၂၇၀ သူ၏ပေါ်ထွန်းခြင်းကို ဆာငတ်သူများအား ဘုရားရှာဖွေနေကျူး
၁ ယခု မျက်မှောက်ခေတ်ကို ကြည့်လော့- ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ခဲ့သည့် နောဧ ကဲ့သို့သော ဖြောင့်မတ်သည့်လူများ မတည်ရှိလေပြီ။ သို့တိုင် ဘုရားသခင်သည် ဤလူသားမျိုးနွယ်အပေါ် ကရုဏာ ကျေးဇူးပြုတော်မူဆဲဆဲဖြစ်ပြီး ဤနောက်ဆုံးသော ခေတ်အတွင်းတွင် ၎င်းတို့ကို ဖြေလွှတ်ပေးဆဲ ဖြစ်သည်။ ဘုရားသခင်သည် သူ ပေါ်ထွန်းလာဖို့ တောင့်တကြသူများကို ရှာဖွေသည်။ သူသည် သူ၏နှုတ်ကပတ်တော်များကို ကြားနိုင်သူများ၊ သူ၏တာဝန်ပေးစေခိုင်းချက်ကို မမေ့လျော့သေးသကဲ့သို့ မိမိတို့၏စိတ်နှလုံးနှင့် ခန္ဓာတို့ကို သူ့ထံ ပူဇော်ဆက်ကပ်သူများကို ရှာဖွေလေသည်။ သူ၏ ရှေ့တော်မှောက်တွင် ကလေးသူငယ်များလောက် နာခံတတ်ပြီး သူ့ကို မဆန့်ကျင်သူများကို သူ ရှာဖွေသည်။ သင်သည် မည်သည့် တန်ခိုးအာဏာ သို့မဟုတ် အင်အား၏ ပိတ်ဆီးခြင်းကိုမခံဘဲ၊ မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံနိုင်ပါက၊ ဘုရားသခင်သည် သင့်ကို မျက်နှာသာပေးပြီး သူ၏ ကောင်းချီးမင်္ဂလာများကို အပ်နှင်းလိမ့်မည်။
၂ အကယ်၍ သင်သည် မြင့်မားသည့် ရာထူးအဆင့်အတန်းရှိပါက၊ ဂုဏ်ယူစရာ နာမည်ဂုဏ်သတင်း ရှိပါက၊ အလျှံပယ်သော အသိပညာ ပိုင်ဆိုင်ပါက၊ ပေါများသော ပစ္စည်းဥစ္စာများ ပိုင်ဆိုင်သူ ဖြစ်ပြီး၊ များစွာသောလူတို့၏ ထောက်ခံအားပေးခြင်းကို ခံရသော်လည်း၊ ဤအရာများက ဘုရားသခင်၏ ခေါ်ခြင်းနှင့် သူ၏တာဝန်ပေး စေခိုင်းချက်ကို လက်ခံရန်နှင့် ဘုရားသခင်စေခိုင်းသည့်အရာကို လုပ်ဆောင်ရန် ဘုရားသခင်၏ ရှေ့မှောက်သို့ လာခြင်းမှ သင့်ကို မတားဆီးပါက၊ သင်လုပ်ဆောင်သမျှအားလုံးသည် ကမ္ဘာပေါ်က အဓိပ္ပာယ်အရှိဆုံး အကြောင်းတရားနှင့် လူသားမျိုးနွယ်ထဲမှ အဖြောင့်မတ်ဆုံး တာဝန် ဖြစ်လိမ့်မည်။ သင်သည် အဆင့်အတန်းနှင့် သင်၏ကိုယ်ပိုင် ရည်မှန်းချက်များအတွက် ဘုရားသခင်၏ ခေါ်ခြင်းကို ငြင်းပယ်ပါက၊ သင်လုပ်ဆောင်သမျှအားလုံးသည် ကျိန်ဆဲခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကိုပင် ခံရလိမ့်မည်။
၃ သင်သည် သမ္မတတစ်ဦး၊ သိပ္ပံပညာရှင်တစ်ဦး၊ သင်းအုပ်တစ်ဦး သို့မဟုတ် အကြီးအကဲတစ်ဦး ဖြစ်ကောင်းဖြစ်လိမ့်မည်၊ သို့သော် သင်၏ရာထူး မည်မျှပင်မြင့်မားသည်ဖြစ်စေ၊ သင်၏ တာဝန်များတွင် သင်၏ အသိပညာနှင့် အရည်အချင်းအပေါ် သင် အားထားပါက၊ ဘုရားသခင်သည် သင်လုပ်ဆောင်သည့် မည်သည့်အရာကိုမျှ လက်မခံသကဲ့သို့၊ သင်၏တာဝန်က ဖြောင့်မတ်သောအရာတစ်ခုဟု လက်မခံသောကြောင့် သို့မဟုတ် သင်သည် လူသားမျိုးနွယ်၏ အကျိုးအတွက် အလုပ်လုပ်နေသည်ဟု သူလက်မခံသောကြောင့်၊ သင်သည် အမြဲကျရှုံးလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ အမြဲကင်းမဲ့လိမ့်မည် ဖြစ်သည်။ သင် လုပ်ဆောင်သည့် အရာတိုင်းသည် ဘုရားသခင်၏ လူသားတို့အပေါ် ကွယ်ကာမှုကို ပယ်ဖျက်ရန် နှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ငြင်းပယ်ရန် လူသားမျိုးနွယ်၏ အသိပညာနှင့် အစွမ်းအစကို အသုံးပြုဖို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု သူ ဆိုလိမ့်မည်။ သင်သည် လူသားမျိုးနွယ်ကို အမှောင်ထုဆီသို့၊ သေခြင်းတရားဆီသို့၊ ပြီးလျှင် လူသားက ဘုရားသခင်နှင့် သူ၏ ကောင်းချီးမင်္ဂလာများကို ဆုံးရှုံးသွားသည့် အကန့်အသတ်မဲ့ တည်ရှိမှုတစ်ခု၏ အစဆီသို့ ဦးဆောင်နေသည်ဟု သူ ဆိုလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်