ဘုရားသခင်ကို သင် အမှန်တကယ် နားလည်သလော
၁ ဘုရားသခင်ကို သိသည်ဟု သင် ပြောဝံ့သလော။ ဘုရားသခင်နှင့် ဆက်ဆံမှုများ သင် ရှိပြီးပြီလော။ သူနှင့် သင် ပတ်သက်ပြီးပြီလော။ သူ၏ စိတ်သဘောထားကို သင် သိသလော။ သူနှစ်သက်သည့်အရာကို သင် သိသလော။ သူ၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည့် သင်လုပ်ဆောင်မိသောအရာများကို သင် သိသလော။ သင့်အထဲက သူ မနှစ်သက်သည့် ဖောက်ပြန်ပျက်စီးခြင်းများကို သင် သိသလော။ ဘုရားသခင်က သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို မည်သည့်လူများမှတဆင့် ထုတ်ဖော်ပြသည်ကို သင် သိသလော။ မည်သည့်လူတို့ကို ဘုရားသခင် စက်ဆုပ်သည်ကို သင် သိသလော။ သင်၏ ပြဿနာများထဲမှာ မည်သည့်အရာကို သူ အစက်ဆုပ်ဆုံးဖြစ်သည်ကို သင် သိသလော။ ထိုသို့သော မေးခွန်းများ၏ အဖြေများကို သင် မသိလျှင်၊ ဘုရားသခင်ကို သိနားလည်မှု သင် အမှန်တကယ် မရှိသည်ကို ပြပေသည်။
၂ သင်သည် ဘုရားသခင်ကို မြင်တွေ့ခဲ့ပြီဟု ဆိုသည့်တိုင် ဘုရားသခင်၏ ဝမ်းမြောက်ခြင်း၊ ဒေါသ၊ ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို သင်နားမလည်ပေ၊ သူ၏ စိတ်သဘောထားကို သင်နားမလည်သလို သူ၏ဖြောင့်မတ်ခြင်းကိုလည်း သင်နားမလည်ပေ။ သင်၌ သူ၏ကရုဏာစိတ်ရှိခြင်းကို နားလည်မှုမရှိသည့်အပြင် သူနှစ်သက်သည့်အရာ၊ သို့မဟုတ် သူစက်ဆုပ်ရွံရှာသည့်အရာကိုလည်း သင်မသိပေ။ ဤသည်မှာ ဘုရားသခင်ကိုသိခြင်း မဟုတ်ပေ။ ထို့ကြောင့် လူတစ်ချို့တို့က ဘုရားသခင်နောက်လိုက်နိုင်စွမ်း ရှိသော်လည်း ဘုရားသခင်ကို သူတို့ သေချာပေါက်ယုံကြည်သည် မဟုတ်ပါပေ။ ဤသည်မှာ ခြားနားခြင်းဖြစ်သည်။ သူ့ကိုသင်သိပါက၊ သူ့ကိုနားလည်ပြီး သူ၏အလိုတော်အချို့ကို နားလည်နိုင်ပါက သင်သည် သူ့အား စစ်မှန်စွာယုံကြည်ခြင်း၊ သူ့အား စစ်မှန်စွာနာခံခြင်း၊ သူ့အား စစ်မှန်စွာချစ်ခြင်းနှင့် စစ်မှန်စွာကိုးကွယ်ခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်သည်။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့ဇာတိခံယူသော ဘုရားသခင်ကို သိပုံသိနည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။