Myanmar Christian Song - လူတို့ သမ္မာတရား လိုက်စားပြီး ရှင်သန်ဖို့ ဘုရားသခင် အလိုတော်ရှိ
06.04.2024
လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း။
အဓိကအကျဆုံး အကြောင်းရင်းမှာ ဘုရားသခင်အမြင်တွင်
သမ္မာတရား လိုက်စားခြင်း၌ လူသားမျိုးနွယ်အပေါ် သူ၏ စီမံခန့်ခွဲမှု၊
လူသားမျိုးနွယ်အပေါ် သူ၏ မျှော်မှန်းချက်များနှင့်
လူသားမျိုးနွယ်အပေါ် သူထားရှိသည့် မျှော်လင့်ချက်များ ပါဝင်ပတ်သက်သည်။
ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
သင် မည်သူဖြစ်စေ၊ ဘုရားသခင်ကို မည်မျှကြာအောင် ယုံကြည်ပြီးသည်ဖြစ်စေ
သမ္မာတရားကို သင် မလိုက်စားပါက၊ သို့မဟုတ် ထိုသမ္မာတရားကို မချစ်ပါက သင်သည်
အဆုံးတွင် ဖယ်ရှားခံရမည့်သူ မလွဲမသွေ ဖြစ်သွားလိမ့်မည်။
ဤသည်မှာ အလွန် သိသာထင်ရှားပေသည်။
ဘုရားသခင်သည် အမှုတော်၏ အဆင့်သုံးဆင့်ကို လုပ်ဆောင်သည်။
သူသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ကတည်းက စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုရှိပြီး
သူသည် လူသားမျိုးနွယ်၌ ထိုအဆင့် အသီးသီးကို တစ်ခုချင်း ဆက်လက်အကျိုးသက်ရောက်စေပြီး ဖြစ်ကာ
လူသားမျိုးနွယ်ကို မျက်မှောက်အထိ တစ်လှမ်းချင်း ဆက်လက်ဦးဆောင်ပြီး ဖြစ်သည်။
လူတို့အပေါ် သူဖော်ပြသည့် သမ္မာတရားများကိုလည်းကောင်း၊
လူသားမျိုးနွယ်ကို သူ ပြောပြသည့်
သူ၏ သတ်မှတ်ချက်စံနှုန်းများ၏ ရှုထောင့်တိုင်းကိုလည်းကောင်း
လူ၏ အသက်နှင့် စစ်မှန်မှုအဖြစ်သို့ ပြောင်းလဲစေရင်း
ယင်းတို့ကို ဖြစ်မြောက်စေခြင်းနှင့်ဆိုင်သည့်
နောက်ဆုံး ရည်မှန်းချက်အတွက် သူပေးဆပ်သည့် အပင်ပန်းခံရသော
အားထုတ်ခြင်းနှင့် အဖိုးအခတို့က ကြီးမားလိုက်လေခြင်း၊
သူ သည်းညည်းခံခဲ့သည်မှာ အချိန်ကြာမြင့်လိုက်လေခြင်းပါတကား။
ဘုရားသခင်၏ အမြင်တွင် ဤသည်မှာ အင်မတန် အရေးကြီးသော ကိစ္စတစ်ခု ဖြစ်သည်။
ဘုရားသခင်သည် ထိုအရာနှင့်ပတ်သက်၍ ထိုသို့ အလေးအနက်ထားပေသည်။
ဘုရားသခင်၏ အမြင်တွင် ဤသည်မှာ အင်မတန် အရေးကြီးသော ကိစ္စတစ်ခု ဖြစ်သည်။
ဘုရားသခင်သည် ထိုအရာနှင့်ပတ်သက်၍ ထိုသို့ အလေးအနက်ထားပေသည်။
ထို့ကြောင့် သင်၏ အစွမ်းအစ၊
အသက်အရွယ်၊ သို့မဟုတ် ဘုရားသခင်ကို သင်ယုံကြည်ခဲ့သည့် နှစ်ကာလအရေအတွက် မည်မျှဖြစ်စေ
လူတိုင်းသည် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းအတွက် အားထုတ်မှုများပြုသင့်ပေသည်။
သင်သည် ဓမ္မဓိဋ္ဌာန်ကျသော မည်သည့် အကြောင်းပြချက်ကိုမျှ အလေးမထားသင့်ပေ။
သင်သည် သမ္မာတရားကို အကြွင်းမဲ့ လိုက်စားသင့်၏။ သင်၏ နေ့ရက်ကာလများကို မဖြုန်းနှင့်။
သင့်ဘဝ၏ ကြီးမားသည့် ကိစ္စတစ်ခုအဖြစ် သမ္မာတရား လိုက်စားခြင်းအတွက်
သင်သည် လိုက်စားပြီး အားထုတ်မှုများပြုပါက
သင်၏ လိုက်စားမှုတွင် သင် ရရှိပြီး လက်လှမ်းမီနိုင်သည့် သမ္မာတရားသည်
သင် ဆန္ဒရှိသည့်အရာ မဟုတ်သည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော် ဘုရားသခင်က သင့်ကို
သင်၏ လိုက်စားမှုနှင့် ရိုးသားစစ်မှန်မှုအပေါ်ရှိ သင်၏ သဘောထားအပေါ် မူတည်လျက်
သင့်တင့်လျောက်ပတ်သော ခရီးပန်းတိုင်တစ်ခု ပေးမည်ဟု ပြောပါက ယင်းမှာ ကောင်းလိုက်မည့် ဖြစ်ခြင်းပါတကား။
ယခုအခါတွင်မူ သင်၏ ခရီးပန်းတိုင်၊ သို့မဟုတ် အဆုံးသတ်က မည်သည့်အရာဖြစ်လိမ့်မည်ဆိုသည်ကိုဖြစ်စေ၊
မည်သည့်အရာ ဖြစ်လိမ့်မည်ဆိုသည်နှင့် အနာဂတ်တွင် မည်သည့်အရာ ဖြစ်မည်ကိုဖြစ်စေ၊
ကပ်ဘေးကို သင် ရှောင်ရှားနိုင်ကာ သေမည် ဟုတ်မဟုတ်ဟူသည်ကိုဖြစ်စေ အာရုံမစိုက်နှင့်။
ဤအရာများကို မတွေးနှင့်၊ သို့မဟုတ် မမေးနှင့်။
သင်သည် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စောင့်ဆိုင်းခဲ့ရခြင်းနှင့်လည်းကောင်း၊
သူ၏ အနှစ်ခြောက်ထောင် မျှော်လင့်စောင့်စားခဲ့ရခြင်းနှင့်လည်းကောင်း
မထိုက်တန်သည်ကို သက်သေမပြမိစေရန်အလို့ငှာ
ဘုရားနှုတ်ကပတ်တော်များနှင့် သူ၏ သတ်မှတ်ချက်များရှိ သမ္မာတရားကို လိုက်စားခြင်း၊
မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းနှင့်
ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းခြင်းတို့အပေါ် အာရုံစိုက်လော့။
ဘုရားသခင်ကို နှစ်သိမ့်မှုအချို့ ပေးလော့။ သင့်အတွက် မျှော်လင့်ချက်အချို့ကို မြင်စေပြီး
သူ၏ ဆန္ဒများ သင့်အထဲ၌ အကောင်အထည် ဖော်ခွင့်ပေးလော့။
ထိုသို့ သင်လုပ်ဆောင်ပါက ဘုရားသခင်သည် သင့်ကို ဆိုးရွားစွာ ဆက်ဆံမည်လော။
အဆုံးသတ် ရလဒ်များသည် သင် ဆန္ဒရှိခဲ့မည့် အရာမဟုတ်လျှင်ပင်
အဖန်ဆင်းခံတစ်ဦးအနေဖြင့် မည်သည့် ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်တစ်ခုမျှမရှိဘဲ
အရာခပ်သိမ်းတွင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့်
ကြိုတင်စီစဉ်မှုများကို ရိုသေကျိုးနွံသင့်ကြပေသည်။
ယင်းမှာ မှန်ကန်သည့် စိတ်ဓာတ်ဖြစ်သည်။
နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ