၉၂ ကျွန်ုပ်တို့ ချစ်ရသော အနန္တတန်ခိုးရှင် ဘုရားသခင်

၁ အဘယ်သူသည် အထွတ်အထိပ်ဖြစ်ကာ ဂုဏ်သရေရှိသနည်း၊ အဘယ်သူသည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အနိမ့်ကျဆုံးနေရာအထိ နှိမ့်ချစွာ ဆင်းလာသနည်း။ သူ၏ စကားတိုင်းက သမ္မာတရားဖြစ်ကာ လူနှင့် လက်တွဲလျက် စကားပြောသူမှာ အဘယ်သူနည်း၊ အို၊ သူက ကျွန်ုပ်တို့၏ ချစ်ဖွယ်သော အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်တို့၏ အချစ်ရဆုံးသော သူတစ်ဦး ဖြစ်ပေ။ နိုင်ငံတော် ခေတ်ထဲသို့ ကျွန်ုပ်တို့ကို ဦးဆောင်ရင်း၊ ကျွန်ုပ်တို့အလယ်တွင် ကိုယ်တော် စကားပြောကာ အမှုပြုပေ။ ကိုယ်တော် ကျွန်ုပ်တို့နှင့်အတူ စားသောက်သည်၊ ကျွန်ုပ်တို့နှင့်အတူ နေထိုင်ကာ အသက်ရှင်သည်၊ ကိုယ်တော် နေ့နေ့ ညည ကျွန်ုပ်တို့နှင့်အတူ ရှိပေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့၏ အယူအဆလွဲမှားမှုများကို ပပျောက်စေသည်၊ ကျွန်ုပ်တို့သည် ကိုယ်တော့်ထံ တိုးဝင်ချဉ်းကပ်ပေ။ ကိုယ်တော်၏ နှိမ့်ချခြင်းနှင့် ကွယ်ဝှက်ခြင်းတို့က အလွန် ချစ်ဖို့ဖြစ်ပေ၊ ကိုယ်တော်၏ စိတ်သဘောထားက လှပကာ ကောင်းမြတ်ပေ။ အရေးမပါ၊ မာနထောင်လွှားသော လူသားမျိုးနွယ်ကို လူပုံအလယ် သွားစရာ နေရာမရှိခြင်းဖြင့် ကိုယ်တော် အရှက်ရစေသည်။ ကိုယ်တော်နှင့် ပတ်သက်၍ ချစ်စရာများစွာ ရှိပေ၊ ကျွန်ုပ်တို့၏ နှလုံးသားများက ကိုယ်တော့်အတွက် ချစ်ခြင်းမေတ္တာနှင့် ကြည်ညိုလေးစားမှုတို့ဖြင့် ပြည့်ပေ။

၂ အဘယ်သူက သူ၏ ချစ်ခြင်းအားလုံကို လူသားမျိုးနွယ်ကို ပေးပြီး လောက၏ လောကဓံတရားများကို မြည်းစမ်းပါသနည်း။ အဘယ်သူက လူသားမျိုးနွယ်အတွက် နေ့နေ့ ညည အားထုတ်ကြိုးပမ်းပြီး တစ်နှစ်ပြီးတစ်နှစ် အခက်အခဲအားလုံးကို ဆန့်ကျင်ကာ သူ၏ အမှုတော်ကို ဆောင်ရွက်ပါသနည်း။ အို၊ သူက ကျွန်ုပ်တို့၏ ချစ်ဖွယ်သော အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်တို့၏ အချစ်ရဆုံးသော သူတစ်ဦး ဖြစ်ပေ။ အရှက်ရခြင်း၊ အသရေဖျက်ခြင်းနှင့် ပြစ်မှားခြင်း များစွာ၊ ကောလာဟလများနှင့် တရားစီရင်ခြင်း များစွာ ကိုယ်တော် ခံစားပြီးသော်လည်း၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို ဖော်ပြဖို့နှင့် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်သော ကိုယ်တော် စိတ်ဆန္ဒက ဘယ်သောအခါမျှ မပြောင်းပေ။ ညများစွာ ကိုယ်တော် လူးလိမ့်ကာ၊ ကျွန်ုပ်တို့အတွက် စိုးရိမ်ပြီး အခိုက်အတန့်တိုင်း ကျွန်ုပ်တို့ကို ဂရုစိုက်ရင်း အိပ်မရနိုင်ပေ။ အိပ်ရေးစွန့်ရင်းနှင့် စားဖို့မေ့လျော့ရင်း၊ ကျွန်ုပ်တို့အတွက် ကိုယ်တော် မဖြစ်မနေလုပ်ဆောင်ကာ ကိုယ်တော်၏ ဆင်းရဲဒုက္ခအတွက် လုံးဝ ဘာတစ်ခုမျှ မတွေးခဲ့ပေ။ ကျွန်ုပ်တို့၏ ကြီးထွားမှုအဆင့်တိုင်းက ကိုယ်တော်၏ နှလုံးသွေးများဖြင့် ပေးဆပ်ထားပေ။ ကိုယ်တော်နှင့် ပတ်သက်၍ ချစ်စရာများစွာ ရှိပေ၊ ကျွန်ုပ်တို့၏ နှလုံးသားများက ကိုယ်တော့်အတွက် ချစ်ခြင်းမေတ္တာနှင့် ကြည်ညိုလေးစားမှုတို့ဖြင့် ပြည့်ပေ။

၃ အမှောင် တန်ခိုးများမှ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အဘယ်သူသည် မိမိ၏ အရာအားလုံးကို ပေးသနည်း။ လူသားမျိုးနွယ်ကို တရားစီရင်ကာ ကယ်တင်ဖို့ အဘယ်သူသည် နှုတ်ကပတ်တော် သန်းပေါင်းများစွာကို ဖော်ပြပါသနည်း။ အို၊ သူက ကျွန်ုပ်တို့၏ ချစ်ဖွယ်သော အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်တို့၏ အချစ်ရဆုံးသော သူတစ်ဦး ဖြစ်ပေ။ ကျွန်ုပ်တို့၏ ဆုတ်ယုတ်လာခြင်းအတွက် စိုးရိမ်ရင်း၊ ကျွန်ုပ်တို့၏ အားနည်းချက်များအပေါ် သောကရောက်ရင်း ကိုယ်တော် အမြဲကူညီဖေးမိပေ။ ကိုယ်တော်၏ တရားစီရင်ခြင်း၊ ထုတ်ဖော်ပြခြင်းများ၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပဲ့ပြင်ခြင်းတို့အားလုံးက ကျွန်ုပ်တို့ကို သန့်ရှင်းစေဖို့ လုပ်ဆောင်ခဲ့ပေ။ စစ်ဆေးခြင်းနှင့် နာကျင်ခြင်းတို့ကို ကျွန်ုပ်တို့ ခံစားရသည့်အခါ၊ ကိုယ်တော်၏ ချစ်ခြင်းက ကျွန်ုပ်တို့နှင့်အတူရှိပေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို နှစ်သိမ့်ကာ လမ်းပြပေ။ ထပ်ခါထပ်ခါ တရားစီရင်ခံရခြင်း၊ ပြစ်တင်ဆုံးမခံရခြင်း၊ ရိုက်နှက်ခံရကာ ပဲ့ပြင်ဆုံးမခံရခြင်းက ကျွန်ုပ်တို့ကို ပြောင်းလဲစေနိုင်ပေ။ ယနေ့ ကျွန်ုပ်တို့ သန့်စင်မှုကို ရရှိနိုင်သည်မှာ ကိုယ်တော်၏ ချစ်ခြင်းနှင့် ကယ်တင်ခြင်းအားဖြင့် လုံးလုံးလျားလျား ဖြစ်ပေ။ ကိုယ်တော်နှင့် ပတ်သက်၍ ချစ်စရာများစွာ ရှိပေ၊ ကျွန်ုပ်တို့၏ နှလုံးသားများက ကိုယ်တော့်အတွက် ချစ်ခြင်းမေတ္တာနှင့် ကြည်ညိုလေးစားမှုတို့ဖြင့် ပြည့်ပေ။

အရှေ့သို့- ၉၀ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အစစ်မှန်ဆုံးဖြစ်ပေ

နောက်တစ်ခုသို့- ၉၃ မေတ္တာစစ်ဟာ လောကမှာရှားနေတာ ဘာကြောင့်များလဲ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၀၀ ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

၁ သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့်...

၂၀၇ ထာဝရအသက်၏မူလအရင်းအမြစ် ကို သင်သိပါသလား

၁ ဘုရားဟာ လူ့အသက်ရဲ့အရင်းအမြစ်၊ဘုရားရဲ့တန်ခိုးတော်ကြောင့် ကောင်းကင်နဲ့မြေကြီး တည်ရှိဘယ်သက်ရှိအရာမျှ ဘုရားရဲ့အုပ်စိုးခြင်း၊အခွင့်တန်ခိုးနဲ့...

၁၀၁၈ ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ

၁လူတို့ကို နဂိုပုံစံအတိုင်းပြန်ဖြစ်စေတယ်သူတို့တာဝန် သူတို့ကျေပွန်ပြီး ကိုယ့်နေရာမှာကိုယ်နေဘုရားရဲ့အစီအစဉ်အားလုံးကို နာခံမယ်ဘုရားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။