သမ္မာတရားကိုနားလည်ခြင်းဖြင့်သာ မိမိကိုယ်ကို စစ်မှန်စွာ သိမြင်ခြင်း

12.09.2019

ဝန်ဝန်၊ ချန်းချူ မြို့၊ ဂျီလင်းစီရင်စု

ကျွန်တော့်အမြင်တွင်တော့ ဖောက်ပြန်ပျက်ဆီးမှု တစ်စုံတစ်ရာ မမြင်ရသည့် အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများက သင့်လျော်နေသရွေ့ ပြောင်းလဲမှုအဖြစ် ယူဆရမည်ဟု ကျွန်တော်အမြဲထင်ခဲ့ပါသည်။ထို့ကြောင့် ကျွန်တော် လုပ်သမျှ တိုင်းတွင် အပြင်ပန်း လက်တွေ့ လုပ်ဆောင်မှုများကို အထူး အလေးပေးခဲ့သည်။ ကျွန်တော်၏ လက်တွေ့လုပ်ဆောင်မှုများမှန်သလား၊ မှားသလားဆိုသည်ကိုသာ အလေးထားခဲ့ပြီး ကျွန်တော့်၏ အပြင်ပိုင်း အပြုအမူနှင့် လက်တွေ့လုပ်ဆောင်မှုများ ယုတ္တိတန်နေသရွေ့ ကျွန်တော်အဆင်ပြေခဲ့သည်။ ပြုပြင်ခြင်းခံရသည့်အခါ ကျွန်တော်၏ လက်တွေ့လုပ်ဆောင်မှုများတွင် တစ်ခုခု မှားနေသလားဆိုသည်ကိုသာ ဂရုမူခဲ့ပါသည်။ ကျွန်တော့် လက်တွေ့လုပ်ဆောင်မှုများ၌ ငြင်းဆိုခြင်းခံရမှသာ ကျွန်တော်လက်ခံယုံကြည်မည်ဖြစ်သည်။ ကျွန်တော်၏ ဖောက်ပြန်ပျက်စီးနေသော သဘောသဘာဝကို သိမှတရန် မိတ်သဟာယပြုမှုများကို လက်မခံခဲပါ။ ထို့နောက် မိမိ၏ သဘောသဘာ၀ကို သိခြင်းဖြင့်သာ မိမိ၏ စိတ်သဘောထားကို ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း၊ ကျွန်တော့်အနေဖြင့် ကိုယ့်သဘောသဘာဝကို ကောင်းကောင်း မသိသေးကြောင်း ညီအစ်ကိုမောင်နှမများက ပြောခဲ့ကြပါသည်။ ညီအစ်ကိုမောင်နှမများကပြောသော စကားများကို နားထောင်ပြီးနောက်တွင် ကျွန်တော်၏ သဘော သဘာ၀ကို စပြီး သဘောပေါက်လာပါသည်။ တစ်ယောက်ယောက်ကများ “ဒီလို ကြွားဝါတာဟာ မင်းရဲ့ မာနထောင်လွှားတဲ့ သဘာ၀ကြောင့်ပဲ” ဟု ပြောလာလျှင် “ဟုတ်ပါတယ်။ ကျွန်တော် မာနထောင်လွှားတယ်။ ကျွန်တော်ရဲ့ သဘာ၀က မာနထောင်လွှားတယ်လေ” ဟု ပြန်ပြောခဲ့သည်။ တစ်ယောက်ယောက်ကများ “ဒီလက်မခံနိုင်ဖွယ် အထိန်းအကွပ်မဲ့တဲ့ အပြုအမှုဟာ မင်းရဲ့ ဆိုးယုတ်တဲ့ လူ့သဘာ၀ကြောင့်ပဲ” ဟု တစ်ယောက်ယောက်က ပြောလာလျှင် “အိုး ကျွန်တော်ရဲ့ ဆိုးယုတ်တဲ့ သဘာ၀ပေါ့” ဟု ကျွန်တော်က ဆက်ပြောတတ်သည်။ ဘယ်သဘာ၀က ဘယ်အပြုအမှုကို လွှမ်းမိုးနေသလဲဆိုသည်ကို လိုက်ပြောနေသရွေ့ ကျွန်တော်၏ သဘာ၀ကို သိရှိဖို့ ခက်ခဲမည်ဟု ကျွန်တော်မထင်ခဲ့ပါ။ တစ်ယောက်ယောက်ကများ “ဒီအပြုအမူကို ဘယ်သဘာ၀က လွှမ်းမိုးနေသလဲ” ဟု မေးလာလျှင် “မာနထောင်လွှားမှုကြောင့်ပါ။ ဆိုးယုတ်မှုကြောင့်ပါ။ ရက်စက်မှုကြောင့်ပါ။ ကောက်ကျစ်မှုကြောင့်ပါ” စသဖြင့် ပြောမည်ဖြစ်သည်။ ထိုမေးခွန်းများနှင့် အဖြေများကား အရမ်းလွယ်သည့် ကွက်လပ်ဖြည့်ရသလိုပင်ဖြစ်သည်။ တကယ်တော့ ကျွန်တော်သည့် ကျွန်တော်၏ သဘာ၀ကို အပေါ်ယံ အဆင့်သာသိကြောင်း အစ်မများနှင့် အစ်ကိုများက ပြောကြပါသည်။ ထို့ကြောင့် နောက်ပိုင်း ကျွန်တော်ကို ကျွန်တော် သိရှိခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးပြောဆိုရာတွင် “ကျွန်တော်က အရမ်း မာနထောင်လွှားလွန်းတယ်။ အကန့်အသတ်မဲ့ပဲ။ ကျွန်တော်က အရမ်း ဆိုးယုတ်လွန်းတယ်။ အရမ်း ရက်စက်လွန်းတယ်” ဟု ပြောတတ်လာသည်။ “အရမ်း” ဟူသည့် စကားလုံးကို ထည့်သွင်း ပြောဆိုခြင်းဖြင့် ကျွန်တော်၏ ယခင်က သိနားလည်မှုကို ပိုမို နက်ရှိုင်းစေနိုင်သည်ဟု တွေးခဲ့၏။ လူတို့အနေဖြင့် ၎င်းတို့၏သဘာဝများကို သိမှတ်ရာတွင် ဘုရားသခင့် သတ်မှတ်ချက်များ၏ အဓိပ္ပါယ်ကို ကျွန်တော် ရှင်းရှင်းလင်းလင်း မသိသောကြောင့် ကျွန်တော်၏ အကျင့်ပျက်ယွင်းမှုကို ထုတ်ဖော်ပြောဆိုသောအခါတွင် လည်းကောင်း၊ လူသားသဘာ၀အကြောင်း ဘုရားသခင်၏ ထုတ်ဖော်ပြသော စကားများကို တွေ့သောအခါတွင်လည်းကောင်း အောက်တွင် ဖော်ပြထားသည့် စည်းမျဉ်းများ အတိုင်းသာ ကျွန်တော် နားလည်ခဲ့ပါသည်။ နှလုံးသားထဲမှ အမှန်တကယ် နားလည်သဘောပေါက်ပြီး သိရှိခြင်းအစား မိမိကိုယ်ကို သိမှတ်ခြင်းအကြောင်း စကားများကို လိုက်ပြောတတ်သည့် ကြက်တူရွေးတစ်ကောင်နှင့် အလွန်တူလှသည်။ ကျွန်တော့် ကိုယ်ကျွန်တော် မမုန်းမိသလို ဘယ်လောက် အန္တရာယ်ရှိကြောင်းလည်း မခံစားမိခဲ့ပါ။ ဘုရားသခင်ထံမှ ပြင်းထန်သော စကားများကို ကြားရသည့်တိုင် အံ့ဩမသွားခဲ့ပါ။ ယင်းထက် ကျွန်တော့်ကို အနှောင့်အယှက်မဖြစ်စေနိုင်သလို ကျွန်တော်စိတ်သဘောထားကိုလည်း အနည်းငယ်သာ ပြောင်းလဲစေခဲ့ပါသည်။ ကျွန်တော်က မိုက်မဲကာ၊ ထုံထိုင်းပြီး အရည်အချင်းနည်းသော်လည်း ဘုရားသခင်က ကျွန်တော့်ကို စွန့်ပစ်တော်မမူခဲ့ပါ။ ယင်းအစား၊ ကျွန်တော့် သဘာဝ နှင့် အနှစ်သာရကို သိရှိစေရန် နှင့် ကျွန်တော့် စိတ်သဘောထား ပြောင်းလဲမှုရှိရန် နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိရန် ကျွန်တော့်ကို ဦးဆောင်ခဲ့သည်၊ ကျွန်တော့်ကို အမြဲတမ်း လမ်းညွှန်ပေးခဲ့ကာ ဉာဏ်အလင်းဖွင့်ပေးခဲ့ပါသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက ကျွန်တော်သည် ညီအစ်ကိုတစ်ဦး နှင့်အတူ အိမ်ရှင် မိသားစုအသစ်ထံ ပြောင်းရွှေ့ခဲ့သည်။ ထိုနေရာသို့ ရွှေ့ပြောင်းပြီးနောက် စကားပြောကြရင်း အိမ်ရှင်အစ်မက သူဧည့်ခံခဲ့သည့် ညီအစ်မများနှင့် ညီအစ်ကိုများက မိမိတို့၏ ဖောက်ပြန်ပျက်စီးမှုများကို မည်သို့ ထုတ်ဖော်ပြောဆိုခဲ့ကြကြောင်း ပြောပြပါသည်။ သူတို့အပေါ် ၎င်း၏ အမြင်ကိုလည်း ပြောပြပါသည်။ နားထောင်ပြီးနောက် ကျွန်တော်ဘာမှ ပြန်မပြောသကဲ့သို့ နှစ်နှစ်ကာကာလည်း မှတ်မထားခဲ့ပေ။ ယင်းအစ်မနှင့်လည်း သမ္မာတရားအကြောင်းကို မိတ်သဟာရမပြုခဲ့ပါ။ ဤသည်မှာ အချိန်ကုန်ဆုံးသည့်ပုံစံဖြစ်သည်။ ရက်ပေါင်းများစွာ ကြာပြီးနောက် ကျွန်တော်တို့နှင့်အတူ အမှုတော် ထမ်းနေသော အခြားသော ညီအစ်ကိုနှစ်ဦးသည် ကျွန်တော်တို့နှင့်အတူ ရက်ပေါင်းများစွာ လာရောက်နေထိုင်ကြပါသည်။ ၎င်းတို့ပြန်သွားပြီးနောက် အစ်မကြီးက ထိုညီအစ်ကိုနှစ်ဦးအပေါ် ၎င်း၏ အမြင်ကို ကျွန်တော်တို့အား ပြောပြပါသည်။ နားထောင်နေရင်း ကျွန်တော်စိတ်ထဲတွင် ခင်ဗျားပြောတာတွေအများစုက တကယ့် အမှန်တရားနဲ့ မကိုက်ပါဘူး။ ခင်ဗျားရဲ့ သံသယတွေပဲ၊ ညီအစ်ကို မောင်နှမတွေနဲ့ အချင်းချင်း ချစ်မြတ်နိုးရမယ်၊ ကူညီမစရမယ်လို့ ဘုရားသခင်က တောင်းဆိုထားတယ်၊ ကျွန်တော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမယ် ၊ ရိုးသားခြင်းရဲ့ သမ္မာတရားကို ခင်ဗျားနဲ့ ပြောဆို ဆွေးနွေးရမယ် ဟု စိတ်ထဲကပြောနေမိပါသည်။ ကျွန်တော်တို့ မိတ်သဟာယပြုပြီး နှစ်ရက်အကြာတွင် ထိုအစ်မ ကျွန်တော်ထံ ရောက်လာပြီး ကျွန်တော်ပြောလိုက်သည့် မည်သည့် ဝါကျက ၎င်းကို အခက်အခဲဖြစ်စေကြောင်း၊ မည်သည့်အရာက သူမကို အနှောင့်အယှက် ဖြစ်စေကြောင်း ပြောပြပါသည်။ သူမ၏ အတွေးများအားလုံးကို ပြောပြပြီး ငိုပါသည်။ သူမကို ကြည့်ရင်း ခင်ဗျားဟာ လူတိုင်းကို သံသယရှိတာပဲ၊ ဒီတစ်ကြိမ်မှာ ကျွန်တော့်ကို သံသယဝင်တာပေါ့၊ အဲဒါ အဆင်မပြေဘူးနော်၊ ခင်ဗျား ကျွန်တော့်ကို မလိုမုန်းထားမှုမရှိအောင် ခင်ဗျားနဲ့ ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုမှဖြစ်မယ်ဟု တွေးနေမိပါသည်။ ထို့ကြောင့် သူမနှင့် ပွင့်ပွင့်လင်းလင်း စကားပြောပြီး သူမ၏ အပြုအမူများနှင့် လူများကို သံသယထားကာ ဝေဖန်ဆုံးဖြတ်တတ်သည့် အမူအကျင့်အပါအဝင် သူမ ဖော်ပြနေသော သဘာ၀ကို ထောက်ပြခဲ့ပါသည်။ သူမလည်း လက်ခံပုံရပါသည်။ သို့သော် စိတ်ထဲတွင် ဘဝင်ကျပုံတော့မရပေ။ နောက်ရက်များတွင် သူမသည် ဟိုဟို သည်သည် ဖျားသည်၊ နာသည်ဟု ဆိုလာသည်။ ဤအရာကို ကြည့်ရင်း ခင်ဗျားက တကယ်တမ်းကျ အတွင်းထဲကနေပြီးတော့မှ လက်မခံဘဲ လက်ခံချင်ယောင်ဆောင်တာကိုး၊ ဒါက ဟန်ဆောင်မှုနဲ့ လှည့်စားမှုမဟုတ်လား။ တစ်ဦးတစ်ယောက် ဖျားနာတဲ့အခါ သင်ယူစရာတွေရှိတယ်၊ ဆက်ပြီး ဖျားနာနေတဲ့အတွက် ကိုယ့်ကိုယ်ကို ပြန်လည် ဆန်းစစ်တာတွေလုပ်သင့်တယ် ဟု တွေးမိသည်။ ဤအရာကို စဉ်းစားရင်း၊ ကျွန်တော့်ကို ထိုအစ်မနှင့် နောက်ထပ် မိတ်သဟာယပြုစေသော ဝန်ထုပ်တစ်ခုကို ကျွန်တော်ရခဲ့သည်။ ကိုယ့်ကိုယ်ကို ပြန်လည် ဆန်းစစ်ကာ ကိုယ့်ကိုယ်ကို ပိုမို သိရှိလာအောင် လုပ်ရန် သူမကို ကျွန်တော်တိုက်တွန်းခဲ့သည်။ သို့သော် ယခုကဲ့သို့ ပြောဆိုဆွေးနွေးမှုတွင်လည်း သူမမှာ ကျန်းမာပုံမပေါက်ဘဲ လက်ခံဟန်ဆောင်ခြင်းပင် မပြုနိုင်ပေ။ ကျွန်တော်သည် အလွန်အံ့အားသင့်သွားပြီး စိတ်ထဲတွင်လည်း ကျွန်တော် ခင်ဗျားကို အများကြီး ဂရုစိုက်ပြီး ကူညီတယ်၊ အကြိမ်ကြိမ် ပြောဆိုဆွေးနွေးပေးတယ်၊ ဒါပေမယ့် ခင်ဗျားက လက်မခံချင်ပဲ ကျွန်တော့်ကို သံသယတောင်ဝင်တယ်၊ ခင်ဗျားက သိပ်မရိုးသားတဲ့သူပဲ၊ ခင်ဗျားကမှ အမှန်တရားကို လက်မခံရင် ဘယ်သူက ကူညီနိုင်မှာလဲ၊ မေ့လိုက်တော့၊ ကျွန်တော်လည်း ဘာမှ မလုပ်နိုင်တော့ဘူး၊ ခင်ဗျားသဘောနဲ့ ခင်ဗျားပဲဟု တွေးမိသည်။ သူမ အလွန်ပင် ကောက်ကျစ်လှသည်ဟုတွေးကာ သူမကို အပြစ်နှင့် တာဝန်များကို ကျွန်တော်လွှဲချသည်။ ကျွန်တော်သည့် ကိုယ့်ကိုယ်ကိုယ်တော့ ဘုရားသခင်၏ အလိုတော်ကို အလေးထားသော၊ အခြားမောင်နှမများနှင့် ညီအစ်ကိုများကိုအကူအညီပေးနေသော၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသော၊ ကောင်းမြတ်သည့် ညီအစ်ကိုတစ်ယောက်ဟု ယုံကြည်နေမိသည်။ ဤသို့ဖြင့် ကျွန်တော်သည်လည်း သူမအပေါ် ကိုယ့်အယူအဆများနှင့် ပြည့်နေကာ သူမသည်လည်း ကျွန်တော့် ပြောစကားများကို နားမထောင်တော့ပေ။

ထိုကဲ့သို့ အကြပ်အတည်းနှင့် ကြုံရသောအခါ ကိုယ့်ကိုယ်ကို ပြန်လည် ဝေဖန်ဆန်းစစ်မိ သည်။ ငါများမှားနေတာလား၊ သူ့၏အားနည်းချက်ကို တွေ့သောအခါ သနားကရုဏာနဲ့ အကူအညီပေးနေတာအတွက် ငါမမှားဘူး၊ ငါများ ဘုရားသခင်အပေါ် မမှီခိုလို့လား၊ ဒါလည်း မဟုတ်ပြန်ဘူး၊ စကားမပြောခင် အမြဲ ဆုတောင်းခဲ့တာပဲ မဟုတ်လား။ ကျွန်တော့်ရဲ့ လက်တွေ့လုပ်ဆောင်မှုထဲမှာ ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ အရင်ကဆိုရင် အခြားသူတွေကို အကူအညီပေးရင် ဒီလို ဆိုးဝါးတဲ့အခြေအနေမျိုးမကြုံဖူးခဲ့ဘူး။ အစ်မကြီးမှာ အပြစ်မကင်းသောကြောင့် ယခုပြဿနာမှာလည်း အစ်မကြီးနှင့်သာ ဆိုင်ပေလိမ့်မည်။ သို့သော် ထိုကဲ့သို့ စဉ်းစားမိသောအခါ ကျွန်တော် စိတ်ထဲ တစ်မျိုးကြီးဖြစ်မိပါသည်။ အစ်မကြီး ဖျားနာနေသည်ကို တွေ့ရသည့်အခါ အပြစ်မကင်းသလိုမျိုး ခံစားမိပါသည်။ သူမကို တကယ်ပင် စိတ်တွင်းမှ ကူညီချင်ပါသည်။ သို့သော် မည်သို့ ပူးပေါင်းဆောင်ရွက် ရမည်ဆိုသည်ကိုတော့ မသိပေ။ ရွေးချယ်စရာမရှိတော့သောကြောင့် ဘုရားသခင် ရှေ့တော်မှောက်သို့သွားကာ ကျွန်တော်အကူအညီတောင်းခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရွတ်ဖတ်သည်။ “သင်၏နှုတ်ခမ်းတို့သည် ခိုများထက် သာ၍ နှစ်လိုဖွယ် ဖြစ်သော်လည်း၊ သင်၏စိတ်နှလုံးသည် ရှေးမြွေဟောင်းထက် ပို၍ ဆိုးယုတ်ပေသည်။ သင်၏ နှုတ်ခမ်းတို့သည် လေဗနုန်အမျိုးသမီးများ ကဲ့သို့ပင် အဆင်းလှသော်လည်း သင်၏ စိတ်နှလုံးသည် လေဗနုန် အမျိုးသမီးများ၏ စိတ်နှလုံးများထက် သာ၍မကြင်နာသည့်အပြင်၊ ယင်းသည် ခါနန်သူများ၏ အလှနှင့် ဧကန်မုချ နှိုင်းယှဉ်၍ မရနိုင်ပေ။ သင်၏ စိတ်နှလုံးသည် လွန်စွာ ဖောက်ပြန်တတ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား) ဘုရားသခင်ထံမှ နှုတ်ကပတ်တော်များက ကျွန်တော့်နှလုံးသားကို ချက်ချင်းထိတွေ့ပါသည်။ သည်ရက်ပိုင်းအတွင်း ကျွန်တော် လုပ်နေသည့်အရာများအကြောင်းနှင့် ထိုလုပ်ရပ်၏ နောက်ကွယ်ရှိ အတွေးများကို ပြန်လည် သုံးသပ်သည်။ အခြားညီအစ်ကိုမောင်နှမများအကြောင်းကို အစ်မကြီးကဝေဖန်ပြောဆိုသောအခါ ကျွန်တော့် အလုပ်မဟုတ်သလို ကျွန်တော့်ကို အနှောင့်အယှက်ဘာမှ မပေးဟုဆိုကာ ကျွန်တော် တစ်စုံတစ်ရာ ဝင်ရောက်ပြောဆိုခြင်း မပြုခဲ့ပေ။ ကျွန်တော်သိသည့် ညီအစ်ကို နှစ်ဦးအပေါ် သူမ၏ မလိုမုန်းထားမှုများကို ပြောသောအခါ သူတို့နှစ်ဦးအပေါ် အမြင်လွဲမည်စိုးသဖြင့် သူမနဲ့ ဆွေးနွေးဖို့ မစောင့်နိုင်အောင်ဖြစ်ခဲ့သည်။ ကျွန်တော်ပြောသည့်အရာများ၊ ကျွန်တော် လုပ်သည့် အရာများအပေါ် သူမတွင် အမြင်တစ်ခုရှိသည်ဟု ကြားသောအခါ ကျွန်တော့်အပေါ် အခြားအမြင်များရှိနေမည်စိုးသောကြောင့် အထူးအလေးပေး ပြောဆိုဆွေးနွေးခဲ့သည်။ ကျွန်တော့် ညီအစ်ကို မောင်နှများကို သနားခြင်းကရုဏာဖြင့် ကူညီနေသည်ဟု ကျွန်တော်က ဆိုခဲ့သည်။ တကယ်တော့ အခြားသူများကို သမ္မာတရားဖြင့် ယုံကြည်လက်ခံစေလိုပြီး အနိုင်ယူကာ သူတို့ပါးစပ်များကို ပိတ်လိုခဲ့ခြင်းဖြစ်သည်၊ ကျွန်တော့်အပေါ် အခြားသူများ မဝေဖန်ဖို့နှင့် ကျွန်တော့် အကျိုးစီးပွားများမထိခိုက်အောင် ဟန့်တားလိုသည်။ ကျွန်တော့်အပြုအမူကို ပြန်လည် တွေးကြည့်ရာတွင် ယင်းမှာ ဂရုစိုက်ခြင်းမဟုတ်ကြောင်း ကျွန်တော် သတိပြုမိလာခဲ့သည်။ ချစ်ခြင်းမေတ္တာ၏ အနှစ်သာရ မည်သို့ ပါနိုင်မည်နည်း။ လည်ပြန်ကြည့်လိုက်သောအခါ ကျွန်တော်သည် မူလကတည်းကပင် အစ်မကြီးအပေါ် သနားခြင်းကရုဏာ မပြသခဲ့သကဲ့သို့ စာနာထောက်ထားမှုလည်း မရှိပေ။ ကျွန်မ၏ သဘာဝသည် မည်မျှ မလိုမုန်းထားရှိလိုက်သနည်း။ သူမသည်ကား ဘုရားသခင် မိသားစုဝင်ဖြစ်လာသည့်အချိန်မှစကာ ဧည့်ခံခြင်း အစပြုခဲ့သည်။ ညည်းညူသည့် စကားတစ်ခွန်းတစ်လေမျှ သူမ မပြောခဲ့ပါ။ ဝတ်ပြုစုဝေးပွဲများနှင့် မိတ်သဟာယဖွဲ့ပွဲများသို့ တက်ရောက်နိုင်ခြင်းမရှိသောကြောင့် သူမ၏ ဘ၀အတွေ့အကြုံ နည်းပါသည်။ သို့သော် အားသည်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကိုသာ လိုက်နာကာ ဖတ်ရှုရန် လိုလားနေခဲ့ပါသည်။ သမ္မာတရားနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိသောကြောင့် အခြားသော ညီအစ်ကို မောင်နှမများကို နောက်ကွယ်တွင် ဝေဖန်ခြင်း၊ ၎င်းတို့၏ အားနည်းချက်များကို ပြောဆိုခြင်းကို သူတို့အတွက် ဝန်ထုပ် တစ်ခုသဖွယ် မှတ်ယူခဲ့ခြင်း ဖြစ်သည်။ အခြား ညီအစ်ကို မောင်နှများအပေါ် သံသယ များပြောဆိုခြင်းကို ပွင့်လင်းစွာပြောခြင်းဟု ရိုးရိုးလေး အမှတ်မှားနေခြင်းဖြစ်သည်။ မည်သည်က သံသယဝင်ခြင်းဖြစ်ပြီး မည်သည်က ချဲ့ကားခြင်းဆိုသည်ကို သူမ မသိပေ။ ကျွန်တော်သည် ထိုအတွက် သုံးသပ်ပေးခြင်း မပြုခဲ့ပါ။ သူ၏ ဝိညာဉ်ရေးအသက်တာမည်သို့ပင်ဖြစ်စေ ကျွန်တော်သည်ကား ကျွန်တော့် အကျိုးစီးပွားပါလာလျှင် ခွဲခြားမှုမရှိ တုန့်ပြန်ခဲ့ပြီး သူမကိုယ် သူမ သိဖို့ရန် အဓမ္မတိုက်တွန်းခဲ့သည်။ ကျွန်တော် အဘယ်မျှ ဆင်ခြင်တုံတရား ကင်းမဲ့လိုက်သနည်း။ အဘယ်အကြောင်းကြောင့် အခြားသူများကို ကျွန်တော့်အား ဝေဖန်ခွင့်မပြုရမည်နည်း။ အခြားသူများက ထုတ်မပြောလျှင်ပင် ကျွန်တော် အသက်ရှင်နေထိုင်ပုံသည် စာတန်နှင့် မတူနေပါလား။ လုပ်နေသမျှမှာ ကိုယ့်အတွက်သာဖြစ်ပြီး ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ အတွက်သာ ဖြစ်သည်။ ကျွန်တော့် အကျိုးစီးပွားကို မထိပါးသရွေ့ အခြားလူများအကြောင်း ကျွန်တော် ဂရုမစိုက်ခဲ့ပါ။ အခြားသူများ၏ အားနည်းချက်များကိုလည်း ကျွန်တော် ထည့်သွင်းစဉ်းစားခြင်း မပြုခဲ့ပါ။ ကျွန်တော်၏ ပြောဆိုဆွေးနွေးမှုများကိုအခြားလူများ လက်ခံနိုင်ခြင်းရှိမရှိ၊ ကျွန်တော်၏ ပြောဆို ပြောဆိုဆွေးနွေးမှုများက အခြားလူများအပေါ် ဆိုးရွားသော သက်ရောက်မှုများရှိ မရှိ မစဉ်းစားခဲ့ပေ။ ကျွန်တော်နေထိုင်သည့် ပုံစံသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော သဘောသဘာ၀များဖြင့် လွှမ်းမိုးနေသည်။ လူတွေကို ကျွန်တော်ပေးသည့်အရာမှာ နာကျင်မှုနှင့် ထိုးနှက်မှုသာဖြစ်နေသည်။ ဤအရာကို အခြားလူများ မည်သို့ ခံနိုင်မည်နည်း။ ကျွန်တော်ပြောသမျှ လုပ်သမျှမှာ ဘုရားသခင်အတွက် ရွံရှာစရာသာဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော် ကျွန်တော့်အပေါ် အလုပ်လုပ်ခြင်းမရှိ ဖြစ်စေသည်။ ကျွန်တော်၏ ဆွေးနွေးမှုများက မည်သို့ ထိရောက်မှု ရှိပါတော့မည်နည်း။

ဘုရားသခင်က- “မည်သူမဆို မိမိတို့၏ စစ်မှန်သော သွင်ပြင်ကို ကိုယ်စားပြုဖို့ မိမိတို့၏ ကိုယ်ပိုင် စကားများနှင့် လုပ်ရပ်များကို အသုံးပြုနိုင်၏။ ဟုတ်ပေ၏၊ ဤစစ်မှန်သော သွင်ပြင်သည် ၎င်းတို့၏ သဘာဝ ဖြစ်သည်။ သင်သည် ဝေ့လည်ကြောင်ပတ် နည်းလမ်းဖြင့် စကားပြောသူ ဖြစ်ပါက၊ သင်သည် ကွေ့ကောက်သော သဘာဝ ရှိ၏။ သင်၏သဘာဝသည် ကောက်ကျစ်စဉ်းလဲပါက၊ သင်သည် လှည့်ဖြားတတ်သော နည်းလမ်းဖြင့် ပြုမူပြီး အခြားသူများအနေဖြင့် သင်၏ လှည့်ဖြားမှုကို ခံရဖို့ အလွန် လွယ်ကူစေသည်။ သင်၏ သဘာဝသည် အလွန်ယုတ်မာပါက၊ သင်၏စကားများသည် နားဝင်ချိုလိမ့်မည် ဖြစ်သော်လည်း၊ သင့်အပြုအမူများသည် သင်၏ ယုတ်မာသော လှည့်ကွက်များကို မဖုံးကွယ်နိုင်ပေ။ သင်၏သဘာဝသည် ပျင်းရိပါက၊ သင် ပြောသမျှအားလုံးသည် သင်၏ ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းနှင့် ပျင်းရိမှုအတွက် တာဝန်ယူမှုကို ခေါင်းရှောင်ရန်သာ ရည်ရွယ်သည်။ ပြီးလျှင် သင်၏ လုပ်ရပ်များသည် နှေးကွေးကာ ဝတ်ကျေတမ်းကျေ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားကို ဖုံးကွယ်ရာတွင် အတော်အတန် ကျွမ်းကျင်လိမ့်မည်။ သင်၏သဘာဝသည် စာနာတတ်ပါက၊ သင်ပြောသော စကားသည် အကျိုးသင့် အကြောင်းသင့် ရှိလိမ့်မည်ဖြစ်ပြီး၊ သင်၏ လုပ်ဆောင်ချက်များသည်လည်း သမ္မာတရားနှင့် ကောင်းစွာ ကိုက်ညီလိမ့်မည်။ သင်၏သဘာဝသည် သစ္စာရှိပါက၊ သင်၏စကားများသည် ဧကန်မုချ ရိုးသားစစ်မှန်ပြီး သင် လုပ်ဆောင်ပုံသည် သင်၏ သခင်ကို မသက်မသာ ဖြစ်စေနိုင်မည့် မည်သည့်အရာမဆိုနှင့် ကင်းရှင်းလျက် အခြေခိုင်ပေသည်။ သင်၏သဘာဝသည် ရာဂစိတ်ပြင်းထန်ပါက သို့မဟုတ် ငွေကို တပ်မက်ခြင်းရှိပါက၊ သင်၏စိတ်နှလုံးသည် ဤအရာများဖြင့် မကြာခဏ ပြည့်နှက်နေလိမ့်မည်ဖြစ်ကာ၊ သင်သည် လူတို့ ပေါ့ပေါ့တန်တန် မေ့ပျောက်မည် မဟုတ်သကဲ့သို့၊ လူတို့ကို စက်ဆုပ်ရွံရှာစေမည့် စံသွေပြီး အကျင့်ပျက်သော လုပ်ဆောင်ချက်များကို အမှတ်တမဲ့ ကျူးလွန်မိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၁)) ဟု မိန့်တော်မူထားပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် လူတွေ မိမိကိုယ်ကိုယ် ဖော်ပြပုံနှင့် မိမိတို့၏ ဘ၀ကို နေထိုင်ပုံတို့ကို ၎င်းတို့၏ သဘာ၀က လွှမ်းမိုးထားကြောင်း ကျွန်တော် သဘောပေါက်သွားသည်။ အတွင်းထဲတွင် ရှိနေသော သဘာ၀အမျိုးအစားက အပြင်ဘက်တွင် ထုတ်ဖော်ပြသော စိတ်သဘောကို မလွဲမသွေ သတ်မှတ်ပေးပေလိမ့်မည်။ အတွင်းတွင် ဆိုးယုတ်မှုရှိနေလျှင် အပြုအမူများသည် ဆိုးယုတ်မှုများ လွှမ်းမိုးနေမည်ဖြစ်ပြီး ဘယ်သောအခါမျှ ကြင်နာမှုရှိမည်မဟုတ်ပေ။ အစ်မကြီးနှင့် ဆွေးနွေးမှုနှင့် ပတ်သက်၍ ကျွန်တော်၏ လှုံ့ဆော်မှုက မှားယွင်းသောအခါ ကျွန်တော့်အတွင်းတွင် လွှမ်းမိုးနေသည်မှာ ဘုရားသခင်မဟုတ်၊ သမ္မာတရား သို့မဟုတ် ကောင်းသောအရာများမဟုတ်ပဲစာတန်သာ ဖြစ်ခဲ့ပေသည်။ ကျွန်တော် နေထိုင်သည့် ပုံစံမှာ စာတန်၏ ပုံသဏ္ဍာန် တစ်ခုသာဖြစ်သည်။ ထို့ကြောင့် ကျွန်တော်၏ ဆွေးနွေးမှုက အခြားသူများအတွက် အကျိုးမရှိနိုင်တော့ပေ။ အကယ်၍ ဤကဲ့သို့သော အရာမျိုး ယခင်က ကြုံခဲ့ပါက အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများကိုသာ အလေးထားမည်ဖြစ်သည်။ ကျွန်တော်က အသင်းတော်ကို ဦးဆောင်နေခြင်း မဟုတ်ကြောင်း တွေးမိပေလိမ့်မည်။ အခြားလူများနှင့် ပြောဆိုဆက်ဆံရေးတွင် မကောင်းမွန်ကြောင်းနှင့် ကျွန်တော်ကို ကျွန်တော အပြစ်မရှိကြောင်း ထုတ်ဖော်ကြေငြာဖို့ အကြောင်းပြချက်မြောက်များစွာ ရှာနေမိခဲ့ပေလိမ့်မည်။ ယနေ့မတိုင်မီအထိ အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများက တကယ့်အဆုံးအဖြတ်ပေးသောအရာများမဟုတ်ပဲ ယင်းထက် စိတ်နှလုံးက မှန်သည် မှားသည်ဆိုသည့်အရာသာ အဆုံးအဖြတ်ဖြစ်ကြောင်း နားမလည်ခဲ့ပါ။ အတွင်းထဲက အနှစ်သာရကို ကြည့်ရန် အရေးကြီးပါသည်။ ဥပမာအားဖြင့် အကြင်သူသည် အခြားလူတစ်ဦးအား တကယ်ချစ်ပါက သူမ မည်သည့်အရာ နှစ်သက်သည်ကို နှလုံးသားဖြင့် လေ့လာစူးစမ်းကာ အာရုံစိုက်ပေလိမ့်မည်။ နောက်ဆုံးတွင် သူမအတွက် အချစ်များကို ဖော်ပြလျက် ထိုအချစ်ကို သူမ ခံစားမိအောင် လုပ်ပေလိမ့်မည်။ ကျွန်တော့်အနေဖြင့် ကျွန်တော့်၏ ညီအစ်ကို မောင်နှမများကိုရင်တွင်းမှ နှစ်နှစ်ကာကာ ချစ်ပါက ပိုမို ဂရုပြုမည်ဖြစ်ပြီး ၎င်းတို့၏ အခက်အခဲများကို ပိုမိုအလေးထားမှုကို ပြကာ သူတို့၏ ခံစားချက်များကို ထည့်သွင်းစဉ်းစားပေးပေလိမ့်မည်။ ၎င်းတို့နှင့် ဆွေးနွေးဖို့ သင့်လျော်သည့် အပြုအမူများကို လုပ်ဆောင်ပြီး သင့်လျော်သော လေသံနှင့် ဘာသာစကားတို့ကို အသုံးပြုခဲ့ပေလိမ့်မည်။ အခြားလူများ၏ ပြဿနာများကို ကျွန်တော်တို့ မဖြေရှင်းဘူးဆိုလျှင်ပင် သူတို့ကို နာကျင်စေခဲ့မည် မဟုတ်ပေ။ ကျွန်တော့်အတွင်းတွင် ချစ်ခြင်းမေတ္တာမရှိသောကြောင့် ကျွန်တော့၏ အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများက ကောင်းမွန် မှန်ကန်နေလျှင်ပင် ကျွန်တော် ထုတ်ဖော်ပြသည်မှာ ဆိုးယုတ်မှုသာဖြစ်သည်။ ဘုရားသခင်က လူသားတို့ကို ချစ်မြတ်နိုးတော်မူသော ကြောင့် ကိုယ်တော်လုပ်သမျှ အရာရာတိုင်းမှာ ချစ်ခြင်းမေတ္တာ၏ ထုတ်ဖော်ပြခြင်းနှင့် သရုပ်သကန်များ ဖြစ်လေသည်။ဘုရားသခင်က ဤသို့ မိန့်တော်မူထားပါသည်၊ “ဤအရာများကို ဘုရားသခင် ပြောခြင်း၏ ရည်ရွယ်ချက်မှာ လူတို့ကို ပြောင်းလဲရန်နှင့် ကယ်တင်ရန် ဖြစ်သည်။ ဤနည်းဖြင့်ပြောဆိုခြင်းအားဖြင့်သာ သူသည် တန်ဖိုးအရှိဆုံးရလဒ်များကို ရရှိနိုင်သည်။ ဘုရားသခင်၏ ကြင်နာမှုရှိသော ရည်ရွယ်ချက်များမှာ လူတို့ကို ကယ်တင်ရန် အပြည့်အဝ စီစဉ်ထားခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့အားလုံးအထဲ၌ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသာ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သင်ရှုမြင်သင့်သည်။ ဘုရားသခင်၏ အမှုထဲရှိ ဉာဏ်ပညာ၏ရှုထောင့်မှ သင်ကြည့်သည်ဖြစ်စေ၊ ဘုရားသခင်၏ အမှုထဲရှိ အဆင့်များနှင့် နည်းလမ်းများ၏ရှုထောင့်မှ သင်ကြည့်သည်ဖြစ်စေ၊ သို့မဟုတ် အမှု၏ကြာချိန်နှင့်ဆိုင်သော ရှုထောင့်မှဖြစ်စေ သို့မဟုတ် သူ၏ တိကျသော ကြိုတင်စီစဥ်မှုများနှင့် အကြံအစည်များ၏ ရှုထောင့်မှ သင်ကြည့်သည်ဖြစ်စေ အားလုံးတွင် သူ၏ ချစ်ခြင်းမေတ္တာ ဖွဲ့စည်းပါဝင်သည်။ ဥပမာအားဖြင့် လူတို့အားလုံးသည် သူတို့၏ သားများနှင့်သမီးများအပေါ် ချစ်ခြင်းမေတ္တာ ရှိကြပြီး သူတို့၏ သားသမီးများ မှန်ကန်သော လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ကြစေရန်အလို့ငှာ သူတို့အားလုံးသည် ကြီးမားသော အားထုတ်ကြိုးပမ်းမှုပမာဏကို စိုက်ထုတ်ကြသည်။ သူတို့သည် သူတို့ သားသမီးများ၏ အားနည်းချက်များကို တွေ့သောအခါ အကယ်၍ ၎င်းတို့သည် ညင်သာစွာစကားပြောပါက သူတို့၏ သားသမီးများသည် နားထောင်ခြင်းမရှိဘဲ ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ဟူ၍ စိုးရိမ်ကြပြီး၊ အကယ်၍ ၎င်းတို့သည် အလွန်ခက်ထန်စွာ ပြောပါက သူတို့ သားသမီးများ၏ မိမိကိုယ်ကို တန်ဖိုးထားမှုကို ထိခိုက်စေပြီး သူ၏ သားသမီးများ ခံရပ်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ဟူ၍ စိုးရိမ်ကြသည်။ ဤသည်မှာ ချစ်ခြင်းမေတ္တာအားဖြင့် ပြုခြင်းဖြစ်ပြီး သူတို့သည် ၎င်းထဲ၌ ကြီးစွာသော အားထုတ်ကြိုးပမ်းမှုကို ထည့်ထားခြင်း ဖြစ်သည်။ သင်တို့ကိုယ်တိုင် သားများနှင့် သမီးများအနေဖြင့် သင်တို့သည် သင်တို့၏ မိဘများ၏ ချစ်ခြင်းမေတ္တာကို ခံစားဖူးကောင်းခံစားခဲ့ကြမည်။ ချစ်ခြင်းမေတ္တာတွင် နူးညံ့သိမ်မွေ့ခြင်းနှင့် စာနာထောက်ထားခြင်းသည် ပါဝင်သည်သာမက ထို့ထက်ပို၍ပင် ၎င်းတွင် တင်းကျပ်သော ဆုံးမခြင်းလည်း ပါဝင်၏။ ဤအရာ၏အထက်တွင် လူသားမျိုးနွယ်အတွက် ဘုရားသခင် ပြုသမျှအရာတိုင်းမှာ ချစ်ခြင်းမေတ္တာအားဖြင့် ပြုခြင်းဖြစ်သည်။ သူသည် ချစ်ခြင်းမေတ္တာ၏ မရှိမဖြစ်လိုအပ်ချက်အောက်တွင် အမှုပြုသည်၊ ယင်းမှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထံ ကယ်တင်ခြင်းကိုသယ်ဆောင်ရန် သူအဆုံးစွန်ကြိုးစားရခြင်း၏ အကြောင်းရင်းဖြစ်သည်။ သူသည် လူတို့ကို ဝတ်ကျေတမ်းကျေ ကိုင်တွယ်ဖြေရှင်းခြင်းမပြုပါ။ သူသည် တိကျသောအကြံအစည်များကို ပြုလုပ်ပြီး သူတို့နှင့် တစ်ဆင့်ချင်းရှေ့ဆက်ခြင်း ဖြစ်သည်။ မည်သည့်အချိန်၊ မည်သည့်နေရာ၊ မည်ကဲ့သို့သော အသံနေအသံထား၊ မည်သည့်စကားပြောပုံပြောနည်းနှင့် ကြိုးစားအားထုတ်မှု မည်မျှစိုက်ထုတ်ခဲ့သည်တို့နှင့် စပ်လျဉ်းပြီးဆိုပါက … ဤအရာအားလုံးက သူ၏ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ခြင်းဖြစ်ကြောင်းနှင့် လူသားမျိုးနွယ်အတွက် သူ၏ချစ်ခြင်းမေတ္တာမှာ အကန့်အသတ်မဲ့နှင့် အတိုင်းမသိဖြစ်ကြောင်း အပြည့်အဝ ရှင်းပြခြင်းဖြစ်ကြောင်း ဆိုနိုင်သည်။ လူများစွာသည် စမ်းသပ်မှုများအလယ်တွင် ရောက်ရှိသောအခါ ပုန်ကန်သောအရာများကို ပြောကြသည်၊ ၎င်းတို့သည် ညည်းညူချက်များကို ထုတ်ပြန်ကြသည်။ သို့သော်လည်း ဘုရားသခင်သည် ဤအရာများနှင့်ပတ်သက်၍ ငြင်းခုံခြင်း မပြုသည့်အပြင် ဤအရာအတွက် လူတို့ကို သူ အပြစ်မပေးသည်မှာ သေချာသည်။ သူသည် လူတို့ကို ချစ်သောကြောင့် အရာခပ်သိမ်းကို သူ ခွင့်လွှတ်၏။ အကယ်၍ သူသည် ချစ်ခြင်းမေတ္တာအစား အမုန်းတရားသာ ရှိခဲ့ပါက သူသည် လူတို့ကို အစောကတည်းက စီရင်ချက်ချခဲ့ပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်၌ ချစ်ခြင်းမေတ္တာ ရှိခြင်းကြောင့် သူသည် အသေးအမွှားများအတွက် ငြင်းခုံခြင်း မပြုဘဲ သည်းခံပြီး လူတို့၏ အခက်အခဲများကို သူ သတိပြုမိနိုင်စွမ်းရှိသည်။ ဤသည်မှာ ချစ်ခြင်းမေတ္တာ၏ အရှိန်အဝါအောက်တွင် အရာခမ်းသိမ်းကို လုံးလုံးလျားလျား ပြုနေခြင်းပင် ဖြစ်သည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို သင်နားလည်သလော”) ဘုရားသခင်၏ အနှစ်သာရမှာ ချစ်ခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အထင်အရှားပြခြင်းမှာလည်း ချစ်ခြင်းပင်ဖြစ်သည်။ လူသားတို့ အပေါ် ဘုရားသခင်၏ ချစ်ခြင်းမှာ နှုတ်အားဖြင့် ထင်ဟပ်ခြင်း မဟုတ်ပဲ သူ၏ အမှုတော်၊ သူ့အမှုတော်၏ အဆင့်တိုင်း နှင့် နည်းလမ်းတိုင်း၌ လက်တွေ့ကျကျ သရုပ်ထင်စေသည်။ လူတစ်ဦးချင်းစီအတွက် မည်သည့်အချိန် မည်သို့ ဆောင်ရွက်ပေးတော်မူမည်၊ သူ့အတွက် မည်သူတွေ၊ မည်သည့်အရာတွေ၊ မည်သည့်ဖြစ်ရပ်တွေ စီစဉ်ပေးမည်၊ အချိန်မည်မျှ ကြာကြာ သူ့ကို စစ်ဆေးမည် စသည့် အားလုံးသောအရာများမှာ ဘုရားသခင်၏ တိကျသော အစီအစဉ်နှင့် ဆောင်ရွက်ချက်များကို ဖော်ပြနေသည်။ ဘုရားသခင်၏ လက်တွေ့ကျသည့် ခပ်သိမ်းသော အမှုတို့တွင် လူသားတို့အတွက် ချွင်းချက်မရှိသော သူ၏ ဖြူစင်သည့် ချစ်ခြင်းမေတ္တာ စိမ့်ဝင်ပျံ့နှံ့နေပါသည်။ ဘုရားသခင်က လူသားတို့ကို ချစ်သည်မှာ ကျွန်တော်တို့ကို ကယ်တင်ဖို့၊ ကျွန်တော်တို့၏ နားလည်မှု လွဲမှားခြင်းများနှင့် ဘုရားသခင်ကို ဆန့်ကျင်ခြင်းများအား သည်းခံဖို့၊ ကျွန်တော်တို့၏ မိုက်မဲမှုနှင့် အသိမဲ့မှုတို့ကို သည်းခံပြီး ခွင့်လွှတ်ပေးဖို့ရန် သူ၏ ဒုက္ခသုခခံသော ကြိုးစားအားထုတ်မှုအားလုံးကို အသုံးပြုသည်အထိ ဖြစ်သည်။ ထိုအရာများအားလုံးက ဘုရားသခင်၏ကြီးမြတ်မှုနှင့် မြင့်မြတ်မှုတို့ကို သိမြင်စေသည်။ ယှဉ်ကြည့်လိုက်လျှင် ကျွန်တော်အသက်ရှင်သောအရာမှာ အကျည်းတန်ပြီး စက်ဆုပ်ဖွယ်ကောင်းသော ဆိုးယုတ်သည့် စိတ်သဘောထားဖြစ်ပေသည်။ ထိုအရာအားလုံးကို သိမြင်လာပြီးနောက် ကျွန်တော့် စိတ်နှလုံးထဲရှိ ဤကဲ့သို့သော ဆိုးယုတ်လှသည့်အရာများကို အစ်မကြီးအား ကျွန်တော် ပွင့်ပွင့်လင်းလင်းဖွင့်ဟလိုက်ပါသည်။ ကျွန်တော်တို့အကြား ခပ်တန်းတန်းဖြစ်နေမှုသည်လည်း တမုဟုတ်ချင်း ပျောက်ကွယ်သွားသည်။ ဘုရားသခင်ကို ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေမိသည်။ ဘုရားသခင် ဘုန်းကြီးပါစေ။

ယခင်က မိမိနှင့် ပတ်သက်သည့် မိမိ၏ အသိပညာသည် စကားလုံးများထက် မပိုခဲ့ပါ။ ယင်းမှာ ကျွန်တော် အလွတ်ကျက်ခြင်းအားဖြင့် သင်ယူခဲ့ရသည့် အသိပညာတစ်ခု ဖြစ်ပါသည်၊ ပြီးလျှင် ကျွန်တော်သည် ဘုရားသခင့် နှုတ်ကပတ်တော်များ ဆိုင်ရာ ဖော်ထုတ်ပြခြင်း အတိုင်း မိမိ၏ သဘာဝကို မသိခဲ့ပါ။ ယနေ့အခါတွင်တော့ ကျွန်တော့်အတွေ့အကြုံကြောင့် နားလည်သွားခဲ့ပါပြီ။ လူတစ်ဦးကို စာတန်က ဖျက်ဆီးလိုက်သည်နှင့် တပြိုင်နက် သူ၏ သဘာ၀သည် စာတန်၏ သဘာ၀ဖြစ်သွားသည်။ ပြောဆို၊ ပြုမူ၊ တွေးတောမှုမှန်သမျှကို လူ့သဘာ၀က လွှမ်းမိုးထားသည်၊ တစ်စုံတစ်ဦးသည် မိမိ၏ သဘာ၀ကို သိသောအခါတွင်မှ မိမိ၏ ပျက်စီးနေသော စိတ်သဘောထားကို ကိုင်တွယ်ဖြေရှင်းပြီး တဖြည်းဖြည်းချင်း ပြောင်းလဲနိုင်မည်ဖြစ်သည်။ မိမိ၏ သဘာ၀အကြောင်း မသိလျှင် စာတန်၏ လွှမ်းမိုးမှုကိုမသိဘဲ ခံလိုက်ရမည်ဖြစ်ပြီး၊ သူ့သဘာ၀ကို ပြောင်းလဲဖို့ မဆိုထား နှင့် ဘုရားသခင်ကိုပင် ပုန်ကန်ခုခံလာမည်ဖြစ်သည်။ ယခုအချိန်မှစကာ ကျွန်တော်ယခင်က ကျင့်သုံးခဲ့သည့် အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများကိုသာ အာရုံထားသော ကျွန်တော်၏ မှားယွင်း သည့် နည်းစနစ်များကို ပြောင်းလဲသွားပါမည်။ အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများကို အရေးပေးလွန်းခြင်း မပြုတောဘဲ၊ ကျွန်တော်၏ သဘာ၀ကို သိရှိခြင်းကို စည်းမျဉ်းများ လိုက်နာခြင်း အပေါ် အခြေခံတော့မည်မဟုတ်ပါ။ ကျွန်တော်သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းများကို ရိုးသား၊ ပွင့်လင်းစွာ ခံယူပါမည်၊ ကျွန်တော်၏ သဘာဝကို ကျွန်တော် သိရှိမည်ဖြစ်ပြီး ကျွန်တော်၏ စိတ်သဘောထားကိုစောနိုင်သမျှ စောစီးစွာ ပြုပြင်နိုင်ရန်နှင့် ဘုရားသခင်အားဖြင့် ကယ်တင်ခံရရန် ဘုရားသခင်နှုတ်ကပတ်တော် ထုတ်ဖော်ပြမှုများမှတစ်ဆင့် ကျွန်တော်၏ သဘာ၀ကို အမှန်တကယ် အသိအမှတ်ပြုပါမည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ခေါင်းဆောင်တစ်ဦးဖြစ်ရန် ငြင်းဆန်ခြင်းနောက်ကွယ်၌ တည်ရှိသောအရာ

၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ ကျွန်မက အသင်းတော် ခေါင်းဆောင်အနေနဲ့ အစေခံဖို့ အရွေးခံရပြီး၊ ဗီဒီယိုထုတ်လုပ်ရေးကို ကြီးကြပ်တာကို အဓိက ဦးဆောင်ဖို့...

“အရည်အချင်းကို အသိအမှတ်မပြုရင် အလုပ်ကြိုးစားတဲ့အတွက်တော့ အသိအမှတ်ပြုခံရသင့်တယ်”ဆိုတဲ့ အမြင်က သမ္မာတရားနဲ့ ကိုက်ညီပါသလား

၂၀၂၂ ခုနှစ် ဩဂုတ်လ အစောပိုင်းမှာ၊ ကျွန်မတို့ စုဝေးပွဲတွေထဲက တစ်ခုကို ပြီးစီးခဲ့ပြီး၊ အစ်မ ဝန်ဂျင်းက၊ “ကျန်းမင်းက အိမ်မှာ ဆင်ခြင်သုံးသပ်ဖို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။