လေနှင့် မိုးကို ဖြတ်၍
၁
အို ဘုရားသခင်။ ကိုယ်တော့်ကို ကျွန်ုပ်၏ နှလုံးသား ကျွန်ုပ် ပေးပါပြီ။ လက်တွေ့ကျသော ဘုရားသခင်၊ ကိုယ်တော်သည် အလွန်ချစ်ဖွယ်ဖြစ်ပေ။
ကျွန်ုပ်တို့ ကြားတွင် လျှောက်လှမ်းရင်း၊ ဇာတိပကတိ၌ ကိုယ်တော်သည် မိမိကိုယ်ကိုယ် နှိမ့်ချသည်။
ကျွန်ုပ်တို့ကို စိတ်ရှည်စွာဖြင့် ကျွေးမွေးရင်း၊ ပြုစုပျိုးထောင်ရင်း နှင့် ရေလောင်းပေးရင်း၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သမ္မာတရားများကို ကိုယ်တော် ဖော်ပြလေပြီ။
ကိုယ်တော်သည် အချိန်တိုင်းတွင် လူသားအတွက် စံပြတစ်ခုအဖြစ် ငြင်းပယ်ခြင်းနှင့် အသရေဖျက်ခြင်းတို့ကို တိတ်တဆိတ် သည်းခံသည်။
ကိုယ်တော်၏ ဦးဆောင်မှုဖြင့် ကျွန်ုပ်၏ စိတ်နှလုံး ကျေနပ်သည်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ရှေ့ကလမ်းကို အလင်းပြသည်။
ကိုယ်တော်၏ ခြေလှမ်းများကို နီးကပ်စွာ ကျွန်ုပ် လိုက်လျှောက်သည်၊ ကိုယ်တော်နှင့်အတူ လေနှင့်မိုးအားလုံးကို ကျော်ဖြတ်ပါရစေ။
၂
အို ဘုရားသခင်။ ကိုယ်တော့်ကို ကျွန်ုပ်၏ နှလုံးသား ကျွန်ုပ် ပေးပါပြီ။ လက်တွေ့ကျသော ဘုရားသခင်၊ ကိုယ်တော်သည် အလွန်ချစ်ဖွယ်ဖြစ်ပေ။
ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က ကိုယ်တော်၏ ချစ်ခြင်းမေတ္တာအားလုံးကို ထုတ်ဖော်ပြသည်။
ကျွန်ုပ်တို့သည် ကိုယ်တော်အားဖြင့် သန့်စင်ခံရသည်၊ ကျွန်ုပ်တို့ လူသစ်များ ဖြစ်လာလျက်၊ အသစ်ပြုပြင်ခံရပြီး ပြောင်းလဲကြသည်။
ကိုယ်တော်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့သည် အလွန်လှပါပေသည်၊ ကျွန်ုပ်၏ စိတ်နှလုံးကို ကိုယ်တော် အပြည့်အဝ နေရာယူပါ၏။
ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို ပြည့်စုံစေပြီ၊ ကျွန်ုပ်တို့သည် ကိုယ်တော့်ထံ အလွန် တိုး၍နီးကပ်ကြလျက်၊ ကိုယ်တော်နှင့်အတူ တစ်စိတ်တည်းဖြစ်ကြသည်။
ကိုယ်တော်၏ ခြေလှမ်းများကို နီးကပ်စွာ ကျွန်ုပ် လိုက်လျှောက်သည်၊ ကိုယ်တော်နှင့်အတူ လေနှင့်မိုးအားလုံးကို ကျော်ဖြတ်ပါရစေ။
အို ဘုရားသခင်။ ကိုယ်တော့်ကို ကျွန်ုပ်၏ နှလုံးသား ကျွန်ုပ် ပေးပါပြီ။ လက်တွေ့ကျသော ဘုရားသခင်၊ ကိုယ်တော်သည် အလွန်ချစ်ဖွယ်ဖြစ်ပေ။
ဆင်းရဲဒုက္ခများနှင့် နှိပ်စက်ညှင်းပန်းမှုများမှတဆင့် ကျွန်ုပ်တို့ ကြီးစွာ ဒုက္ခခံစားပြီးသော်လည်း၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာသည် ကိုယ်တော်၏ နှုတ်ကပတ်တော်များနှင့်အတူ ကျွန်ုပ်တို့ကို လမ်းပြသည်၊
သို့ဖြစ်၍ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းနှင့် ခွန်အားများ ရှိကြပြီး၊ ဆင်းရဲဒုက္ခများမှတဆင့် ကိုယ်တော်အတွက် သက်သေခံကြသည်။
ကိုယ်တော်ကို ကျွန်ုပ်တို့ အမြဲချစ်ပြီး ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့ ပြန်ပေးဆပ်မည်၊ သမ္မာတရားကို ဖြန့်ဝေပြီး ကိုယ်တော့်ကို သက်သေခံကြမည်။
အတူရှိခြင်းနှင့် အပြန်အလှန်ချစ်ခြင်း နှစ်များတွင်၊ မိုးပြင်းလေပြင်းမှတဆင့် ကျွန်ုပ်တို့၏ ချစ်ခြင်းမေတ္တာ နက်သထက်နက်လာပေပြီ။
ကိုယ်တော်၏ ခြေလှမ်းများကို နီးကပ်စွာ ကျွန်ုပ် လိုက်လျှောက်သည်၊ ကိုယ်တော်နှင့်အတူ လေနှင့်မိုးအားလုံးကို ဖြတ်သွားပါရစေ။