Myanmar Praise Song | အနန္တတန်ခိုးရှင် ဘုရားသခင်၊ ချစ်ခင်ဖွယ် အကောင်းဆုံးသူ | A Cappella

21.07.2020

အနန္တတန်ခိုးရှင်ဘုရားသခင်၊ လက်တွေ့ကျသည့် ဘုရားသခင်၊

ချင်ခင်ဖွယ်အကောင်းဆုံးသူ

ကိုယ်တော်သည် ဇာတိပကတိ ခံယူကာ၊ ကောင်းကင်ဘုံမှ ကမ္ဘာမြေသို့ ကြွတော်မူပြီ၊

ကိုယ်တော်သည် လူသားနှင့် အတူတကွ အသက်ရှင်နေထိုင်ပြီး၊

မည်သူမျှ ကိုယ်တော့်ကို မသိကြပါ။

နှိမ့်ချပြီး၊ ကွယ်ဝှက်ကာ၊ ကိုယ်တော်က ထာဝရအသက်၏ လမ်းခရီးကို ဆောင်ကျဉ်းရင်း

ကိုယ်တော့်နှုတ်ကပတ်တော်ကို မိန့်မြွက်သည်။

ကိုယ်တော်သည် လူသားများ၏ ကယ်တင်ခြင်းအတွက် ဆင်းရဲဒုက္ခ နှင့် အရှက်ကွဲခြင်းအားလုံးတို့ကို ခံစားရသည်။

ကိုယ်တော့်အသက်ကို လူသားအတွက် ကိုယ်တော်

ဖွင့်ထုတ်ပေးပြီးကိုယ်တော် မည်မျှ ချစ်ဖွယ်ကောင်းသည်ကို ကျွန်ုပ်တို့ မြင်ရသည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၊ ချစ်ခင်ဖွယ်အကောင်းဆုံးသူ

ကမ္ဘာပေါ်တွင်၊ ကိုယ်တော်သည် ချစ်ခင်ဖွယ် အကောင်းဆုံးသူ ဖြစ်သည်၊

ကျွန်ုပ်တို့သည် ကိုယ်တော့်ကို ထာဝရချစ်ကြမည်။

အနန္တတန်ခိုးရှင်ဘုရားသခင်၊ လက်တွေ့ကျသည့် ဘုရားသခင်၊

ချင်ခင်ဖွယ်အကောင်းဆုံးသူ

လူများထံတွင် ကိုယ်တော့်ကဲ့သို့ နှလုံးသား မရှိပါ၊

ပြီးလျှင် သူတို့ထံတွင် ကိုယ်တော့်ကဲ့သို့ ချစ်ခြင်းမေတ္တာ မရှိပါ။

ကိုယ်တော်က လူသားကို တရားစီရင်ပြီး၊ ပြစ်တင်ဆုံးမသည်၊

နည်းပေါင်းမျိုးစုံဖြင့် စစ်ဆေးပြီး၊ မွမ်းမံသည်။

ကိုယ်တော့် အမှုတော်နှင့် မိန့်မြွက်ချက်များအားလုံးသည် လူသားကို သန့်စင်ရန် နှင့် ကယ်တင်ရန် ဖြစ်သည်။

ကိုယ်တော်သည် ကျွန်ုပ်တို့အပေါ် အလုံးစုံသော သမ္မာတရားကို အပ်နှင်းတော်မူပြီး၊

ကိုယ်တော့်ချစ်ခြင်းမေတ္တာ အားလုံးကို သွန်းလောင်းတော်မူသည်။

ကိုယ်တော့် တရားစီရင်ခြင်းနှင့် ကိုယ်တော့် ချစ်ခြင်းမေတ္တာတို့သည်

ကျွန်ုပ်တို့ နှလုံးသားများကို လုံးလုံး သိမ်းပိုက်လေပြီ။

အနန္တတန်ခိုးရှင် ဘုရားသခင်၊ ချစ်ခင်ဖွယ်အကောင်းဆုံးသူ

ကမ္ဘာပေါ်တွင်၊ ကိုယ်တော်သည် ချစ်ခင်ဖွယ် အကောင်းဆုံးသူ ဖြစ်သည်၊

ကျွန်ုပ်တို့သည် ကိုယ်တော့်ကို ထာဝရချစ်ကြမည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၊ ချစ်ခင်ဖွယ်အကောင်းဆုံးသူ

အနန္တတန်ခိုးရှင်ဘုရားသခင်၊ လက်တွေ့ကျသည့် ဘုရားသခင်၊

ချင်ခင်ဖွယ်အကောင်းဆုံးသူ

ကိုယ်တော်၏ တရားစီရင်ခြင်းမှတစ်ဆင့်၊

ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးခြင်း သန့်စင်ခံရသည်။

ကိုယ်တော်၏ ဉာဏ်ပညာ နှင့် အနန္တတန်ခိုး တို့ကို ကျွန်ုပ်တို့ အသိအမှတ်ပြုကြပြီး

ကိုယ်တော့် ဖြောင့်မတ်ခြင်း နှင့် သန့်စင်ခြင်းတို့ကို ကျွန်ုပ်တို့ သိရှိသည်။

ကိုယ်တော့်ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့ တွေ့ကြုံခံစားပြီး၊

ယင်းမှာ အမှန်ကန်ဆုံး နှင့် အစစ်မှန်ဆုံး ဖြစ်သည်။

ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကယ်တင်ရန်

ထိုသို့ အပတ်တကုတ်ကြိုးပမ်းသော ပေးဆပ်မှုမျိုးကို ပေးဆပ်သည်။

ကိုယ်တော်သည် အလွန့်အလွန်ပင် ချစ်ဖွယ်ကောင်းသည်၊

ကျွန်ုပ်တို့သည် ကိုယ်တော်နှင့် ဝေးကွာရသည်ကို မည်ကဲ့သို့ မမုန်းပဲ နေနိုင်မည်နည်း။

အနန္တတန်ခိုးရှင် ဘုရားသခင်၊ ချစ်ခင်ဖွယ်အကောင်းဆုံးသူ

ကမ္ဘာပေါ်တွင်၊ ကိုယ်တော်သည် ချစ်ခင်ဖွယ် အကောင်းဆုံးသူ ဖြစ်သည်၊

ကျွန်ုပ်တို့သည် ကိုယ်တော့်ကို ထာဝရချစ်ကြမည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၊ ချစ်ခင်ဖွယ်အကောင်းဆုံးသူ

ကမ္ဘာပေါ်တွင်၊ ကိုယ်တော်သည် ချစ်ခင်ဖွယ် အကောင်းဆုံးသူ ဖြစ်သည်၊

ကျွန်ုပ်တို့သည် ကိုယ်တော့်ကို ထာဝရချစ်ကြမည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဉ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။