အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

အမျိုးသား သံပြိုင်- ဘုရား၏လုပ်ဆောင်ချက်များ စကြဝဠာပြင်ကျယ်ကြီးအား ဖြည့်ဆည်း

ရှိုးပွဲပဒေသာအခန်းဆက်   4214  

မိတ်ဆက်ခြင်း

ဘုရားသည် ခပ်သိမ်းသောအရာတို့ကို ကောင်းကင်ဘုံမှ ကြည့်ရှု

ခပ်သိမ်းသောအရာတို့ကို ကောင်းကင်ဘုံမှ အုပ်စိုးတော်မူ

ထိုအတိုင်း

မြေကြီးပေါ်သို့ သူ၏ကယ်တင်ခြင်း စေလွှတ်ခဲ့ပြီ

ဘုရားသည် သူ၏လူမမြင်နိုင်သောနေရာမှ

လူသားများ၏လုပ်ဆောင်ချက်တိုင်း၊

ပြုမူပြောဆိုသမျှအရာအားလုံး စောင့်ကြည့်မနေသော

အခိုက်တန့် လုံးဝမရှိ

ဘုရားအဖို့ လူသားများဟာ ဖွင့်ထားသော စာအုပ်လိုပါပဲ

သူတို့အားလုံးကို ဘုရားသခင် သိမြင်တော်မူ

သူ၏လူမမြင်နိုင်သောနေရာသည် ဘုရား၏အိမ်တော်

ဘုရား တည်ရှိရာ အမြင့်ဆုံးအရပ်

စာတန်၏အစွမ်းတန်ခိုး ဘုရားဆီသို့ မရောက်နိုင်

ဘုရားသည် ဘုန်းတန်ခိုး၊ ဖြောင့်မတ်ခြင်းနှင့်တရားစီရင်ခြင်းနှင့် ပြည့်

ဘုရားသည် စကြာဝဠာကို နင်းလျှောက်သွားကာ

စကြဝဠာတစ်ခွင်လုံးကို ဖြန်ကြက်

လူတို့ကြားမှာ နေထိုင်အသက်ရှင်ရင်း

လူ့ဘဝ၏ အချို၊ အချဉ်၊ ခါးသီးမှု အမျိုးစုံ မြည်းစမ်းခဲ့သည်

သို့သော် လူသားများသည် ဘုရားကို မည်သည့်အခါမှ မသိရှိခဲ့ကြပါ

ဘုရားဖြတ်လျှောက်သွားသည်ကိုလည်း သတိ မပြုမိခဲ့

သူသည် တိတ်ဆိတ်ပြီး

သဘာဝလွန်အမှုများကို မလုပ်ဆောင်ခဲ့၍

ဒီအတွက်ကြောင့် သူ့ကို ဘယ်သူမှ အမှန်တကယ် မမြင်တွေ့ခဲ့

ယခု အရင်လို မဟုတ်တော့ပေ

ဖန်ဆင်းခြင်းစ ကတည်းက ကမ္ဘာကြီး မမြင်တွေ့ဖူးသော

အမှုအရာများ ဘုရား လုပ်ဆောင်သွားလိမ့်မည်

ခေတ်အဆက်ဆက် လူသားများ လုံးဝမကြားဖူးသေးသော

စကားများ သူ မြွက်ဆိုမည်

အကြောင်းမူကား လူသားအားလုံး သူ့ကို

လူ့အသွင်သဏ္ဍာန်ဖြင့် သူ့ကို သိရှိနားလည်ဖို့ ဘုရားအလိုတော်ရှိ

အကြောင်းမူကား လူသားအားလုံး သူ့ကို လူ့အသွင်သဏ္ဍာန်ဖြင့်

သိနားလည်ဖို့ ဘုရားအလိုတော်ရှိ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ





အပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ်ဆွဲပါ

အမျိုးမျိုးသော ဗီဒီယိုများ စုစည်းမှု  ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ကြည့်ပါ

အပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ်ဆွဲပါ

အမျိုးမျိုးသော ဗီဒီယိုများ စုစည်းမှု  ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ကြည့်ပါ

အခြားအခန်းဆက်များရှိ အသစ်ဆုံး ဗွီဒီယိုများ