Christian Dance (ဘုရားသခင်သည် ယနေ့တိုင် ကျွန်ုပ်တို့ကို ချစ်ခင်)
25.12.2024
၁
ဘုရားသခင်သည် လူ့ဇာတိခံယူပြီး လူတို့ကြား ကြွလာကာ
နှိမ့်ချမှုနှင့် ပုန်းကွယ်မှုရှိစွာဖြင့် နှစ်ပေါင်းများစွာ လုပ်ကိုင်။
လူသားမျိုးနွယ်ကို ကယ်တင်ရန် သမ္မာတရားများကို သူဖော်ပြပြီး
သူသည် အောင်နိုင်သူတစ်စုကို စုံလင်စေခဲ့ပြီဖြစ်။
ယခုအခါ သူသည် ဇိအုန်သို့ ပြန်ကြွရန်ရှိပြီး
ကျွန်ုပ်တို့၏ သံယောဇဉ်တွယ်သည့် ခံစားချက်များကို ဖော်ပြ၍မရနိုင်။
ကျွန်ုပ်တို့ အတူတကွရှိခဲ့သည့် နေ့ရက်များသည် အလွန်တိုတောင်းပြီး
ကျွန်ုပ်တို့ ပြန်လည်ဆုံဆည်းမည့်နေ့ရက်ကို မသိရှိ။
ဘုရားသခင်သည် များစွာသော ဆောင်း၊ နွေဦး၊ နွေနှင့် ဆောင်းဦးရာသီများတစ်လျှောက် ကျွန်ုပ်တို့ကြား နေထိုင်။
အလွန်များလှသော ဆင်းရဲဒုက္ခများ၊ အန္တရာယ်များနှင့်
စုံစမ်းသွေးဆောင်ခြင်းများတစ်လျှောက် ကျွန်ုပ်တို့ကို သူလမ်းပြခဲ့ပြီးဖြစ်။
ဘုရားသခင်၏ သနားကရုဏာနှင့် စောင့်ရှောက်ခြင်းကြောင့် မဟုတ်ပါက
ကျွန်ုပ်တို့သည် ဟိုးယခင်ကတည်းက စာတန်၏ ဝါးမျိုခြင်းနှင့် နင်းခြေခြင်းခံခဲ့ရမည်ဖြစ်။
အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်ုပ်ကို ကယ်တင်ပြီးဖြစ်ကာ
သူ၏ ကြီးမြတ်သော အချစ်သည် ကျွန်ုပ်၏စိတ်နှလုံးတွင် ထာဝရရှိနေမည်ဖြစ်။
ကျွန်ုပ်၏စိတ်ထဲတွင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ရှိနေလျက် ဘုရားသခင်ကို
အဘယ်သို့ စိတ်ပျက်အောင်လုပ်နိုင်မည်နည်း။
ကျွန်ုပ်၏ ကိုယ်ခန္ဓာနှင့် စိတ်နှလုံးကို ဘုရားသခင်ထံ ဆက်ကပ်ပြီး
သူ၏သတ်မှတ်ချက်များကို ပြည့်မီစေရန် အစွမ်းကုန်လုပ်ဆောင်။
ဘုရားနှုတ်ကပတ်တော်သည် စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများတစ်လျှောက် ကျွန်ုပ်ကို လမ်းပြပေးသောကြောင့်
ကျွန်ုပ်သည် အပျက်သဘောမဆောင်သလို အားနည်းခြင်းလည်းမရှိ။
ကျွန်ုပ်သည် မိမိ၏တာဝန်ကို သစ္စာစောင့်သိခြင်းဖြင့် ကောင်းမွန်စွာ ဖြည့်ဆည်းကာ
ခိုင်မာပြီး ထူးကဲသော သက်သေခံချက်ပေးမည်ဖြစ်။
၂
ဘုရားသခင်သည် လူသားမျိုးနွယ်၏အကျိုးအတွက် နေ့ရော၊ ညရော အားသွန်ခွန်စိုက်လုပ်ပြီး
သူ၏ သွေး၊ ချွေးနှင့် မျက်ရည်များကို ပေးအပ်ရင်း စိတ်နှလုံးတစ်ခုလုံးနှစ်မြုပ်၍ လုပ်ဆောင်။
ဘုရားသခင်၏ နွေးထွေးပြီး ချစ်ခင်နှစ်လိုသော ပွေ့ဖက်မှုတွင် ကျွန်ုပ်တို့၏အသက်များ တဖြည်းဖြည်း ကြီးထွား။
ကျွန်ုပ်၏ အားနည်းချက်တွင် ဘုရားနှုတ်ကပတ်တော်က ကျွန်ုပ်ကို ကူညီပံ့ပိုးပေးပြီး
ကျွန်ုပ်၏ ဝမ်းနည်းမှုတွင် ဘုရားသခင်က ကျွန်ုပ်ကို နှစ်သိမ့်ပေး။
ကျွန်ုပ်၏ စိတ်ပျက်အားငယ်မှုတွင် ဘုရားနှုတ်ကပတ်တော်က ကျွန်ုပ်ကို အားပေးပြီး
ယနေ့ ကျွန်ုပ်ရောက်နေသောနေရာသို့ တစ်ဆင့်ချင်း ဆောင်ကြဉ်းပေး။
အတိတ်ကို မေ့ဖျောက်ရန် ခက်ခဲပြီး
မည်သည့်စကားလုံးကမျှ ဘုရားသခင်၏ ပေါကြွယ်ဝသော အချစ်ကို ဘယ်သောအခါမျှ ပြည့်ဝစွာ ဖော်ပြနိုင်ခြင်း မရှိ။
သူ၏ပြင်းထန်သော နှုတ်ကပတ်တော်များသည် ကျွန်ုပ်၏ စာတန်ဆန်သော စိတ်သဘောထားကို
ဘယ်နှကြိမ်မျှ တရားစီရင်ခဲ့ပြီးဖြစ်ကာ
သူ၏ ကြင်နာမှုနှင့် အလေးထားမှုသည်
ကျွန်ုပ်ကို နောင်တရရန် အခွင့်အရေး ဘယ်နှကြိမ်မျှ ပေးခဲ့ပြီးဖြစ်သနည်း။
ကျွန်ုပ်သည် ဘုရားသခင်၏ အချစ်ကို အလွန်မွေ့လျော်ခဲ့ပြီးဖြစ်ကာ
ဘုရားသခင်၏အချစ်ကို ပြန်ပေးဆပ်ရန် ကျွန်ုပ်၏အသက်ကို ပေးအပ်လိုစိတ်ရှိ။
ကျွန်ုပ်၏စိတ်ထဲတွင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ရှိနေလျက် ဘုရားသခင်ကို
အဘယ်သို့ စိတ်ပျက်အောင်လုပ်နိုင်မည်နည်း။
ကျွန်ုပ်၏ ကိုယ်ခန္ဓာနှင့် စိတ်နှလုံးကို ဘုရားသခင်ထံ ဆက်ကပ်ပြီး
သူ၏သတ်မှတ်ချက်များကို ပြည့်မီစေရန် အစွမ်းကုန်လုပ်ဆောင်။
ဘုရားနှုတ်ကပတ်တော်သည် စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများတစ်လျှောက် ကျွန်ုပ်ကို လမ်းပြပေးသောကြောင့်
ကျွန်ုပ်သည် အပျက်သဘောမဆောင်သလို အားနည်းခြင်းလည်းမရှိ။
ကျွန်ုပ်သည် မိမိ၏တာဝန်ကို သစ္စာစောင့်သိခြင်းဖြင့် ကောင်းမွန်စွာ ဖြည့်ဆည်းကာ
ခိုင်မာပြီး ထူးကဲသော သက်သေခံချက်ပေးမည်ဖြစ်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ