၇၈၆ လူသည် ဘုရားနှုတ်ကပတ်တော်ကို တွေ့ကြုံခြင်း မှတစ်ဆင့် ဘုရားကိုသိကျွမ်း၏ကျူး

၁ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ အနှစ်သာရ၊ ဘုရားသခင်၏ စိတ်သဘောထား စသည်တို့အားလုံးကို သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် လူသားမျိုးနွယ်အား သိရှိစေပြီး ဖြစ်သည်။ လူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားရသည့်အခါ၊ ၎င်းတို့ကို လက်တွေ့ကျင့်သုံးစဉ်တွင် ဘုရားသခင်ပြောဆိုသော နှုတ်ကပတ်တော်များ၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို နားလည်လာလိမ့်မည်၊ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ အရင်းအမြစ်နှင့် နောက်ခံအကြောင်းတို့ကို နားလည်လာလိမ့်မည်ဖြစ်ပြီး ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ရည်ရွယ်ထားသည့် ရလဒ်တို့ကို နားလည်လာကာ သဘောပေါက်လာလိမ့်မည်။ လူသားမျိုးနွယ်အတွက်၊ သမ္မာတရားနှင့် အသက်ကို ရရှိဖို့ရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောပေါက်ရန်၊ မိမိ၏စိတ်သဘောထားထဲတွင် ပုံသဏ္ဌာန်ပြောင်းလဲလာရန်နှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ခြင်းများကို နာခံလာနိုင်ရန်အလို့ငှာ ဤအရာများအားလုံးသည် လူသား တွေ့ကြုံရမည့်၊ နားလည်သဘောပေါက်ရမည့်၊ ရယူရမည့်အရာများ ဖြစ်သည်။ ဤအရာများကို လူသားက တွေ့ကြုံကာ နားလည်သဘောပေါက်ပြီး ရယူသည်နှင့် တစ်ချိန်တည်းမှာပင် ဘုရားသခင်နှင့်ဆိုင်သော သိနားလည်မှုကို သူတဖြည်းဖြည်း ရရှိလာပြီးဖြစ်လိမ့်မည်၊ ထို့ပြင် ဤအချိန်တွင် ဘုရားသခင်နှင့်ဆိုင်သည့် အမျိုးမျိုးသော အသိပညာအဆင့်များကိုလည်း သူရရှိပြီးဖြစ်လိမ့်မည်။

၂ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်ခြင်း၊ တွေ့ကြုံခြင်း၊ ခံစားခြင်းနှင့် အတည်ပြုခြင်းတို့မှတစ်ဆင့် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော သိနားလည်မှုနှင့် အသိပညာတို့ကို ရယူခြင်းတည်းဟူသော ဤဖြစ်စဉ်သည် လူသားနှင့် ဘုရားသခင်၏ စစ်မှန်သည့် ဆက်ဆံရေးပင် ဖြစ်ပေသည်။ ဤသို့သော ဆက်ဆံရေးမျိုးအလယ်တွင် လူသားသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အမှန်တကယ် နားလည်ကာ သဘောပေါက်လာသည်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို အမှန်တကယ် နားလည်ကာ သိရှိလာသည်၊ ဘုရားသခင်၏အနှစ်သာရကို အမှန်တကယ် နားလည်ကာ သိရှိလာသည်၊ ဘုရားသခင်၏ စိတ်သဘောထားကို တဖြည်းဖြည်း နားလည်ကာ သိရှိလာသည်၊ ဖန်ဆင်းရာအပေါင်းတို့အပေါ် ဘုရားသခင်၏ အုပ်စိုးမှုဟူသော အမှန်တရားနှင့် ပတ်သက်၍ မှန်ကန်သော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် စစ်မှန်သော စိတ်ချသေချာမှုတို့ကို ရလာသည်၊ ထို့ပြင် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ၊ ဂုဏ်အဆင့်အတန်းနှင့်ပတ်သက်၍ ပဓာနကျသော ဆက်စပ်မှုနှင့် အသိပညာတို့ကို ရရှိလာသည်။ ဘုရားသခင်အပေါ် လူသား၏ အရေးစိုက်ခြင်းနှင့် နာခံခြင်းတို့မှာ တိုး၍ကြီးထွားလာမည်ဖြစ်ပြီး ဘုရားသခင်ကို သူ၏ရိုသေလေးမြတ်မှုမှာ ပို၍စစ်မှန်လာမည်ဖြစ်သည့်အပြင် ပို၍လည်း နက်နဲလာလိမ့်မည်။

၃ ဤကဲ့သို့ ဆက်ဆံရေးမျိုးအလယ်တွင် လူသားသည် သမ္မာတရား၏ အထောက်အပံ့၊ အသက်နှင့်ဆိုင်သော ဗတ္တိဇံတို့ကို ရလိမ့်မည်သာမကဘဲ တစ်ချိန်တည်းမှာပင် ဘုရားသခင်နှင့်ဆိုင်သည့် မှန်ကန်သည့် အသိပညာကိုလည်း ရရှိလိမ့်မည် ဖြစ်သည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးအလယ်တွင် လူသားသည် သူ၏စိတ်သဘောထားထဲ၌ ပုံသဏ္ဌာန်ပြောင်းလဲပြီး ကယ်တင်ခြင်းကို ရရှိမည်သာမကဘဲ တစ်ချိန်တည်းတွင် ဘုရားသခင်အပေါ်ထားသည့် ဖန်ဆင်းခံတစ်ဦး၏ စစ်မှန်သော ရိုသေလေးမြတ်ခြင်းနှင့် ကိုးကွယ်ခြင်းတို့ကိုလည်း ရှာမှီးလိမ့်မည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးဖြင့်သာ လူသား၏အသက်သည် တစ်ရက်ပြီးတစ်ရက် ရင့်ကျက်ခြင်းဆီသို့ ကြီးထွားလာမည်ဖြစ်ပြီး၊ ထိုအချိန်မှသာ သူ၏စိတ်သဘောထားက တဖြည်းဖြည်းချင်း ပုံသဏ္ဌာန်ပြောင်းလဲလာမည်ဖြစ်ကာ ဘုရားသခင်ကို သူ၏ယုံကြည်ခြင်းသည် မရေရာ၊ မသေချာသော ယုံကြည်ခြင်းမှ စစ်မှန်သည့် နာခံခြင်းနှင့် အရေးစိုက်ခြင်း၊ စစ်မှန်သည့် ရိုသေလေးမြတ်ခြင်းအဖြစ်သို့ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲသွားမည်ဖြစ်သည်၊ ထို့ပြင် လူသားသည် ဘုရားသခင်၏နောက်ကို လိုက်နေစဉ်တွင် တုံဏှိဘာဝေနေနေသည့်အဖြစ်မှ နိုးကြားထကြွသည့်အဖြစ်သို့၊ အပျက်သဘောမှ အပြုသဘောသို့လည်း တဖြည်းဖြည်းချင်း တိုးတက်သွားပေလိမ့်မည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးဖြင့်သာ လူသားသည် ဘုရားသခင်ကို မှန်မှန်ကန်ကန် သိနားလည်ပြီး သဘောပေါက်ကာ ဘုရားသခင်နှင့်ဆိုင်သည့် မှန်ကန်သော အသိပညာကို ရရှိလိမ့်မည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ကျမ်းဦးစကား” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၈၅ ဘုရားကို သိကျွမ်းရန် သူ့နှုတ်ကပတ်တော်များကို သင်သိကျွမ်းရမည်ကျူး

နောက်တစ်ခုသို့- ၇၈၇ ဘုရားသခင်ကို သင် အမှန်တကယ် နားလည်သလော

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇၅၈ ဘုရားသခင်ကို ချစ်သောသူတို့သည် မင်္ဂလာရှိ၏

ဘုရားကိုချစ်သောသူ ဘုရားရဲ့သက်သေခံနိုင်သူဘုရားရဲ့ကောင်းချီးနဲ့ ကတိတော်များရှိဘုရားကိုချစ်သောသူ ဘုရားရဲ့သားသမီး ယုံကြည်သူဘုရားရဲ့ကောင်းချီး...

၇၀၂ စိတ်ထားပြောင်းလဲမှုများသည် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်

၁သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်နှင့်ရှိနေခြင်းကသင် ရိုးသားစွာရှာ မရှာ ဆုံး ဖြတ်တာအခြားသူများကို စီရင်ခြင်းမဟုတ်...သူတို့ အမြင်တွေ လည်း...

၃၂၉ လူသားရဲ့စစ်မှန်သောနှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိလာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာထိုသူတို့ ဘုရားကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။