Christian Dance (အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူများကို ကယ်တင်နေ)

13.10.2024

အရှေ့အရပ်မှ လျှပ်ပြက်ခဲ့ပြီးဖြစ်၊

ဘုရားနှုတ်ကပတ်တော်များသည် အိပ်စက်နေသော လူထုကြီးကို နိုးထစေ။

လူသားသည် သမ္မာတရားကို ဖော်ပြပြီး

ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထံ အလင်းကို ယူဆောင်လာ။

အမှောင်တရား ဖုံးကွယ်ခံရသော လူအားလုံးသည် ဘုရား၏ အသံကို ကြားရ၍ သူ့ရှေ့မှောက် ပြန်လာ။

ထိုသူတို့သည် မိမိတို့၏ စိတ်နှလုံး ကျေနပ်အားရသည်အထိ ဘုရားနှုတ်ကပတ်တော်များတွင် မွေ့လျော်ကာ

အထူးစားတော်ပွဲကို တက်ရောက်။

ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရားကို ကျွန်ုပ်တို့ နားလည်သောကြောင့်

ကျွန်ုပ်တို့၏ တာဝန်များကို ထမ်းဆောင်၍ ဘုရားရှေ့မှောက် ရှင်သန်နေထိုင်။

ဘုရား၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံရာတွင်

ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား သန့်စင်ခံရ။

ဘုရား၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းကို တွေ့မြင်မှုတွင်

ဘုရားကို ကျွန်ုပ်တို့၏ စိတ်နှလုံးများတွင် ချစ်ပြီး သူ့အတွက် သက်သေခံ။

ဘုရား၏လူများသည် ဘုရား၏ စုံလင်အောင် ပြုခြင်းနှင့် ရယူခြင်းကို ခံရ၍

သူ့ထံ ကျေးဇူးတရားနှင့် ချီးမွမ်းမှုကို ဆက်ကပ်။

ဘုရားနှုတ်ကပတ်တော်များသည် လူအားလုံးကို ထုတ်ဖော်ပြီး ဘုရား၏ သိုးများသည် သူ့အသံကို ကြားရ။

နိုင်ငံများနှင့် ဂိုဏ်းဂဏများအားလုံး၏ ဘုရားသခင် ရွေးချယ်ထားသောလူများသည်

ဘုရားရှေ့မှောက်သို့ ဖြည်းဖြည်းချင်း ပြန်လာ။

အသက်စမ်းရေ၏ ကျွေးမွေးပြုစုခံရသော

ကျွန်ုပ်တို့သည် ဘုရားနှုတ်ကပတ်တော်များတွင် ဘုရားနှင့်မျက်နှာချင်းဆိုင်တွေ့ဆုံ။

ဘုရား၏ ချစ်ခြင်းမေတ္တာနှင့် ကောင်းချီးမင်္ဂလာများကို တွေ့မြင်မှုတွင်

ကျွန်ုပ်တို့အားလုံး အနန္တတန်ခိုးရှင် ဘုရားသခင်နောက် လိုက်လျှောက်၍ သူ့အတွက် သက်သေခံ။

နိုင်ငံတော် ဧဝံဂေလိတရားသည် ကမ္ဘာမြေအနှံ့ ပျံ့နှံ့ပြီး

စာတန်ကို အကြွင်းမဲ့ အရှက်ရစေ၍ အောင်နိုင်။

ဘုရား၏လူများသည် စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်ကို ကိုးကွယ်၊

အနန္တတန်ခိုးရှင် ဘုရားသခင်သည် အကြွင်းမဲ့ ဂုဏ်ကျက်သရေကို ရရှိပြီးဖြစ်။

ဘုရား၏ ဖြောင့်မတ်ခြင်းနှင့် အမျက်ဒေါသကို ထုတ်လွှတ်ခဲ့ပြီးဖြစ်ကာ

အဆင်းနီသော နဂါးကြီးသည် ဘုရား၏ အပြစ်ဒဏ်ပေးခြင်းနှင့် ဖျက်ဆီးခြင်းခံရ။

အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု၏ ကြီးစွာသော အလုပ်ပြီးမြောက်၍

ဖန်ဆင်းခံ လူသားမျိုးနွယ်သည် ဘုရားအတွက် ထာဝရ ချီးမွမ်းမှုကို ပေးအပ်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။