၂၇၀ သူ၏ပေါ်ထွန်းခြင်းကို ဆာငတ်သူများအား ဘုရားရှာဖွေနေကျူး
၁
နောဧကဲ့သို့ ဖြောင့်မတ်သူများ၊
ဒုစရိုက်ရှောင်ကြဉ်ကာ ဘုရားကို ကိုးကွယ်သူများ
မရှိတော့ပေမယ့် ဘုရား ကျေးဇူးပြုလျက်
နောက်ဆုံးသောကာလတွင် လူကို ဖြေလွှတ်ပေး။
ဘုရားပေါ်ထွန်းလာဖို့ တောင့်တသူများ၊
သူ့စကားတော် ကြားပြီး သူငယ်ကဲ့သို့ နာခံတတ်သူများ၊
သူအပ်နှံထားသည့်အရာကို လက်ခံပြီး
သူ့ထံ စိတ်နှလုံးနှင့်ခန္ဓာ ဆက်ကပ်သူများ ရှာဖွေသည်။
မည်သည့်အရာကမျှ
ဘုရားထံ သင့်ဆက်ကပ်မှုကို မယိမ်းယိုင်စေနိုင်၊
သူ သင့်ကို မျက်နှာသာပေးမည်၊
သင့်ကို သူမျက်နှာသာပေးမည်၊ အိုး...
ဘုရားသည် သူ၏ ကောင်းချီးများ သင့်ကို အပ်နှင်းလိမ့်မည် အိုး
ဘုရား သင့်ကို သူ၏ကောင်းချီးများ ပေးမည်
၂
ဂုဏ်အဆင့်အတန်း၊ အသိပညာ၊
ချမ်းသာမှု၊ အားလုံး၏ ထောက်ခံမှုရပြီး
ဘုရား၏ ခေါ်ခြင်းနှင့် စေခိုင်းချက်ကို
လက်ခံနေသေးလျှင်
သင် လုပ်ဆောင်သမျှ အဓိပ္ပာယ်ရှိ၍ ဖြောင့်မတ်မည်။
သို့သော် ဘုရား၏ ခေါ်ခြင်းကို
အဆင့်အတန်းနှင့် သင့်ရည်မှန်းချက်အတွက် ငြင်းပယ်လျှင်
သင် လုပ်သမျှ ဘုရား၏ ကျိန်ခြင်းနှင့် ရွံရှာခြင်းခံရမည်။
မည်သည့်အရာကမျှ
ဘုရားထံ သင့်ဆက်ကပ်မှုကို မယိမ်းယိုင်စေနိုင်၊
သူ သင့်ကို မျက်နှာသာပေးမည်၊
သင့်ကို သူမျက်နှာသာပေးမည်၊ အိုး…
ဘုရားသည် သူ၏ ကောင်းချီးများ သင့်ကို အပ်နှင်းလိမ့်မည် အိုး
ဘုရား သင့်ကို သူ၏ကောင်းချီးများ ပေးမည်
အိုး အိုး အိုး အိုး...
၃
သင်းအုပ်ဖြစ်ပါစေ၊ အာဏာပိုင်ဖြစ်ပါစေ
မည်သည့်အဆင့်အတန်း ဖြစ်နေပါစေ
အစွမ်းအစနှင့် အသိဉာဏ်ကို အားထားလျှင်
သင် ကျရှုံးပြီး ဘုရား၏ကောင်းချီးများနှင့်လွဲ နေလိမ့်မည်။
သင် လုပ်ဆောင်သမျှကို ဘုရား လက်မခံဘဲ၊
ဖြောင့်မတ်သော အလုပ်ဟု မခေါ် ခြင်းကြောင့်
လူတို့ကောင်းကျိုးအတွက် သင် မလုပ်ဆောင်ဘဲ
ဘုရား၏ စောင့်ရှောက်မှုနှင့် ဝေးစေသည်။
လူတို့ ဘုရားနှင့် သူ့ကောင်းချီးများ ဆုံးရှုံးရာ
သေခြင်းတရား၊ အမှောင်ထု
အဆုံးမဲ့ အခြေအနေတစ်ခုဆီသို့
လူတို့ကို သင် ဦးဆောင်နေသည်ဟု သူ ဆိုလိမ့်မည်။
မည်သည့်အရာကမျှ
ဘုရားထံ သင့်ဆက်ကပ်မှုကို မယိမ်းယိုင်စေနိုင်၊
သူ သင့်ကို မျက်နှာသာပေးမည်၊
သင့်ကို သူမျက်နှာသာပေးမည်၊ အိုး...
ဘုရားသည် သူ၏ ကောင်းချီးများ သင့်ကို အပ်နှင်းလိမ့်မည် အိုး
ဘုရား သင့်ကို သူ၏ကောင်းချီးများ ပေးမည်
ကောင်းချီးများ ပေးမည်၊
ရေ့ အိုး အိုး အိုး...
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်