ကျွန်ုပ်၏စိတ်နှလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တန်ဖိုးထားပါ၏
၁
ကျွန်ုပ်ကို ရှေ့သို့လမ်းပြရန် ကိုယ်တော်စကားပြော၏၊ ယခုအခါ ကျွန်ုပ်၏ဘဝ အလင်းပါရှိပြီ။
ကိုယ်တော်၏ပြစ်တင်ဆုံးမမှုသည် ကျွန်ုပ်ကို ကြောက်ရွံ့စေသော်လည်း၊ ကိုယ်တော့်အလိုကို ကျွန်ုပ် နားမလည်ခဲ့ပါ။
ကိုယ်တော်၏ ပြင်းထန်သော နှုတ်ကပတ်တော်များက ကျွန်ုပ်၏သဘာဝကို ထုတ်ဖော်ပြခဲ့သော်လည်း ကိုယ်တော်ကို သံသယထားကာ နာကျင်စေခဲ့မိပါ၏။
ကိုယ်တော်၏နှုတ်ကပတ်တော်များသည် အသက်ဖြစ်သည်ကို မသိခဲ့လေသော ရူးမိုက်လေသည့် ကျွန်ုပ်ဖြစ်ပေ၊
ကိုယ်တော်၏နှုတ်ကပတ်တော်ကြောင့်သာ ကျွန်ုပ် ဤမျှထိ ရောက်လာနိုင်ခြင်း ဖြစ်ပါ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးရန် ကျွန်ုပ် ကြိုးစားအားထုတ်ရပါမည်။
ကိုယ်တော့်နှုတ်ကပတ်တော်များကို စွန့်မိပါက ကျွန်ုပ်၏ စိတ်သဘောထားတွင် ပြောင်းလဲမှု မရှိနိုင်ပါ။ ကိုယ်တော်၏ လက်ခံမှုရဖို့ သာ၍ဝေးပါသည်။
အသက်နှင့်ဆိုင်သော ကိုယ်တော့် နှုတ်ကပတ်တော်များ၊ ကိုယ်တော်၏ ကြင်နာမှု- ယင်းတို့သည် ကျွန်ုပ်၏ အရင်းခံအကြောင်းရင်းများ ဖြစ်ပါ၏။
ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်ကြောင်းကို ယခုကျွန်ုပ်သိပါပြီ။ ခရစ်တော်သည်သာ ကျွန်ုပ်၏ တစ်ဦးတည်းသောသူ ဖြစ်ပါ၏။
၂
ကိုယ်တော်၏နှုတ်ကပတ်တော်သည် လူကို သန့်စင်စေပြီး အသက်ကိုလည်းပေး၏- ကိုယ်တော်သည်သာ ချီးမွမ်းခံထိုက်ပါ၏။
နာကျင်မှု၊ ဆင်းရဲဒုက္ခ၊ ဖိနှိပ်မှု၊ ဖမ်းဆီးခံရခြင်း၊ ကိုယ်တော်၏နှုတ်ကပတ်တော်သည် ကျွန်ုပ်အတွက် အခက်အခဲများကို ကျော်လွှားဖို့ အထောက်အကူဖြစ်ပေသည်။
ကျွန်ုပ်၏ခန္ဓာသည် နာကျင်မှုတွင် ရှိသော်လည်း၊ ကိုယ်တော်သည် ကျွန်ုပ်ကို စောငရှောက်ကာကွယ်နေပြီး အလွန်စစ်မှန်သည့် ကိုယ်တော်၏မေတ္တာကို ကျွန်ုပ်တွေ့ကြုံခံစားရပါသည်။
ရှေ့ခရီးလမ်းသည် ကြမ်းတမ်းကွေ့ကောက်သော်လည်း ကျွန်ုပ်သည် ကိုယ်တော်၏နှုတ်ကပတ်တော်အားဖြင့် အမြဲရှင်သန်ပါမည်။
သမ္မာတရားကို သိနားလည်ခြင်းဖြင့် ကျွန်ုပ်၏စိတ်သဘောထားမှာ ကိုယ်တော်၏ကျေးဇူးတော်သက်သက်ဖြင့် စတင်ပြောင်းလဲလာပါသည်။
ကိုယ်တော့်နှုတ်ကပတ်တော်၏ တရားစီရင်မှုနှင့် စမ်းသပ်မှုများသည် ကျွန်ုပ်အား သမ္မာတရားနှင့် အသက်ကို ရရှိစေပါသည်။
ကိုယ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမှု၊ ကိုယ်တော်၏ စမ်းသပ်မှုများနှင့် စစ်ဆေးမှုများသည် ကျွန်ုပ်ကို သန့်စင်စေပြီး ပြောင်းလဲစေသည်။
ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်ကြောင်းကို ယခုကျွန်ုပ်သိပါပြီ။ ခရစ်တော်သည်သာ ကျွန်ုပ်၏ တစ်ဦးတည်းသောသူ ဖြစ်ပါ၏။
ကိုယ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်၏။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် အရာအားလုံးကို ထိန်းချုပ်ထား၏။
ကိုယ်တော်သည် ကယ်တင်ရှင်၊ ကိုယ်တော်ဖော်ပြသော နှုတ်ကပတ်တော်အလုံးစုံကို လူသားမျိုးနွယ်က လိုအပ်ပါ၏။
ယနေ့ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးမှုများကို ဖယ်ရှားနိုင်ပြီး အလင်း၌ ရှင်သန်နေထိုင်နိုင်ပြီ၊ ကိုယ်တော်၏နှုတ်ကပတ်တော်က ကျွန်ုပ်ကို ကယ်တင်ခဲ့သောကြောင့်ပင် ဖြစ်ပေသည်။
ကိုယ်တော်၏ နက်ရှိုင်းပြီး စွမ်းအားကြီးမားလှသည့် မေတ္တာကို ပြသရန် လူ့ဇာတိကို ကိုယ်တော်ခံယူခဲ့သည်၊ ကိုယ်တော်၏နှုတ်ကပတ်တော်သည် အဖိုးတန်လှပေ၏။
စမ်းသပ်မှုက မည်မျှကြီးမားပါစေ၊ သို့မဟုတ် ဆင်းရဲဒုက္ခ မည်မျှစိုးရိမ်ဖွယ် ဖြစ်ပါစေ၊ ကျွန်ုပ်သည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို ကောင်းစွာအမှတ်ရပါမည်။
ကိုယ်တော်၏နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပြီး အသက်လည်းဖြစ်၏၊ ယင်းက ကိုယ်တော်၏ အနန္တတန်ခိုးရှိခြင်းနှင့် ပညာကို ထုတ်ဖော်ပြသပါ၏။
မေတ္တာသည် ကိုယ်တော်၏ အနှစ်သာရ၊ ကိုယ်တော်၏ စိတ်သဘောထားသည် ဖြောင့်မတ်၏၊ ကျွန်ုပ်သည် ကိုယ်တော်ကို အစဉ်ချီးမွမ်းပါမည်။
ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်ကြောင်းကို ယခုကျွန်ုပ်သိပါပြီ။ ခရစ်တော်သည်သာ ကျွန်ုပ်၏ တစ်ဦးတည်းသောသူ ဖြစ်ပါ၏။