၉၉၉ ဘုရားကို သိကျွမ်းရန် သူ့နှုတ်ကပတ်တော်များကို သင်သိကျွမ်းရမည်ကျူး
၁ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းနှင့် နားလည်ခြင်းအားဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်ဆောင်ခြင်းနှင့် တွေ့ကြုံခံစားခြင်းအားဖြင့် ဘုရားသခင်ကိုသိရန် ပြုလုပ်ရမည်။ အမှန်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖော်ပြချက်တစ်ခု ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်း၊ ထို့ပြင် လူသားမျိုးနွယ်အား သူ၏ ကယ်တင်ရန်နည်းလမ်း တို့ကို သင်မြင်နိုင်သည်။... ဤသည်မှာ ဘုရားသခင်သည် လူသားကို အသုံးပြု၍ နှုတ်ကပတ်တော်ကို ရေးချစေခြင်းနှင့် တခြားစီဖြစ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဘုရားသခင်ကိုယ်တော်တိုင်က ဖော်ပြထားခြင်းကြောင့် ဖြစ်သည်။ ယင်းကို ဘုရားသခင်ကိုယ်တော်တိုင် ဖော်ပြထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူ၏ကိုယ်ပိုင် နှုတ်ကပတ်တော်များနှင့် သူ၏အတွင်းသဘောကို ဖော်ပြနေခြင်း ဖြစ်သည်။ ယင်းတို့ကို လှိုက်လှိုက်လှဲလှဲရှိသော နှုတ်ကပတ်တော်များဟု အဘယ်ကြောင့် ပြောရသနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းတို့မှာ အတွင်းစိတ်ထဲက ထွက်ပေါ်လာ၍ သူ၏စိတ်သဘောထား၊ သူ၏အလိုတော်၊ သူ၏အတွေးများ၊ လူသားမျိုးနွယ်အပေါ် သူ၏ချစ်ခြင်းမေတ္တာ၊ လူသားမျိုးနွယ်အပေါ် သူ၏ကယ်တင်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် သူ၏မျှော်မှန်းချက်များကို ဖော်ပြနေခြင်းကြောင့် ဖြစ်သည်။...
၂ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ကြမ်းတမ်းသော စကားလုံးများ၊ နူးညံ့သိမ်မွေ့ပြီး အရေးထားသော စကားလုံးများရှိပြီး လူသား၏ဆန္ဒများနှင့် တစ်ထပ်တည်းမကျသည့် အမြင်သစ်ပေးသော စကားလုံးအချို့ ရှိသည်။ အကယ်၍ သင်သည် အမြင်သစ်ပေးသော နှုတ်ကပတ်တော်များကိုသာ ကြည့်ပါက ဘုရားသခင်သည် အတော်ပင် ခက်ထန်သည်ဟု သင်ခံစားရလိမ့်မည်။ အကယ်၍ သင်သည် နူးညံ့သိမ်မွေ့သော နှုတ်ကပတ်တော်များကိုသာ ကြည့်ပါက ဘုရားသခင်၌ သြဇာအာဏာ သိပ်မရှိဟု သင်ခံစားရလိမ့်မည်။ ထို့ကြောင့် သင်သည် ဤအရာကို ရှေ့နောက်စကားအဆက်အစပ်ကိုချန်၍ လိုရာဆွဲတွေးခြင်းမပြုဘဲ ယင်းကို ရှုထောင့်မျိုးစုံမှ ကြည့်မြင်ရမည်။ တစ်ခါတစ်ရံ ဘုရားသခင်သည် နူးညံ့သိမ်မွေ့ပြီး ကရုဏာကြီးမားသော ရှုထောင့်မှ စကားပြောသဖြင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လူတို့မြင်ကြသည်။ တစ်ခါတစ်ရံ သူသည် တင်းကျပ်သော ရှုထောင့်မှ စကားပြောသဖြင့် လူတို့သည် စော်ကားတိုက်ခိုက်မှုကို သည်းခံမည်မဟုတ်သည့် ဘုရားသခင်၏ စိတ်သဘောထားကို မြင်ကြသည်။ လူသားသည် မနှစ်မြို့ဖွယ်ကောင်းအောင် ညစ်ညမ်းပြီး ဘုရားသခင်၏ မျက်နှာတော်ကို မြင်တွေ့ရန်၊ သို့မဟုတ် ဘုရားသခင်၏ ရှေ့မှောက်သို့လာရန် မထိုက်တန်ပေ။ လူတို့သည် ယခုအခါ ဘုရားသခင်၏ရှေ့မှောက်သို့ လာနိုင်သည်မှာ ဘုရားသခင်၏ ကျေးဇူးတော်သက်သက်ကြောင့်သာ ဖြစ်သည်။
၃ ဘုရားသခင်၏ အမှုပြုပုံပြုနည်းနှင့် သူ့အမှု၏ အဓိပ္ပာယ်မှနေ၍ သူ၏ဉာဏ်ပညာကို မြင်နိုင်သည်။ လူတို့သည် ဘုရားသခင်နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်း မရှိဘဲနှင့်ပင် ဤအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ မြင်နိုင်သည်။ ဘုရားသခင်ကို စစ်မှန်စွာ နားလည်သူတစ်ဦးသည် ခရစ်တော်နှင့် ထိတွေ့ဆက်ဆံမှုလာသည့်အခါ သူသည် ဤအရာကို ဘုရားသခင်အပေါ် သူ၏လက်ရှိနားလည်မှုနှင့် ကိုက်ညီစေနိုင်မည်ဖြစ်သည်၊ သို့သော် သဘောတရားအရသာ နားလည်မှုရှိသူတစ်ဦးသည် ဘုရားသခင်နှင့် တွေ့ဆုံသည့်အခါ သူသည် အပြန်အလှန်ဆက်စပ်နေမှုကို မမြင်နိုင်ပေ။ လူ့ဇာတိခံယူခြင်း၏ သမ္မာတရားသည် အနက်နဲဆုံး လျှို့ဝှက်ဆန်းကြယ်မှု ဖြစ်သည်၊ ယင်းကို နားလည်သဘောပေါက်ရန် ခက်ခဲ၏။ လူ့ဇာတိခံယူခြင်း၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့်ပတ်သက်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို အကျဉ်းချုပ်လော့၊ ယင်းတို့ကို ရှုထောင့်မျိုးစုံမှ ကြည့်ပြီးနောက် အတူတကွ ဆုတောင်းကာ ဆင်ခြင်တွေးတော၍ သမ္မာတရား၏ ဤရှုထောင့်ကို ပို၍ မိတ်သဟာယပြုလော့။ ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို ဉာဏ်အလင်းဖွင့်ပြ၍ နားလည်မှုပေးလိမ့်မည်။ လူသား၌ ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန် အခွင့်အလမ်းမရှိသဖြင့် ဘုရားသခင်အပေါ် စစ်မှန်သောနားလည်မှု ရရှိရန်အလို့ငှာ သူသည် စမ်းတဝါးဝါးရှေ့တိုး၍ ဖြည်းဖြည်းချင်းစီ ဝင်ရောက်ရေးအတွက် ဤကဲ့သို့သော အတွေ့အကြုံမျိုးကို သူအားထားရမည်။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့ဇာတိခံယူသော ဘုရားသခင်ကို သိပုံသိနည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။