Christian Dance (ဘုရားဟာလူသားတို့အတွက် ပိုလှပတဲ့မနက်ဖြန်ကိုဖန်ဆင်းပေး)
24.04.2024
၁
ဘုရားသခင်သည် သူ၏အဖိုးတန်သောအသီးတို့ကို
လုံ့လဝီရိယရှိကာ သူ၏ပြန်လာခြင်းကို အလေးအနက် ကြိုဆိုသော ခါနာန်ပြည်မှ လယ်သမားများကို အပ်နှင်းမည်။
ကောင်းကင် ထာဝရကာလကြာ တည်မြဲနေရန်နှင့်
ထိုထက်ပို၍ လူသားသည် မည်သည့်အခါမျှ အိုမင်းခြင်းမရှိရန်၊
ကောင်းကင်နှင့်လူသား ထာဝရ ငြိမ်သက်ခြင်းချမ်းသာတွင်ရှိရန်နှင့်၊
အစဉ်စိမ်းလမ်းသော ထို “ထင်ရှူးနှင့် ကျောက်ပန်းပင်များ” က သူ့အားအစဉ်ထာဝရ အဖော်ပြုရန်နှင့်
အကောင်းဆုံးခေတ်ထဲသို့ အတူတကွ ဝင်ရောက်ရာ၌ ကောင်းကင်ကို
အစဉ်ထာဝရ အဖော်ပြုရန်သာ ဘုရားသခင်ဆန္ဒရှိ၏။
၂
ဘုရားသခင်သည် လူသားထံ လူသားမျိုးနွယ်၏ ခရီးပန်းတိုင်ကို ပေးအပ်ပြီး
ဘုရားသခင်၏ ကြွယ်ဝမှုအားလုံးကို လူသားထံ ချန်ထားသည်၊
သူ၏ဘဝကို လူသားအလယ် ကြဲလိုက်သည်၊
ဘုရားအသက်၏မျိုးစေ့ကို လူသား၏နှလုံးသားစိုက်ကွင်းတွင် စိုက်ပျိုးသည်၊
ထာဝရအမှတ်ရစရာများကို သူ့အား ချန်ထားပေးသည်၊
ဘုရား၏ချစ်ခြင်းမေတ္တာအားလုံးကို လူသားထံ ချန်ထားပြီး၊
ဘုရားအထဲ၌ လူသား ချစ်ခင်မြတ်နိုးသော အရာအားလုံးကို လူသားအား ဘုရားသခင်ပေး၏။
၃
ဘုရားသခင်သည် လူသားအပေါ် သူ၏အလုံးစုံ အပ်နှင်းနှင့်ပြီးဖြစ်သည်။
ဘုရားသခင်၏ဘဝ တစ်ခုလုံးကို လူသားထံ ဘုရား ချန်ထားနှင့်ပြီးဖြစ်ကာ၊
စကားတစ်ခွန်းမျှ မပြောဘဲ၊ ဘုရားသည် လူသားမျိုးနွယ်အတွက်
လှပသော ချစ်ခြင်းမေတ္တာမြေကို ထွန်ယက်ရန် ပင်ပန်းကြီးစွာ ကြိုးစားအားထုတ်ပြီးဖြစ်သည်။
ဘုရားသည် လူသားအပေါ် မည်သည့်အခါမျှ ယုတ္တိတန်သော တောင်းဆိုမှုတစ်ခုတလေကို မပြုဖူးဘဲ၊
လူသား၏ စီစဉ်မှုများကိုသာ နာခံကာ
လူသားမျိုးနွယ်အတွက် သာ၍လှပသော မနက်ဖြန်ကို ဖန်ဆင်းရုံမှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်လေပြီ၊
လူသားမျိုးနွယ်အတွက် သာ၍လှပသော မနက်ဖြန်ကို ဖန်ဆင်းရုံမှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်လေပြီ။
နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၁၀) မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ