆုပ်စရာကောင်းသည် မဟုတ်လော။ သင်တို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်း မပါလျှင် အသက်မရှင်နိုင်ဟု ထင်သည့်အတွက်ကြောင့်၊ စာတန်၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့ကို ယနေ့တွင် မြင်ကောင်း မြင်နိုင်ကြမည် မဟုတ်ပေ။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ချန်ထားခဲ့မည်ဆိုလျှင်၊ ၎င်းတို့အနေဖြင့် ရှေ့ခရီးလမ်းကို မြင်နိုင်တော့မည် မဟုတ်၊ ၎င်းတို့၏ ပန်းတိုင်များကို မြင်နိုင်တော့မည်မဟုတ်၊ ၎င်းတို့၏ အနာဂတ်သည်လည်း မှေးမှိန် မှောင်မိုက်လာမည်ဟု ထင်ကြ၏။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်သွားတယ်။ စာတန်က လူတွေကို ဖျက်ဆီးဖို့၊ လှည့်စားဖို့၊ ထိခိုက်ဖို့အတွက် ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို အသုံးပြုပြီး လူတွေကို ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကိုပဲလိုက်စားအောင် လုပ်တာပါ။ ကျွန်မ ငယ်ငယ်တုန်းက ကောင်းမွန်တဲ့ ပညာရေး မရခဲ့လို့၊ အပြင်ထွက် ငွေရှာတဲ့အခါ အတော်များများ ဆင်းရဲဒုက္ခခံရပြီး တခြားလူတွေက မကြည်တာကို ခဏခဏခါးစီးခံခဲ့ရတာကို သတိရမိတယ်။ အသိပညာအများကြီးရှိပြီး ဂုဏ်သိက္ခာရှိတဲ့လူတွေက သူတို့သွားတဲ့နေရာတိုင်းမှာ တခြားလူတွေရဲ့ လေးစားတာခံရတာကို မြင်တော့၊ ကျွန်မ သူတို့ကို အားကျခဲ့သလို၊ ကျွန်မမှာ အသိပညာမရှိခဲ့လို့ပဲ တခြားလူတွေရဲ့ လေးစားမှုကို မရနိုင်ခဲ့တာလို့ ယုံကြည်ခဲ့တယ်။ ဒါကြောင့် ကျွန်မသားသမီးတွေအပေါ် ကျွန်မရဲ့ မျှော်လင့်ချက်တွေ ထားခဲ့တယ်။ ကျွန်မကိုယ်တိုင် မဖြည့်ဆည်းနိုင်ခဲ့တဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ သူတို့အတွက် ဆန္ဒရှိနေခဲ့တယ်။ ဒီအတွက်၊ ကျွန်မရဲ့ အချိန်ရှိသမျှကို ကုန်ဆုံးပြီး အကြွင်းမဲ့ ပေးဆပ်ခဲ့တယ်၊ ခါးသီးပြီး ပင်ပန်းနွမ်းနယ်တဲ့ ဘဝကို နေထိုင်နေခဲ့သလို၊ နာကျင်မှုနဲ့ ညှဉ်းဆဲမှုတွေကို ကျွန်မသားကို ပေးခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ သားက ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေ ရခဲ့ပေမဲ့၊ ဘုရားဆီကနေ ဝေးသွားခဲ့ပြီး ဘုရားရဲ့ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို ဆုံးရှုံးခဲ့တယ်။ အခု ကျွန်မ နားလည်သွားတယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ကျွန်မရဲ့ လိုက်စားမှုက ကျွန်မကိုယ်တိုင်အပေါ်နဲ့ ကျွန်မသားအပေါ် စာတန်ထားရှိတဲ့ မမြင်နိုင်တဲ့ အချုပ်အနှောင်တစ်မျိုးပဲ။ စာတန်က ကျွန်မတို့ကို သွေးဆောင်ပြီး အမြင်မှားစေဖို့အတွက် ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို အသုံးပြုပြီး ကျွန်မတို့ကို သမ္မာတရားကို လိုက်စားဖို့ လုံးဝ မတွေးဘဲ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက်ပဲ စွဲစွဲမြဲမြဲ ကြိုးစားအောင် လုပ်ခဲ့တယ်။ ကျွန်မတို့က စာတန်ရဲ့ ထိန်းချုပ်မှုကို တစ်ဆင့်ချင်း ခံနေခဲ့ရတာပဲ။ အဲဒီအတွက် ကျွန်မတို့က ဆင်းရဲဒုက္ခခံဖို့ လိုလားနေခဲ့တယ်။ အကျိုးဆက်အနေနဲ့ ဘုရားကို ငြင်းပယ်ပြီး စာတန်ရဲ့ ဝါးမြိုခြင်းခံရတဲ့အထိ ဘုရားဆီကနေ ဝေးသထက်ဝေးသွားတယ်။ ဒါက စာတန်ရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ အကြံအစည်ပဲ။ ကျွန်မအနီးအနားမှာရှိသူတွေနဲ့ပတ်သက်လို့ စဉ်းစားမိတယ်။ ကျွန်မဦးလေးရဲ့ သားက ကောလိပ်ဝင်ခွင့်ရတယ်။ ဒါပေမဲ့ သူ့မိဘတွေက နိမ့်ကျတဲ့ ဘာသာရပ်ကို ရွေးတဲ့အတွက် သူ့ကို အောက်ကျတယ်လို့ သဘောထားတယ်။ ဒါကြောင့် သူတို့ရဲ့ အဆက်အသွယ်တွေသုံးပြီး သူ့ဘာသာရပ်ကို ပြောင်းကူပေးဖို့ လူတစ်ယောက်ကို ရှာခဲ့ကြတယ်။ အကျိုးဆက်အနေနဲ့ ကလေးက ဖိအားအရမ်းခံစားရပြီး၊ သင်ခန်းစာတွေကို မလိုက်နိုင်ခဲ့သလို၊ နောက်ပိုင်းမှာ စိတ်ပင်ပန်းလွန်ဝေဒနာ ရှိခဲ့တယ်။ အခု သူ့ဘဝကိုတောင် သူ မထိန်းနိုင်ဘူး။ စာလေ့လာမှုတွေမှာ အားရစရာကောင်းအောင် မစွမ်းဆောင်ခဲ့ကြလို့ ပိုးသတ်ဆေး သောက်၊ အဆောက်အဦးတစ်ခုကနေ ခုန်ချခဲ့ကြတဲ့ တခြားကလေးတွေ အများကြီးလည်း ရှိသေးတယ်။ ဒီဝမ်းနည်းစရာ သင်ခန်းစာတွေအားလုံးက ကျွန်မကို သတိပေးချက်နဲ့ ဆုံးမမှုပေးခဲ့တယ်။ တကယ်တော့ ဘဝမှာ လူတွေ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ အားလုံး ဘုရားလက်ထဲမှာရှိတယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်က ကျွန်မတို့ကို နာကျင်မှုကနေ ချိုးဖျက်လွတ်မြောက်ခွင့် မပေးနိုင်ဘူး။ ဆင်းရဲဒုက္ခ အသူရာချောက်ထဲကိုပဲ ပို့နိုင်တယ်။ စာတန်က လူတွေကို ထိခိုက်တာကို မြင်ရတာ အရမ်းစက်ဆုပ်စရာပဲ။ တစ်ချိန်တည်းမှာ၊ ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။ သူ့ရဲ့ ဉာဏ်အလင်းပေး၊ ဦးဆောင်၊ လမ်းပြခြင်းကတစ်ဆင့်၊ ကျွန်မရဲ့ ဆင်းရဲဒုက္ခ ရင်းမြစ်ကို ကျွန်မ ရှာတွေ့ပြီး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ် လိုက်စားခြင်းရဲ့ အန္တရာယ်ရှိတဲ့ အကျိုးဆက်တွေကို မြင်ခဲ့တယ်။ မဟုတ်ရင်၊ အဲဒီအရာအတွင်းမှာ ကျွန်မ ပိတ်မိနေဦးမှာ၊ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်စေနိုင်မှာ မဟုတ်ဘူး။ အဲဒါက လူတွေကို ကယ်တင်ဖို့ ဘုရားရဲ့ လေးနက်တဲ့ ရည်ရွယ်ချက်ကိုလည်း နားလည်စေခဲ့တယ်။ စာတန်က လှည့်စားပြီး ထိခိုက်တာကို ကျွန်မ ဆက်ခံနေလို့မရဘူး။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရဲ့ အချုပ်အနှောင်တွေကနေ ကျွန်မ ချိုးဖျက်ပြီး၊ သမ္မာတရားကို လိုက်စားခြင်းနဲံ ကယ်တင်ခြင်းရရှိခြင်းလမ်းကြောင်းကို လျှောက်ချင်ခဲ့တယ်။

နောက်ပိုင်းမှာ ကိုယ့်သားသမီးတွေကို မှန်ကန်တဲ့ သွန်သင်ပဲ့ပြင်ခြင်းလမ်းကြောင်းကို ဘုရားနှုတ်ကပတ်တော်မှာ တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “၎င်းတို့ ငယ်ရွယ်စဉ်က သင်သည် ၎င်းတို့အား ဤသို့ မသွန်သင်ခဲ့လျှင်၊ သင်သည် ၎င်းတို့အား အခြားလူများထက်သာရန်၊ ရာထူးကြီးရရန်၊ သို့မဟုတ် ပိုက်ဆံများစွာရှာရန်၊ သို့မဟုတ် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းနောက်သို့လိုက်ရန် သင်ကြားမပေးဘဲ မည်သည့်ဖိအားမျှမရှိဘဲ ၎င်းတို့အား ပျော်ရွှင်သောကလေးဘဝကို ပေးခဲ့လျှင်၊ သင်သည် ၎င်းတို့အား ပိုက်ဆံများစွာရှာရန်၊ များစွာ မွေ့လျော်ရန်၊ သို့မဟုတ် သင့်အား များစွာ ပြန်ပေးရန် တောင်းဆိုခြင်းမရှိဘဲ ၎င်းတို့အား ကောင်းမွန်သော၊ သာမန်လူများသာ ဖြစ်ခွင့်ပေးပြီး ၎င်းတို့ကို ကျန်းမာရန်၊ ပျော်ရွှင်ရန်၊ ရိုးရှင်းပြီး ပျော်ရွှင်သောသူဖြစ်ရန်သာ တောင်းဆိုလျှင် ဘုရားသခင်ကို သင်ယုံကြည်ပြီးနောက် သင့်တွင်ရှိသော အတွေးအမြင်အချို့ကို ၎င်းတို့ လက်ခံရန်အသင့်ဖြစ်ကောင်း ဖြစ်လိမ့်မည်။ ဤသို့ဆိုလျှင် ဘဝနှင့် လူ့အဖွဲ့အစည်းမှ ဖိအားနည်းပါးပြီး ၎င်းတို့၏ဘဝများသည် ယခုတွင် ပျော်ရွှင်ကောင်းပျော်ရွှင်နိုင်သည်။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို မရရှိခဲ့သော်လည်း အနည်းဆုံးအနေဖြင့် ၎င်းတို့၏ စိတ်နှလုံးသည် ပျော်ရွှင်လိမ့်မည်။ ငြိမ်သက်လိမ့်မည်။ ငြိမ်းချမ်းလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) ကိုယ့်သားသမီးတွေကို မှန်ကန်တဲ့ သွန်သင်ပဲ့ပြင်မှု လမ်းကြောင်းကို ဘုရားနှုတ်ကပတ်တော်က ထောက်ပြတယ်။ ကိုယ့်သားသမီးတွေကို သွန်သင်ပဲ့ပြင်ရာမှာ၊ သူတို့အနေနဲ့ အသိပညာ၊ အဆင့်အတန်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်တွေကတစ်ဆင့် တက်တာ သို့မဟုတ် ငွေရှာတာတွေကို လိုက်စားဖို့ မတောင်းဆိုရဘူး။ သူတို့ သားသမီးတွေက ပျော်ရွှင်၊ ကျန်းမာတဲ့ ဘဝတွေကို နေထိုင်ဖို့၊ ဖိအားကင်းပြီး လွတ်လပ်၊ လွတ်မြောက်ဖို့ မျှော်လင့်သင့်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေ၊ ဘုရားအလိုတော်ကိုလည်း ကျွန်မ နားလည်ခဲ့တယ်။ ကျွန်မကလေးတွေနဲ့ ကျွန်မတို့အားလုံးက ဖန်ဆင်းခံတွေဖြစ်ပြီး ကျွန်မတို့ ကံကြမ္မာက ဘုရားလက်ထဲမှာ ရှိတယ်။ ကျွန်မတို့ ဘဝတွေရဲ့ ကံကြမ္မာနဲ့ လျှောက်သင့်တဲ့ လမ်းကြောင်းက ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်အောက်မှာ ရှိတယ်။ ဒါက ကျွန်မတို့ဘာသာ ထိန်းချုပ်နိုင်တဲ့အရာတစ်ခု မဟုတ်ဘူး။ သူတို့ရဲ့ ကံကြမ္မာကိုလည်း ကျွန်မ မပြောင်းလဲနိုင်ဘူး။ ကျွန်မ လုပ်နိုင်သမျှက ကျွန်မကလေးတွေအတွက် ဆုတောင်းဖို့ပဲ။ ပြီးတော့ သူတို့ ပြန်လာတဲ့အခါ သူတို့ကို ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပေးနိုင်တယ်။ အဆုံးမှာ ဘုရားရှေ့ သူတို့ လာနိုင်၊ မလာနိုင်ဆိုတာကတော့ ဘုရားရဲ့သဘောအတိုင်းပါပဲ။ ကျွန်မကိုယ်ပိုင်တာဝန်နဲ့ ဝတ္တရားကို ဖြည့်ဆည်းပြီး လုပ်သင့်တာကို ကောင်းကောင်း လုပ်ဖို့ပဲ လိုတယ်။ အမှုအရာတွေအပေါ် ကျွန်မရဲ့ ရှုထောင့် အတော်အတန် ပြောင်းသွားပြီ။ ဒါက ဘုရားနှုတ်ကပတ်တော်တွေကြောင့် ရရှိတဲ့ ရလဒ်ပါပဲ။ အခု၊ သမ္မာတရားကိုပဲ ကျွန်မ လိုက်စားပြီး ဘုရားနှုတ်ကပတ်တော်တွေနဲ့ပဲ အသက်ရှင်ချင်တယ်။ ဒီလိုနဲ့ ကိုယ့်တာဝန်ကို ဖြည့်ဆည်းချင်ပါတယ်။ ဒါက အဓိပ္ပာယ်နဲ့ တန်ဖိုးရှိတဲ့ တစ်ခုတည်းသော ဘဝပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

မိဘတွေကို ထောက်ပံ့ခြင်းက ဘုရားသခင် အပ်နှံတဲ့ တာဝန်ဖြစ်ပါသလား

၂၀၂၂ခုနှစ်၊ စက်တင်ဘာလကုန်မှာ မင်ဟွေရဲ့ အမျိုးသားက မင်ဟွေကို ထောင်ကနေ အိမ်ကို ခေါ်လာခဲ့တယ်။ မင်ဟွေက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်လို့...

တာဝန် ထမ်းဆောင်ခြင်းက သားသမီးဝတ်ကျေပွန်ခြင်းနှင့် ဆန့်ကျင်လာသောအခါ

လွန်ခဲ့တဲ့ သုံးလေးနှစ်တုန်းက အိမ်နဲ့အဝေးမှာ တာဝန်တွေကို ကျွန်တော် ထမ်းဆောင်ရတယ်။ တစ်ခါတလေ ကျွန်တော့်အမေကို သတိရတယ်။ ဒါပေမဲ့...

မိခင်ကွယ်လွန်ခြင်းအရိပ်အောက်မှ လွတ်မြောက်ခြင်း

၂၀၁၂ခုနှစ်မှာ ကျွန်မတာဝန်ကိုလုပ်တဲ့အတွက် ကျွန်မက ရဲတွေဖမ်းတာခံခဲ့ရပြီး ထောင်ငါးနှစ်ချခံခဲ့ရတယ်။ အဲဒီအချိန်မှာ ကျွန်မအမေက အသက် ၆၀...

ဖိအားများတဲ့ ပညာရေးဟာ ကျွန်မသမီးကို ထိခိုက်စေခဲ့တယ်

ကျွန်မ တော်တော်လေးငယ်သေးတဲ့အချိန်မှာ ကျွန်မမိဘတွေက ကွာရှင်းခဲ့ကြတယ်။ ကျွန်မအစ်မအကြီးနဲ့ကျွန်မက အဖေနဲ့ အတူနေခဲ့ပြီးတော့ ကျွန်မတို့ဘဝက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။