ဘုရားကိုချစ်သောသူတို့သည် စုံလင်စေခြင်းကို ခံရန်အခွင့်ရှိကြ၏ကျူး
၁ လက်ရှိ ခေတ်ရေစီးကြောင်းထဲတွင် ဘုရားသခင်ကို စစ်မှန်စွာ ချစ်မြတ်နိုးသော လူတစ်ဦး တစ်ယောက်စီတိုင်း၌ သူ၏ စုံလင်စေခြင်းကို ရရှိရန် အခွင့်အလမ်းရှိသည်။ အသက်ငယ်သည်ဖြစ်စေ၊ အသက်ကြီးသည်ဖြစ်စေ စသည်တို့နှင့် မသက်ဆိုင်ပဲ သူတို့သည် သူတို့၏ စိတ်နှလုံးကို ဘုရားသခင်ထံ နာခံခြင်းနှင့် အလေးအမြတ်ထားခြင်းတို့ကို ထိန်းသိမ်းထားသည်နှင့်အမျှ သူ၏ စုံလင်စေခြင်းကို ခံစား ရနိုင်သည်။ ဘုရားသခင်သည် လူသားတို့ကို သူတို့၏ မတူညီသော လုပ်ငန်းဆောင်တာများ အပေါ်မူတည်၍ စုံလင်စေသည်။ သင်၏ အစွမ်းရှိသ၍ ဘုရားသခင်၏ လုပ်ငန်းများအပေါ်တွင် သင့်ကိုယ်သင် ဆက်ကပ်ထား သည်နှင့်အမျှ သင်သည် သူ၏ စုံလင်စေခြင်းကို ရရှိနိုင်သည်။ လက်ရှိတွင် သင်တို့ တစ်ဦးတစ်ယောက်မျှ စုံလင်ခြင်း မရှိကြ။ တစ်ခါတစ်ရံတွင် သင်တို့သည် လုပ်ငန်းဆောင်တာတစ်မျိုးကို လုပ်ဆောင်နိုင်စွမ်းရှိပြီး တစ်ခါတစ်ရံတွင် လုပ်ငန်းဆောင်တာ နှစ်မျိုးကို ထမ်းရွက်နိုင်သည်။ သင်တို့၏ အစွမ်းရှိသမျှ ဆက်ကပ်သည်နှင့်အမျှ ဘုရားသခင်အတွက် သင်တို့ကိုယ်သင်တို့ အသုံးခံသည်နှင့်အမျှ သင်တို့ကို ဘုရားသခင် သည် စုံလင်စေပါလိမ့်မည်။
၂ သင်တို့သည် ငယ်ရွယ်သူ သို့မဟုတ် ကြီးရင့်သူ မည်သည့် ညီအစ်ကို မောင်နှမ ဖြစ်စေကာမူ သင်တို့ ထမ်းဆောင်သင့်သည့် လုပ်ငန်းတာဝန်ကို သင်တို့သိသည်။ ထိုသို့သော သူတို့သည် ငယ်ရွယ်ချိန်တွင် မာန်မာနမရှိကြပဲ အသက်ကြီးသောသူတို့သည် လေးကန်မှုမရှိ၊ ဆုတ်ယုတ်ခြင်း မရှိကြပေ။ ထို့နောက် သူတို့သည် အချင်းချင်း၏ အားသာချက်ကို အသုံးပြုပြီး အားနည်းချက်များကို ဖြည့်စွမ်းကာ မည်သည့် အစွဲမျှမရှိဘဲ တစ်ဦးနှင့်တစ်ဦး အစေခံနိုင်ကြသည်။ အသက်ကြီးသူနှင့် ငယ်ရွယ်သူ ညီအစ်ကို မောင်နှမတို့ အကြားတွင် ချစ်ကြည်ရေး တံတားကို တည်ဆောက်ထားသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့် သင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး ပိုမို နားလည်နိုင်ကြသည်။ ငယ်ရွယ်သော ညီအစ်ကို မောင်နှမ တို့သည် အသက်အရွယ်ကြီးသော ညီအစ်ကို မောင်နှမများကို အထင်မသေးကြသကဲ့သို့ အသက်ကြီးသော ညီအစ်ကို မောင်နှမများသည်လည်း မိမိကိုယ်ကို မှန်သည်ဟု မထင်တတ်ကြပေ။ ယင်းသည် သဟဇာတဖြစ်သော တွဲဖက်ခြင်း မဟုတ်ပါလား။ သင်တို့အားလုံးတွင် ဤစိတ်ပိုင်းဖြတ်မှုရှိလျှင် ဘုရားသခင်၏ အလိုသည် သင်တို့၏ မျိူးဆက်တွင် လုံးဝဥဿုံ ပြည့်စုံပါလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိတို့၏ တာဝန်ထမ်းဆောင်ကြသူတို့ တစ်ဦးတစ်ယောက်စီတိုင်း အပေါ်တွင်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။