၁၃၆ နေ့တိုင်း ဘုရားသခင်နှင့်အတူ ကျွန်ုပ်ရှိခဲ့ဖို့ ဆန္ဒရှိပေ
၁ ဘုရားသခင်နှင့် ကျွန်ုပ်တို့ လမ်းခွဲခဲ့သည့်နေ့တွင်၊ သူ့မျက်နှာပေါ် အပြုံးတစ်ပွင့် ရှိခဲ့။ သူ ကျွန်ုပ်တို့ထံ လှည့်ကာ လက်ပြခဲ့၊ သူ သွားသည်ကို မျက်ရည်များဖြင့် တိတ်တဆိတ် ကျွန်ုပ်တို့ စောင့်ကြည့်ခဲ့ကြပေ။ အသင်းတော်များက သူ့ကို လိုအပ်ခဲ့သောကြောင့်၊ သူ့ကို နေဖို့ ကျွန်ုပ် မတိုက်တွန်းနိုင်ခဲ့။ အဝေးသို့ သူ လျှောက်လှမ်းသွားခဲ့စဉ် သူ၏ နောက်ကျောကို ကျွန်ုပ် စောင့်ကြည့်သည်၊ သူ၏ တိုက်တွန်းမှုများကို ကျွန်ုပ်၏ စိတ်နှလုံးထဲ ကျွန်ုပ် သိမ်းထား။ ကျွန်ုပ် အားနည်းသည့်အခါတိုင်း၊ ဘုရားသခင် ပေးခဲ့သည့် အဖိုးအခကို ကျွန်ုပ် တွေးသည်။ ဘုရားသခင်၏ အရေးထားပြီး ကြင်နာသနားတတ်သော ချစ်ခြင်းမေတ္တာနှင့် သူ၏ တန်ခိုးရှိသော နှုတ်ကပတ်တော်များက၊ ကျွန်ုပ် နှလုံးသားကို လှုံ့ဆော်ကာ နွေးထွေးစေသည်၊ ဘုရားသခင်ကို ကျွန်ုပ် အလွန် အကြွေးတင်သည်ဟု ခံစားမိ။ ကျွန်ုပ်၏ ဇာတိပကတိအကြောင်း အလွန် ဂရုစိုက်ခြင်းအတွက် ကျွန်ုပ် မိမိကိုယ်ကိုယ် မုန်းကာ၊ ကိုယ်တော့်ရှေ့မှောက်တွင် အသက်ရှင်ဖို့ ထိုက်တန်ခြင်းမရှိဟု ကျွန်ုပ် ခံစားရပေ။
၂ ဘုရားသခင်၏ မေတ္တာကို ကျွန်ုပ် တွေးမိသည့်အခါတိုင်း၊ ကျွန်ုပ်၏ နှလုံးသား နှစ်ဆခွန်အားတိုး။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ ကျွန်ုပ်၏ တာဝန်ကို လုပ်ဆောင်ချင်သော်လည်း၊ ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုက အလွန်နုနယ်သည်ကို ကျွန်ုပ် ခံစားရ။ မည်သည့်အချိန်တွင် ကျွန်ုပ် ကြီးထွားရင့်ကျက်ပြီး ဘုရားသခင်ကို သက်သေခံနိုင်ကာ သူ့ကို အစေခံနိုင်လာမည်နည်း။ ကျွန်ုပ်၏ အသက်တာ လျင်မြန်စွာ ကြီးထွားဖို့ရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ဖို့ ကျွန်ုပ် စိတ်ဆုံးဖြတ်သည်။ ဘုရားသခင်၏ နံဘေးတွင်ရှိကာ အတွင်းရေးကိစ္စများစွာ သူ့ကို ကျွန်ုပ် ပြောပြချင်လိုက်သည်မှာ။ ကျွန်ုပ်တို့ အတူတကွ ရှိခဲ့သည့် မြင်ကွင်းများကို အောက်မေ့ရင်း၊ ကျွန်ုပ်၏ နှလုံးသား ချိုမြိန်သော ချမ်းမြေ့ပျော်ရွှင်မှုဖြင့် ပြည့်ပေ။ ကျွန်ုပ်တို့ကို သမ္မာတရားနှင့် အသက်တို့ဖြင့် ထောက်ပံ့ရင်း လူကြားတွင် ကိုယ်တော် နှိမ့်ချစွာ အသက်ရှင်ပေ။ ကျွန်ုပ်တို့၏ နှလုံးသားများဖြင့် ကိုယ်တော့်ကို ကျွန်ုပ်တို့ ကြည်ညိုကြသည်။ ကိုယ်တော့်ကို ကျွန်ုပ်တို့ အလွန်အမင်း ချစ်မြတ်နိုးပြီး နေ့တိုင်း ကိုယ်တော်နှင့်အတူရှိကြဖို့ တမ်းတမိသည်။