၂၆၉ ဘုရားသခင် သင့်စိတ်နှလုံးသားနှင့်ဝိညာဉ်ကို ရှာဖွေနေ
၁
အနန္တတန်ခိုးရှင်ထံမှ အသက်ပေးသွင်းမှုစွန့်လွတ်သည့်လူသား
သေခြင်အားကြောက်လန့်လျက် အဘယ်သို့အသက်ရှင်ရမယ်မသိ
ပံ့ပိုးမှုတို့မရှိ ကူညီမှုတို့မရှိ
သို့သော်လူတို့ သေချင်းအားတွန့်ဆုတ်ဆဲ
ရဲဝံ့စွာရင်ဆိုင်လိုက်ပါ ဤလောက၏ စက်ဆုပ်ဖွယ်ရာများ
ဝိညာဉ်ရေးအသိကင်းမဲ့သော ခန္ဓာများဖြင့်ရပ်တည်ခဲ့
မျှော်လင့်ချက်မဲ့ သင်အသက်ရှင်၊ ရည်မှန်းချက်မဲ့ သူရှင်သန်
ဒဏ္ဍာရီထဲမှသန့်ရှင်းသောဘုရားတစ်ပါး သာရှိ
ဒဏ္ဍာရီထဲမှသန့်ရှင်းသောဘုရားတစ်ပါးတည်းသာရှိ
သူကြွလာခြင်းအတွက်တောင့်တသူ၊ ဒုက္ခ၌ငြီးတွားသူ၊
လာရောက်ကယ်တင်မယ့်သူ၊ အစဉ်အမြဲကြည့်ရှုသူ
အသိမနိုးကြားသေးသောလောကီလူအပေါင်း
ထိုယုံကြည်ချက်အားသဘောမပေါက်နိုင် ယနေ့တိုင်
လူသားတို့ ထိုအရာများအားတမ်းတဆဲ၊ တမ်းတနေဆဲ
၂
ပြင်းထန်စွာကြေကွဲသူတို့ အနန္တတန်ခိုးရှင်သနားမူ
အသိတရားကင်းသူကိုလည်း သခင်ဘုရားစိတ်ပျက်မူ၏
လူသားတို့ဆီကအဖြေကိုသူစောင့်နေ
တုံ့ပြန်မှုကိုကြာမြင့်စွာသူစောင့်နေ
သင့်ရဲ့စိတ်နှလုံးနှင့်ဝိညာဉ်ကိုရချင်
စားသောက်စရာများ သူသင့်ကိုပေးချင်တယ်
သင့်ကိုတဖန်ရေငတ်၍ဆာလောင်ခြင်းမရှိစေရန်
သင့်ကိုနိုးကြားနေစေချင်
သင့်စိတ်ပင်ပန်းနွမ်းနယ်ချိန် အဖော်မဲ့မှုတို့ကို စတင်ခံစားရချိန်
ဒီလောကအလယ်မှာ အထီးကျန်ချိန် စိတ်ရှုပ်မခံနဲ့ မငိုပါနဲ့
အနန္တတန်ခိုးရှင်စောင့်ကြည့်နေတယ်
သင့်ရဲ့ရောက်လာမှုကို လက်ခံတယ်
၃
သူဟာသင့်ရဲ့ဘေးမှာ ပြန်လာဖို့စောင့်မျှော်နေ
သူဟာစောင့်မျှော်နေ သင်ပြန်သတိရမယ့်နေ့ကို
သင်သည်ဘုရားထံမှလာကြောင်းသတိထား
သင်သည်ဘုရားထံမှဖြစ်သည်
သင်တစ်ချိန်က လမ်းပျောက်ခဲ့
တစ်နေရာတွင် သတိလစ်လမ်းမှား
ဘယ်ချိန်မသိဘဲ "ဖခင်" တစ်ဦးရှိခဲ့
နောက်မှ ဘုရားစောင့်ကြည့်နေမှန်းသိ
သင်ပြန်အလာကို သူစောင့်မျှော်လျက်နေ
အစဉ်အမြဲ သူစောင့်ကြည့်လို့နေခဲ့၊ စောင့်နေခဲ့
၄
သူသည်လွန်စွာတမ်းတ
သူစောင့်ဆိုင်းလျက်ရှိ အဖြေမရှိနိုင်သောလူတို့တုံ့ပြန်မှုကို
တန်ဖိုးဖြတ်မရနိုင်
စိတ်နှလုံးနှင့်ဝိညာဉ် လူသားတို့အတွက် သူစောင့်ကြည့်လျက်နေ
သူ့စောင့်ကြည့်မှုဟာ ထာဝရကြာမြင့်နိုင်
ဤစောင့်ကြည့်မှုလည်း အဆုံးသတ်လုနီးပြီ
သင်ခုချိန်ပြန်ဆန်းစစ်
သင့်ရဲ့စိတ်နှလုံးသင့်အသက်ဝိညာဉ် ဘယ်မှာလဲ၊၊ ဘယ်မှာလဲ၊၊
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်