အဖေအရင်း၏ “အကျဉ်းချမှု” ကို ခံရခြင်း
၂၀၂၀၊ နွေရာသီမှာပါ။ အဲဒီအချိန်တုန်းက ကျွန်မအစ်မ အယ်ဘီနာနဲ့ ကျွန်မက အိပ်မက်မှ နိုးထလာခြင်းဆိုတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ဗီဒီယိုတစ်ခုကို တွေ့မိတယ်။ ဗီဒီယိုထဲမှာ သခင်ယေရှုက ပြန်ကြွလာခဲ့ပြီလို့ ပြောထားတယ်။ အဲဒါနဲ့ ကျွန်မတို့က သိချင်စိတ်ဖြစ်လာပြီး အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော် app ကို ဒေါင်းလုတ်ဆွဲပြီး အဲဒီအသင်းတော်က ညီအစ်ကိုမောင်နှမတွေနဲ့ ဆက်သွယ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားတွေ အများကြီး ဖော်ပြပြီးတာတွေ၊ တရားစီရင်ခြင်းအမှုကို ပြုပြီး အောင်မြင်သူလူတစ်စုကို ဖွဲ့ပြီးပြီဆိုတာတွေကို သူတို့က သက်သေခံတယ်။ ကျွန်မ အရမ်း စိတ်လှုပ်ရှားပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အများကြီး ဖတ်တယ်။ သူ့စကားတွေက အာဏာ၊ အစွမ်းအပြည့်ရှိနေပြီး အားလုံးက သမ္မာတရားတွေဆိုတာ မြင်သွားပြီး ဘယ်သာမန်လူကမှ ဒီလိုစကားတွေကို မဖော်ပြနိုင်ဘူးဆိုတာ သတိထားမိသွားတယ်။ ဒါက ဘုရားရဲ့ အသံပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုပဲ။ ကျွန်မအစ်မနဲ့ ကျွန်မတို့က တော်တော်ခွန်အားရပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ခံခဲ့တယ်။ ကျွန်မတို့က ညီအစ်ကိုမောင်နှမတွေနဲ့ အွန်လိုင်းမှာ ခဏခဏ စုဝေးပြီး ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့တယ်။
ဒါပေမဲ့ ကျွန်မတို့ အံ့ဩသွားတာက ကျွန်မတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စုဝေးပွဲတွေကို အွန်လိုင်းမှာ တက်နေပြီး အော်သိုထောက်စ် ပုဂ္ဂိုလ်တွေကို ဆုမတောင်းတာကို ကျွန်မတို့ အဖေသိသွားတော့ ကျွန်မတို့က တခြားဘုရားကို ကိုးကွယ်နေပြီး သခင်ယေရှုကို သစ္စာဖောက်နေတယ်ဆိုပြီး ပြောတယ်။ သူ ဒီလိုပြောတာက မှားတယ်လေ။ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်နဲ့ သခင်ယေရှုက အတူတူပဲ၊ ဝိညာဉ်တစ်ခုတည်းပဲဆိုတာ သိသွားတယ်။ သူတို့က မတူညီတဲ့ ခေတ်တွေမှာ မတူညီတဲ့အလုပ်တွေလုပ်တဲ့ ဘုရားကို ကိုယ်စားပြုတယ်။ ကျေးဇူးတော်ခေတ်မှာ ဘုရားက ရွေးနုတ်ခြင်းအမှုကို ပြုဖို့ ယေရှုဆိုတဲ့ အမည်နာမကို ယူတယ်။ အခု နောက်ဆုံးသောကာလမှာ ဘုရားသခင်က တရားစီရင်ခြင်း၊ သန့်စင်ခြင်းအမှုကို ပြုဖို့ လူ့ဇာတိခံခဲ့ပြီး အမည်နာမအသစ်တစ်ခုကို ယူတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတာ သခင်ယေရှုပြန်ကြွလာတဲ့အခါ ယူတဲ့ အမည်နာမပဲ။ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံတာက သခင်ယေရှုကို သစ္စာဖောက်တာမဟုတ်ဘူး။ သခင်ပြန်ကြွလာတာကို ကြိုဆိုပြီး ဘုရားရဲ့ ခြေလှမ်းတွေနောက်ကို လိုက်နေတာပါ။ ဒါပေမဲ့ ကျွန်မအဖေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို မဖတ်ရသေးဘူး။ ဘုရားရဲ့ အမှုတော်ကို မသိဘူး။ ဒီတော့ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဆိုတာ သူ မသိဘူး။ ကျွန်မက သူ့ကို ရှင်းပြဖို့ ကြိုးစားတယ်။ ဒါပေမဲ့ သူက ကျွန်မကို စကားပြောဖို့တောင် အခွင့်အရေးမပေးဘဲ သူ့အမြင်တွေအတိုင်းပဲ ရပ်တည်တယ်။ ကျွန်မကို ဒေါသတကြီးဆူတဲ့အထိတောင်လုပ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မတို့ဖတ်တာကို သူထပ်ပြီးတွေ့ရင် ကျွန်မတို့ကို ရိုက်မယ်၊ ကျွန်မတို့ကိုသေအောင်ရိုက်ပြီး ထောင်ကျခံရမယ်ဆိုရင်တောင် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မတို့ မယုံကြည်အောင် အဲဒီလိုလုပ်မယ်လို့ ပြောတယ်။ ကျွန်မအဖေက ဒါတွေပြောတာကို ကျွန်မကြားရတော့ အရမ်းအံ့အားသင့်သွားတယ်။ ကျွန်မကို မယုံကြည်အောင်လုပ်ဖို့အတွက်နဲ့ ဒီလို ခါးခါးသီးသီး ပြောဆိုနိုင်တယ်လို့ ကျွန်မ လုံးဝ စိတ်မကူးမိဘူး။ အဲဒီနေ့မှာ သူက ကျွန်မတို့ကို အိမ်အပြင်နှင်ထုတ်တယ်။ ကျွန်မတို့က ညဝတ်အင်္ကျီတွေနဲ့ အပြင်မှာ သုံးလေးနာရီ ထိုင်နေခဲ့ရတယ်။ အဲဒီအချိန်တုန်းက ကျွန်မ တော်တော်စိတ်မချမ်းမသာဖြစ်ပြီး ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင်၊ သမီး အနည်းငယ် အားနည်းနေပါတယ်။ ဒါပေမဲ့ သမီး သန်မာပြီးတော့ ဒါတွေအားလုံးကို တောင့်ခံရမယ်ဆိုတာသိပါတယ်။ သမီးအဖေက သမီးကို ဘယ်လိုပဲ ဟန့်တားပါစေ ကိုယ်တော်ကို ဆက်ပြီး ယုံကြည်ပါမယ်။ သမီးကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးတော်မူပါ” ဆိုပြီးတော့။ အဲဒီအချိန်မှာပဲ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ အမှတ်ရတယ်။ “သင်၏အတွင်း၌ ငါ၏သတ္တိကို သင် ပိုင်ဆိုင်ရမည် ဖြစ်ပြီး၊ မယုံကြည်သော ဆွေမျိုးများနှင့်ကြုံလျှင် မူရှိရမည်။ သို့သော် ငါ့အတွက် သင်သည် မည်သည့် အမှောင်အင်အားစုကိုမျှလည်း အလျှော့မပေးရ။ စုံလင်သော လမ်းကို လျှောက်လှမ်းရန် ငါ၏ဉာဏ်ပညာကို အမှီပြုလော့။ စာတန်၏ မည်သည့် လျှို့ဝှက်ကြံစည်ခြင်းကိုမျှ အမြစ်စွဲခွင့် မပေးနှင့်။ ငါ၏ရှေ့မှောက်သို့ သင်၏စိတ်နှလုံးထားရှိရာတွင် သင်၏ရှိသမျှလုံ့လစိုက်လော့၊ ပြီးလျှင် ငါသည် သင့်ကို နှစ်သိမ့်ကာ သင့်ထံ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း ယူဆောင်လာပေးမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မ နှလုံးသားကို နွေးထွေးစေတယ်။ စိတ်ငြိမ်အောင် ကူညီပေးတယ်။ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်သွားတယ်။ ကျွန်မအဖေက ဘယ်လိုပဲ ကျွန်မကို တားဆီးပါစေ သူက ဘုရားလက်ထဲမှာပဲရှိနေတာကြောင့် ကျွန်မ သူ့ကို မကြောက်သင့်ဘူး။ ဒီဒုက္ခဆင်းရဲကို ဖြတ်သန်းနိုင်ဖို့အတွက် ကျွန်မကို သတိ္တနဲ့ ဉာဏ်ပညာပေးဖို့ ဘုရားကို ဆုတောင်းသင့်တယ်။ အဲဒီနောက်တော့ ကျွန်မအဖေက ကျွန်မကို ခဏခဏ ဆူငေါက်ပြီး သတိပေးတာ၊ ညီအစ်ကိုမောင်နှမတွေနဲ့ မဆက်သွယ်ဖို့ ပိတ်ပင်တာ၊ ကျွန်မဖုန်းကိုတောင် ခဏခဏစစ်တာတွေ လုပ်ပေမဲ့ သူစောင့်ကြည့်တာကိုရှောင်ဖို့ ကျွန်မ အတတ်နိုင်ဆုံးလုပ်နေတုန်းပဲ။ ညီအစ်ကိုမောင်နှမတွေနဲ့ စကားပြောနိုင်အောင် သန့်စင်ခန်း၊ ရေချိုးခန်း၊ မြေအောက်ခန်း၊ ဒါမှမဟုတ် ပန်းခြံထဲမှာ ခဏခဏ ပုန်းတယ်။
သိပ်မကြာခင်မှာပဲ ကျွန်မတို့က လူသစ်တွေကို ရေလောင်းသူတွေအနေနဲ့ စလေ့ကျင့်ပြီး တာဝန်တွေကို လျှို့ဝှက်ပြီး ယူကြတယ်။ ဒါပေမဲ့ ရေလောင်းဖို့လိုတဲ့ လူသစ်တွေက တဖြည်းဖြည်းနဲ့ များလာပြီး နောက်ဆုံးကျတော့ နေ့တိုင်း ကျွန်မအခန်းထဲမှာ သူတို့နဲ့ မိတ်သဟာယဖွဲ့ပြီး စုဝေးရတယ်။ ဒါကြောင့် ကျွန်မအဖေက ကျွန်မ စုဝေးနေပြန်ပြီလို့ သံသယဖြစ်လာပြီး သူစောင့်ကြည့်တာတွေကို တစ်ဆင့်တက်တယ်။ ကျွန်မဖုန်းကို စစ်ရုံတင်မကဘူး။ ကျွန်မအခန်းထဲမှာ တစ်ယောက်တည်းရှိနေတဲ့အချိန် ကျွန်မဘာလုပ်နေလဲဆိုတာ ကြည့်ဖို့ အမြန်ဝင်လာတယ်။ အိမ်ထဲမှာလည်း လုံခြုံရေးကင်မရာတွေ တပ်တယ်။ မောင်လေးကိုတောင် လက်ဆောင်ပေးမယ်ပြောပြီး ကျွန်မကို စောင့်ကြည့်ခိုင်းထားတယ်။ တစ်ခါတလေဆို ကျွန်မ ရွေးချယ်စရာမရှိတော့ဘဲ ကျွန်မဖုန်းမှာ အသင်းတော်နဲ့၊ ကျွန်မတာဝန်နဲ့ သက်ဆိုင်တာအကုန် ဖျက်ပစ်ပြီး အွန်လိုင်းစကားဝိုင်း စုဝေးပွဲကနေ ခဏ ထွက်ထားရတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ အဖေက ကျွန်မ ယုံကြည်ခြင်းကို ကျင့်သုံးတာကို မိသွားတယ်။ အဲဒီနေ့မှာ သူက အရက်ပြန်သောက်နေပြီးတော့ ကျွန်မကို ဒေါသနဲ့ ဆူငေါက်တယ်။ ဘုရားကို ပုတ်ခတ်စော်ကားတာတွေတောင်ပြောတယ်။ ကျွန်မက မခံနိုင်တော့ဘူး။ အဲဒါနဲ့ ပြောလိုက်တယ်။ “သမီးက စစ်မှန်တဲ့ ဘုရား၊ ပြန်ကြွလာတဲ့ သခင်ယေရှုကို ယုံကြည်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ပြီး အပြစ်နဲ့ ကပ်ဘေးတွေကနေ လွတ်မြောက်စေဖို့ သမ္မာတရားတွေအများကြီးကို ဖော်ပြခဲ့တယ်။ ဒါက ကယ်တင်ခြင်းရဖို့ သမီးရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ။ ဒါကြောင့် သမီးယုံကြည်မှုကို ကျင့်သုံးရမယ်။ အဖေက အနန္တတန်ခိုးရှင် ဘုရားသခင်ကို သမီး မယုံကြည်အောင် တားဖို့ ဆက်ကြိုးစားနေရင် ဒီကနေ ထွက်ပြီး တခြားမှာနေဖို့ ရှာဖို့ကလွဲပြီး ရွေးစရာရှိမှာမဟုတ်ဘူး” ဆိုပြီးတော့။ ဘာမှမပြောဘူး။ အဲဒီနောက် အချိန်ခဏလောက်အထိ ကျွန်မယုံကြည်ခြင်းအကြောင်းကို ဘာမှသိပ်မပြောဘူး။ ကျွန်မကို ဖိနှိပ်ဖို့ ကြိုးစားတာ ရပ်သွားတယ်။ ဒါတွေအားလုံးပြီးသွားပြီလို့ ကျွန်မ ထင်တာ။ ဒါတွေအားလုံးက မုန်တိုင်းမလာခင်မှာ ငြိမ်နေတာပဲဆိုတာ လုံးဝ စိတ်မကူးမိဘူး။ တစ်နေ့တော့ စုဝေးပွဲတစ်ခုကို ကျွန်မ စလုပ်တဲ့အချိန်မှာပဲ ကျွန်မအစ်မက ဝင်လာပြီး အဖေက ကျွန်မဖုန်းကို ကြည့်ချင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ သူ ဖုန်းကို ချိုးပစ်နိုင်တာသိလို့ သူ့ကို မပေးဘူး။ ဖုန်းက အသင်းတော်နဲ့ ဆက်သွယ်ဖို့ ကျွန်မအတွက် တစ်ခုတည်းသောနည်းလမ်းပဲလေ။ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ဖို့က ဒီနည်းပဲရှိတယ်။ အဲဒါနဲ့ ကျွန်မက အသင်းတော်က အစ်မတစ်ယောက်ကို အမြန်ဆက်သွယ်ပြီး ကျွန်မမိသားစုအခြေအနေကို ရှင်းပြတယ်။ ပြီးတော့ ကျွန်မ ရေလောင်းတဲ့ လူသစ်တွေကို သူ့ဆီပြောင်းပေးလိုက်တယ်။ အဲဒီနောက်တော့ ကျွန်မ ဖုန်းကို ဖွက်ထားလိုက်တယ်။
အဲဒီနေ့မှာ ကျွန်မအဖေက ကျွန်မဦးလေးကို ခေါ်လိုက်ပြီး ကျွန်မတို့ကို အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံကြည်အောင် သူ့ကို တားခိုင်းတယ်။ ကျွန်မတို့ကို ဖိနှိပ်ဖို့ ဘာနည်းလမ်းတွေကို သူတို့သုံးမယ်ဆိုတာ ကျွန်မ မသိဘူး။ ဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တချို့က စိတ်ထဲပေါ်လာတယ်။ “လူတို့အတွင်း၌ ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းတွင် အပြင်ပန်းအားဖြင့် ထိုအမှုသည် လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ လူ့စီစဉ်မှုများမှ၊ သို့မဟုတ် လူတို့၏ ကြားဝင်ပြုလုပ်မှုများမှ ဖြစ်ပေါ်လာသည့်အလား ထင်ရ၏။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူတို့အနေဖြင့် ဘုရားသခင်အတွက် သက်သေခံရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) “ဘုရားသခင် အမှုပြုသည့်အခါ၊ လူတစ်ဦးကို စောင့်ရှောက်ပြီး ဤလူအပေါ် ကြည့်ရှုစစ်ဆေးသည့်အခါ၊ ပြီးလျှင် ဤလူကို သူ မျက်နှာသာပေးပြီး လက်ခံသည့်အခါ၊ စာတန်ကလည်း ထိုလူကို လှည့်စားပြီး ထိခိုက်စေဖို့ ကြိုးစားရင်း၊ အနီးကပ် နောက်ယောင်ခံလိုက်နေသည်။ ဘုရားသခင်က ဤလူကို ရရှိဖို့ ဆန္ဒရှိလျှင်၊ စာတန်သည် ၎င်း၏ ကွယ်ဝှက်ထားသည့် ရည်မှန်းချက်များ ရရှိဖို့အလို့ငှာ ဘုရားသခင် လုပ်ဆောင်သည့် အမှုကို စုံစမ်းသွေးဆောင်ရန်၊ နှောင့်ယှက်ပြီး ထိခိုက်စေရန် ဆိုးယုတ်သော နည်းလမ်းအမျိုးမျိုးကို အသုံးပြုရင်း၊ ဘုရားသခင်ကို တားဆီးဖို့ မိမိတတ်စွမ်းသမျှ အရာရာကို လုပ်ဆောင်မည် ဖြစ်သည်။ ဤရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းသည် ဘုရားသခင်အား ဘယ်သူ့ကိုမျှ မရစေချင်ပေ။ ဘုရားသခင် ရယူဖို့ ဆန္ဒရှိသည့်သူများကို လုယူပိုင်ဆိုင်လိုသည်၊ ထိုသူများက ၎င်းအား ကိုးကွယ်ရန်၊ မကောင်းမှုလုပ်ရပ်များ ကျူးလွန်ရာတွင် ၎င်းတို့သည် ၎င်းအား ပူးပေါင်းပြီး ဘုရားသခင်ကို ခုခံရန်အလို့ငှာ ၎င်းက ထိုသူများကို ထိန်းချုပ်ချင်သည်၊ ထိုသူများကို စီမံကွပ်ကဲချင်လေသည်။ ဤသည်မှာ စာတန်၏ ဘေးပြုတတ်သော ကြံရွယ်ချက် မဟုတ်လော။...ဘုရားသခင်နှင့် စစ်ဖြစ်ရင်းနှင့် ဘုရားသခင်နောက်တစ်လျှောက် နောက်ယောင်ခံလိုက်ရင်း၊ စာတန်၏ရည်မှန်းချက်မှာ ဘုရားသခင် ပြုလိုသည့် အမှုမှန်သမျှကို ဖြိုချရန်၊ ဘုရားသခင် ရရှိလိုသော သူများကို သိမ်းပိုက်ရန်နှင့် ထိန်းချုပ်ရန်၊ ဘုရားသခင် ရရှိလိုသောသူများကို လုံးဝ ကွယ်ပျောက်စေရန် ဖြစ်သည်။ အကယ်၍ ၎င်းတို့ မကွယ်ပျောက်ပါက၊ စာတန်၏အသုံးပြုခြင်းကို ခံရရန် စာတန်၏ ပိုင်ဆိုင်မှုများ ဖြစ်လာသည်- ဤသည်မှာ ၎င်း၏ ရည်မှန်းချက် ဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)) ကျွန်မရဲ့ ယုံကြည်ခြင်းကို ကျွန်မ မိသားစုက ဖိနှိပ်တာဟာ စာတန်ရဲ့ စမ်းသပ်မှုနဲ့ နှောင့်ယှက်မှုပဲဆိုတာ ဘုရားနှုတ်ကပတ်တော်နေ ကျွန်မ သဘောပေါက်သွားတယ်။ စာတန်က ကျွန်မကို ဘုရားနောက်လိုက်ပြီး ဘုရားရဲ့ ကယ်တင်ခြင်းခံရဖို့ မဖြစ်စေချင်ဘူး။ ဒါကြောင့် ကျွန်မကို တိုက်ခိုက်ပြီး ဘုရားကို ငြင်းဆန်ပြီး သစ္စာဖောက်အောင် ဖိအားပေးဖို့ ကျွန်မ မိသားစုကို အသုံးပြုတာ။ ဒါက စာတန်ရဲ့ ဒုက္ခပေးတဲ့ ကြံစည်မှုပဲ။ ယောဘက စမ်းသပ်ခံရတုန်းက စာတန်တိုက်ခိုက်တာခံရတာကို ကျွန်မ တွေးမိတယ်။ သူပိုင်ဆိုင်တဲ့ ပစ္စည်းတွေအားလုံး ပျက်စီးတယ်။ သူ့ကလေးတွေ သေတယ်။ သူ့ကိုယ်ခန္ဓာတစ်ခုလုံးက အနာစိမ်းတွေပေါက်တယ်။ ဒီလောက် ကြီးမားတဲ့ ဒုက္ခကို ခံရပေမဲ့ ယောဘက ဘုရားသခင်အတွက် သက်သေခံနိုင်ဆဲဖြစ်ပြီး စာတန်ကို အရှက်ရစေခဲ့တယ်။ ယောဘကို အတုယူသင့်တယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ကျွန်မအဖေနဲ့ ဦးလေးက ကျွန်မကို ဘယ်လိုဖိနှိပ်ပြီး ဟန့်တားပါစေ အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ကျွန်မ ယုံကြည်မှုကို ဆက်ထားရမယ်။ ခိုင်ခိုင်မာမာရပ်တည်ပြီး စာတန်ကို အရှက်ရစေရမယ်။
ကျွန်မတို့အခန်းထဲကို သူဝင်လာပြီးတာနဲ့ ကျွန်မတို့ ယုံကြည်မှုကို စွန့်လွှတ်ဖို့ စပြီး ဖိအားပေးတာပဲ။ သူက ပြောတယ်။ “မင်းတို့က သခင်ယေရှုကို နောက်မှာချန်ထားခဲ့ပြီး ဘုရားကျောင်းမတက်ဘူး။ ဒါ သခင့်ကို သစ္စာဖောက်တာပဲ” တဲ့။ ကျွန်မ ပြန်ပြောတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်နဲ့ သခင်ယေရှုက ဘုရားတစ်ပါးတည်းဖြစ်ပြီး အတူတူပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က နှုတ်ကပတ်တော်တွေ သန်းချီဖော်ပြခဲ့ပြီး မရေမတွက်နိုင်တဲ့ သမ္မာတရားတွေ၊ နက်နဲမှုတွေကို ဖွင့်ပြခဲ့တယ်။ ဘုရားရဲ့ နှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ်ရဲ့ နက်နဲမှု၊ ဘုရားအမှုတော်သုံးဆင့်ရဲ့ အတွင်းဇာတ်လမ်းနဲ့ ဘုရားရဲ့ အမည်နာမတွေရဲ့ နက်နဲမှုဆိုတာမျိုးတွေပေါ့။ လူသားမျိုးနွယ်ရဲ့ အပြစ်ရှိခြင်းရဲ့ အကြောင်းရင်းနဲ့ စာတန်ကြောင့်ဖြစ်တဲ့ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းရဲ့ စစ်မှန်မှုကိုလည်း ဖွင့်ပြပြီး ကယ်တင်ခြင်းလမ်းကို ပြခဲ့တယ်။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လူတော်တော်များများက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို သမ္မာတရားအဖြစ်၊ ဘုရားအသံအဖြစ် အသိအမှတ်ပြုကြတယ်။ သခင်ပြန်ကြွလာတာကို ကြိုဆိုပြီးကြတယ်။ ဒါကြောင့် ကျွန်မတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာဟာ သခင့်ကို သစ္စာဖောက်တာလို့ ဘယ်လိုလုပ်ပြောနိုင်တာလဲ။ သခင်ယေရှုက သူ့အမှုကို ပြုဖို့ ကြွလာတုန်းက လူတွေအများကြီးက သူ့နောက်လိုက်ဖို့ ဗိမာန်တော်ကို စွန့်ခွာခဲ့ကြတယ်။ သူတို့က ယေဟောဝါဘုရားသခင်ကို သစ္စာဖောက်တယ်လို့ ပြောမှာလား။ လူတွေက သခင်ပြန်ကြွလာတာကို သက်သေခံတဲ့အချိန်မှာ ဘုရားအသံကိုကြားပြီး သခင့်နောက်ကိုလိုက်ဖို့ ပျက်ကွက်တဲ့သူတွေကသာ သခင့်ကို တကယ်သစ္စာဖောက်နေတာပါ” ပေါ့။ ဒါကို နားထောင်ပြီး ကျွန်မဦးလေးက ဒေါသထွက်လာတယ်။ သူက ပြောတယ်။ “ကြည့်စမ်းပါဦး။ ငါပြောတာကို သူက နည်းနည်းလေးမှ မစဉ်းစားဘဲ ငါ့ကို ဩဝါဒပေးဖို့တောင် ကြိုးစားတယ်။ သူက သူ့အယူကို လက်ခံအောင် သိမ်းသွင်းနေပြီး ငါ့ကို အသင်းတော်ထဲကို ဆွဲဆောင်ဖို့ ကြိုးစားနေတာပဲ” တဲ့။ နောက်တော့ ဦးလေးရဲ့ မိန်းမက ကျွန်မကို စည်းရုံးဖို့ ကြိုးစားတယ်။ သူက လှောင်တဲ့၊ သရော်တဲ့လေသံနဲ့ ကျွန်မက ယုံကြည်မှုကို ကျင့်သုံးပြီး ဆွယ်တရားဟောပြီး အချိန်ကုန်မယ့်အစား တခြားမိန်းမတွေလိုပဲ အိမ်ထောင်ပြုပြီး တည်ငြိမ်တဲ့ မိသားစုနဲ့ အလုပ်ရှိတဲ့ ဘဝရအောင် လိုက်စားသင့်တယ်လို့ အကြံပေးတယ်။ ကျွန်မက ပြန်တုံ့ပြန်ပြောလိုက်တယ်။ “ကျွန်မ ယုံကြည်သူဖြစ်ကတည်းက အနန္တတန်ခိုးရှင် ဘုရားသခင် နှုတ်ကပတ်တော်တွေ အများကြီး ဖတ်ပြီးပြီ။ အကြောင်းအရာတွေအများကြီးနဲ့ပတ်သက်ပြီး အသိအမြင်ရခဲ့တယ်။ ဘဝအဓိပ္ပာယ်နဲ့ ဘဝမှာ လိုက်စားဖို့ ဘယ်ဟာက အဓိပ္ပာယ်အရှိဆုံးလဲဆိုတာ သိခဲ့တယ်။ ဒီနှစ်တွေမှာ ကပ်ဘေးတွေ၊ စစ်ပွဲနဲ့ အစာငတ်မွတ်မှုတွေ ပြင်းထန်လာတော့ သွေးသားသာယာမှုနဲ့ ပျော်မွေ့မှုက ကျွန်မတို့ဘေးကင်းဖို့ကို တကယ် အာမခံပေးနိုင်သလား။ ကပ်ဘေးတွေကနေ ကျွန်မတို့ကို ကာကွယ်နိုင်လား။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံမှ၊ သမ္မာတရားကို ရယူပြီး အပြစ်ကို စွန့်ပစ်မှပဲ ကပ်ဘေးတွေကနေ ဘုရားရဲ့ ကွယ်ကာမှုကို ရပြီး ဘုရားနိုင်ငံတော်ကို ဝင်ရနိုင်တယ်။ ဒါက ကယ်တင်ခြင်းဆီသွားတဲ့ တစ်ခုတည်းသောလမ်းပဲ” ပေါ့။ သူတို့က ဘာတစ်ခွန်းမှမပြောဘူး။ ကျွန်မရဲ့ အလျှော့မပေးတဲ့ ရပ်တည်ချက်ကို မြင်တော့ ကျွန်မကို အုပ်စုဖွဲ့အနိုင်ကျင့်ဖို့ ကျွန်မအဘိုးနဲ့ တခြားဦးလေးတစ်ယောက်ကို ခေါ်လိုက်တယ်။ ဖိနှိပ်မှုတွေ၊ ဘေးအန္တရာယ်တွေကို ရင်ဆိုင်ရတဲ့အခါမှာ တရုတ်ညီအစ်ကိုမောင်နှမတွေက ခိုင်ခိုင်မာမာရပ်တည်နိုင်တာကို ကျွန်မ တွေးမိတယ်။ ကျွန်မက သူတို့လိုပဲ ဘုရားကို သက်သေခံပြီး စာတန်ကို အရှက်ရစေချင်တယ်။ အဲဒါနဲ့ ဘုရားကို ဆုတောင်းလိုက်တယ်။ “ဘုရားသခင် နောက်ကျရင် အဘိုးနဲ့ ကျန်တဲ့သူတွေက သမီးကို ဘာပြောမယ်၊ ဘာလုပ်မယ်ဆိုတာ သမီးမသိပါဘူး။ သမီးကို ယုံကြည်ခြင်းနဲ့ ခွန်အားနဲ့ ပြည့်စေတော်မူပါ” ဆိုပြီးတော့။ ကျွန်မအဘိုးရောက်လာတာနဲ့ သူက ကျွန်မနဲ့ ကျွန်မအစ်မကို ဒေါသတကြီးဆူငေါက်ပြီး သူ့ခါးပတ်ကိုတောင် ခြိမ်းခြောက်တဲ့ပုံစံနဲ့ ကိုင်ပြီး ပြောတယ်။ “နင်တို့နှစ်ယောက်က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာကို မစွန့်လွှတ်ရင် ငါ့ရဲ့ မြေးတွေဖြစ်မှာမဟုတ်တော့ဘူး” တဲ့။ ဒါကို နားထောင်ရင်းနဲ့ ကျွန်မ တွေးမိတယ်။ ငါ့ရဲ တစ်မိသားစုလုံးက ငါ့ကို စွန့်ပစ်ရင်တောင် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ငါယုံကြည်တာကို လုံးဝ စွန့်လွှတ်မှာမဟုတ်ဘူး။ သခင်ယေရှု ပြောခဲ့သည်မှာ- “အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါငြင်းပယ်မည်။” (ရှင်မဿဲခရစ်ဝင် ၁၀:၃၃) လူသားအဖော်တွေမရှိဘဲ အမြဲတမ်း အသက်ရှင်နိုင်တာကြောင့် လူတွေက စွန့်ပစ်တာခံရတာ ကြောက်စရာမကောင်းဘူး။ ဒါပေမဲ့ ဘုရားက စွန့်ပစ်တာခံရရင် အားလုံးပြီးဆုံးသွားပြီ။ ဒါကြောင့် သူတို့က ငါ့ကို ဘယ်လိုတားဆီးပါစေ ဘုရားကို မငြင်းပယ်ဘူး ပေါ့။ ကျွန်မ တည်တည်ကြည်ကြည်နဲ့ ပြောလိုက်တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ကို စစ်မှန်တဲ့ဘုရားအဖြစ် ကျွန်မ မြင်ပြီးပြီ။ ရှင်တို့ဘာပြောပြော အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ ယုံကြည်တာကို လုံးဝ စွန့်လွှတ်မှာမဟုတ်ဘူး” ဆိုပြီးတော့။ ကျွန်မအစ်မကလည်း အနန္တတန်ခိုးရှင် ဘုရားသခင်ကို သူ ယုံကြည်တာကို စွန့်ပစ်မှာမဟုတ်ဘူးလို့ ပြောတယ်။ ကျွန်မတို့က ဒီလိုပြောတော့ အဲဒီမှာရှိနေတဲ့ လူတိုင်းက အံ့အားသင့်သွားကြတယ်။ ကျွန်မဦးလေးက ဒေါသထွက်သွားပြီး ကျွန်မဖုန်းကို ယူပြီး ကျွန်မကို ဖိစစ်တယ်။ “ဒီဖုန်းနဲ့ နေ့တိုင်း ဘယ်သူ့ကို ခေါ်နေတာလဲ။ သူတို့က ဘယ်သူတွေလဲ။ နာမည်တွေကဘာလဲ။ ငါ့ကို သူတို့ ဖုန်းနံပါတ်တွေ ပေးစမ်း။ သူတို့တွေကို ရဲတိုင်မယ်” ဆိုပြီး ပြောတယ်။ နောက်တော့ သူက ကျွန်မဖုန်းကို ဖွင့်ပေးဖို့ ပြောတယ်။ ကျွန်မက မတုံ့ပြန်တော့ သူက ပိုပြီးတောင် စိတ်ဆိုးပြီးတော့ “ကြည့်ရတာ နင်က မျှော်လင့်ချက်မရှိတော့ဘူး။ ငါတို့ပြောသမျှကို ဘာမှ နားမထောင်ဘူး။ နင့်ကို ကုဖို့အတွက် စိတ်ရောဂါဆရာဝန်ဆီ ပို့သင့်တယ်” ဆိုပြီး ပြောတယ်။ သူတို့အမြင်မှာ ယုံကြည်မှုက ဘာသာရေးခံယူချက် တစ်မျိုးပဲ။ ဘုရားအတွက် အနစ်နာခံပြီး အသုံးခံတဲ့သူတွေက ပုံမှန်မဟုတ်ဘူးလို့ သူတို့ ထင်ကြတယ်။ အဲဒီနောက်တော့ တခြားမိသားစုဝင်တွေက ကျွန်မကို အလှည့်ကျ အပြစ်တင်ပြီး ဒေါသနဲ့ ဆူငေါက်တယ်။ ဒါပေမဲ့ ကျွန်မအစ်မနဲ့ ကျွန်မက မယိမ်းယိုင်ဘူး။ ပြန်တောင် ငြင်းကြတယ်။ နောက်ဆုံးတော့ သူတို့က စိတ်ကုန်သွားပြီး အိမ်ပြန်သွားကြတယ်။
သူတို့က အဲဒီမှာ ရပ်မသွားဘူး။ နှစ်ရက်ကြာတော့ ကျွန်မအဖေက အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်ကို သိက္ခာချထားတဲ့ ဗီဒီယိုသုံးလေးခုပြတယ်။ ဒါတွေကို အရမ်းကို စော်ကားပုတ်ခတ်ထားတယ်လို့ ကျွန်မ မြင်တယ်။ ဒါတွေက မှားနေပြီး အသင်းတော်ကို အသရေဖျက်နေတာကြောင့်လေ။ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာ မကြာသေးပေမဲ့ သူ့နှုတ်ကပတ်တော်တွေကို ဖတ်ပြီး တချို့သမ္မာတရားတွေကို နားလည်သွားပြီ။ အပြစ်ကလွတ်ပြီး သန့်စင်ခံရဖို့အတွက် ကိုယ်လျှောက်ရမယ့်လမ်းကို ကျွန်မ သိခဲ့တယ်။ ဘဝမှာ ဘာတွေက လိုက်စားဖို့အတွက် အဓိပ္ပာယ်အရှိဆုံးလဲဆိုတာ သိခဲ့တယ်။ အကြောင်းအရာတွေကို ဘုရားနှုတ်ကပတ်တော်ကို အခြေခံပြီး ကြည့်ဖို့ကို စလေ့ကျင့်နေပြီ။ ကောင်းမှုနဲ့ မကောင်းမှုကို နည်းနည်း ပိုင်းခြားသိမြင်လာပြီ။ တချို့နယ်ပယ်တွေမှာ ကျွန်မက တိုးတက်မှုတွေရှိလာပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ကျွန်မယုံကြည်မှုကြောင့် ကျွန်မ အများကြီး အကျိုးအမြတ်ရတယ်။ စိတ်ထဲမှာ ငြိမ်းချမ်းပြီး ကျေနပ်သလို ခံစားရတယ်။ ဒါဟာ လမ်းမှန်ဖြစ်တယ်။ ဘုရားက ကျွန်မတို့ကို လမ်းပြပေးနေတဲ့ လမ်းဖြစ်တယ်ဆိုတာ လက်ခံယုံကြည်ခဲ့တယ်။ အဲဒါနဲ့ ကျွန်မ အဖေကို ပြောလိုက်တယ်။ “အဖေက ဘုရားရဲ့ နောက်ဆုံးသောကာလအမှုတော်ကို မလေ့လာရသေးဘဲ ဒီအွန်လိုင်း ကောလာဟလတွေနဲ့ အတွေးမှားတွေအကုန်လုံးကို ယုံနေတယ်။ ဒါတွေက နတ်ဆိုးရဲ့ မုသားတွေပဲ။ သမီးက စစ်မှန်တဲ့ဘုရားကို ယုံကြည်တာ” ဆိုပြီးတော့။ ဒါပေမဲ့ ကျွန်မက ဒီလိုပြောပြီးတော့ အဖေက ချက်ချင်းဖြတ်ပြောပြီး ထပ်ပြီး ဒေါသတကြီး ဆူငေါက်ပြန်တယ်။ နောက်ပိုင်းမှာ ကျွန်မဦးလေးက ထပ်ရောက်လာပြီး ကျွန်မကို ဖိအားပေးပြီး ပြောတယ်။ “ကီနာ၊ နင်က ငါတို့မိသားစုပဲ။ ငါတို့အားလုံးက နင့်ကို အရမ်းချစ်ကြတယ်။ ငါတို့က နင်ကောင်းဖို့အတွက် လုပ်နေတာ။ နောက်ကျရင် ငါတို့ကို နင်ကျေးဇူးတင်လိမ့်မယ်။ ကျေးဇူးပြုပြီး ဒီအသင်းတော်ကနေ အမြန်ဆုံး ထွက်ပါ” တဲ့။ သူ့စကားတွေကြောင့် စာတန်က ယောဘကို တိုက်ခိုက်ဖို့အတွက် ယောဘရဲ့ မိန်းမကို အသုံးပြုတာကို ကျွန်မ သတိရသွားတယ်။ ယောဘရဲ့ မိန်းမကပြောတယ်။ “သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့။” (ယောဘ ဝတ္ထု ၂:၉) ဒါပေမဲ့ ယောဘက သူပြောသလို လိုက်မလုပ်ဘူး။ အဲဒီအစား “မိုက်မဲသောမိန်းမက စကားပြောသလို” ပြောတဲ့အတွက် သူ့ကို အပြစ်ဆိုတယ်။ အခုလည်း ကျွန်မက ကျွန်မမိသားစုက အကျပ်ကိုင်ပြီး တားဆီးတာကို ခံနေရတယ်။ သူတို့က ကျွန်မကောင်းဖို့အတွက်လုပ်နေတာလို့ပြောပေမဲ့ တကယ်တမ်းက အနန္တတန်ခိုးရှင် ဘုရားသခင်ကို စွန့်လွှတ်ဖို့ ကျွန်မကို ဖိအားပေးဖို့ပဲ။ သူတို့ရဲ့ အလိမ်အညာတွေ၊ လှည့်စားမှုတွေကို ကျွန်မ စိတ်ကုန်လာတယ်။ အဲဒါနဲ့ ကျွန်မက ဒီတိုင်းပဲ တိတ်တဆိတ်ထိုင်နေပြီး လျစ်လျူရှုနေလိုက်တယ်။ ကျွန်မ သူတို့ကို ပြောချင်တာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ သူတို့ နားထောင်မှာမဟုတ်ဘူးဆိုတာ ကျွန်မ သိတယ်။ ကျွန်မက သူတို့တောင်းဆိုတာတွေကို မလိုက်လျောဘူးဆိုတာ မြင်တော့ ကျွန်မအဖေက သူ့ခါးပတ်ကို ယူပြီး ကျွန်မ မျက်နှာနဲ့လက်တွေကို သုံးလေးခါ ဖြတ်ရိုက်တယ်။ ကျွန်မလက်က ပူစပ်ပြီး မျက်ရည်တွေက ကျွန်မမျက်နှာမှာ ကျလာတယ်။ နောက်ဆုံးကျတော့ သူတို့က ကျွန်မနဲ့ ကျွန်မအစ်မဖုန်းတွေကို သိမ်းလိုက်ပြီး ကျွန်မတို့က အသင်းတော်နဲ့ ဆက်သွယ်ဖို့ မတတ်နိုင်တော့ဘူး။ အဲဒီနောက်တော့ ကျွန်မအဖေက ကျွန်မတို့ကို ဆက်စောင့်ကြည့်ပြီး ဘုရားနှုတ်ကပတ်တော်ဖတ်တာကို ပိတ်ပင်တယ်။ ကျွန်မတစ်ယောက်ထဲ မရှိအောင်လို့ သူက ကျွန်မ သွားတဲ့နေရာတိုင်းကို လိုက်ပြီး ကျွန်မ အမူအရာတွေကိုတောင် ကြည့်နေတယ်။ ကျွန်မ တစ်ခုခုစဉ်းစားနေတဲ့ ပုံစံရှိရင် သူက “နင်ယုံတဲ့ ဘုရားကို စဉ်းတောင် မစဉ်းစားနဲ့နော် ဆိုပြီး အော်တယ်။” အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တချို့ နှုတ်ကပတ်တော်တွေကို ကျွန်မ ပြန်အမှတ်ရတယ်။ “ယုံကြည်သူများနှင့် မယုံကြည်သူများသည် သဟဇာတ မဖြစ်ကြပေ။ ယင်းထက် ၎င်းတို့သည် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) “လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် မကောင်းဆိုးဝါးဆန်ပြီး၊ ထို့အပြင် ဖျက်ဆီးခံရလိမ့်မည်။...ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ မဟုတ်ပါက၊ မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားသခင်က မယုံကြည်သူတွေရဲ့ အနှစ်သာရကို ဖော်ထုတ်တယ်။ ဘယ်သူမှ မိသားစုထက် ပိုမရင်းနှီးဘူးလို့ ကျွန်မ ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူတို့က ဖိနှိပ်တာ၊ တားဆီးတာကို ခဏခဏ ခံရပြီး ဒါတွေကို ဘုရားနှုတ်ကပတ်တော်နဲ့ ယှဉ်ကြည့်ပြီးတဲ့အခါမှာ နောက်ဆုံးမှာ သူတို့ရဲ့ သရုပ်မှန်ကို ကျွန်မ မြင်သွားတယ်။ သူတို့က သခင့်ကို ယုံကြည်ကြပေမဲ့ သခင်ပြန်ကြွလာတာမျိုး မယုံနိုင်လောက်အောင်ဖြစ်တဲ့အရာမျိုးကို ရင်ဆိုင်ရတော့ ရှာဖွေဖို့ နည်းနည်းလေးမှ ဆန္ဒမရှိဘူး။ ဘုရားအသံကို နားမထောင်ဘူး။ သခင့်ကို မကြိုဆိုဘူး။ ကျွန်မတို့ကို အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်မခံအောင် တားဆီးဖို့ လိုအပ်တဲ့နည်းလမ်းမှန်သမျှကိုတောင် အသုံးပြုတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဝေဖန်အပြစ်တင်တာ၊ ရှုတ်ချတာမျိုးစုံကို အကြာကြီးပြောတယ်။ သူတို့တွေက ဘုရားကိုမုန်းတဲ့၊ ဘုရားကို အာခံတဲ့လူတွေပဲ။ သူတို့တွေက ဘုရားရဲ့ရန်သူတွေဆိုတော့ ကျွန်မရဲ့ ရန်သူတွေလည်းဖြစ်တယ်။ ကျွန်မက သူတို့နဲ့ မတူဘူး။
ကျွန်မမိသားစုအကြောင်း နည်းနည်းသိသွားပေမဲ့ သူတို့က ကျွန်မကို အမြဲတမ်း စောင့်ကြည့်နေတာ။ စုဝေးပွဲတွေ မတက်နိုင်ဘူး။ ဝိညာဉ်ရေးကိစ္စတွေကို ကျွန်မအစ်မနဲ့တောင် နှစ်ကိုယ်ကြားပြောလို့မရဘူး။ အဲဒါနဲ့ ကြာလာတော့ ကျွန်မ အားနည်းလာတယ်။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေးမိတယ်။ “စိတ်မပျက်နှင့်၊ အားမနည်းနှင့်၊ ထိုအခါ ငါသည် သင့်အတွက် အမှုအရာများကို ရှင်းလင်းစေမည်။ နိုင်ငံတော်သို့ သွားရာလမ်းသည် သိပ်ချောမွေ့ခြင်းမရှိ။ မည်သည့်အရာမျှ ထိုမျှ မရိုးရှင်းပေ။ ကောင်းချီးများ သင့်ထံ အလွယ်တကူ ရောက်လာသည်ကို သင် လိုချင်သည် မဟုတ်လော။ ယနေ့တွင် အယောက်တိုင်းသည် ခါးသီးသော စမ်းသပ်ခြင်းများ ရင်ဆိုင်ဖို့ ရှိလိမ့်မည်။ ထိုသို့သော စမ်းသပ်မှုများမရှိပါက၊ သင်တို့၌ ရှိသည့် ငါ့ကိုချစ်သော နှလုံးသားသည် တိုး၍ အားကောင်းလာလိမ့်မည် မဟုတ်သကဲ့သို့၊ သင်တို့သည် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိလိမ့်မည်မဟုတ်။ ဤစမ်းသပ်မှုများတွင် အရေးမပါသော အခြေအနေများသာ ပါရှိလျှင်ပင်၊ အယောက်တိုင်း ၎င်းတို့ကို ကျော်ဖြတ်ရမည်။ စမ်းသပ်မှုများ၏ ခက်ခဲမှုက လူတစ်ဦးနှင့်တစ်ဦး ခြားနား လိမ့်မည်သာ ဖြစ်သည်။ စမ်းသပ်မှုများသည် ငါ့ထံမှလာသော ကောင်းချီးမင်္ဂလာများဖြစ်ပြီး၊ သင်တို့ထဲမှ မည်မျှသည် ငါ၏ ရှေ့သို့ မကြာခဏ လာပြီး ဒူးထောက်လျက် ကောင်းချီး မင်္ဂလာများကို တောင်းခံကြသနည်း။ မိုက်မဲသော ကလေးတို့။ အနည်းငယ်သော မင်္ဂလာရှိသည့် စကားများကို ငါ၏ ကောင်းချီးမင်္ဂလာများအဖြစ် သင်တို့ အမြဲ ယူဆ ကြသော်လည်း၊ ခါးသီးမှုသည် ငါ၏ ကောင်းချီးမင်္ဂလာများထဲမှ တစ်ခုဖြစ်သည်ကို သင်တို့ သတိမပြုမိကြပေ။ ငါ၏ ခါးသီးခြင်းကို မျှဝေခံစားသော သူတို့သည် ငါ၏ ချိုမြိန်ခြင်းကို သေချာပေါက် မျှဝေခံစားရလိမ့်မည်။ ယင်းမှာ သင်တို့အဖို့ ငါ၏ ကတိနှင့် ငါ၏ ကောင်းချီးမင်္ဂလာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၁)) ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်မ နွေးထွေးသွားပြီး သူက ကျွန်မနဲ့ တော်တော်နီးကပ်နေတယ်လို့ ခံစားမိတယ်။ ကျွန်မ ဘာကိုစဉ်းစားနေတယ်၊ ဘာကို ဖြတ်သန်းနေရတယ်ဆိုတာ ဘုရားက နားလည်ပြီး ကျွန်မကို နှစ်သိမ့်အားပေးဖို့ သူ့နှုတ်ကပတ်တော်တွေကို အသုံးပြုခဲ့တယ်။ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခြင်းက အရမ်းခက်ခဲကြမ်းတမ်းပြီး စစ်မှန်တဲ့လမ်းက အမြဲတမ်း ဖိနှိပ်ခံ၊ ငြင်းပယ်ခံနေရတဲ့အကြောင်းက စာတန်က ဒီကမ္ဘာကို အုပ်စိုးနေပြီး ဘုရားသခင်ကို သမ္မာတရားကို ဖော်ပြပြီး လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် ဒီနေရာကို လာခွင့်မပြုတာကြောင့်ပဲဆိုတာ ကျွန်မ သိခဲ့တယ်။ လူတွေကို ဘုရားနောက်လိုက်ပြီး ဘုရားကို ယုံကြည်ခွင့်ပြုဖို့ဆိုတာ ပိုဆိုးတာပေါ့။ ရလဒ်အနေနဲ့ ဒီလိုလုပ်တဲ့လူတွေက ဖိနှိပ်ခံရတယ်။ ကျေးဇူးတော်ခေတ်မှာ လူတွေအများကြီး ဖိနှိပ်ခံရပြီး သခင်ယေရှုအပေါ် သူတို့ရဲ့ ယုံကြည်မှုကြောင့် အသတ်တောင်ခံရတယ်။ အခု နိုင်ငံတော်ခေတ်မှာ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ တစ်ခါ လူ့ဇာတိခံခဲ့တယ်။ တရုတ်နိုင်ငံမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတွေ တော်တော်များများ အဖမ်းခံ၊ ဖိနှိပ်ခံရတယ်။ စီစီပီက ရိုက်နှက်တာ၊ နှိပ်စက်တာခံရတယ်။ ဒါပေမဲ့ ဘုရားသခင်အပေါ် သူတို့ရဲ့ ယုံကြည်မှုက ဆက်ပြီးတော့ ခိုင်မြဲပြီး ဘုရားအတွက် သက်သေခံကြတယ်။ ဘုရားအပေါ် ကျွန်မယုံကြည်တဲ့အတွက် ကျွန်မ မိသားစုရဲ့ ဖိနှိပ်မှုကို ရင်ဆိုင်ရတော့ စာတန်ရှေ့မှာ ဘုရားကို သက်သေခံရတာ ကျွန်မအတွက် အင်မတန် ဂုဏ်ယူစရာပါပဲ။ ကျွန်မက တချို့အခက်အခဲတွေနဲ့ ရင်ဆိုင်ရပေမဲ့ ဒါတွေမှာ ဘုရားရဲ့ ကောင်းတဲ့ ရည်ရွယ်ချက်တွေပါပါတယ်။ ကျွန်မက ယုံကြည်ခြင်းနည်းနေပြီး စာတန်ရဲ့ ကြံစည်မှုကို မရိပ်စားမိနိုင်ခဲ့ဘူး။ ဒါကြောင့် ဘုရားသခင်က သူ့ကို အားကိုးအောင်၊ ပိုင်းခြားသိမြင်မှုကို ရအောင် သမ္မာတရားကို ရှာဖွေဖို့ ကျွန်မို သင်ကြားပေးဖို့အတွက် ကျွန်မမိသားစုရဲ့ တားဆီးမှု၊ ဖိနှိပ်မှုကတစ်ဆင့် အလုပ်လုပ်ပါတယ်။ ဒီအခြေအနေက ကျွန်မကို သမ္မာတရားကို နားလည်ပြီး ဝိညာဉ်ရင့်ကျက်မှု ကြီးထွားအောင် ကူညီပေးခဲ့တယ်။ ဘုရားရဲ့ ရည်ရွယ်ချက်တွေကို သဘောပေါက်သွားတော့ ကျွန်မ ပိုစိတ်အေးသွားပြီး သိပ်စိတ်မပူတော့ဘူး။ ဒီအတွေ့အကြုံမှာ ဘုရားကို အမှီပြုဖို့ ဆုံးဖြတ်လိုက်တယ်။ ဘုရားက ကျွန်မဘက်မှာ ရှိသရွေ့ ဘယ်သူက ကျွန်မကို ဆန့်ကျင်တယ်၊ ဟန့်တားတယ်ဆိုတာ အရေးမပါတော့ဘူး။
အဲဒီအချိန်အတွင်းမှာ ကျွန်မ မိသားစုက ကျွန်မတို့ကို အဆက်မပြတ်စောင့်ကြည့်ပြီး ဖိနှိပ်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မတို့ မဖတ်နိုင်ဘူး။ စိတ်ဆင်းရဲလွန်းလို့ အိမ်ကနေ ထွက်ပြေးဖို့တောင် စဉ်းစားမိတယ်။ ကျွန်မမြင်တာက ထွက်ပြေးတာက လွတ်ဖို့ တစ်ခုတည်းသောနည်းပဲပေါ့။ အိမ်ကထွက်လာခဲ့ရင် ယုံကြည်ခြင်းကို ပုံမှန် ကျင့်သုံးနိုင်တယ်။ ဒါပေမဲ့ ထွက်လမ်းတွေအကုန်လုံးက ပိတ်ထားတယ်။ ကျွန်မအဖေက အမြဲတမ်း အိမ်မှာရှိနေပြီး သူ့ကို ဘယ်လိုရှောင်ရမှန်းမသိဘူး။ တခြားမိသားစုဝင်တွေကလည်း ကျွန်မကို စောင့်ကြည့်နေကြတာ။ ဒါ့အပြင်ကို ကျွန်မက ပိုက်ဆံမရှိဘူး။ ဘယ်ကိုသွားလို့ရနိုင်လဲဆိုတာ မသိခဲ့ဘူး။ ကျွန်မ ထွက်ပြေးရင် ကျွန်မအဖေက ညီအစ်ကိုမောင်နှမတွေကို ရဲတိုင်လိုက်မှာကို ကျွန်မ စိုးရိမ်မိတယ်။ ကျွန်မ တော်တော်လေး စိတ်ဓာတ်ကျပြီး အမြဲတမ်း ငိုနေတယ်။ ဘယ်သူ့ကိုမှလည်း ကျွန်မကို ဒီလိုမမြင်စေချင်ဘူး။ အဲဒီအချိန်တွေမှာ ကျွန်မက အမြဲတမ်းကြောက်လန့်နေရတယ်။ ကျွန်မအခန်းမှာ ဆုတောင်းတဲ့အချိန်မှာ ကျွန်မအဖေက တရကြမ်းဝင်လာမှာ တံခါးကို ချိုးဖျက်ပြီး ကျွန်မကို အော်မှာတွေကို အမြဲတမ်း စိတ်ပူနေရတယ်။ ကျွန်မနဲ့ ကျွန်မအစ်မကို ရိုက်နှက်ပြီး ဒေါသနဲ့ ဆူငေါက်မှာကို ပိုပြီးတော့တောင် စိတ်ပူတယ်။ ဒီဖိနှိပ်မှုက ဘယ်လောက်ဆက်သွားနေမလဲဆိုတာ ကျွန်မ မသိဘူး။ ညီအစ်ကိုမောင်နှမတွေအားလုံးက ပုံမှန်စုဝေးနိုင်ပြီး တာဝန်တွေထမ်းဆောင်နိုင်ပေမဲ့ ကျွန်မကျတော့ ဒီအခွင့်အရေးမရှိတာကို တွေးမိတော့ သူတို့ကို အားကျမိတယ်။ အဲဒါနဲ့ ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင်၊ အိမ်မှာ ယုံကြည်ခြင်းကို ကျင့်သုံးရတာ တော်တော်အခက်အခဲဖြစ်နေပါတယ်။ သမီးအိမ်ကနေ ထွက်ချင်ပါတယ်။ ဒါဆိုရင် လွတ်လွတ်လပ်လပ်နဲ့ စုဝေးပြီး တာဝန်ထမ်းဆောင်နိုင်ပါတယ်။ သမီးအတွက် လမ်းဖွင့်ပေးတော်မူပါ” ဆိုပြီးတော့။
တစ်နေ့တော့ နောက်ဆုံးမှာ ကျွန်မ မိသားစုဝင်တွေအကုန်လုံးကို ရှောင်နိုင်ခဲ့ပြီး ကျွန်မဖုန်းကနေ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော် သို့မဟုတ် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် မည်သည့်ကိစ္စ၌မဆို သင်သည် ယောဘကဲ့သို့ပင် ဘုရားသခင်၏အမှုထဲတွင် ယုံကြည်ခြင်း ရှိရမည်ဖြစ်ပြီး ဘုရားသခင်ကို မငြင်းပယ်ရပေ။ ယောဘသည် ခွန်အားနည်းပြီး သူ၏မွေးဖွားသည့်နေ့ရက်ကို ကျိန်ဆဲခဲ့သော်လည်း၊ လူ့ဘဝထဲရှိ အရာခပ်သိမ်းကို ယေဟောဝါ အပ်နှင်းထားကြောင်းနှင့် ယေဟောဝါသည် ယင်းတို့အားလုံးကို နုတ်ယူမည့် အရှင်လည်းဖြစ်ကြောင်း သူမငြင်းခဲ့ပါ။ မည်သို့ပင် စမ်းသပ်ခံခဲ့ရစေကာမူ ဤယုံကြည်ချက်ကို သူဆုပ်ကိုင်ခဲ့သည်။ သင်၏ အတွေ့အကြုံထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် မည်သည့်စစ်ဆေးခြင်းကိုမဆို သင်ကြုံရပါစေ၊ လူသားမျိုးနွယ်အား ဘုရားသခင်တောင်းဆိုသည့်အရာမှာ အချုပ်အားဖြင့် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့အပေါ် ၎င်းတို့၏ချစ်ခြင်းပင် ဖြစ်သည်။ ဤနည်းအတိုင်း အမှုပြုခြင်းအားဖြင့် သူစုံလင်စေသောအရာမှာ လူတို့၏ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ပြင်းပြသော ဆန္ဒများ ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် စုံလင်စေခြင်းအမှုကို ပြုပြီး၊ ယင်းကို ၎င်းတို့ မမြင်တွေ့နိုင်၊ သတိမပြုနိုင်ပေ။ ထိုကဲ့သို့သော အခြေအနေများအောက်တွင် သင်၏ယုံကြည်ခြင်း လိုအပ်သည်။ တစ်စုံတစ်ရာကို ပကတိမျက်စိဖြင့် မမြင်နိုင်သည့်အခါ လူတို့၏ယုံကြည်ခြင်း လိုအပ်ပြီး သင်၏ကိုယ်ပိုင် အယူအဆများကို သင်လက်မလွှတ်နိုင်သည့်အခါ သင်၏ယုံကြည်ခြင်း လိုအပ်သည်။ သင်သည် ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိသည့်အခါ သင့်အား တောင်းဆိုသောအရာမှာ ယုံကြည်ခြင်း ရှိရန်နှင့် ခိုင်ခံ့သောရပ်တည်ချက်ရှိပြီး သက်သေရပ်တည်ရန် ဖြစ်သည်။ ယောဘ ဤအဆင့်သို့ ရောက်သည့်အခါ ဘုရားသခင်သည် သူ့ထံ၌ ပေါ်လာခဲ့ပြီး သူ့ကို စကားပြောခဲ့သည်။ တစ်နည်းအားဖြင့် သင်၏ယုံကြည်ခြင်းအတွင်း၌သာ ဘုရားသခင်ကို သင်မြင်တွေ့နိုင်မည် ဖြစ်ပြီး သင်၌ ယုံကြည်ခြင်းရှိသည့်အခါ၊ ဘုရားသခင်သည် သင့်ကို စုံလင်စေမည်ဖြစ်သည်။ ယုံကြည်ခြင်းမရှိလျှင် သူက ဤအရာကို လုပ်မပေးနိုင်ပါ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) “အကယ်၍ သင်၏ အယူအဆများနှင့် တစ်ပြေးညီမဟုတ်သော အရာများစွာ သင့်အပေါ် ကျရောက်လာသည့်တိုင် သင်သည် ၎င်းတို့ကို ဘေးဖယ်ထားနိုင်ပြီး ဤအရာများမှ ဘုရားသခင်၏ လုပ်ရပ်များအား သိကျွမ်းခြင်းကို ရရှိနိုင်ပါက၊ ထို့ပြင် သင်သည် စစ်ဆေးခြင်းများအလယ်တွင် ဘုရားသခင်ကိုချစ်သည့် သင်၏စိတ်နှလုံးကို ဖော်ထုတ်ပြသပါက၊ ဤသည်မှာ သက်သေရပ်တည်ခြင်းပင် ဖြစ်သည်။ အကယ်၍ သင်၏ နေအိမ်သည် ငြိမ်းချမ်းနေပြီး၊ သင်သည် ဇာတိပကတိဆိုင်ရာ ဇိမ်ခံစရာများကို မွေ့လျော်ကာ၊ သင့်ကို မည်သူမျှ ညှဉ်းပန်းနှိပ်စက်ခြင်း မပြုဘဲ၊ အသင်းတော်ထဲရှိ သင်၏ ညီအစ်ကိုမောင်နှမများက သင့်ကိုနာခံပါက၊ ဘုရားသခင်ကိုချစ်သည့် သင်၏စိတ်နှလုံးကို ပြသနိုင်မည်လော။ ဤအခြေအနေက သင့်ကို စစ်ဆေးနိုင်သလော။ ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းကို ပြသနိုင်သည်မှာ စစ်ဆေးခြင်းအားဖြင့်သာလျှင် ဖြစ်ပြီး သင် စုံလင်စေခြင်းခံရနိုင်သည်မှာ သင်၏အယူအဆများနှင့် မကိုက်ညီသောအမှုအရာများ ဖြစ်ပျက်ခြင်းအားဖြင့်သာလျှင် ဖြစ်သည်။ ဆန့်ကျင်ဘက်ပြုပြီး အပျက်သဘောဆောင်သော အရာများစွာ၏ အကူအညီနှင့်၊ စာတန်၏ အမျိုးမျိုးသော သရုပ်သကန်ဖော်ပြချက်များ တည်းဟူသော ၎င်း၏လုပ်ရပ်များ၊ ၎င်း၏စွပ်စွဲချက်များ၊ ၎င်း၏ အနှောင့်အယှက်များနှင့် လှည့်ဖြားမှုများကို အသုံးချခြင်းအားဖြင့် ဘုရားသခင်သည် သင့်အား စာတန်၏ အကျည်းတန်သော မျက်နှာကို ရှင်းရှင်းလင်းလင်း ပြသကာ၊ ထိုသို့ဖြင့် သင်သည် စာတန်ကို မုန်းတီးပြီး ပစ်ပယ်နိုင်ဖို့အလို့ငှာ သင်၏ စာတန်အား ခွဲခြားသိမြင်နိုင်စွမ်းကို စုံလင်စေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး ဘုရားရဲ့ ရည်ရွယ်ချက်ကို ကျွန်မ ရှင်းရှင်းလင်းလင်း သိသွားပြီး ကျွန်မတို့ ယုံကြည်ခြင်းမှာ ကျွန်မတို့ဟာ စမ်းသပ်မှုတွေ၊ စစ်ဆေးမှုတွေကို ဖြတ်သန်းရမယ်ဆိုတာကို မြင်ခဲ့တယ်။ ဒီစစ်ဆေးမှုတွေကတစ်ဆင့်ပဲ ဘုရားအပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်းကို ကျွန်မတို့ ရနိုင်ပါတယ်။ ယောဘရဲ့ ဇာတ်လမ်းကို ကြည့်လေ။ စမ်းသပ်မှုကို သူ ကြုံရပြီး သူ့ရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်ပြီးတဲ့နောက်မှာ ဘုရားအပေါ် သူ့ ယုံကြည်မှုက တိုးလာပြီး စာတန်က ရှက်ပြီး အမြီးကုပ်သွားရတယ်။ ယောဘကို ကျွန်မရဲ့ စံပြအဖြစ် မှတ်ယူပြီး ဒီစမ်းသပ်မှုတစ်လျှောက် ခိုင်ခိုင်မာမာရပ်တည်သင့်တယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ယုံကြည်ခြင်း တကယ်ကင်းမဲ့နေတယ်ဆိုတာ ကိုယ့်ကိုယ့်ကိုယ် ပြခဲ့ပါတယ်။ ငြိမ်းချမ်းတဲ့၊ ဘေးကင်းတဲ့ပတ်ဝန်းကျင်မှာ ပုံမှန်စုဝေးနိုင်တဲ့အခါ ကျွန်မ ယုံကြည်ခြင်းက သန်မာပြီး ကျွန်မက “ဘာပဲဖြစ်နေဖြစ်နေ ဘုရားကို လုံးဝ အပြစ်တင်မှာ မဟုတ်ဘူး” လို့တောင် ပြောခဲ့တယ်။ ဒါပေမဲ့ မိသားစုရဲ့ ဖိနှိပ်တာ ခံရပြီး အိမ်မှာ လွတ်လပ်မှုမရှိဘဲ လှောင်အိမ်ထဲကျသလို ပိတ်ထားခံရတော့ အပျက်သဘောဆောင်ပြီး အားနည်းလာတယ်။ ဘုရားအပေါ် ကျွန်မ ယုံကြည်ခြင်းကို မစွန့်လွှတ်ပေမဲ့ အမြဲတမ်း ညည်းညူနေတယ်။ ဆင်းရဲဒုက္ခကို အမြဲတမ်း ရှောင်ချင်တယ်။ အေးဆေးတဲ့ဘဝနဲ့ သက်သာတဲ့ ကိုးကယ်မှုပုံစံကို ရှာတယ်။ ဒါဟာ ကျွန်မသဘာဝက ဘုရားကို သစ္စာဖောက်ခြင်းပဲဆိုတာ ရှင်းရှင်းလင်းလင်း ပြနေပါတယ်။ ယောဘက ဘယ်လောက် တည်ကြည်ခိုင်မာခဲ့သလဲဆိုတာကို ကျွန်မ တွေးမိတယ်။ စာတန်က သူ့ကို စမ်းသပ်ပြီး တိုက်ခိုက်တဲ့အခါမှာ သူက ဘုရားကို လုံးဝ စောဒကမတက်ဘူး။ သူ့အပေါ် ဒီလိုမျိုးတွေ ဖြစ်စေတဲ့အတွက်ဆိုပြီး ဘုရားကို မေးခွန်းထုတ်ဖို့မပြောနဲ့။ ဘုရားအပေါ် ယုတ္တိမရှိတဲ့ တောင်းဆိုမှုတွေတောင် လုံးဝ မလုပ်ဘူး။ ယောဘက ဘုရားကို နာခံပြီး ကြောက်ရွံ့တယ်။ ကျွန်မက အဲဒီလိုမဟုတ်ဘူး။ ဘုရားသခင်က ကျွန်မကို စမ်းသပ်ပြီး ကျွန်မ ယုံကြည်ခြင်းကို စုံလင်စေဖို့အတွက် ဒီအခြေအနေကို အသုံးပြုနေတာဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မက ယုံကြည်ခြင်းကို အေးအေးဆေးဆေးနဲ့ အမြဲတမ်း ကျင့်သုံးချင်ရင် ဘုရားဖန်တီးတဲ့ အခြေအနေတွေကို ရှောင်ပြီး ဒါတွေကနေ မသင်ယူဘူးဆိုရင် နောက်ဆုံးမှာ ကျွန်မ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ကျွန်မ တွေးမိတယ်။ ကျွန်မက နည်းနည်း ဒုက္ခခံရပေမဲ့ ဘုရားက ကျွန်မကို လမ်းပြဖို့ ကျွန်မနားမှာ အမြဲရှိတယ်။ ကျွန်မ အားနည်းတဲ့အခါ ဘုရားနှုတ်ကပတ်တော်က ကျွန်မကို နှစ်သိမ့်ပြီး အားပေးတယ်။ ဒီတော့ ကျွန်မက ဘုရားကို ဘယ်လိုစောဒကတက်နိုင်မှာလဲ။ ကျွန်မက အသိတရား အရမ်းကင်းမဲ့ခဲ့တာပါ။ မိသားစုတွေက ဖိနှိပ်တာကိုမခံရတဲ့ ညီအစ်ကိုမောင်နှမတွေကို ကျွန်မ အားကျခဲ့ဖူးတယ်။ ဒါပေမဲ့ အခု စဉ်းစားကြည့်တော့ နောက်ဆုံးမှာ ဘယ်သူက ပိုရသွားတာလဲ။ သက်သက်သာသာနေရပြီး ကျေးဇူးတော်နဲ့ အသက်ရှင်ရတဲ့သူက ပိုရသလား။ ဖိနှိပ်ခြင်းနဲ့ ဆင်းရဲဒုက္ခကို ကြုံတွေ့ရတဲ့သူက ပိုရသလား။ အဖြေက သိသာပါတယ်။ အရာအားလုံးက ဘုရားလက်ထဲမှာရှိပြီး ဘုရားရဲ့ စီစဉ်ညွှန်ကြားမှုအောက်မှာရှိတယ်။ ဘုရားက အဓိပ္ပာယ်မရှိတဲ့အလုပ်ကို မလုပ်ဘူး။ ဘုရားကသာ ကျွန်မဘဝတိုးတက်ဖို့အတွက် ဘယ်အခြေအနေက အကောင်းဆုံးဖြစ်မယ်ဆိုတာကို သိတာပါ။ ကျွန်မ သိတာမဟုတ်ဘူး။ ဒါကြောင့် ကျွန်မ နာခံပြီး ရှာဖွေသင့်တယ်။
အဲဒီနောက် သိပ်မကြာဘူး။ ကျွန်မအဖေက အလုပ်ရသွားပြီး အပြင် ခဏခဏ ထွက်ရတယ်။ အဲဒီအချိန်တွေမှာ ကျွန်မအစ်မနဲ့ ကျွန်မတို့က လုံလုံခြုံခြုံနဲ့ စုဝေးပြီး ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယဖွဲ့နိုင်တယ်။ ကျွန်မအဖေတပ်ထားတဲ့ စောင့်ကြည့်တဲ့ ကင်မရာတွေအတွက်က ကျွန်မတို့အပေါ် မထိရောက်ရုံတင်မကဘူး။ ကျွန်မတို့ကို တကယ် ကာကွယ်ပေးတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်မအဖေ အိမ်ပြန်လာတဲ့အချိန်တိုင်းမှာ သူပြန်လာတာကို ကင်မရာကနေမြင်ရပြီး ကျွန်မတို့ စုဝေးပွဲကို ဖျက်လိုက်တယ်လေ။ သူ ပြန်ထွက်သွားတာနဲ့ မိတ်သဟာယဆက်ဖွဲ့ကြတယ်။ ကျွန်မအဖေ အိမ်မှာရှိနေတဲ့အချိန်ကျတော့ စုဝေးပွဲတွေ မတက်နိုင်ဘူး။ အဲဒါနဲ့ ကျွန်မတို့က စတိုးဆိုင်တစ်ခုဆီသွားဖို့ သူ့ကို ခွင့်တောင်းပြီး ဒါကို အခွင့်အရေးယူပြီး အပြင်ဘက် ပန်းခြံထဲမှာ မိတ်သဟာယဖွဲ့တယ်။ ၂၀၂၂ခုနှစ်မှာ အသင်းတော်ခေါင်းဆောင်က ကျွန်မကို လူသစ်တွေကို ရေလောင်းတာဆက်လုပ်ဖို့ တာဝန်ပေးတယ်။ နောက်ပိုင်းကျတော့ ကျွန်မ ကြီးကြပ်ရေးမှူးဖြစ်သွားတယ်။ ကျွန်မအဖေက ဖိနှိပ်တာ၊ နှောင့်ယှက်တာတွေရှိနေတာတောင်မှ ကျွန်မ တာဝန်ကို ဆက်လုပ်တယ်။
ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ကြုံတွေ့ခဲ့ပြီးပြီ။ သူ့ရဲ့ အနန္တတန်ခိုးရှိခြင်းနဲ့ ဉာဏ်ပညာကို မြင်တွေ့ခဲ့ပြီး သူ့အပေါ် ယုံကြည်ခြင်းရှိခဲ့တယ်။ ဘုရားကို အားကိုးဖို့ ကျွန်မ သင်ယူခဲ့ပြီး ကျွန်မ ပြဿနာတွေကို ဖြေရှင်းဖို့ ကျွန်မဘာသာ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ခြင်းကို လေ့ကျင်ခဲ့ပြီးပြီ။ မယုံကြည်တဲ့ ဒီမိသားစုဝင်တွေအကြောင်းလည်း သိလာပြီး သူတို့တွေကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ သင်ယူခဲ့ရတယ်။ အေးအေးဆေးဆေး နေနေရင်းနဲ့ ဒါတွေကို ကျွန်မ တစ်ခုမှ သိလာမှာမဟုတ်ဘူး။ ဘုရားရဲ့လုပ်ဆောင်မှုက အရမ်းကို အံ့ဩဖွယ်ဖြစ်ပြီး လက်တွေ့ကျတယ်။ ကျွန်မ စိတ်နှလုံးအတွင်းထဲကနေ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။