၇၇၀ လူသည် ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ အစွမ်းသတ္တိရှိသမျှနှင့်ချစ်ရန် ဘုရားမျှော်လင့်၏ကျူး
၁ ဘုရားသခင်သည် အသင်းတော်၏ လူများထဲ၌ သူ၏အမှုကို အဆုံးသတ်လုနီးပြီဖြစ်၏၊ ထို့နောက်တွင် လူအပေါင်းတို့ရှေ့၌ ဒေါသအမျက်ခြောင်းခြောင်းထွက်လျက် သူပေါ်ထွန်းလာမည် ဖြစ်သည်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်တွင် အမျိုးမျိုးသော ဘေးဒုက္ခများကို ဖြစ်ပွားစေခြင်းအားဖြင့် ဤအမှုကို လုပ်ဆောင်မည်ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်ပေါ်ထွန်းလာမည်ကား လုံးဝမဟုတ်ပေ။ ဤအချိန်အတောအတွင်း အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံတွင် မှီတင်းနေထိုင်သူမှန်သမျှသည် ကပ်ဘေးကို ခံစားကြရလိမ့်မည်ဖြစ်ပြီး ယင်းထဲတွင် ကမ္ဘာမြေကြီးပေါ်မှ နိုင်ငံတော် (အသင်းတော်) လည်း အလိုလိုပါဝင်မည်ဖြစ်သည်။ ဤအချိန်သည် အမှန်တရားများ ပေါ်ထွက်လာသောအချိန်ပင်ဖြစ်၍ ၎င်းကို လူအပေါင်းတို့က တွေ့ကြုံခံစားကြရမည်ဖြစ်ပြီး မည်သူမျှ ရှောင်တိမ်းနိုင်ကြမည် မဟုတ်ပေ။ ဘုရားသခင်သည် ဤအရာကို ကြိုတင်ခွဲခန့်မှတ်သားထားပြီးဖြစ်သည်။ ထို့ပြင် ကြီးမားသောကပ်ဘေး ပေါ်ထွန်းခြင်းကြောင့် လူတို့သည် သူတို့ရှေ့၌ရှိသောအရာကိုသာ တွေးတောနိုင်ကြမည်ဖြစ်ပြီး အခြားအရာအားလုံးကို လျစ်လျူရှုကြမည်ဖြစ်သည်၊ ထို့ပြင် ကြီးမားသော ကပ်ဘေးအလယ်တွင် ဘုရားသခင်ကို ၎င်းတို့မွေ့လျော်ရန် ခက်ခဲလိမ့်မည်။ ထို့ကြောင့် လူတို့အနေဖြင့် အခွင့်အရေးကို မရှုံးဆုံးကြစေရန် ဝမ်းမြောက်ဖွယ်ကောင်းသော ဤအချိန်အတောအတွင်း စိတ်နှလုံး အကြွင်းမဲ့ဖြင့် ဘုရားသခင်အား ချစ်ကြရန် လူတို့ကို တောင်းဆိုနေခြင်း ဖြစ်သည်။
၂ ဤအမှန်တရား ဖြစ်ပျက်သည့်အခါ ဘုရားသခင်သည် အဆင်းနီသောနဂါးကြီးကို လုံးလုံးလျားလျား အနိုင်ယူပြီးလိမ့်မည် ဖြစ်သောကြောင့် ဘုရားသခင့်လူတို့၏ သက်သေခံခြင်းအမှုသည် ဆုံးခန်းတိုင်သွားပြီးဖြစ်လိမ့်မည်၊ ယင်းနောက်တွင် ဘုရားသခင်သည် အဆင်းနီသောနဂါးကြီး၏နိုင်ငံကို ရှင်းရှင်းဖျက်ဆီးကာ နောက်ဆုံးတွင် စကြဝဠာအနှံ့အပြား၌ ရှိကြကုန်သော လူတို့ကို လက်ဝါးကပ်တိုင်ပေါ်တွင် ဇောက်ထိုးအနေအထားနှင့် သံဖြင့်ရိုက်ထားလျက် အမှု၏နောက်ထပ် တစ်ဆင့်ကို စတင်မည်ဖြစ်၏၊ ထို့နောက်တွင် သူသည် လူသားမျိုးနွယ် အားလုံးကို အမြစ်ဖြတ်သုတ်သင်လေမည်၊ ဤသည်တို့မှာ ဘုရားသခင့်အမှု၏ အနာဂတ်အဆင့်များပင်ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ငြိမ်းချမ်းသော ဤပတ်ဝန်းကျင်တွင် ဘုရားသခင်ကို အစွမ်းကုန်ကြိုးစား၍ ချစ်သင့်၏။ အနာဂတ်တွင် သင်တို့သည် ဘုရားသခင်ကိုချစ်ရန် နောက်ထပ် အခွင့်အရေးများ ရတော့မည်မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် လူတို့သည် ဇာတိပကတိ၌သာ ဘုရားသခင်ကို ချစ်ရန် အခွင့်အရေးရှိသောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် အခြားသော ကမ္ဘာတွင် နေထိုင်သည့်အခါ ဘုရားသခင်အား ချစ်ခြင်းအကြောင်းကို မည်သူမျှ ပြောလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ပင် ဖြစ်သည်မဟုတ်လော။
၃ ထို့ကြောင့် သင်တို့သည် မိမိတို့အသက်တည်သည့်ကာလပတ်လုံး ဘုရားသခင်ကို မည်ကဲ့သို့ချစ်သင့်သနည်း။ ဤအရာကို သင်တွေးဖူးသလော။ ဘုရားသခင်ကိုချစ်ရန် သင်သေဆုံးပြီးသည့်အချိန်အထိ စောင့်နေသလော။ ဤသည်မှာ အဓိပ္ပာယ်မရှိသော စကားဖြစ်သည် မဟုတ်လော။ ယနေ့ သင်သည် ဘုရားသခင်အား ချစ်ခြင်းအရာကို အဘယ်ကြောင့် မလိုက်စားသနည်း။ သင်တို့သည် သင်တို့၏အသက်ကို မြတ်နိုးသကဲ့သို့ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှဖြင့် ချစ်နိုင်ကြမည်ဟု မျှော်လင့်ရသည်။ ဤသည်မှာ အဆုံးစွန် အဓိပ္ပာယ်ရှိသော အသက်တာ ဖြစ်သည်မဟုတ်လော။ ဘဝ၏အဓိပ္ပာယ်ကို အခြားမည်သည့်နေရာတွင် ရှာဖွေနိုင်မည်နည်း။ သင်သည် မျက်စိကန်းလွန်းနေသည် မဟုတ်လော။ သင်သည် ဘုရားသခင်ကိုချစ်ရန် လိုလိုလားလားရှိသလော။ ထို့ကြောင့် အဘယ်အရာကို သင်ပြုသင့်သနည်း။ သံသယများမရှိဘဲ ဘုရားသခင်ကို ရဲဝံ့စွာ ချစ်လော့၊ ထိုအခါ ဘုရားသခင်သည် သင့်အား အဘယ်အရာပြုလိမ့်မည်ကို ကြည့်လော့။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၄၂” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်