Christian Song - လူတို့ စစ်မှန်စွာ နောင်တရမည်ဟု ဘုရားသခင်မျှော်လင့်၏
22.02.2026
၁
နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်က မည်မျှပင် ဒေါသထွက်ခဲ့ပါစေ သူတို့သည် အစာရှောင်ခြင်းကို ကြေညာခဲ့ပြီး လျှော်တေအဝတ်ကို ဝတ်ဆင်ကာ ပြာထဲထိုင်ပြီးသည်နှင့် သူ၏နှလုံးသားသည် တဖြည်းဖြည်းပျော့ပျောင်းလာပြီး သူ၏စိတ်ကို သူစတင်ပြောင်းခဲ့၏။ သူတို့၏မြို့ကို သူဖျက်ဆီးမည့်အကြောင်း သူတို့ထံ မကြေညာမီ အခိုက်အတန့်တွင်၊ သူတို့၏အပြစ်များအတွက် သူတို့ မဝန်ခံမီနှင့် နောင်တမရမီ အခိုက်အတန့်တွင် ဘုရားက သူတို့ကို ဒေါသထွက်နေဆဲပင်။ သူတို့သည် နောင်တရသည့် လုပ်ရပ်တသီတတန်းကြီးကို လုပ်ဆောင်ပြီးသည်နှင့် နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်၏ဒေါသသည် သူတို့အတွက် သနားကရုဏာနှင့် သည်းခံခြင်းအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။
၂
အဖြစ်အပျက်တစ်ခုတည်းတွင် ဘုရားသခင့်စိတ်သဘောထား၏ ဤရှုထောင့်နှစ်ခုကို တစ်ချိန်တည်း၌ ထုတ်ဖော်ပြခြင်းနှင့်ပတ်သက်၍ မကိုက်ညီမှု တစ်ခုမျှမရှိပေ။ နိနေဝေမြို့သားတို့က နောင်တမရမီနှင့် နောင်တရပြီးတွင် ဘုရားသခင်သည် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည့် ဤအနှစ်သာရနှစ်ခုကို ထုတ်ဖော်ပြခဲ့ပြီး ဘုရား၏ အနှစ်သာရ၏ စစ်မှန်ခြင်းနှင့် ပုန်ကန်ပြစ်မှား၍ မရနိုင်မှုကို လူတို့အား မြင်စေခဲ့သည်။ ဘုရားက လူတို့အား အောက်ပါအကြောင်းများကိုပြောဖို့ သူ၏သဘောထားကို အသုံးပြုခဲ့သည်။ ဘုရားက လူတို့ကို သည်းမခံခြင်းမျိုး၊ သို့မဟုတ် သူတို့အပေါ် သနားကရုဏာ မပြလိုခြင်းမျိုး မဟုတ်ဘဲ စင်စစ်အားဖြင့် လူတို့က ဘုရားအပေါ် အမှန်တကယ် နောင်တရခြင်းသာ ရှားပါးနေခြင်းဖြစ်၏၊ ထို့ပြင် လူတို့က မိမိတို့၏ ဆိုးယုတ်သည့်လမ်းများမှ အမှန်တကယ် ပြန်လှည့်လာပြီး လက်ရှိပြုနေကြသည့် အဓမ္မအမှုများကို စွန့်လွှတ်ခြင်းက ရှားပါးနေသည်။
၃
ဘုရားသည် လူသားကို ဒေါသထွက်သည့်အခါ လူသားသည် အမှန်တကယ် နောင်တရဖို့ သူမျှော်လင့်ပြီး၊ စစ်မှန်သည့် နောင်တကို မြင်ရဖို့ သူမျှော်လင့်သည်။ ထိုအခါတွင် လူသားအပေါ် သနားကရုဏာနှင့် သည်းခံခြင်းကို သူ ရက်ရက်ရောရော ဆက်လက် ပေးသနားမည်။ ဆိုလိုသည်မှာ လူ၏ ဆိုးယုတ်သည့် အပြုအမူက ဘုရား၏ အမျက်ကို ဖြစ်စေသည်၊ ဘုရားကို နားထောင်ပြီး သူ့ရှေ့၌ အမှန် နောင်တရသူများအပေါ်မူ ထို့ပြင် မိမိတို့၏ဆိုးယုတ်သည့်လမ်းများမှ ပြန်လှည့်ပြီး လက်ရှိပြုနေကြသည့် အဓမ္မအမှုများကို စွန့်လွှတ်နိုင်သူတို့အပေါ်၌မူ ဘုရား၏ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ပေးသနားသည်။ နိနေဝေမြို့သားများအပေါ် သူ၏ဆက်ဆံမှုတွင် ဘုရား၏ သဘောထားကို အလွန်ပင် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားသည်။ ဘုရား၏ သနားကရုဏာနှင့် သည်းခံခြင်းကို ရဖို့ မခဲယဉ်း။ လူ၏ စစ်မှန်သည့် နောင်တကို သူလိုအပ်။ လူတို့က မိမိတို့၏ ဆိုးယုတ်သည့်လမ်းများမှ ပြန်လှည့်ပြီး အဓမ္မအမှုများကို စွန့်လွှတ်သရွေ့ ဘုရားက စိတ်နှလုံးကို ပြောင်းလဲပြီး သူတို့အပေါ် သူ၏သဘောထားကို ပြောင်းလဲလိမ့်မည်။
နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂) မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ